Números 11

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​တွေ့​ကြုံ​ရ​သော ဆင်း​ရဲ​ဒုက္ခ​များ​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ညည်း​ညူ​သံ​ကို​ကြား​ရ​သော​အ​ခါ အ​မျက်​တော်​ထွက်​၍​သူ​တို့​အ​ပေါ်​တွင်​လောင် မီး​ကျ​စေ​၏။ မီး​သည်​စ​ခန်း​တစ်​ဘက်​စွန်း တွင်​ရှိ​သော​လူ​များ​ကို​လောင်​ကျွမ်း​စေ​၏။-
1 O povo pôs-se a murmurar amargamente aos ouvidos do Senhor. O Senhor, ouvindo isso, irou-se: o fogo do Senhor acendeu-se entre eles e devorou a extremidade do acampamento.
2 ထို​အ​ခါ​လူ​တို့​သည်​မော​ရှေ​အား​အော်​ဟစ်​၍ အ​ကူ​အ​ညီ​တောင်း​ခံ​၏။ မော​ရှေ​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​သ​ဖြင့်​မီး​ငြိမ်း​သွား လေ​သည်။-
2 O povo clamou a Moisés; Moisés orou ao Senhor e o fogo extinguiu-se.
3 သူ​တို့​အ​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​မှ​လောင် မီး​ကျ​သ​ဖြင့် ထို​အ​ရပ်​ကို​တ​ဗေ​ရ​ဟု သ​မုတ်​ကြ​၏။
3 Deu-se àquele lugar o nome de Tabeera, porque o fogo do Senhor se tinha acendido no meio deles.
4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​လိုက် ပါ​လာ​သော နိုင်​ငံ​ခြား​သား​တို့​သည်​အ​သား ကို​တောင့်​တ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က​ပင်​လျှင်``အ​သား​ကို​စား​ချင်​လှ​ပါ​ဘိ။-
4 A população que estava no meio de Israel foi atacada por um desejo desordenado; e mesmo os israelitas recomeçaram a gemer: "Quem nos dará carne para comer?, diziam eles.
5 ငါ​တို့​သည်​အီ​ဂျစ်​ပြည်​တွင် ငါး​ကို​အ​ဖိုး အ​ခ​မ​ပေး​ရ​ဘဲ​လို​သ​လောက်​စား​ရ​၏။ သ​ခွား​သီး၊ ဖ​ရဲ​သီး၊ ကြက်​သွန်​မြိတ်၊ ကြက် သွန်​နီ၊ ကြက်​သွန်​ဖြူ​တို့​ကို​လည်း​စား​ရ​၏။-
5 Lembramo-nos dos peixes que comíamos de graça no Egito, os pepinos, os melões, os alhos bravos, as cebolas e os alhos.
6 ယ​ခု​ငါ​တို့​အင်​အား​ကုန်​ခန်း​ပါ​ပြီ။ တစ်​နေ့ နောက်​တစ်​နေ့​ဤ​မန္န​မုန့်​အ​ပြင်​စား​စ​ရာ မ​ရှိ​ပါ'' ဟု​ညည်း​တွား​ကြ​လေ​သည်။
6 Agora nossa alma está seca. Não há mais nada, e só vemos maná diante de nossos olhos."
7 (မန္န​မုန့်​သည်​ဝါ​ဖျော့​ဖျော့​အ​ရောင်​ရှိ​သော သစ်​စေ့​က​လေး​များ​နှင့်​တူ​၏။-
7 O maná assemelhava-se ao grão de coentro e parecia-se com o bdélio.
8 — ausente —
8 O povo dispersava-se para colhê-lo; moía-o com a mó ou esmagava-o num pilão, cozia-o numa panela e fazia bolos com ele, os quais tinham o sabor de um bolo amassado com óleo.
9 — ausente —
9 Enquanto de noite caía o orvalho no campo, caía também com ele o maná.
10 လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​တဲ​ဝ​အ သီး​သီး​တွင်​စု​ရုံး​ကာ ညည်း​ညူ​နေ​ကြ​သော အ​သံ​ကို​မော​ရှေ​ကြား​ရ​၏။ ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​သော​ကြောင့် မော​ရှေ​သည် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။-
10 Ouviu Moisés o povo que chorava, agrupado por famílias, cada uma à entrada de sua tenda. A cólera do Senhor acendeu-se com violência. Moisés entristeceu-se.
