Números 32

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ရု​ဗင်​အ​နွယ်​နှင့်​ဂဒ်​အ​နွယ်​တို့​တွင် သိုး​နွား တိ​ရစ္ဆာန်​မြောက်​မြား​စွာ​ရှိ​ကြ​၏။ ယာ​ဇာ ပြည်​နှင့်​ဂိ​လဒ်​ပြည်​တွင်​စား​ကျက်​ကောင်း များ​ရှိ​ကြောင်း​သိ​ရှိ​ရ​သော​အ​ခါ၊-
1 As tribos de Rúben e de Gade tinham gado em grande quantidade. Quando viram que a terra de Jazer e a terra de Gileade eram boas para a criação de gado,
2 သူ​တို့​သည်​မော​ရှေ၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​ရေ​လ ခေါင်း​ဆောင်​တို့​ထံ​သို့​သွား​၍၊-
2 foram falar com Moisés, com o sacerdote Eleazar e com as autoridades do povo. Eles disseram o seguinte:
5 သို့​ဖြစ်​၍​ဤ​ဒေ​သ​တွင်​အ​ကျွန်ုပ်​တို့​နေ ထိုင်​ရန်​အ​ပိုင်​ပေး​သနား​ပါ။ အ​ကျွန်ုပ်​တို့ အား​ယော်​ဒန်​မြစ်​တစ်​ဖက်​သို့​ကူး​၍​မ​နေ ထိုင်​စေ​ပါ​နှင့်'' ဟု​လျှောက်​ထား​ကြ​၏။
5 Se o senhor está contente com a gente, então nos dê essa terra para ser nossa propriedade e não nos faça ir para o outro lado do rio Jordão.
6 ထို​အ​ခါ​မော​ရှေ​က``သင်​တို့​၏​သား​ချင်း​များ စစ်​ချီ​တိုက်​ခိုက်​နေ​စဉ် သင်​တို့​သည်​ဤ​အ​ရပ် တွင်​နေ​ထိုင်​ကြ​ပါ​သ​လော။-
6 Porém Moisés disse às tribos de Gade e de Rúben: — Vocês querem ficar aqui enquanto os seus patrícios vão para a guerra?
7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယော်​ဒန် မြစ်​ကို​ကူး​၍ ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​သော​ပြည်​သို့​ဝင်​ရောက်​ရေး​တွင် သင် တို့​သည်​အ​ဘယ်​ကြောင့်​သူ​တို့​ကို​စိတ် ပျက်​အား​လျော့​စေ​ကြ​သ​နည်း။-
7 Será que vocês querem desanimar o povo de Israel para que não entre na terra que o Senhor lhe está dando?
8 ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​များ​အား​ထို ပြည်​ကို​ထောက်​လှမ်း​ရန် ကာ​ဒေ​ရှ​အ​ရပ်​မှ စေ​လွှတ်​စဉ်​အ​ခါ​က သူ​တို့​သည်​လူ​တို့​ကို စိတ်​ပျက်​အား​လျော့​စေ​ခဲ့​ကြ​၏။-
8 Os pais de vocês fizeram a mesma coisa quando os enviei de Cades-Barneia para espionar esta terra.
9 သူ​တို့​သည်​ဧ​ရှကော​လ​ချိုင့်​ဝှမ်း​သို့​တိုင်​အောင် သွား​ရောက်​ခဲ့​ကြ​၍ ထို​ပြည်​ကို​တွေ့​မြင်​ပြီး နောက်​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​သော ပြည်​သို့​မ​သွား​ရန်​လူ​တို့​ကို​တိုက်​တွန်း ကြ​၏။-
9 Eles chegaram até o vale de Escol e viram a terra; mas, quando voltaram, desanimaram o povo para que não entrasse na terra que o Senhor lhe estava dando.
10 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ထွက်​၍၊-
10 — Então, naquele dia, o Senhor ficou muito irado e disse:
11 `သူ​တို့​သည်​ငါ့​ကို​သစ္စာ​ဖောက်​ကြ​သ​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​သော​သူ​တို့​တွင် အ​သက်​နှစ်​ဆယ်​အ​ရွယ်​နှင့်​အ​ထက်​ရှိ သော​မည်​သည့်​ယောကျာ်း​မျှ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ငါ​ပေး​မည်​ဟု​က​တိ​ထား သော​ပြည်​သို့​မ​ဝင်​ရ' ဟု​ကျိန်​ဆို​၍​မိန့် တော်​မူ​ခဲ့​၏။-
11 “Os homens que vieram do Egito, de vinte anos para cima, deixaram de ser fiéis a mim, e por isso juro que eles não verão a terra que prometi dar a Abraão, a Isaque e a Jacó.”
