Neemias 3

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 မြို့​ရိုး​ကို​ပြန်​လည်​တည်​ဆောက်​ကြ​ပုံ​ကား ဤ သို့​တည်း။ ယဇ်​ပု​ရော​ဟိတ်​မင်း​ဧ​လျာ​ရှိပ်​နှင့်​သူ​၏ အ​ဖော်​ယဇ်​ပု​ရော​ဟိတ်​တို့​သည် သိုး​တံ​ခါး ကို​ပြန်​လည်​တည်​ဆောက်​၍​ဆက်​ကပ်​ပြီး လျှင် တံ​ခါး​ရွက်​များ​ကို​တပ်​ဆင်​ကြ​၏။ သူ​တို့​သည်​မြို့​ရိုး​ကို​ရာ​ပြည့်​ပြ​အိုး​နှင့် ဟာ​န​နေ​လ​ပြ​အိုး​တိုင်​အောင်​ဆက်​ကပ် ကြ​၏။
1 O sumo sacerdote Eliasib e seus irmãos, sacerdotes, puseram-se a trabalhar para reconstruir a porta das Ovelhas; consagraram-na e assentaram-lhe os batentes. Construíram a muralha até a torre de Mea, a qual consagraram, e prosseguiram até a torre de Hananeel.
2 ယေ​ရိ​ခေါ​မြို့​သား​တို့​သည်​မြို့​ရိုး​နောက် တစ်​ပိုင်း​ကို​တည်​ဆောက်​ကြ​၍၊
2 Ao lado deles construíam os homens de Jericó; e, mais ao longe, Zacur filho de Amri.
3 ဟ​ဿေ​နာ​သား​ချင်း​စု​သည်​ငါး​တံ​ခါး​ကို တည်​ဆောက်​ပြီး​လျှင်​တံ​ခါး​ထုပ်​များ၊ တံ​ခါး ရွက်​များ၊ တံ​ခါး​ပိတ်​ရန်​မင်း​တုပ်​များ​နှင့် ကန့်​လန့်​ကျင်​တို့​ကို​တပ်​ဆင်​ကြ​၏။
3 Os filhos de Asnaa construíram a porta dos Peixes; colocaram-lhe as vigas e assentaram-lhe os batentes, com suas fechaduras e as trancas.
4 မြို့​ရိုး​နောက်​တစ်​ပိုင်း​ကို​ဟက္ကု​၏​မြေး၊ ဥ​ရိ​ယ​၏​သား​မေ​ရ​မုတ်​တည်​ဆောက်​၍၊
4 Ao lado deles trabalhavam nas reparações Marimut, filho de Urias, filho de Acus, depois Mosolão, filho de Baraquias, filho de Mesezebel; depois Sadoc, filho de Baana.
5 နောက်​ထပ်​တစ်​ပိုင်း​ကို​တေ​ကော​မြို့​သား​တို့ တည်​ဆောက်​ကြ​လေ​သည်။ သို့​ရာ​တွင်​မြို့​၏ အ​ကြီး​အ​ကဲ​များ​က​မူ မိ​မိ​တို့​အား​ကြီး ကြပ်​သူ​တို့​ပေး​အပ်​သည့်​ကာ​ယ​အ​လုပ် ကို​ငြင်း​ဆန်​ကြ​၏။
5 Ao lado destes trabalhavam os tecuítas; mas seus chefes não prestaram apoio ao trabalho do seu Senhor.
6 ပါ​သာ​၏​သား​ယော​ယ​ဒ​နှင့်​ဗေ​သော​ဒေ​ယ ၏​သား​မေ​ရှု​လံ​တို့​သည်​ယေ​ရှာ​နာ​တံ​ခါး ကို​ပြန်​လည်​တည်​ဆောက်​ကြ​ပြီး​လျှင်​တံ​ခါး ထုပ်​များ၊ တံခါး​ရွက်​များ၊ တံ​ခါး​ပိတ်​ရန်​မင်း တုပ်​များ​နှင့်​ကန့်​လန့်​ကျင်​တို့​ကို​တပ်​ဆင် ကြ​၏။
6 Joiada, filho de Fasea, e Mosolão, filho de Besodias, repararam a porta antiga; puseram-lhe as vigas e colocaram os batentes, as fechaduras e as trancas.
7 မြို့​ရိုး​နောက်​တစ်​ပိုင်း​ကို​ဂိ​ဗောင်​မြို့​သား​မေ လ​တိ၊ မေ​ရော​နုတ်​မြို့​သား​ယာ​ဒုန်​နှင့်​ဂိ​ဗောင် မြို့​သား၊ မိ​ဇ​ပါ​မြို့​သား​တို့​က​ဥ​ဖ​ရတ်​မြစ် အ​နောက်​ဘက်​ပြည်​နယ်​ဘု​ရင်​ခံ​၏​အိမ်​တော် တိုင်​အောင်​တည်​ဆောက်​ကြ​၏။
7 Ao lado trabalhavam Meltias, o gabaonita, Jadon, o meronatita, bem como os homens de Gabaon e de Masfa, que eram súditos do governador da outra banda do rio.
