Números 14

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ထို​အ​ခါ​လူ​အ​ပေါင်း​တို့​သည်​တစ်​ည​လုံး ငို​ကြွေး​မြည်​တမ်း​ကြ​လေ​သည်။-
1 Toda a assembléia pôs-se a gritar e chorou aquela noite.
2 သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​အား``ငါ​တို့ သည်​အီ​ဂျစ်​ပြည်​၌​ဖြစ်​စေ၊ ဤ​တော​ကန္တာ​ရ ၌​ပင်​ဖြစ်​စေ​သေ​ရ​ခြင်း​က​သာ​၍​ကောင်း ပါ​သေး​သည်။-
2 Todos os israelitas murmuraram contra Moisés e Aarão, dizendo: "Oxalá tivéssemos morrido no Egito ou neste deserto!
3 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ်​ကြောင့်​ငါ​တို့ ကို​ထို​ပြည်​သို့​ပို့​ဆောင်​ရ​ပါ​သ​နည်း။ ငါ​တို့ သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​ပါ​လိမ့်​မည်။ ငါ တို့​၏​သား​မ​ယား​တို့​သည်​လည်း​ရန်​သူ​ဖမ်း သွား​ခြင်း​ခံ​ရ​ပါ​လိမ့်​မည်။ အီ​ဂျစ်​ပြည်​သို့ ပြန်​လျှင်​ကောင်း​မည်'' ဟု​ညည်း​ညူ​ကြ​လေ သည်။-
3 Por que nos conduziu o Senhor a esta terra para morrermos pela espada? Nossas mulheres e nossos filhos serão a presa do inimigo. Não seria melhor que voltássemos para o Egito?"
4 ထို​ကြောင့်​သူ​တို့​က``ငါ​တို့​ကို​အီ​ဂျစ်​ပြည်​သို့ ပြန်​၍ ပို့​ဆောင်​မည့်​ခေါင်း​ဆောင်​တစ်​ဦး​ကို​ရွေး ကြ​ပါ​စို့'' ဟူ​၍​အ​ချင်း​ချင်း​ပြော​ဆို​ကြ လေ​သည်။
4 E diziam uns para os outros: "Escolhamos um chefe e voltemos para o Egito."
5 ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် လူ အ​ပေါင်း​တို့​ရှေ့​တွင်​မြေ​ပေါ်​၌​ပျပ်​ဝပ် လျက်​နေ​ကြ​၏။-
5 Moisés e Aarão caíram com o rosto por terra diante de toda a assembléia dos israelitas.
6 ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ခဲ့​သူ​များ အ​နက် နှစ်​ဦး​ဖြစ်​ကြ​သော​နုန်​၏​သား​ယော​ရှု နှင့်​ယေ​ဖုန္နာ​၏​သား​ကာ​လက်​တို့​သည် ဝမ်း​နည်း သည့်​အ​နေ​ဖြင့်​မိ​မိ​တို့​၏​အ​ဝတ်​အင်္ကျီ​များ ကို​ဆုတ်​ဖြဲ​လျက်၊-
6 Josué, filho de Nun, e Caleb, filho de Jefoné, que tinham explorado a terra,
7 ``ငါ​တို့​စုံ​စမ်း​ထောက်​လှမ်း​ခဲ့​သော​ပြည် သည်​အ​လွန်​နေ​ထိုင်​ဖွယ်​ကောင်း​သော​ပြည် ဖြစ်​သည်။-
7 rasgaram as suas vestes e disseram a toda a assembléia dos israelitas: "A terra que percorremos é muito boa.
