Oséias 2

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 သို့​ဖြစ်​၍​သင်​တို့​သည်​ဣ​သ​ရေ​လ​နိုင်​ငံ သား​ချင်း​တို့​အား``ဘု​ရား​သ​ခင်​၏​လူ​စု'' ဟူ​၍​လည်း​ကောင်း၊ ``ထာ​ဝ​ရ​ဘု​ရား​သ​နား ကြင်​နာ​သူ​များ'' ဟူ​၍​လည်း​ကောင်း​ကင်​ပွန်း တပ်​ခေါ်​ကြ​လော့။
1 Chamem seus irmãos de Ami, e suas irmãs de Ruamá.
2 ငါ​၏​သား​သမီး​တို့​သင်​တို့​၏​မိ​ခင်​အား​မေတ္တာ ရပ်​ခံ​လော့။ သူ​သည်​ငါ​၏​ဇ​နီး​မ​ဟုတ်​တော့ ပြီ။ ငါ​သည်​လည်း​သူ​၏​ခင်​ပွန်း​မ​ဟုတ်​တော့ ပြီ၊ သို့​ရာ​တွင်​မျောက်​မ​ထား​သော​အ​ကျင့် နှင့်​ပြည့်​တန်​ဆာ​အ​လုပ်​ကို​စွန့်​ရန် သင်​တို့ ၏​မိ​ခင်​အား​မေတ္တာ​ရပ်​ခံ​လော့။-
2 “Acusem a mãe de vocês, acusem-na, porque ela não é minha mulher, e eu não sou seu marido. Que ela afaste as suas prostituições de sua presença e os seus adultérios de entre os seus seios.
3 ထို​အ​ကျင့်​များ​ကို​မ​စွန့်​လျှင်​ငါ​သည်​သူ​၏ အ​ဝတ်​ကို​ချွတ်​၍ သူ​မွေး​သည့်​နေ့​က​ကဲ့​သို့ အ​ဝတ်​အ​ချည်း​စည်း​ရှိ​စေ​မည်၊ သူ့​အား​သွေ့ ခြောက်​၍​အ​သုံး​မ​ကျ​သော​လွင်​ပြင်​ကဲ့​သို့ ဖြစ်​စေ​သ​ဖြင့် သူ​သည်​ရေ​ငတ်​၍​အ​သက် ဆုံး​ရ​လိမ့်​မည်။-
3 Do contrário, eu a deixarei sem roupa e nua como no dia em que nasceu. Eu a tornarei semelhante a um deserto, a uma terra seca, e deixarei que morra de sede.
4 သူ​၏​သား​သ​မီး​တို့​သည်​ပြည့်​တန်​ဆာ​မ ၏​သား​သ​မီး​များ​ဖြစ်​လာ​ကြ​သော​ကြောင့် ငါ​သည်​သူ​တို့​အား​သ​နား​ကြင်​နာ​မည် မ​ဟုတ်။-
4 E não terei compaixão de seus filhos, porque são filhos de uma prostituta.
5 သူ​တို့​မိ​ခင်​သည်​သစ္စာ​မဲ့​လျက်​သူ​တို့​အား အ​ရှက်​မဲ့​စွာ​မွေး​ဖွား​ခဲ့​၏။ သူ​ကိုယ်​တိုင် က``ငါ့​အား​စား​စ​ရာ​အ​စာ​ရေ​စာ၊ သိုး မွေး၊ ချည်​နှင့်​သံ​လွင်​ဆီ၊ စ​ပျစ်​ရည်​ကို ပေး​သော​ချစ်​သူ​တို့​နောက်​သို့​ငါ​လိုက် မည်'' ဟု​ဆို​၏။
5 Pois a mãe deles se prostituiu; aquela que os concebeu agiu de forma vergonhosa. Porque disse: ‘Irei atrás dos meus amantes, que me dão o meu pão e a minha água, a minha lã e o meu linho, o meu azeite e as minhas bebidas.’”
6 သို့​ဖြစ်​၍​ငါ​သည်​သူ​မ​ထွက်​နိုင်​ရန်​ဆူး စည်း​ရိုး​ခတ်​၍ လမ်း​ရှာ​မ​တွေ့​နိုင်​ရန်​တံ တိုင်း​ဖြင့်​ကာ​ရံ​ထား​မည်။-
6 “Portanto, eis que cercarei o seu caminho com espinhos e levantarei um muro contra ela, para que ela não ache as suas veredas.