12 ထို​သို့​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​သူ​တို့​တွင် ကေ​နတ်​အ​မျိုး​သား​ယေ​ဖုန္နာ​၏​သား ကာ လက်​နှင့်​နုန်​၏​သား​ယော​ရှု​တို့​မ​ပါ​ဝင် ချေ။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​သစ္စာ တော်​ကို​စောင့်​သူ​များ​ဖြစ်​ပေ​သည်။-
12 Somente Calebe, filho de Jefoné, o quenezeu, e Josué, filho de Num, continuaram fiéis ao Senhor .
13 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အ​မျက်​ထွက်​သ​ဖြင့် မိ​မိ​အ​လို ကို​ဆန့်​ကျင်​သော​အ​မျိုး​ဆက်​တို့​သေ​ဆုံး ကုန်​ကြ​သည်​အ​ထိ​သူ​တို့​ကို​တော​ကန္တာ​ရ ၌​အ​နှစ်​လေး​ဆယ်​ပတ်​လုံး​လှည့်​လည်​နေ စေ​တော်​မူ​၏။-
13 O Senhor ficou irado com o povo de Israel e os fez andar pelo deserto quarenta anos, até que morresse toda a gente daquele tempo, isto é, o povo que havia desagradado a Deus, o Senhor .
14 ဘိုး​ဘေး​တို့​၏​ဒု​စ​ရိုက်​မျိုး​ကို​ကူး​လွန် သော​အား​ဖြင့် ယ​ခု​သင်​တို့​သည်​ဒု​စ​ရိုက် ပြု​သော​မျိုး​ဆက်​သစ်​ဖြစ်​လာ​ကြ​၏။ သို့ ဖြစ်​၍​သင်​တို့​သည်​ထာ​ဝ​ရ​ဘုရား​၏​ပြင်း ထန်​သော​အ​မျက်​တော်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​ပေါ်​သို့​တစ်​ဖန်​ကျ ရောက်​စေ​ရန်​ပြု​ကျင့်​နေ​ကြ​ပါ​သည် တ​ကား။-
14 E agora vocês, raça de gente pecadora, estão tomando o lugar dos seus pais a fim de aumentar ainda mais a ira do Senhor contra o povo de Israel.
15 ရု​ဗင်​နှင့်​ဂဒ်​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သော သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​နောက်​တော် သို့​ယ​ခု​မ​လိုက်​ကြ​လျှင် ကိုယ်​တော်​သည် ဣ​သ​ရေ​လ​တစ်​မျိုး​လုံး​ကို​တော​ကန္တာ​ရ တွင်​တစ်​ဖန်​စွန့်​ပစ်​တော်​မူ​လိမ့်​မည်။ သို့​ဖြစ် ၍​သင်​တို့​ကြောင့်​ထို​သူ​အ​ပေါင်း​တို့​သည် ပျက်​စီး​ဆုံး​ပါး​ရ​ကြ​လိမ့်​မည်'' ဟု​ပြန် လည်​ဖြေ​ကြား​၏။
15 Se vocês não quiserem segui-lo, ele abandonará novamente todo o povo no deserto, e eles serão destruídos por causa de vocês.
16 တစ်​ဖန်​သူ​တို့​သည် မော​ရှေ​အ​နီး​သို့​ချဉ်း ကပ်​၍``ရှေး​ဦး​စွာ​အ​ကျွန်ုပ်​တို့​၏​သိုး​များ ထား​ရန်​ကျောက်​တုံး​ခြံ​စည်း​ရိုး​များ​ကို လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​ကို​မှီ​ခို​သူ​များ နေ​ထိုင်​ရန် တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့​များ ကို​လည်း​ကောင်း​တည်​ဆောက်​ခွင့်​ပေး​ပါ။-
16 Mas a gente das tribos de Rúben e de Gade chegou perto de Moisés e disse: — Nós mesmos vamos construir aqui currais para as nossas ovelhas e vacas e também cidades para as nossas famílias.