8 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​စိတ်​တော်​နှင့် တွေ့​လျှင်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍ မြေ​သြ ဇာ​ထက်​သန်​သော​ထို​ပြည်​သို့​ပို့​ဆောင်​လျက် အ​ပိုင်​စား​ပေး​တော်​မူ​မည်။-
8 Se o Senhor nos for propício, introduzir-nos-á nela e no-la dará; é uma terra onde corre leite e mel.
9 ထာ​ဝ​ရ​ဘု​ရား​ကို​မ​ပုန်​ကန်​ကြ​ပါ​နှင့်။ ခါ​နာန်​ပြည်​သား​တို့​ကို​လည်း​မ​ကြောက်​ရွံ့ ကြ​ပါ​နှင့်။ ငါ​တို့​သည်​သူ​တို့​ကို​လွယ်​ကူ စွာ​တိုက်​ခိုက်​အောင်​မြင်​နိုင်​ပါ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၍ သူ​တို့​ကို​ကွယ်​ကာ​စောင့်​ရှောက်​သော​ဘု​ရား များ​ကို​လည်း နှိမ်​နင်း​အောင်​မြင်​တော်​မူ​ပြီး ဖြစ်​၍​မ​ကြောက်​ရွံ့​ကြ​ပါ​နှင့်'' ဟု​လူ​တို့ အား​ပြော​ကြ​၏။-
9 Somente não vos revolteis contra o Senhor, e não tenhais medo do povo dessa terra: devorá-lo-emos como pão. Não há mais salvação para eles, porque o Senhor está conosco. Não tenhais medo deles."
10 လူ​အ​ပေါင်း​တို့​သည်​ထို​စ​ကား​ကို​ကြား လျှင် သူ​တို့​နှစ်​ဦး​ကို​ကျောက်​ခဲ​ဖြင့်​ပစ်​သတ် ရန်​ကြိုး​စား​အား​ထုတ်​ကြ​လေ​သည်။ သို့​ရာ တွင်​ထို​ခ​ဏ​ချင်း​၌​ထာ​ဝ​ရ​ဘု​ရား​၏ ဘုန်း​ရောင်​ခြည်​တော်​သည် တဲ​တော်​ပေါ်​တွင် ထွန်း​တောက်​နေ​သည်​ကို​သူ​တို့​မြင်​ကြ​၏။
10 Toda a assembléia estava a ponto de apedrejá-los, quando a glória do Senhor apareceu sobre a tenda de reunião a todos os israelitas.
11 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဤ​လူ​တို့ သည်​မည်​မျှ​ကာ​လ​ပတ်​လုံး​ငါ့​ကို​ပစ်​ပယ် ကြ​မည်​နည်း။ ငါ​သည်​သူ​တို့​တွင်​အံ့​သြ​ဖွယ် အ​မှု​များ​စွာ​တို့​ကို​ပြ​ခဲ့​သော်​လည်း သူ​တို့ သည်​မည်​မျှ​ကာ​လ​ပတ်​လုံး​ငါ့​ကို​မ​ယုံ ကြည်​မ​ကိုး​စား​ဘဲ​နေ​ကြ​မည်​နည်း။-
11 O Senhor disse a Moisés: "Até quando me desprezará esse povo? Até quando não acreditará em mim, apesar de todos os prodígios que fiz no meio dele?
12 ငါ​သည်​သူ​တို့​ကို​ကပ်​ရော​ဂါ​ဖြင့်​ဖျက်​ဆီး ပစ်​မည်။ သို့​ရာ​တွင်​ငါ​သည်​သင့်​အား​သူ​တို့ ထက်​သာ​၍​များ​ပြား​၍ တန်​ခိုး​ကြီး​သော​လူ မျိုး​၏​ဖ​ခင်​ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
12 Vou destruí-lo, ferindo-o de peste, mas farei de ti uma nação maior e mais poderosa do que ele."
13 ထို​အ​ခါ​မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား အား``ကိုယ်​တော်​သည်​ဤ​လူ​မျိုး​ကို​တန်​ခိုး တော်​အား​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော် မူ​ခဲ့​ပါ​သည်။ အီ​ဂျစ်​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​၏​လူ​မျိုး​တော်​အား ကိုယ်​တော်​ဘေး ဒဏ်​သင့်​စေ​ကြောင်း​ကြား​ရ​သော​အ​ခါ၊-
13 Moisés disse ao Senhor: "Os egípcios viram que, por vosso poder, tirastes este povo do meio deles e o disseram aos habitantes dessa terra.
