Neemias 4
Common Language Bible (MYA) vs NVT
1 မြို့ရိုးကိုငါတို့ယုဒအမျိုးသားတို့ ပြန် လည်တည်ဆောက်လျက်ရှိကြကြောင်းကို သမ္ဘာလတ်ကြားသိသောအခါ လွန်စွာ အမျက်ထွက်၍ငါတို့အားပြက်ရယ် ပြုလေ၏။-
1 Sambalate ficou furioso quando soube que estávamos reconstruindo o muro. Indignou-se e zombou dos judeus.
2 သူ၏အပေါင်းအဖော်များနှင့်ရှမာရိတပ် သားများရှေ့တွင်သူက``ဤအစွမ်းအစမရှိ သောယုဒအမျိုးသားတို့သည်မည်သို့ပြု ကြသနည်း။ သူတို့သည်ယေရုရှလင်မြို့ကို ပြန်လည်တည်ဆောက်ရန်ကြံရွယ်ကြသလော။ ယဇ်ပူဇော်ခြင်းအားဖြင့်ဤအမှုကိုနေ့ ချင်းပြီးစီးနိုင်မည်ဟုထင်မှတ်ကြသလော။ ကျွမ်းလောင်ထားသည့်အမှိုက်ပုံမှကျောက်တုံး များကိုထုတ်လုပ်နိုင်ကြမည်လော'' ဟုဆို၏။
2 Disse na presença de seus companheiros e dos oficiais do exército samaritano: “O que esse punhado de judeus fracos pensa que está fazendo? Imaginam que serão capazes de construir o muro em um dia só porque ofereceram alguns sacrifícios? Pensam que podem fazer algo com as pedras queimadas que tiraram de um monte de entulho?”.
3 သူ့အနီးတွင်ရပ်လျက်နေသောတောဘိက``သူ တို့သည်အဘယ်သို့သောမြို့ရိုးကိုတည်ဆောက် နိုင်ကြမည်နည်း။ သူတို့၏မြို့ရိုးသည်မြေခွေး တိုးမိလျှင်ပြိုကျလိမ့်မည်'' ဟုထောက်ခံ ပြောဆို၏။
3 Tobias, o amonita, estava ao seu lado e comentou: “Basta uma raposa subir lá, e esse muro de pedra desaba!”.
4 ငါက``အို ဘုရားသခင်အကျွန်ုပ်တို့အား ထိုသူတို့အဘယ်သို့ပြက်ရယ်ပြုကြသည် ကိုနားထောင်တော်မူပါ။ သူတို့သည်မိမိ တို့ကဲ့ရဲ့ပြောဆိုသည့်စကားဖြင့်တန်ပြန် ထိကြပါစေသော။ သူတို့သည်မိမိတို့တွင် ရှိသမျှသောဥစ္စာပစ္စည်းများကိုအလု အယက်ခံရလျက် နိုင်ငံရပ်ခြားသို့ဖမ်း ဆီးခေါ်ဆောင်ခြင်းကိုခံရကြပါစေ သော။-
4 Então orei: “Ouve-nos, nosso Deus, pois estamos sendo ridicularizados. Que essa zombaria caia sobre a cabeça deles, e que eles próprios se tornem prisioneiros numa terra estrangeira!
5 မြို့ရိုးကိုတည်ဆောက်လျက်နေသူအကျွန်ုပ် တို့အား သူတို့သည်စော်ကားကြသောကြောင့် သူတို့ပြုသောဒုစရိုက်ကိုခွင့်လွှတ်တော်မ မူပါနှင့်။ သူတို့၏အပြစ်များကိုမေ့တော် မမူပါနှင့်'' ဟုဆုတောင်းပတ္ထနာပြု၏။
5 Não ignores sua culpa. Não apagues seus pecados, pois provocaram tua ira aqui, diante dos construtores”.
6 သို့ဖြစ်၍ငါတို့သည်မြို့ရိုးကိုဆက်လက် တည်ဆောက်ကြရာ ဆောက်လုပ်သူတို့၏စိတ် အားထက်သန်မှုကြောင့် မကြာမီပင်မြို့ရိုး အမြင့်တစ်ဝက်တိုင်အောင်ပြီးလေ၏။
6 Por fim, o muro foi reconstruído até metade de sua altura ao redor de toda a cidade, pois o povo trabalhou com entusiasmo.
7 သမ္ဘာလတ်၊ တောဘိတို့မှစ၍၊ အာရပ်၊ အမ္မုန်၊ အာဇုတ်အမျိုးသားများသည်ယေရုရှလင် မြို့ကိုပြန်လည်တည်ဆောက်မှုတိုးတက်လျက် ရှိကြောင်း၊ မြို့ရိုးပြိုပျက်နေသည့်နေရာများ ကိုဖာထေးလျက်ရှိကြောင်းကိုကြားသိ ကြသဖြင့်လွန်စွာအမျက်ထွက်ကြ၏။-
7 No entanto, quando Sambalate, Tobias, os árabes, os amonitas e os asdoditas souberam que a obra avançava e que as brechas no muro de Jerusalém estavam sendo fechadas, encheram-se de ira.
