Números 35

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​ယော်​ဒန်​မြစ်​နား​ရှိ မော​ဘ​လွင်​ပြင်​၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား၊-
1 Nas campinas de Moabe, junto ao Jordão, do outro lado de Jericó, o Senhor disse a Moisés:
2 ``ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ရ​ရှိ​သော​နယ်​မြေ​ထဲ​မှ အ​ချို့​သော​မြို့​များ နှင့်​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​လေ​ဝိ အ​နွယ်​အား​ပေး​ရ​မည်။-
2 "Ordene aos israelitas que, da herança que possuem, dêem cidades para os levitas morarem. E dêem-lhes também pastagens ao redor das cidades.
3 ဤ​မြို့​များ​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက် ဖြစ်​၍ သူ​တို့​သည်​ထို​မြို့​များ​တွင်​နေ​ထိုင်​ရ ကြ​မည်။ စား​ကျက်​မြေ​သည်​သူ​တို့​၏​နွား များ​နှင့်​အ​ခြား​တိ​ရစ္ဆာန်​တို့​အ​တွက်​ဖြစ် သည်။-
3 Assim eles terão cidades para habitar e pastagens para o gado, para os rebanhos e para todos os seus outros animais de criação.
4 စား​ကျက်​မြေ​သည်​မြို့​ရိုး​မျက်​နှာ​လေး​ဘက်​မှ အ​ပြင်​သို့​ကိုက်​ငါး​ရာ​အ​ထိ​ကျယ်​ပြန့်​စေ ရ​မည်။-
4 "As pastagens ao redor das cidades que vocês derem aos levitas se estenderão para fora quatrocentos e cinqüenta metros, a partir do muro da cidade.
5 ပတ်​လည်​စား​ကျက်​မြေ​သည် ထို​မြို့​ကို​ဗ​ဟို ပြု​ကာ​အ​နံ​အ​လျား​ကိုက်​တစ်​ထောင်​စီ​ရှိ ရ​မည်။-
5 Do lado de fora da cidade, meçam novecentos metros para o lado leste, para o lado sul, para o lado oeste e para o lado norte, tendo a cidade no centro. Eles terão essa área para pastagens das cidades.
6 လူ​တစ်​ဦး​အား​ကြို​တင်​ကြံ​ရွယ်​ခြင်း​မ​ရှိ ဘဲ​နှင့် သတ်​မိ​သူ​ထွက်​ပြေး​၍​ခို​လှုံ​နိုင်​ရန် မြို့​ခြောက်​မြို့​ကို​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ပေး​ရ​မည်။ ထို့​အ​ပြင်​အ​ခြား​မြို့​လေး​ဆယ့် နှစ်​မြို့​တို့​ကို​လည်း​သူ​တို့​အား​ပေး​ရ​မည်။-
6 "Seis das cidades que vocês derem aos levitas serão cidades de refúgio, para onde poderá fugir quem tiver matado alguém. Além disso, dêem a eles outras quarenta e duas cidades.
7 သို့​ဖြစ်​၍​စား​ကျက်​မြေ​အ​ပါ​အ​ဝင်​စု​စု ပေါင်း လေး​ဆယ့်​ရှစ်​မြို့​ကို​သူ​တို့​အား​ပေး​ရ​မည်။-
7 Ao todo, vocês darão aos levitas quarenta e oito cidades, juntamente com as suas pastagens.
8 ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး​ပိုင်​သော​နယ်​မြေ အ​ကျယ်​အ​ဝန်း​အ​လိုက် လေ​ဝိ​အ​နွယ်​ဝင်​တို့ အ​တွက်​မြို့​အ​ရေ​အ​တွက်​ကို​သတ်​မှတ်​ပေး​ရ မည်'' ဟု​မိန့်​တော်​မူ​၏။
8 As cidades que derem aos levitas, das terras dos israelitas, deverão ser dadas proporcionalmente à herança de cada tribo; tomem muitas cidades da tribo que tem muitas, mas poucas da que tem poucas".