11 မော​ရှေ​က``ကိုယ်​တော်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ် အား ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​သည်​ရှေ့​တော်​၌​မျက်​နှာ မ​ရ​ပါ​သ​နည်း။ ဤ​သူ​အ​ပေါင်း​တို့​အ​တွက် အ​ကျွန်ုပ်​အား အ​ဘယ်​ကြောင့်​တာ​ဝန်​ပေး​တော် မူ​ပါ​သ​နည်း။-
11 E disse ao Senhor: "Por que afligis vosso servo? Por que não acho eu favor a vossos olhos, vós que me impusestes a carga de todo esse povo?
12 အ​ကျွန်ုပ်​သည်​သူ​တို့​ကို​ဝမ်း​နှင့်​လွယ်​၍​မွေး ထုတ်​ရ​သူ​ဖြစ်​ပါ​သ​လော။ ကိုယ်​တော်​သည်​သူ တို့​၏​ဘိုး​ဘေး​တို့​အား​ပေး​မည်​ဟု က​တိ​ထား တော်​မူ​သော​ပြည်​သို့​သွား​ရာ​လမ်း​တစ်​လျှောက် လုံး​တွင် အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား​က​လေး ထိန်း​သ​ဖွယ်​သူ​တို့​ကို​ပိုက်​ချီ​ဆောင်​ယူ​သွား စေ​ပါ​သ​နည်း။-
12 Porventura fui eu que concebi esse povo? Ou acaso fui eu que o dei à luz, para me dizerdes: leva-o em teu seio como a ama costuma levar o bebê, para a terra que, com juramento, prometi aos seus pais?
13 ဤ​သူ​အ​ပေါင်း​တို့​စား​ရန်​အ​သား​ကို​အ​ကျွန်ုပ် အ​ဘယ်​မှာ​ရှာ​၍​ရ​နိုင်​ပါ​မည်​နည်း။ သူ​တို့​သည် အ​သား​စား​လို​ပါ​သည်​ဟူ​၍ ညည်း​တွား​တောင်း ဆို​လျက်​ရှိ​ကြ​ပါ​သည်။-
13 Onde encontrarei carne para dar a todo esse povo que vem chorar perto de mim, dizendo: dá-nos carne para comer?
14 ဤ​သူ​အ​ပေါင်း​တို့​အ​တွက်​အ​ကျွန်ုပ်​တစ်​ဦး တည်း​က​တာ​ဝန်​မ​ယူ​နိုင်​ပါ။ ထို​တာ​ဝန် သည်​အ​ကျွန်ုပ်​အ​တွက်​ကြီး​လွန်း​ပါ​၏။-
14 Eu sozinho não posso suportar todo esse povo; ele é pesado demais para mim.
15 အ​ကျွန်ုပ်​သည်​ဤ​တာ​ဝန်​ထမ်း​ဆောင်​ရ​မည် ဟု​ဆို​လျှင် ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား သ​နား​သ​ဖြင့်​ယ​ခု​ပင်​အ​သက်​သေ​စေ​၍ ဤ​ဆင်း​ရဲ​ဒုက္ခ​မှ​ကင်း​လွတ်​စေ​တော်​မူ​ပါ'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​လေ သည်။
15 Em lugar de tratar-me assim, rogo-vos que antes me façais morrer, se achei agrado a vossos olhos, a fim de que eu não veja a minha infelicidade!
16 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​ထဲ​မှ​ဂုဏ်​အ​သ​ရေ​ရှိ​သူ ခေါင်း​ဆောင်​ခု​နစ်​ဆယ်​ကို ပ​ဋိ​ညာဉ်​တဲ​တော် သို့​လာ​ရောက်​စု​ရုံး​စေ​ပြီး​လျှင်​သင်​နှင့် အ​တူ​ရပ်​နေ​စေ​လော့။-
16 O Senhor respondeu a Moisés: "Junta-me setenta homens entre os anciãos de Israel, que sabes serem os anciãos do povo e tenham autoridade sobre ele. Conduze-os à tenda de reunião, onde estarão contigo.