8 သို့ဖြစ်၍သူတို့သည်ယေရုရှလင်မြို့သို့ လာရောက်တိုက်ခိုက်၍ မြို့ကိုကစဥ့်ကလျား ဖြစ်အောင်ပြုလုပ်ရန်တိုင်ပင်ကြံစည်ကြ၏။-
8 Eles planejaram vir, lutar contra Jerusalém e causar confusão em nosso meio.
9 သို့ရာတွင်ငါတို့သည်ငါတို့၏ဘုရားသခင်ထံဆုတောင်းပတ္ထနာပြုလျက် ရန်သူ တို့၏ဘေးမှကာကွယ်ရန်နေ့ရောညဥ့်ပါ ကင်းစောင့်ထားကြ၏။
9 Mas nós oramos a nosso Deus e colocamos guardas na cidade de dia e de noite para nos proteger.
10 ယုဒပြည်သူတို့က``ငါတို့သည်သယ်ပိုး၍ ပင်ပန်းနွမ်းနယ်ကြလေပြီ။
10 Então o povo de Judá começou a se queixar: “Os trabalhadores estão cansados, e ainda há muito entulho para remover. Não seremos capazes de construir o muro sozinhos”.
11 ငါတို့၏ရန်သူများသည်ငါတို့မမြင် မသိနိုင်မီ ငါတို့အားဝင်ရောက်သတ်ဖြတ် ကာမြို့ရိုးတည်ဆောက်မှုကိုရပ်စဲစေရန် ကြံစည်ကြ၏။-
11 Enquanto isso, nossos inimigos diziam: “Antes que eles se deem conta do que está acontecendo, cairemos sobre eles e os mataremos, acabando com seu trabalho”.
12 ရန်သူများအကြားတွင်နေထိုင်သူယုဒ အမျိုးသားတို့သည်ငါတို့ထံလာရောက် ပြီးလျှင် ငါတို့အားရန်သူတို့တိုက်ခိုက်ရန် အဘယ်သို့ကြံစည်လျက်ရှိကြောင်းကို အကြိမ်ပေါင်းများစွာသတိပေးကြ၏။-
12 Os judeus que moravam perto dos inimigos nos disseram diversas vezes: “Eles virão de todas as direções e nos atacarão!”.
13 သို့ဖြစ်၍ငါသည်ပြည်သူတို့အား ဋ္ဌား၊ လှံ၊ လေးလက်နက်များကိုစွဲကိုင်စေကာတည် ဆောက်၍မပြီးသေးသည့်မြို့ရိုးများ၏ နောက်တွင်သားချင်းစုအလိုက်နေရာ ယူစေ၏။
13 Por isso, coloquei guardas armados atrás das partes mais baixas do muro e nos lugares mais expostos. Dividi-os por famílias, para que montassem guarda armados com espadas, lanças e arcos.
14 ငါသည်ပြည်သူတို့စိုးရိမ်ပူပန်လျက်နေ ကြသည်ကိုမြင်သဖြင့် သူတို့နှင့်တကွ သူတို့၏ခေါင်းဆောင်များနှင့်အုပ်ချုပ်ရေး မှူးများအား``ငါတို့၏ရန်သူများကိုမ ကြောက်ကြနှင့်။ ထာဝရဘုရားသည်အ ဘယ်မျှကြီးမြတ်တော်မူ၍ကြောက်မက် ဖွယ်ကောင်းသည်ကိုသတိရလျက်သင်တို့ ၏ညီအစ်ကိုသားမယားအိမ်ရာများ အတွက်တိုက်ပွဲဝင်ကြလော့'' ဟုနှိုးဆော်၏။-
14 Examinei a situação, reuni os nobres, os oficiais e o restante do povo e lhes disse: “Não tenham medo do inimigo! Lembrem-se do Senhor, que é grande e temível, e lutem por seus irmãos, seus filhos, suas filhas, suas esposas e seus lares!”.
15 ရန်သူများသည်မိမိတို့အကြံအစည်ကို ငါတို့သိရှိသွားကြောင်းကြားကြသော အခါ သူတို့၏အကြံအစည်ကိုဘုရားသခင်ပယ်ဖျက်တော်မူပြီဖြစ်ကြောင်းရိပ် မိကြ၏။ ထိုနောက်ငါတို့ရှိသမျှသည်မြို့ ရိုးကိုဆက်လက်တည်ဆောက်ကြလေသည်။
15 Quando nossos inimigos descobriram que sabíamos de seus planos e que Deus os havia frustrado, todos nós voltamos ao trabalho no muro.