9 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား၊-
9 Disse também o Senhor a Moisés:
10 ``သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍ ခါ​နာန်​ပြည်​သို့​ဝင်​ရောက်​သော​အ​ခါ၊-
10 "Diga aos israelitas: Quando vocês atravessarem o Jordão e entrarem em Canaã,
11 ကြို​တင်​ကြံ​ရွယ်​ခြင်း​မ​ရှိ​ဘဲ​နှင့်​လူ​တစ်​ဦး အား​သတ်​မိ​သူ​သည် ထွက်​ပြေး​ခို​လှုံ​နိုင်​သည့် မြို့​များ​ကို​ရွေး​ချယ်​သတ်​မှတ်​ရ​မည်။-
11 escolham algumas cidades para serem suas cidades de refúgio, para onde poderá fugir quem tiver matado alguém sem intenção.
12 ထို​မြို့​များ​တွင်​သူ​သည်​သေ​ဆုံး​သူ​နှင့်​သွေး တော်​စပ်​သူ​၏​လက်​စား​ချေ​ခြင်း​မှ​လွတ်​ကင်း လိမ့်​မည်။ လူ​အ​သက်​ကို​သတ်​သော​သူ​အား လူ ပ​ရိ​သတ်​ရှေ့​တ​ရား​ရုံး​တွင်​စီ​ရင်​ခြင်း​မ​ပြု ဘဲ​သေ​စား​မ​သေ​စေ​ရ။-
12 Elas serão locais de refúgio contra o vingador da vítima, a fim de que alguém acusado de assassinato não morra antes de apresentar-se para julgamento perante a comunidade.
13 — ausente —
13 As seis cidades que vocês derem serão suas cidades de refúgio.
14 — ausente —
14 Designem três cidades de refúgio deste lado do Jordão e três outras em Canaã.
15 ထို​မြို့​များ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​များ အ​တွက်​လည်း​ကောင်း၊ အ​မြဲ​ဖြစ်​စေ၊ ခေတ္တ​ဖြစ် စေ​နေ​ထိုင်​ကြ​သော​လူ​မျိုး​ခြား​တို့​အ​တွက် လည်း​ကောင်း ခို​လှုံ​ရာ​မြို့​များ​ဖြစ်​ရ​မည်။ ကြို တင်​ကြံ​ရွယ်​ခြင်း​မ​ရှိ​ဘဲ​နှင့်​လူ​တစ်​ဦး​အား သတ်​မိ​သူ​သည်​ထို​မြို့​များ​အ​နက်​တစ်​မြို့ မြို့​သို့​ထွက်​ပြေး​ခို​လှုံ​နိုင်​သည်။
15 As seis cidades servirão de refúgio para os israelitas, para os estrangeiros residentes e para quaisquer outros estrangeiros que vivam entre eles, para que todo aquele que tiver matado alguém sem intenção possa fugir para lá.
16 — ausente —
16 "Se um homem ferir alguém com um objeto de ferro de modo que esta pessoa morra, ele é assassino; o assassino terá que ser executado.
17 — ausente —
17 Ou, se alguém tiver nas mãos uma pedra que possa matar, e ferir uma pessoa de modo que ela morra, é assassino; o assassino terá que ser executado.
18 — ausente —
18 Ou, se alguém tiver nas mãos um pedaço de madeira que possa matar, e ferir uma pessoa de modo que ela morra, é assassino; o assassino terá que ser executado.
19 သေ​ဆုံး​သူ​နှင့်​အ​နီး​ဆုံး​သွေး​တော်​စပ်​သူ သည် တာ​ဝန်​ရှိ​သ​ဖြင့်​လူ​သတ်​သ​မား​ကို တွေ့​လျှင်​သတ်​ရ​မည်။
19 O vingador da vítima matará o assassino; quando o encontrar o matará.
20 ``တစ်​စုံ​တစ်​ယောက်​အား မုန်း​တီး​သ​ဖြင့်​တွန်း ချ​၍​သော်​လည်း​ကောင်း၊ တစ်​စုံ​တစ်​ခု​နှင့် ပစ်​၍​သော်​လည်း​ကောင်း၊-
20 Se alguém, com ódio, empurrar uma pessoa premeditadamente ou atirar alguma coisa contra ela de modo que ela morra,
21 လက်​သီး​နှင့်​ထိုး​၍​သော်​လည်း​ကောင်း သတ် သော​သူ​သည်​လူ​သတ်​မှု​ကို​ကူး​လွန်​သ​ဖြင့် သေ​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​စေ​ရ​မည်။ သေ​ဆုံး သူ​နှင့်​အ​နီး​ဆုံး​သွေး​တော်​စပ်​သူ​သည် တာ​ဝန်​ရှိ​သ​ဖြင့်​လူ​သတ်​သ​မား​ကို​တွေ့ လျှင်​သတ်​ရ​မည်။
21 ou se com hostilidade der-lhe um soco provocando a sua morte, ele terá que ser executado; é assassino. O vingador da vítima matará o assassino quando encontrá-lo.