7 သူ​သည်​ချစ်​သူ​တို့​နောက်​သို့​ပြေး​လိုက်​သော် လည်း​မီ​မည်​မဟုတ်၊ ရှာ​သော်​လည်း​တွေ့​မည် မ​ဟုတ်၊ ထို​အ​ခါ​သူ​က``ငါ​သည်​ခင်​ပွန်း ဟောင်း​ထံ​သို့​ပြန်​မည်။ ငါ​သည်​ခင်​ပွန်း​သစ် နှင့်​ပေါင်း​သင်း​နေ​ထိုင်​ရ​သည်​ထက် ခင်​ပွန်း ဟောင်း​နှင့်​ပေါင်း​သင်း​နေ​ထိုင်​ရ​သည်​က ပို​၍​ကောင်း​သည်'' ဟု​ဆို​လိမ့်​မည်။
7 Ela correrá atrás dos seus amantes, mas não os alcançará; irá procurá-los, mas não os encontrará. Então dirá: ‘Vou voltar para o meu primeiro marido, porque a minha vida era melhor naquele tempo do que agora.’
8 သူ​သည်​ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု​ရာ​၌ ပူ​ဇော်​ဆက်​သ​သော​ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ ရွှေ​နှင့်​ငွေ​တို့​ကို​ငါ့​ထံ​မှ​ရ​ရှိ သည်​ဟု​သူ​မ​သိ။-
8 Ela não reconheceu que fui eu que lhe dei o trigo, o vinho e o azeite; fui eu que lhe multipliquei a prata e o ouro, que eles usaram para Baal.
9 သို့​ဖြစ်​၍​ငါ​သည်​ကောက်​ရိတ်​သိမ်း​ချိန်​တွင် ငါ​၏​ဂျုံ​စ​ပါး​နှင့်​စ​ပျစ်​ရည်​ကို​လည်း ကောင်း၊ သူ​ဝတ်​ရန်​ငါ​ပေး​ထား​သော​သိုး​မွေး နှင့်​ချည်​ကို​လည်း​ကောင်း​ပြန်​၍​သိမ်း​ယူ​မည်။-
9 Portanto, farei com que, no devido tempo, ela devolva o meu trigo e o meu vinho. Tirarei dela a minha lã e o meu linho, que deviam cobrir a sua nudez.
10 ငါ​သည်​သူ​၏​ချစ်​သူ​များ​ရှေ့​တွင်​သူ​၏ အ​ဝတ်​ရှိ​သ​မျှ​ကို​ချွတ်​ပစ်​မည်။ ငါ​၏​လက် တွင်း​မှ​သူ့​အား​မည်​သူ​မျှ​မ​ကယ်​နိုင်။-
10 Agora descobrirei as suas vergonhas aos olhos dos seus amantes, e ninguém a livrará da minha mão.
11 သူ​၏​နှစ်​စဉ်​ပွဲ​တော်​နှင့်​လ​စဉ်​ပွဲတော်​များ၊ ဥ​ပုသ် နေ့​ပွဲ​တော်​များ​စ​သော​ဘာ​သာ​ရေး​အ​စည်း အ​ဝေး​ရှိ​သ​မျှ​တို့​ကို​ငါ​ရပ်​စဲ​စေ​မည်။-
11 Farei cessar toda a sua alegria, as suas festas, as Festas de Lua Nova, os seus sábados e todas as suas solenidades.
12 သူ​၏​ချစ်​သူ​များ​က​သူ့​အား​လက်​ဆောင် အ​ဖြစ်​ပေး​သည်​ဟု​ဆို​သော​စ​ပျစ်​ပင်​နှင့် သ​ဖန်း​ပင်​များ​ကို​ငါ​ဖျက်​ဆီး​မည်။ ငါ​သည် သူ​၏​စ​ပျစ်​ခြံ​နှင့်​သစ်​သီး​ခြံ​တို့​ကို​သား​ရဲ များ​ကိုက်​ဖြတ်​ဖျက်​ဆီး​သ​ဖြင့် ချုံ​နွယ်​ပိတ် ပေါင်း​ထူ​သော​အ​ရပ်​ဖြစ်​စေ​မည်။-
12 Devastarei as suas videiras e as suas figueiras, das quais ela diz: ‘Este é o pagamento que recebi dos meus amantes.’ Farei com que virem mato, e os animais selvagens as devorarão.