17 ငါ​သည်​ကြွ​လာ​၍​သင်​နှင့်​စ​ကား​ပြော​ဆို​မည်။ ငါ​သည်​သင့်​အား​ပေး​အပ်​ထား​သော​စွမ်း​ရည် အ​ချို့​ကို​ယူ​၍ သူ​တို့​အား​ပေး​အပ်​မည်။ ထို အ​ခါ​ဤ​သူ​များ​အ​တွက်​ထမ်း​ရ​သော​တာ​ဝန် ကို​သူ​တို့​သည်​သင့်​အား​ကူ​ညီ​ထမ်း​ရွက်​နိုင် သ​ဖြင့် ထို​တာ​ဝန်​ကို​သင်​တစ်​ဦး​တည်း​ထမ်း ရန်​မ​လို​တော့​ချေ။-
17 Então descerei e ali falarei contigo. Tomarei do espírito que está em ti e o derramarei sobre eles, para que possam levar contigo a carga do povo e não estejas mais sozinho.
18 ယ​ခု​သင်​သည်​သူ​တို့​အား​ဤ​သို့​မှာ​ကြား လော့။ သူ​တို့​သည်​နက်​ဖြန်​နေ့​အ​တွက်​မိ​မိ တို့​ကိုယ်​ကို​သန့်​စင်​စေ​ရ​မည်။ သူ​တို့​သည် အ​သား​ကို​စား​ရ​လိမ့်​မည်။ သူ​တို့​သည်​အီ​ဂျစ် ပြည်​၌​အ​သား​ကို​စား​ရ​ကြောင်း၊ ယ​ခု​သူ တို့​အ​သား​ကို​စား​လို​၍​ညည်း​ညူ​နေ​ကြောင်း ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​စား​ရန်​အ​သား​ကို​ပေး တော်​မူ​မည်​ဖြစ်​၍​သူ​တို့​စား​ရ​လိမ့်​မည်။-
18 Dirás ao povo: santificai-vos para amanhã, e tereis carne para comer, pois chorasses aos ouvidos do Eterno, dizendo: Quem nos dará carne para comer? Estávamos tão bem no Egito!... O Senhor vos dará carne, e comereis.
19 သူ​တို့​သည်​အ​သား​ကို​တစ်​ရက်၊ နှစ်​ရက်၊ ငါး​ရက်၊ ဆယ်​ရက်၊ အ​ရက်​နှစ်​ဆယ်​မျှ​သာ စား​ကြ​ရ​မည်​မ​က​ဘဲ၊-
19 E comereis não só um dia, nem dois, nem cinco, nem dez, nem vinte,
20 အ​သား​သည်​သူ​တို့​၏​နား​များ​မှ​ထွက်​၍ အ​သား​ကို​ရွံ​မုန်း​လာ​သည့်​တိုင်​အောင် တစ်​လ လုံး​လုံး​စား​ရ​ကြ​မည်။ ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ သူ​တို့​သည်​အီ​ဂျစ်​ပြည်​ကို​တ​သ​လျက်​သူ တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကို​ပစ်​ပယ်​ကာ​ညည်း​ညူ​ကြ​သော​ကြောင့်​ဖြစ် သည်'' ဟု​မိန့်​တော်​မူ​၏။
20 mas durante um mês inteiro, até que ela vos saia pelas narinas e vos cause nojo: porque rejeitasses o Senhor que está no meio de vós e dissestes-lhe chorando: por que saímos nós do Egito?"
21 မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​မှာ လူ​ပေါင်း​ခြောက်​သိန်း​ရှိ​ပါ​၏။ ကိုယ်​တော်​က သူ​တို့​အား​တစ်​လ​ပတ်​လုံး​အ​သား​ကျွေး မည်​ဟု​မိန့်​တော်​မူ​ပါ​သည်။-
21 Moisés disse: "Este povo, no meio do qual estou, conta seiscentos mil homens de pé, e dizeis que lhes dareis carne para que comam um mês inteiro!
22 သူ​တို့​ဝ​လင်​စွာ​စား​နိုင်​ရန်​သိုး​နွား​ဆိတ် အ​လုံ​အ​လောက်​ရ​နိုင်​ပါ​မည်​လော။ သူ​တို့ အ​တွက်​ပင်​လယ်​မှ​ငါး​အ​လုံ​အ​လောက် ရ​နိုင်​ပါ​မည်​လော'' ဟု​လျှောက်​ထား​လေ​၏။
22 Porventura matar-se-á tanta quantidade de ovelhas e bois até que tenham bastante? Ou juntar-se-ão todos os peixes do mar para fartá-los?"