22 ``သို့​ရာ​တွင်​တစ်​စုံ​တစ်​ယောက်​အား မုန်း​တီး ခြင်း​မ​ရှိ​ဘဲ​နှင့်​တွန်း​ချ​၍​သော်​လည်း​ကောင်း၊ တစ်​စုံ​တစ်​ခု​နှင့်​ပစ်​၍​သော်​လည်း​ကောင်း အ​မှတ်​မ​ထင်​သတ်​မိ​လျှင်​ဖြစ်​စေ၊-
22 "Todavia, se alguém, sem hostilidade, empurrar uma pessoa ou atirar alguma coisa contra ela sem intenção,
23 မိ​မိ​ရန်​သူ​မ​ဟုတ်​သူ​ကို​ထိ​ခိုက်​စေ​လို​သော ဆန္ဒ​မ​ရှိ​ဘဲ​နှင့်​ကျောက်​ခဲ​ဖြင့် အ​မှတ်​တ​မဲ့ ပစ်​မိ​သော​ကြောင့်​ထို​သူ​သေ​ဆုံး​ရ​လျှင် ဖြစ်​စေ၊-
23 ou se, sem vê-la, deixar cair sobre ela uma pedra que possa matá-la, e ela morrer, então, como não era sua inimiga e não pretendia feri-la,
24 လူ​ပ​ရိတ်​သတ်​က​လူ​သတ်​မှု​ကူး​လွန်​သူ နှင့် သေ​ဆုံး​သူ​၏​အ​နီး​ဆုံး​သွေး​တော်​စပ် သူ​တို့​အ​ကြား​တ​ရား​ဋ္ဌမ္မ​သတ်​အ​တိုင်း စီ​ရင်​ရ​မည်။-
24 a comunidade deverá julgar entre ele e o vingador da vítima de acordo com essas leis.
25 လူ​ပ​ရိ​သတ်​သည်​လူ​သတ်​မှု​ကူး​လွန်​သူ အား​သေ​ဆုံး​သူ​၏​ဆွေ​မျိုး​တော်​စပ်​သူ​လက် မှ​ကယ်​တင်​၍ သူ​ထွက်​ပြေး​ခို​လှုံ​ခဲ့​သော​မြို့ သို့​ပြန်​ပို့​ရ​မည်။ သူ​သည်​ထို​စဉ်​က​အ​မှု​ထမ်း နေ​ဆဲ​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​နိစ္စ​ရောက်​သည် အ​ထိ​ထို​မြို့​တွင်​နေ​ထိုင်​ရ​မည်။-
25 A comunidade protegerá o acusado de assassinato do vingador da vítima e o enviará de volta à cidade de refúgio para onde tinha fugido. Ali permanecerá até a morte do sumo sacerdote, que foi ungido com o óleo santo.
26 အ​ကယ်​၍​လူ​သတ်​မှု​ကူး​လွန်​သူ​သည် ခို​လှုံ​ရာ​မြို့​ပြင်​သို့​ထွက်​သ​ဖြင့်၊-
26 "Se, contudo, o acusado sair dos limites da cidade de refúgio para onde fugiu
27 သေ​ဆုံး​သူ​နှင့်​သွေး​တော်​စပ်​သူ​က​တွေ့​၍ သူ့ အား​လက်​စား​ချေ​သတ်​ပစ်​လျှင်​ဤ​လက်​စား ချေ​ခြင်း​သည်​လူ​သတ်​မှု​မ​ဟုတ်။-
27 e o vingador da vítima o encontrar fora da cidade, ele poderá matar o acusado sem ser culpado de assassinato.