13 သူ​သည်​ငါ့​ကို​မေ့​လျော့​ပြီး​လျှင်​ဗာ​လ ဘု​ရား​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော် လျက် ရွှေ​ငွေ​တန်​ဆာ​များ​ကို​ဝတ်​ဆင်​၍ ချစ်​သူ​များ​နောက်​သို့​လိုက်​သည့်​အ​ခါ​များ အ​တွက်​သူ့​အား​ငါ​ဒဏ်​ခတ်​မည်။ ဤ​ကား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စကား​ဖြစ်​၏။
13 Eu a castigarei pelos dias dos baalins, nos quais lhes queimou incenso, e se enfeitou com os seus pendentes e com as suas joias, e andou atrás de seus amantes, mas de mim se esqueceu”, diz o
14 သို့​ဖြစ်​၍​ငါ​သည်​သူ့​ကို​တော​ကန္တာ​ရ​သို့​တစ် ဖန်​ခေါ်​ဆောင်​၍ ထို​နေ​ရာ​၌​ငါ့​ထံ​သို့​ပြန် လာ​ရန်​မေတ္တာ​စ​ကား​ဖြင့်​ဆွဲ​ဆောင်​မည်။-
14 “Portanto, eis que eu a atrairei, e a levarei para o deserto, e lhe falarei ao coração.
15 သူ​၏​စ​ပျစ်​ခြံ​များ​ကို​လည်း​ပြန်​လည်​ရှင် သန်​စေ​၍ အာ​ခေါ်​ဟူ​သော​ဒုက္ခ​ချိုင့်​ဝှမ်း​ကို မျှော်​လင့်​ရာ​တံ​ခါး​ဖြစ်​စေ​မည်။ သူ​သည် အ​သက်​အ​ရွယ်​ငယ်​စဉ်​အီ​ဂျစ်​ပြည်​မှ​ထွက် လာ​သော​အ​ခါ​က​ကဲ့​သို့ ငါ့​အား​မေတ္တာ​တုံ့ ပြန်​လိမ့်​မည်။-
15 E ali eu lhe devolverei as suas vinhas e farei do vale de Acor uma porta de esperança. Ali ela me responderá como nos dias da sua mocidade e como no dia em que saiu da terra do Egito.
16 ထို​အ​ခါ​သူ​သည်​ငါ့​အား​ဗာ​လ​ဟု​မ​ခေါ် တော့​ဘဲ​ခင်​ပွန်း​ဟု​တစ်​ဖန်​ခေါ်​လိမ့်​မည်။-
16 Naquele dia”, diz o “ela me chamará de ‘Meu Marido’, e não me chamará mais de ‘Meu Baal’.
17 သူ​သည်​ဗာ​လ​ဟူ​သော​အ​မည်​ကို​သူ​၏​နှုတ် မှ​ဖယ်​ရှား​မည်၊ နောက်​တစ်​ဖန်​မ​ခေါ်​စေ​ရ။-
17 Removerei da sua boca os nomes dos baalins, e ela não mais se lembrará desses nomes.
18 ထို​အ​ခါ​ငါ​သည်​သား​ရဲ၊ ငှက်​အ​ပေါင်း​တို့ နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​၍၊ ဋ္ဌား၊ လေး​မြား​နှင့်​စစ်​ပွဲ များ​ကို​တိုင်း​နိုင်​ငံ​မှ​ဖယ်​ရှား​သ​ဖြင့် ငါ​၏ လူ​မျိုး​တော်​သည်​အေး​ချမ်း​လုံ​ခြုံ​စွာ​နေ ထိုင်​ရ​ကြ​လိမ့်​မည်။
18 Naquele dia, farei a favor dela uma aliança com os animais selvagens, com as aves do céu e com os animais que rastejam sobre a terra. Tirarei da terra o arco, a espada e a guerra e farei com que o meu povo repouse em segurança.
19 ဣ​သ​ရေ​လ၊ငါ​သည်​သင့်​အား​ဇ​နီး​အ​ဖြစ် သိမ်း​ပိုက်​မည်။ သင့်​အ​ပေါ်​၌​ငါ​၏​သစ္စာ​ခိုင်​မြဲ​မည်။
19 Farei de você a minha esposa para sempre. Farei de você a minha esposa em justiça, em juízo, em bondade e em misericórdia.
20 ငါ​၏​က​တိ​သစ္စာ​နှင့်​အ​ညီ​သင့်​ကို​ငါ​သိမ်း ပိုက်​မည်။
20 Farei de você a minha esposa em fidelidade, e você conhecerá o
21 — ausente —
21 “Naquele dia, eu responderei”, diz o “responderei aos céus, e estes responderão à terra;
22 — ausente —
22 a terra responderá ao trigo, ao vinho e ao azeite; e estes responderão a Jezreel.
23 ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​ပြည်​တော်​တွင်​နေ ထိုင်​စေ​၍ သူ​တို့​အား​ကြီး​ပွား​တိုး​တက်​စေ​မည်။
23 Semearei Israel para mim mesmo na terra e terei compaixão de Lo-Ruamá. E para Lo-Ami direi: ‘Você é o meu povo!’ Ele responderá: ‘Tu és o meu Deus!’”

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Oséias 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.