23 ထာ​ဝ​ရ​ဘု​ရား​က``ငါ​မ​တတ်​နိုင်​သည့်​အ​ရာ ရှိ​သ​လော။ ငါ​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ဖြစ် မည်​မ​ဖြစ်​မည်​ကို​သင်​မ​ကြာ​မီ​တွေ့​မြင်​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
23 O Senhor respondeu a Moisés: "Acaso será impotente a mão do Senhor? Verás sem demora se se fará ou não o que eu te disse."
24 မော​ရှေ​သည်​တဲ​တော်​တွင်း​မှ​ထွက်​လာ​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​လူ အ​ပေါင်း​တို့​အား​ပြန်​ကြား​လေ​သည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ် ဆယ်​ကို​ခေါ်​၍ တဲ​တော်​ပတ်​လည်​တွင်​ရပ်​နေ စေ​၏။-
24 Moisés saiu e referiu ao povo as palavras do Senhor. Reuniu setenta homens dos anciãos do povo e os colocou em volta da tenda.
25 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​ဖြင့် ကြွ​ဆင်း​လာ​၍ မော​ရှေ​နှင့်​စ​ကား​ပြော​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​ပေး​အပ် ထား​သော​စွမ်း​ရည်​အ​ချို့​ကို​ယူ​၍ ခေါင်း​ဆောင် ခု​နစ်​ဆယ်​တို့​အား​ပေး​အပ်​တော်​မူ​၏။ သူ​တို့ သည်​စွမ်း​ရည်​ကို​ခံ​ယူ​ရ​ရှိ​ကြ​သော​အ​ခါ ပ​ရော​ဖက်​များ​ကဲ့​သို့​ကြွေး​ကြော်​ကြ​၏။ သို့ ရာ​တွင်​တစ်​ကြိမ်​မျှ​သာ​ကြွေး​ကြော်​ကြ​၏။
25 O Senhor desceu na nuvem e falou a Moisés; tomou uma parte do espírito que o animava e a pôs sobre os setenta anciãos. Apenas repousara o espírito sobre eles, começaram a profetizar; mas não continuaram.
26 ခေါင်း​ဆောင်​ခု​နစ်​ဆယ်​ထဲ​မှ​ဧ​လ​ဒဒ်​နှင့်​မေ​ဒဒ် ဆို​သူ​နှစ်​ဦး​သည် တဲ​တော်​သို့​မ​သွား​ဘဲ​စ​ခန်း ထဲ​တွင်​ကျန်​ရစ်​ခဲ့​ကြ​၏။ သူ​တို့​အ​ပေါ်​သို့​ဝိ​ညာဉ် တော်​သက်​ဆင်း​လာ​သော​အ​ခါ သူ​တို့​သည်​လည်း ပ​ရော​ဖက်​များ​ကဲ့​သို့​ကြွေး​ကြော်​ကြ​သည်။-
26 Dois homens tinham ficado no acampamento: um chamava-se Eldad e o outro, Medad, e o espírito repousou também sobre eles, pois tinham sido alistados, mas não tinham ido à tenda; e profetizaram no acampamento.
27 လူ​ငယ်​တစ်​ဦး​က​ဧ​လ​ဒဒ်​နှင့်​မေ​ဒဒ်​တို့​ပြု မူ​ပုံ​ကို မော​ရှေ​ထံ​သို့​ပြေး​၍​ပြော​ကြား​၏။
27 Um jovem correu a dar notícias a Moisés: "Eldad e Medad, disse ele, profetizam no acampamento."
28 ထို​အ​ခါ​ငယ်​စဉ်​က​တည်း​က​မော​ရှေ​ကို​ကူ ညီ​ခဲ့​သော​နုန်​၏​သား​ဖြစ်​သော ယော​ရှု​က မော​ရှေ​အား``အ​ရှင်၊ သူ​တို့​ကို​တား​မြစ် ပါ'' ဟု​တိုက်​တွန်း​လေ​သည်။
28 Então Josué, filho de Nun, servo de Moisés desde a sua juventude, tomou a palavra: "Moisés, disse ele, meu senhor, impede-os."