28 သို့​ရာ​တွင်​လူ​သတ်​မှု​ကူး​လွန်​သူ​သည် ထို​စဉ် က​အ​မှု​ထမ်း​နေ​ဆဲ​ယဇ်​ပု​ရော​ဟိတ်​မင်း အ​နိစ္စ​ရောက်​သည်​တိုင်​အောင်​သူ​ခို​လှုံ​ရာ​မြို့ တွင်​နေ​ထိုင်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​မင်း​အ​နိစ္စ ရောက်​ပြီး​နောက် သူ​သည်​မိ​မိ​၏​နေ​ရပ်​သို့ ပြန်​နိုင်​သည်။-
28 O acusado deverá permanecer em sua cidade de refúgio até a morte do sumo sacerdote; somente depois da morte do sumo sacerdote poderá voltar à sua propriedade.
29 သင်​တို့​သည်​မည်​သည့်​အ​ရပ်​၌​နေ​ထိုင်​သည် မ​ဆို ဤ​ပ​ညတ်​များ​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း ကြ​ရ​မည်။
29 "Estas exigências legais serão para vocês e para as suas futuras gerações, onde quer que vocês vivam.
30 ``လူ​သတ်​မှု​ဖြင့်​စွပ်​စွဲ​ခြင်း​ခံ​ရ​သူ​အား သက် သေ​နှစ်​ဦး​သို့​မ​ဟုတ်​နှစ်​ဦး​ထက်​ပို​၍​ရှိ​မှ သေ​ဒဏ်​စီ​ရင်​ရ​မည်။ သက်​သေ​တစ်​ဦး​တည်း ၏​စွပ်​စွဲ​ချက်​ဖြင့် ထို​သူ​အား​သေ​ဒဏ်​မ​စီ ရင်​ရ။-
30 "Quem matar uma pessoa terá que ser executado como assassino mediante depoimento de testemunhas. Mas ninguém será executado mediante o depoimento de apenas uma testemunha.
31 လူ​သတ်​မှု​ကူး​လွန်​သူ​အား​သေ​ဒဏ်​ပေး ရ​မည်။ ထို​သူ​သည်​အ​သက်​ဖိုး​ငွေ​ပေး​၍ သေ​ဒဏ်​မှ​လွတ်​ငြိမ်း​ခွင့်​မ​ရှိ​စေ​ရ။-
31 "Não aceitem resgate pela vida de um assassino; ele merece morrer. Certamente terá que ser executado.
32 ခို​လှုံ​ရာ​မြို့​သို့​ပြေး​ဝင်​သူ​သည်​ယဇ်​ပု​ရော ဟိတ်​မင်း​အ​နိစ္စ​မ​ရောက်​မီ မိ​မိ​နေ​ရပ်​သို့ ပြန်​ရန်​အ​တွက်​ငွေ​ပေး​လျှင်​လက်​မ​ခံ​ရ။-
32 "Não aceitem resgate por alguém que tenha fugido para uma cidade de refúgio, permitindo que ele retorne e viva em sua própria terra antes da morte do sumo sacerdote.
33 ငွေ​ကို​လက်​ခံ​ခဲ့​လျှင်​သင်​တို့​နေ​ထိုင်​ရာ​ပြည် ကို​ညစ်​ညမ်း​စေ​ရာ​ရောက်​မည်။ လူ​သတ်​မှု​ကူး လွန်​ခြင်း​သည်​တိုင်း​ပြည်​ကို​ညစ်​ညမ်း​စေ​၏။ သို့ ဖြစ်​၍​တိုင်း​ပြည်​၌​လူ​တစ်​ယောက်​အ​သတ်​ခံ ရ​လျှင် လူ​သတ်​မှု​ကူး​လွန်​သူ​အား​သေ​ဒဏ် ပေး​ခြင်း​အား​ဖြင့်​သာ​လျှင်​ထို​ပြည်​ကို​ပြန် လည်​သန့်​စင်​စေ​နိုင်​၏။-
33 "Não profanem a terra onde vocês estão. O derramamento de sangue profana a terra, e só se pode fazer propiciação em favor da terra em que se derramou sangue, mediante o sangue do assassino que o derramou.
34 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၍ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​တွင်​ကျိန်း​ဝပ်​တော်​မူ​သ​ဖြင့် ပြည်​တော်​ကို​မ​ညစ်​ညမ်း​စေ​ရ'' ဟု​မိန့် တော်​မူ​၏။
34 Não contaminem a terra onde vocês vivem e onde eu habito, pois eu, o Senhor, habito entre os israelitas".

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Números 35, comparar traduções ou montar um estudo — tudo direto pelo WhatsApp.