16 ထိုအချိန်မှအစပြု၍ငါ၏လူစုတစ်ဝက် သည်အလုပ်လုပ်၍ကျန်တစ်ဝက်ကလှံ၊ ဒိုင်း လွှား၊ လေးတို့ကိုကိုင်ဆောင်ကာသံချပ်အင်္ကျီ များကိုဝတ်ဆင်ပြီးလျှင်ကင်းစောင့်ရကြ လေသည်။ ငါတို့၏ခေါင်းဆောင်များသည်မြို့ ရိုးပြန်လည်တည်ဆောက်လျက်နေသူယုဒ အမျိုးသားတို့အားထောက်ခံအားပေး ကြ၏။-
16 Dali em diante, porém, apenas metade de meus homens trabalhava, pois a outra metade ficava de guarda com lanças, escudos, arcos e couraças. Os líderes ficavam na retaguarda de todo o povo de Judá,
17 ဆောက်လုပ်ရေးပစ္စည်းများကိုသယ်ယူသူတို့ သည်ပင်လျှင်လက်တစ်ဖက်ဖြင့်သယ်ယူ၍ အခြားလက်တစ်ဖက်ဖြင့်လက်နက်ကိုစွဲ ကိုင်ထားကြ၏။-
17 que construía o muro. Os trabalhadores prosseguiram com a obra; com uma das mãos levavam as cargas, enquanto, com a outra, seguravam uma arma.
18 တည်ဆောက်သောသူအပေါင်းတို့သည်လည်း ခါးတွင်ဋ္ဌားကိုဆွဲလျက်တည်ဆောက်ကြ၏။ ဘေးအန္တရာယ်အချက်ပေးရန်တံပိုးခရာ မှုတ်ရမည့်သူသည်ငါ၏အနီးတွင်ရပ် လျက်နေ၏။-
18 Todos os construtores tinham uma espada presa à cintura. O tocador de trombeta ficava comigo para dar o sinal de alerta.
19 ငါသည်ပြည်သူများ၊ သူတို့၏အုပ်ချုပ်ရေး မှူးများနှင့်ခေါင်းဆောင်များအား``ငါတို့၏ အလုပ်သည်ပြန့်ကျဲ၍နေသဖြင့်ငါတို့ သည်မြို့ရိုးပေါ်တွင်တစ်ဦးနှင့်တစ်ဦး အလှမ်းဝေးစွာအလုပ်လုပ်ရကြ၏။-
19 Então expliquei aos nobres, aos oficiais e ao restante do povo: “A obra é extensa, e estamos muito separados uns dos outros ao longo do muro.
20 ဘေးအန္တရာယ်အချက်ပေးတံပိုးခရာမှုတ် သံကိုကြားလျှင် သင်တို့သည်ငါ့ထံသို့လာ ရောက်စုရုံးကြလော့။ ငါတို့၏ဘုရားသခင် သည်ငါတို့ဘက်မှနေ၍တိုက်ခိုက်တော်မူ လိမ့်မည်'' ဟုမှာကြားထား၏။-
20 Quando ouvirem o toque da trombeta, corram para onde ele soar. Nosso Deus lutará por nós”.
21 သို့ဖြစ်၍နေ့စဉ်နေ့တိုင်းနေအရုဏ်တက်ချိန် မှညဥ့်အခါကြယ်ပေါ်ချိန်တိုင်အောင် ငါတို့ လူစုတစ်ဝက်သည်မြို့ရိုးကိုတည်ဆောက်၍ အခြားတစ်ဝက်ကလှံများကိုကိုင်ဆောင် ကာကင်းစောင့်ကြလေသည်။
21 Trabalhávamos o dia inteiro, do nascer ao pôr do sol, e metade dos homens estava sempre de guarda.
22 ထိုအခါ၌ငါက``ငါတို့သည်ညဥ့်အခါ မြို့ကိုကင်းစောင့်၍နေ့အခါအလုပ်လုပ် နိုင်ကြစေရန် သင်တို့နှင့်သင်တို့အားကူညီ သူရှိသမျှတို့သည်ညဥ့်အခါယေရု ရှလင်မြို့တွင်အိပ်ရမည်'' ဟုတာဝန် ရှိသူတို့အားဆို၏။-
22 Nessa ocasião, eu disse aos que moravam fora dos muros que passassem a noite em Jerusalém. Assim, eles e seus servos poderiam ajudar na guarda à noite e trabalhar durante o dia.
23 ငါသည်ညဥ့်အခါ၌ငါ၏အဝတ်များကို မချွတ်။ ငါ၏အပေါင်းအဖော်များ၊အစေခံ များနှင့်ကိုယ်ရံများသည်လည်းသူတို့၏ အဝတ်များကိုမချွတ်ရကြ။ ငါတို့အားလုံး ပင်မိမိတို့၏လက်နက်များကိုအနီးတွင် ထားရှိရကြ၏။
23 Nenhum de nós — nem eu, nem meus parentes, nem meus servos, nem os guardas que estavam comigo — trocava de roupa. Carregávamos sempre nossas armas, até mesmo quando íamos beber água.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Neemias 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.