29 မော​ရှေ​က``ငါ​၏​အ​ကျိုး​ကို​ထောက်​၍​သင် ပြော​နေ​သ​လော။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ ၏​လူ​မျိုး​တော်​အား​လုံး​အ​ပေါ်​သို့​ဝိ​ညာဉ် တော်​ကို​ပေး​အပ်​သ​ဖြင့် သူ​တို့​သည်​ပ​ရော ဖက်​များ​ကဲ့​သို့​ကြွေး​ကြော်​နိုင်​ကြ​ပါ​စေ သော'' ဟု​ပြန်​ပြော​လေ​၏။-
29 Moisés, porém, respondeu: "Por que és tão zeloso por mim? Prouvera a Deus que todo o povo do Senhor profetizasse, e que o Senhor lhe desse o seu espírito!"
30 ထို​နောက်​မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​ခု​နစ်​ဆယ်​တို့​သည် စ​ခန်း​သို့​ပြန် သွား​ကြ​၏။
30 E Moisés retirou-se do acampamento com os anciãos de Israel.
31 ထာ​ဝ​ရ​ဘု​ရား​သည်​ပင်​လယ်​ဘက်​မှ​လေ​ကို တိုက်​စေ​သ​ဖြင့် လေ​နှင့်​အ​တူ​ငုံး​ငှက်​များ​ပါ လာ​၏။ ထို​ငုံး​ငှက်​များ​သည်​မြေ​ပြင်​အ​ထက် သုံး​ပေ​အ​မြင့်​မှ​ပျံ​သန်း​လာ​၍ စ​ခန်း​အ​တွင်း နှင့်​စ​ခန်း​အ​ပြင်​မိုင်​များ​စွာ​ပတ်​လည်​နေ​ရာ အ​နှံ့​အ​ပြား​တွင်​နား​ကြ​လေ​သည်။-
31 Um vento mandado pelo Senhor, vindo das bandas do mar, trouxe consigo codornizes, e derramou-as sobre o acampamento, numa extensão de cerca de um dia de caminho para ambos os lados em volta do acampamento; e cobriam o solo, cerca de dois côvados de alto sobre a superfície da terra.
32 သို့​ဖြစ်​၍​လူ​တို့​သည်​တစ်​နေ့​လုံး၊ တစ်​ည​လုံး နှင့်​နောက်​တစ်​နေ့​လုံး​ငုံး​ငှက်​များ​ကို​ဖမ်း​ဆီး ကြ​၏။ ယုတ်​စွ​အ​ဆုံး​လူ​တစ်​ဦး​လျှင်​ငုံး​ငှက် တင်း​ငါး​ဆယ်​မျှ​ဖမ်း​ဆီး​မိ​သည်။ သူ​တို့​သည် စ​ခန်း​ပတ်​လည်​တွင်​ငှက်​များ​ကို​ဖြန့်​၍ အ​ခြောက်​လှန်း​ကြ​သည်။-
32 Levantou-se então o povo, e ajuntou durante todo aquele dia, toda a noite e todo o dia seguinte tantas codornizes, que aquele que menos ajuntou conseguiu encher dez homeres. E estenderam-nas, para si mesmos, em toda a volta do acampamento.
33 ငုံး​ငှက်​သား​ပေါ​များ​လျက်​ရှိ​သေး​ချိန်​တွင် ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက်​၍​သူ တို့​တွင်​ကပ်​ရော​ဂါ​ကျ​ရောက်​စေ​၏။-
33 Ainda a carne estava nos seus dentes, e ainda não estava mastigada, quando a cólera do Senhor se inflamou contra o povo e o Senhor feriu o povo com um grande flagelo.
34 ထို​အ​ရပ်​တွင်​အ​သား​ကို​တောင့်​တ​သူ​တို့​၏ အ​လောင်း​များ​ကို​မြုပ်​နှံ​ခဲ့​ရ​သ​ဖြင့် ကိ​ဗြုတ် ဟတ္တ​ဝါ​သို့​မ​ဟုတ်​တောင့်​တ​သူ​တို့​၏​သင်္ချိုင်း ဟူ​၍​နာ​မည်​မှည့်​ခေါ်​လေ​၏။
34 Chamou-se àquele lugar Quibrot-Hataava, porque ali sepultou-se o povo que se deixara dominar pelo desordenado.
35 သူ​တို့​သည်​ထို​အ​ရပ်​မှ​ခ​ရီး​ဆက်​ကြ​၍ ဟာ​ဇ​ရုတ်​အ​ရပ်​သို့​ရောက်​လျှင်​စ​ခန်း​ချ ကြ​လေ​သည်။
35 De Quibrot-Hataava, partiu o povo para Haserot, onde se deteve.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Números 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.