17 ထို​နောက်​အ​ကျွန်ုပ်​တို့​သည်​အ​မျိုး​သား​ချင်း တို့​အ​ပိုင်​ရ​မည့်​ပြည်​တွင် အ​ခြေ​ချ​နေ​ထိုင် ရ​သည်​အ​ထိ​သူ​တို့​ကို​ရှေ့​ဆောင်​၍​စစ်​ချီ တိုက်​ခိုက်​ပါ​မည်။ ဤ​အ​တော​အ​တွင်း​အ​ကျွန်ုပ် တို့​ကို​မှီ​ခို​သူ​များ​သည် ခိုင်​ခံ့​သော​မြို့​များ တွင်​နေ​ထိုင်​ရ​သ​ဖြင့် ဤ​အ​ရပ်​သား​တို့​၏ ရန်​မှ​ကင်း​လွတ်​နိုင်​ကြ​ပါ​လိမ့်​မည်။-
17 Depois estaremos prontos para marchar para a guerra na frente dos nossos patrícios israelitas, até fazê-los tomar posse da terra que será deles. Porém as nossas famílias ficarão aqui nas cidades cercadas de muralhas e assim estarão a salvo dos moradores da terra.
18 အ​ခြား​သော​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တို့ သည် မိ​မိ​တို့​နေ​ထိုင်​ရ​မည့်​ပြည်​ကို​အ​ပိုင် မ​ရ​မ​ချင်း​အ​ကျွန်ုပ်​တို့​သည်​ကိုယ့်​အိမ် သို့​မ​ပြန်​ပါ။-
18 Não voltaremos para as nossas casas até que todos os outros israelitas tomem posse da terra que será deles.
19 ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​အ​ကျွန်ုပ်​တို့ အား​နယ်​မြေ​ဝေ​စု​ပေး​ထား​ပြီး​ဖြစ်​သ​ဖြင့် အ​နောက်​ဘက်​ကမ်း​တွင်​နယ်​မြေ​ဝေ​စု​ကို ထပ်​မံ​၍​မ​တောင်း​ဆို​ပါ'' ဟူ​၍​လျှောက် ထား​ကြ​၏။
19 Não tomaremos posse de nenhuma propriedade no meio deles no outro lado do rio Jordão, pois receberemos a nossa parte aqui, a leste do Jordão.
20 ထို​အ​ခါ​မော​ရှေ​က``သင်​တို့​က​တိ​တည် မည်​ဆို​လျှင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ စစ်​ချီ​တိုက်​ရန်​အ​သင့်​ပြင်​လော့။-
20 Aí Moisés respondeu: — Se vocês vão fazer isso, então na presença de Deus, o
21 သင်​တို့​၏​တပ်​သား​အ​ပေါင်း​တို့​သည်​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​ကို​နာ​ခံ​လျက် ငါ​တို့​၏​ရန်​သူ​များ​ကို တိုက်​ခိုက်​ချေ​မှုန်း​၍၊-
21 E que todos os seus homens armados atravessem o rio Jordão debaixo das ordens do Senhor , até que os nossos inimigos sejam expulsos diante dele,
22 တိုင်း​ပြည်​ကို​သိမ်း​ပိုက်​ရ​မည်။ ထို​နောက်​သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​အ​မျိုး​သား ချင်း​တို့​အ​တွက် တာ​ဝန်​ကျေ​ပွန်​ပြီ​ဖြစ်​၍ ဤ​အ​ရပ်​သို့​ပြန်​လာ​နိုင်​သည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘုရား​သည်​ယော်​ဒန်​မြစ်​အ​ရှေ့ ဘက်​ရှိ ဤ​ပြည်​သည်​သင်​တို့​ဝေ​စု​ဖြစ် ကြောင်း​သိ​မှတ်​တော်​မူ​လိမ့်​မည်။-
22 e nós conquistemos a terra. Depois vocês poderão voltar porque já terão cumprido a sua obrigação para com Deus, o Senhor , e para com os seus patrícios israelitas. E o Senhor reconhecerá esta terra a leste do rio Jordão como propriedade de vocês.
23 သို့​ရာ​တွင်​သင်​တို့​သည်​က​တိ​မ​တည်​လျှင် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​ရာ​ရောက်​လိမ့် မည်။ ထို​အ​ခါ​သင်​တို့​သည်​အ​ပြစ်​ဒဏ်​ကို မု​ချ​ခံ​ကြ​ရ​မည်။-
23 Porém, se vocês não cumprirem o que estão prometendo, estarão pecando contra o Senhor . E fiquem sabendo que vocês serão castigados por causa dos seus próprios pecados.