14 သူ​တို့​က​ဤ​ပြည်​ရှိ​ပြည်​သား​တို့​အား​သ​တင်း ပြော​ကြား​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊ ကိုယ်​တော်​၏​မိုး​တိမ်​သည်​အ​ကျွန်ုပ် တို့​၏​အ​ထက်​တွင်​ထင်​ရှား​စွာ​တည်​နေ​ကြောင်း ကို​လည်း​ကောင်း၊ ကိုယ်​တော်​သည်​နေ့​အ​ချိန်​တွင် မိုး​တိမ်​တိုင်၊ ည​အ​ချိန်​တွင်​မီး​တိမ်​တိုင်​အား ဖြင့်​အ​ကျွန်ုပ်​တို့​ရှေ့​မှ​ကြွ​သွား​တော်​မူ​ကြောင်း ကို​လည်း​ကောင်း ဤ​ပြည်​ရှိ​ပြည်​သား​များ​သိ ရ​ပြီး​ဖြစ်​ပါ​သည်။-
14 Todo mundo sabe, ó Senhor, que estais no meio desse povo, e sois visto face a face, ó Senhor, que vossa nuvem está sobre eles e marchais diante deles de dia numa coluna de nuvem, e de noite numa coluna de fogo.
15 ယ​ခု​တွင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​သုတ်​သင် ပယ်​ရှင်း​တော်​မူ​လျှင် ကိုယ်​တော်​၏​ဂုဏ်​သ​တင်း ကို​ကြား​ခဲ့​ဖူး​သော​လူ​မျိုး​များ​က၊-
15 Se fizerdes morrer todo esse povo, as nações que ouviram falar de vós dirão:
16 ကိုယ်​တော်​သည်​ပေး​မည်​ဟု​က​တိ​ထား​တော်​မူ သော​ပြည်​သို့​မ​ပို့​ဆောင်​နိုင်​သော​ကြောင့် ဤ​သူ တို့​ကို​တော​ကန္တာ​ရ​၌​အ​ဆုံး​စီ​ရင်​တော်​မူ သည်​ဟု​ပြော​ကြ​ပါ​လိမ့်​မည်။-
16 o Senhor foi incapaz de introduzir o povo na terra que lhe havia jurado dar, e exterminou-o no deserto.
17 — ausente —
17 Agora, pois, rogo-vos que o poder do Senhor se manifeste em toda a sua grandeza, como o dissestes:
18 — ausente —
18 O Senhor é lento para a cólera e rico em bondade; ele perdoa a iniqüidade e o pecado, mas não tem por inocente o culpado, e castiga a iniqüidade dos pais nos filhos até a terceira e a quarta geração.
19 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဤ​သူ တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ချိန်​မှ ယ​နေ့ အ​ထိ​သူ​တို့​ကူး​လွန်​ခဲ့​သော​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​ခဲ့​သည့်​နည်း​တူ ကိုယ်​တော် ၏​ကြီး​မား​သော​မေတ္တာ​က​ရု​ဏာ​တော်​နှင့် အ​ညီ ယ​ခု​လည်း​သူ​တို့​ပြု​မိ​သော​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​ရန်​အ​ကျွန်ုပ် တောင်း​လျှောက်​ပါ​၏'' ဟု​ဆု​တောင်း​လေ သည်။
19 Perdoai o pecado desse povo segundo a vossa grande misericórdia, como já o tendes feito desde o Egito até aqui."
20 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​တောင်း​ပန် သည့်​အ​တိုင်း ငါ​သည်​သူ​တို့​၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။-