24 သင်​တို့​မြို့​များ​နှင့်​သိုး​ခြံ​များ​ကို​တည် ဆောက်​ကြ​လော့။ သို့​ရာ​တွင်​သင်​တို့​က​တိ ကို​မ​ဖျက်​ကြ​နှင့်'' ဟု​သတိ​ပေး​လေ​၏။
24 Construam as cidades para as suas famílias e façam currais para as suas ovelhas e vacas. E cumpram o que prometeram.
25 ထို​အ​ခါ​ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ် ဝင်​တို့​က``ကိုယ်​တော်​မိန့်​မှာ​သည်​အ​တိုင်း အ​ကျွန်ုပ်​ဆောင်​ရွက်​ပါ​မည်။-
25 Os homens de Gade e de Rúben disseram a Moisés o seguinte: — Nós faremos o que o senhor mandar.
26 အ​ကျွန်ုပ်​တို့​၏​ဇ​နီး​နှင့်​သား​သ​မီး​များ၊ သိုး၊ ဆိတ်၊ နွား​များ​သည်​ဤ​အ​ရပ်​ရှိ​ဂိ​လဒ် မြို့​များ​တွင်​နေ​ရစ်​ကြ​ပါ​မည်။-
26 As nossas crianças, as nossas mulheres, as nossas ovelhas, as nossas cabras e todo o gado ficarão aqui nas cidades de Gileade.
27 အ​ကျွန်ုပ်​တို့​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် ကို​နာ​ခံ​လျက် စစ်​ချီ​တက်​ရန်​အ​သင့်​ရှိ​နေ ကြ​ပါ​သည်။ ကိုယ်​တော်​မိန့်​မှာ​သည့်​အ​တိုင်း အ​ကျွန်ုပ်​တို့​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ၍​ရန်​သူ​များ​ကို​တိုက်​ခိုက်​ပါ​မည်'' ဟူ​၍ မော​ရှေ​အား​က​တိ​ပေး​ကြ​၏။
27 Mas todos nós estamos prontos para a guerra. Conforme a sua ordem, atravessaremos o Jordão e batalharemos, debaixo do comando do Senhor Deus.
28 ထို့​ကြောင့်​မော​ရှေ​က​ဧ​လာ​ဇာ၊ ယော​ရှု​နှင့် အ​ခြား​သော​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​တို့ အား၊-
28 Então Moisés deu ordens a respeito dos homens das tribos de Rúben e de Gade ao sacerdote Eleazar, a Josué, filho de Num, e aos chefes das famílias das tribos dos israelitas.
29 ``ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ်​ဝင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​၍ စစ်​ချီ​တိုက်​ခိုက်​လျှင်​လည်း ကောင်း၊ သင်​တို့​သည်​သူ​တို့​၏​အ​ကူ​အ​ညီ ဖြင့်​ထို​ပြည်​ကို​တိုက်​ခိုက်​အောင်​မြင်​လျှင် လည်း​ကောင်း ဂိ​လဒ်​ပြည်​ကို​သူ​တို့​အား အ​ပိုင်​ပေး​လော့။-
29 Ele disse assim: — Debaixo do comando de Deus, o
30 သို့​ရာ​တွင်​သူ​တို့​သည်​သင်​တို့​နှင့်​အ​တူ ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍​စစ်​ချီ​တိုက်​ခိုက် ခြင်း​မ​ပြု​ကြ​လျှင် သင်​တို့​နည်း​တူ​ခါ​နာန် ပြည်​ထဲ​၌​သာ​သူ​တို့​ဝေ​စု​ကို​ရ​စေ​ရ​မည်'' ဟု​အ​မိန့်​ပေး​လေ​၏။
30 Porém, se eles não atravessarem armados o rio Jordão, junto com vocês, então deverão receber a parte deles na terra de Canaã.
31 ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ်​ဝင်​တို့ က``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​အ​တိုင်း​ဆောင်​ရွက်​ပါ​မည်။-
31 Os homens de Gade e de Rúben responderam: — Senhor, nós faremos o que o
32 အ​ကျွန်ုပ်​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ရှိ​ပြည်​ကို​အ​ပိုင်​ရ​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​ဆောင်​မှု​ကို​နာ​ခံ​လျက် ခါ​နာန်​ပြည် ဘက်​သို့​ကူး​၍​စစ်​ချီ​တိုက်​ခိုက်​ပါ​မည်'' ဟု​လျှောက်​ထား​ကြ​လေ​သည်။
32 Debaixo do comando dele atravessaremos o Jordão, armados, e lutaremos na terra de Canaã; e assim as terras deste lado do rio Jordão serão nossa propriedade.
33 ထို့​ကြောင့်​မော​ရှေ​သည်​အာ​မော​ရိ​ဘု​ရင် ရှိ​ဟုန်​နှင့် ဗာ​ရှန်​ဘု​ရင်​သြ​ဃ​တို့​ပိုင်​သ​မျှ သော​နယ်​မြေ​နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​မြို့ ရွာ​များ​ကို​ဂဒ်​အ​နွယ်​ဝင်၊ ရုဗင်​အ​နွယ်​ဝင် နှင့်​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​အား​သတ်​မှတ် ပေး​လေ​သည်။-
33 Então Moisés deu às tribos de Gade e de Rúben e a uma metade da tribo de Manassés, filho de José, a região de Seom, o rei dos amorreus, e a região de Ogue, rei de Basã, junto com as cidades e as terras que havia em redor delas.