20 O Senhor respondeu: "Eu perdôo, conforme o teu pedido.
21 ငါ​သည်​အ​သက်​ရှင်​၍​ငါ​၏​ဘုန်း​အ​သ​ရေ တော်​သည် တစ်​ကမ္ဘာ​လုံး​တွင်​ပျံ့​နှံ့​လျက်​ရှိ သည်​အ​တိုင်း၊-
21 Mas, pela minha vida e pela minha glória que enche toda a terra,
22 ဤ​သူ​တို့​အ​နက်​မည်​သူ​မျှ​ထို​ပြည်​သို့​မ​ဝင် ရ။ သူ​တို့​သည်​ငါ​၏​တောက်​ပ​သော​ဘုန်း​အ​သ ရေ​တော်​ကို​လည်း​ကောင်း၊ အီ​ဂျစ်​ပြည်​နှင့်​တော ကန္တာ​ရ​တွင်​ငါ​ပြု​ခဲ့​သော​အံ့​သြ​ဖွယ်​အ​မှု များ​ကို​လည်း​ကောင်း​တွေ့​မြင်​ခဲ့​ရ​သော်​လည်း သူ​တို့​သည်​ငါ့​ကို​အ​ကြိမ်​ကြိမ်​မ​ထီ​လေး​စား ပြု​၍​ငါ့​စ​ကား​ကို​လည်း​နား​မ​ထောင်​ခဲ့​ကြ။-
22 nenhum dos homens que viram a minha glória e os prodígios que fiz no Egito e no deserto, que me provocaram já dez vezes e não me ouviram,
23 သူ​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး​မည်​ဟု​က​တိ ထား​သော​ပြည်​သို့​သူ​တို့​မ​ဝင်​ရ။ ငါ့​ကို​ပစ်​ပယ် သူ​မှန်​သ​မျှ​ထို​ပြည်​သို့​မ​ဝင်​ရ။-
23 verá a terra que prometi com juramento aos seus pais. Nenhum daqueles que me desprezaram a verá.
24 — ausente —
24 Quanto ao meu servo Caleb, porém, que animado de outro espírito me obedeceu fielmente, eu o introduzirei na terra que ele percorreu, e a sua posteridade a possuirá.
25 — ausente —
25 Visto que os amalecitas e os cananeus habitam no vale, voltai amanhã e parti para o deserto em direção ao mar Vermelho."
26 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့​အား၊-
26 O Senhor disse a Moisés e a Aarão:
27 ``ဤ​ဆိုး​ယုတ်​သော​သူ​တို့​သည်​မည်​မျှ​ကာ​လ ပတ်​လုံး​ညည်း​ညူ​လျက်​ရှိ​ကြ​မည်​နည်း။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ညည်း​ညူ​သံ​ကို​ငါ ကြား​ရ​ဖန်​များ​လှ​ပြီ။-
27 "Até quando sofrerei eu essa assembléia revoltada que murmura contra mim? Ouvi as murmurações que os israelitas proferem contra mim.
28 ယ​ခု​သူ​တို့​အား​ဤ​သို့​ပြန်​ပြော​လော့။ `ငါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကိုယ်​ကို​တိုင်​တည်​၍ သင်​တို့​တောင်း​ဆို​သည့်​အ​တိုင်း​ငါ​ပြု​မည်။-
28 Dir-lhes-ás: juro por mim mesmo, diz o Senhor, tratar-vos-ei como vos ouvi dizer.
29 သင်​တို့​သည်​တော​ကန္တာ​ရ​၌​ပင်​သေ​ဆုံး ကြ​လိမ့်​မည်။ ဤ​တော​သည်​သင်​တို့​၏​သင်္ချိုင်း ဖြစ်​လိမ့်​မည်။ သင်​တို့​သည်​ငါ့​ကို​အ​ပြစ်​တင် ညည်း​ညူ​ကြ​သော​ကြောင့် အ​သက်​နှစ်​ဆယ် ကျော်​သူ​တစ်​ယောက်​မျှ​ထို​ပြည်​သို့ မ​ဝင်​ရ။-
29 Vossos cadáveres cairão nesse deserto. Todos vós que fostes recenseados da idade de vinte anos para cima, e que murmurastes contra mim,
30 သင်​တို့​ကို​နေ​ထိုင်​စေ​မည်​ဟု​က​တိ​ထား သော​ပြည်​သို့ ကာ​လက်​နှင့်​ယော​ရှု​မှ​တစ်​ပါး မည်​သူ​မျှ​မ​ဝင်​ရ။-
30 não entrareis na terra onde jurei estabelecer-vos, exceto Caleb, filho de Jefoné, e Josué, filho de Nun.
31 သင်​တို့​၏​သား​သ​မီး​များ​ကို​ရန်​သူ​ဖမ်း​သွား လိမ့်​မည်​ဟု​သင်​တို့​ဆို​ကြ​၏။ သို့​ရာ​တွင်​ငါ သည်​သင်​တို့​မ​သွား​လို​သော​ပြည်​သို့​သင်​တို့ ၏​က​လေး​များ​ကို​ပို့​ဆောင်​သ​ဖြင့် သူ​တို့ သည်​ထို​ပြည်​တွင်​နေ​ထိုင်​ရ​လိမ့်​မည်။-
31 Todavia, introduzirei nela os vossos filhinhos, dos quais dizíeis que seriam a presa do inimigo, e eles conhecerão a terra que desprezastes.
32 သင်​တို့​မူ​ကား​ဤ​တော​ကန္တာ​ရ​၌​သေ​ဆုံး​ရ ကြ​မည်။-
32 Quanto a vós, os vossos cadáveres ficarão nesse deserto,
33 သင်​တို့​ယုံ​ကြည်​မှု​ကင်း​မဲ့​သော​ကြောင့်​ဤ တော​ကန္တာ​ရ​၌​သင်​တို့​အ​နက် နောက်​ဆုံး​သော သူ​ကွယ်​လွန်​သည်​အ​ထိ​သင်​တို့​၏​သား​သ​မီး များ​သည်​နှစ်​ပေါင်း​လေး​ဆယ်​တိုင်​တိုင်​တော ကန္တာ​ရ​၌​လှည့်​လည်​နေ​ထိုင်​ရ​ကြ​မည်။-
33 onde os vossos filhos guardarão os seus rebanhos durante quarenta anos, pagando a pena de vossas infidelidades, até que vossos cadáveres apodreçam no deserto.
34 သင်​တို့​ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ခဲ့ သော​ရက်​ပေါင်း​လေး​ဆယ်​အ​တွက် တစ်​ရက်​လျှင် တစ်​နှစ်​ကျ​ဖြင့်​သင်​တို့​၏​အ​ပြစ်​ဒဏ်​ကို​နှစ် ပေါင်း​လေး​ဆယ်​ခံ​ရ​ကြ​မည်။ သင်​တို့​သည်​ငါ ၏​ပစ်​ပယ်​ခြင်း​ဒဏ်​ကို​ခံ​ရ​ကြ​လိမ့်​မည်။-
34 Explorastes a terra em quarenta dias; tantos anos quantos foram esses dias pagareis a pena de vossas iniqüidades, ou seja, durante quarenta anos, e vereis o que significa ser objeto de minha vingança.
35 ငါ့​ကို​ဆန့်​ကျင်​ဘက်​ပြု​သော​ဆိုး​သွမ်း​သည့် သင်​တို့​အ​ပေါင်း​ကို ငါ​သည်​မု​ချ​ဒဏ်​ခတ်​မည်။ သင်​တို့​ရှိ​သ​မျှ​သည်​တော​ကန္တာ​ရ​တွင်​သေ ကြေ​ပျက်​စီး​လိမ့်​မည်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
35 Eu, o Senhor, o disse. Eis como hei de tratar essa assembléia rebelde que se revoltou contra mim. Eles serão consumidos e mortos nesse deserto!"
36 — ausente —
36 Os homens que Moisés tinha enviado a explorar a terra e que, depois de terem voltado, tinham feito murmurar contra ele toda a assembléia,
37 — ausente —
37 depreciando a terra, morreram feridos por uma praga, diante do Senhor.