34 ဂဒ်​အ​နွယ်​ဝင်​တို့​သည်​ဒိ​ဗုန်​မြို့၊ အ​တ​ရုပ် မြို့၊ အာ​ရော်​မြို့၊-
34 Os homens da tribo de Gade construíram de novo as cidades de Dibom, Atarote, Aroer,
35 အာ​တ​ရုတ်​ရှော​ဖန်​မြို့၊ ယာ​ဇာ​မြို့၊ ယု​မ္ဘေဟ မြို့၊-
35 Atarote-Sofã, Jazer, Jogbeá,
36 ဗက်​နိ​မ​ရာ​မြို့​နှင့်​ဗေ​သာ​ရန်​မြို့​စ​သော တံ​တိုင်း​ကာ​ရံ​ထား​သည့် မြို့​များ​ကို​ပြန် လည်​တည်​ဆောက်​ကြ​၏။-
36 Bete-Ninra e Bete-Harã. Construíram muralhas ao redor delas e também currais.
37 ရု​ဗင်​အ​နွယ်​ဝင်​တို့​သည်​ဟေ​ရှ​ဘုန်​မြို့၊ ဧ​လာ​လေ​မြို့၊ ကိ​ရ​ယ​သိမ်​မြို့၊-
37 Os homens de Rúben construíram de novo Hesbom, Eleal, Quiriataim,
38 နေ​ဗော​မြို့၊ ဗာ​လ​မော​န​မြို့(ဤ​မြို့​၏​နာ​မည် ကို​ပြောင်း​လိုက်​၏) နှင့်​ရှိ​ဗ​မ​မြို့​များ​ကို ပြန်​လည်​တည်​ဆောက်​ကြ​သည်။ သူ​တို့​ပြန် လည်​တည်​ဆောက်​သော​မြို့​များ​ကို​နာ​မည် သစ်​ဖြင့်​မှည့်​ခေါ်​ကြ​သည်။
38 Nebo, Baal-Meom (alguns nomes foram mudados) e Sibma. E deram outros nomes às cidades que eles construíram de novo.
39 မ​နာ​ရှေ​သား​မာ​ခိ​ရ​၏​သား​ချင်း​စု​သည် ဂိ​လဒ်​ပြည်​ကို​ဝင်​ရောက်​တိုက်​ခိုက်​ပြီး​လျှင် ထို​ပြည်​တွင်​နေ​ထိုင်​သော​အာ​မော​ရိ​အ​မျိုး သား​တို့​ကို​မောင်း​ထုတ်​၍​ပြည်​ကို​သိမ်း​ပိုက် လေ​သည်။-
39 O grupo de famílias de Maquir, filho de Manassés, foi para Gileade, e a conquistou, e expulsou os amorreus que estavam ali.
40 ထို့​ကြောင့်​မော​ရှေ​သည်​မာ​ခိ​ရ​သား​ချင်း​စု အား​ဂိ​လဒ်​ပြည်​ကို​ပေး​သ​ဖြင့် သူ​တို့​သည် ထို​ပြည်​တွင်​နေ​ထိုင်​ကြ​၏။-
40 Portanto, Moisés deu Gileade ao grupo de famílias de Maquir, e eles moraram ali.
41 မ​နာ​ရှေ​၏​အ​နွယ်​ဝင်​ဖြစ်​သော​ယာ​ဣ​ရ သည် ကျေး​ရွာ​အ​ချို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက် ပြီး​လျှင်``ယာ​ဣ​ရ​ကျေး​ရွာ​များ'' ဟု သ​မုတ်​လေ​သည်။-
41 Jair, descendente de Manassés, foi e conquistou alguns povoados dos amorreus e os chamou de “povoados de Jair”.
42 နော​ဗာ​ဆို​သူ​သည်​လည်း​ကေ​နတ်​မြို့​နှင့် အ​နီး​ရှိ ကျေး​ရွာ​များ​ကို​တိုက်​ခိုက်​သိမ်း ပိုက်​ပြီး​လျှင် မိ​မိ​၏​အ​မည်​ကို​စွဲ​၍ နော​ဗာ​မြို့​ဟု​မှည့်​ခေါ်​လေ​၏။
42 Noba foi e conquistou a cidade de Quenate e os seus povoados. E pôs o nome nela de Noba, que era o nome dele mesmo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Números 32, comparar traduções ou montar um estudo — tudo direto pelo WhatsApp.