38 စုံ​စမ်း​ထောက်​လှမ်း​သူ​တစ်​ဆယ့်​နှစ်​ဦး​အ​နက် ယော​ရှု​နှင့်​ကာ​လက်​သာ​လျှင်​အ​သက်​ချမ်း သာ​ရာ​ရ​လေ​သည်။
38 Somente Josué, filho de Nun, e Caleb, filho de Jefoné, sobreviveram entre todos os que tinham explorado a terra.
39 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြန်​ကြား သော​အ​ခါ သူ​တို့​သည်​အ​လွန်​ဝမ်း​နည်း ကြေ​ကွဲ​ကြ​၏။-
39 Moisés referiu tudo isso aos filhos de Israel, e o povo ficou profundamente desolado.
40 နောက်​တစ်​နေ့​နံ​နက်​စော​စော​အ​ချိန်​တွင် သူ​တို့ သည်​တောင်​ကုန်း​ဒေ​သ​ကို​ဝင်​ရောက်​သိမ်း​ပိုက် ရန်​စ​တင်​ချီ​တက်​ကြ​လေ​သည်။ သူ​တို့​က``ထာ ဝ​ရ​ဘု​ရား​က​တိ​ထား​တော်​မူ​သော​ပြည်​သို့ ယ​ခု​ငါ​တို့​သွား​ပါ​မည်။ ငါ​တို့​ပြစ်​မှား​မိ ကြောင်း​ဝန်​ခံ​ပါ​၏'' ဟု​ဆို​ကြ​လေ​သည်။
40 Levantaram-se de madrugada e se puseram a caminho para o cimo do monte dizendo: "Estamos prontos a subir para o lugar de que falou o Senhor, porque pecamos."
41 သို့​ရာ​တွင်​မော​ရှေ​က``သင်​တို့​အ​ဘယ်​ကြောင့် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို ယ​ခု​မ​နာ ခံ​ကြ​သ​နည်း။ သင်​တို့​အ​ကြံ​အောင်​မြင်​မည် မ​ဟုတ်။-
41 Moisés disse-lhes: "Por que transgredis a ordem do Senhor? Isto não será bem sucedido.
42 မ​သွား​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ နှင့်​အ​တူ​မ​ရှိ​သ​ဖြင့် ရန်​သူ​တို့​သည်​သင် တို့​ကို​အ​နိုင်​ရ​လိမ့်​မည်။-
42 Não subais; sereis derrotada por vossos inimigos, pois o Senhor não está no meio de vós.
43 သင်​တို့​သည်​အာ​မ​လက်​အ​မျိုး​သား၊ ခါ​နာန် အ​မျိုး​သား​တို့​နှင့်​ယှဉ်​ပြိုင်​တိုက်​ခိုက်​သော​အ​ခါ သင်​တို့​ကျ​ဆုံး​ကြ​လိမ့်​မည်။ သင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​ပစ်​ခြင်း​ကြောင့် ကိုယ်​တော်​သည်​သင် တို့​နှင့်​အ​တူ​ရှိ​တော်​မူ​မည်​မ​ဟုတ်'' ဟု​ဆို လေ​၏။
43 Os amalecitas e os cananeus estão diante de vós, e sucumbireis sob a sua espada, porque vos desviasses do Senhor. O Senhor não estará convosco."
44 ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် လည်း​ကောင်း၊ မော​ရှေ​သည်​လည်း​ကောင်း​စ​ခန်း​မှ မ​ထွက်​ခွာ​သော်​လည်း သူ​တို့​သည်​တောင်​ကုန်း ဒေ​သ​သို့​အ​ရဲ​စွန့်​၍​ချီ​တက်​ကြ​လေ​သည်။-
44 Eles obstinaram-se em querer subir até o cimo do monte; a arca da aliança do Senhor, porém, e Moisés, não saíram do acampamento.
45 ထို​အ​ရပ်​၌​နေ​ထိုင်​ကြ​သော​အာ​မ​လက် အ​မျိုး​သား​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည် သူ​တို့​တိုက်​ခိုက်​အောင်​မြင်​၍ သူ​တို့​ကို​ဟော မာ​မြို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​လေ​သည်။
45 Então os amalecitas e os cananeus, que habitavam nessa montanha, desceram e, tendo-os batido e retalhado, perseguiram-nos até Horma.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Números 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.