8 နောက်​တစ်​ပိုင်း​ကို​ဟာ​ဟာ​ယ​၏​သား၊ ပန်း ထိမ်​သ​မား​သြ​ဇေ​လ​တည်​ဆောက်​၍ နောက် တစ်​ပိုင်း​ကို​မြို့​ရိုး​ကျယ်​တိုင်​အောင်​နံ့​သာ ဆီ​ထုတ်​လုပ်​သူ​ဟာ​န​နိ​တည်​ဆောက်​လေ သည်။
8 Ao lado trabalhava Eziel, filho de Araías, que pertencia à turma dos ourives; depois Ananias, da turma dos perfumistas. Reconstruíram Jerusalém até o muro largo.
9 ဟု​ရ​၏​သား၊ ယေ​ရု​ရှ​လင်​နယ်​တစ်​ပိုင်း​ကို အုပ်​ချုပ်​ရ​သူ ရေ​ဖာ​ယ​သည်​မြို့​ရိုး​နောက် တစ်​ပိုင်း​ကို​တည်​ဆောက်​၏။
9 Ao lado deles trabalhava Rafaías, filho de Hur, chefe de uma metade do distrito de Jerusalém.
10 ဟာ​ရု​မပ်​၏​သား​ယေ​ဒါ​ယ​သည်​မိ​မိ​နေ အိမ်​အ​နီး​ရှိ​မြို့​ရိုး​တစ်​ပိုင်း​ကို​တည်​ဆောက်​၍၊
10 Depois, frente à sua casa, Jedaías, filho de Haromaf; em seguida Hatas, filho de Hasebonias.
11 ဟာ​ရိမ်​၏​သား​မာ​လ​ခိ​ယ​နှင့်​ပါ​တတ်​မော​ဘ ၏​သား​ဟာ​ရှုတ်​တို့​သည် မြို့​ရိုး​နောက်​တစ်​ပိုင်း နှင့်​မုန့်​ဖို​ပြ​အိုး​ကို​တည်​ဆောက်​ကြ​၏။
11 Melquias, filho de Herem, e Hasub, filho de Falat-Moab, repararam outra parte da muralha e a torre dos Fornos.
12 ဟာ​လော​ဟတ်​၏​သား၊ ယေ​ရု​ရှ​လင်​နယ်​ကျန် တစ်​ဝက်​ကို​အုပ်​ချုပ်​ရ​သူ​ရှလ္လုံ​သည် နောက်​တစ် ပိုင်း​ကို​တည်​ဆောက်​၏။ (တည်​ဆောက်​မှု​တွင် သူ​၏​သ​မီး​များ​က​ဝိုင်း​ဝန်း​ကူ​ညီ​ကြ လေ​သည်။)
12 Ao lado deles trabalhava, com suas filhas, Selum, filho de Aloes, chefe da outra metade do distrito de Jerusalém.
13 ဟာ​နုန်​နှင့်​ဇာ​နော​မြို့​သား​တို့​သည် ချိုင့် တံ​ခါး​ကို​ပြန်​လည်​တည်​ဆောက်​ပြီး​လျှင် တံ​ခါး​ရွက်​များ၊ တံခါး​ပိတ်​ရန်​မင်း​တုပ် များ​နှင့်​ကန့်​လန့်​ကျင်​များ​ကို​တပ်​ဆင်​ကြ​၏။ ထို့​နောက်​မြို့​ရိုး​ပေ​တစ်​ထောင့်​ငါး​ရာ​ကို အ​မှိုက်​ပုံ​တံ​ခါး​တိုင်​အောင်​ပြင်​ဆင်​ကြ​၏။
13 Hanun e os habitantes de Zanoe repararam a porta do Vale; recontruíram-na e trocaram os batentes, as fechaduras e as trancas; e fizeram além disso mil côvados de muro até a porta da Esterqueira.
14 ရေ​ခပ်​၏​သား​ဗေ​သက္က​ရင်​နယ်​ကို​အုပ်​ချုပ်​ရ သူ​မာ​လ​ခိ​ယ​သည် အ​မှိုက်​ပုံ​တံ​ခါး​ကို​ပြန် လည်​တည်​ဆောက်​၍​တံ​ခါး​ရွက်​များ၊ မင်း​တုပ် များ​နှင့်​ကန့်​လန့်​ကျင်​များ​ကို​တပ်​ဆင်​လေ သည်။
14 Melquias, filho de Recab, chefe do distrito de Betacarão, reformou a porta da Esterqueira; reconstruiu-a, colocando-lhe também os batentes, as fechaduras e as trancas.
15 ကော​လ​ဟော​ဇ​၏​သား၊ မိ​ဇ​ပါ​နယ်​ကို​အုပ် ချုပ်​ရ​သူ​ရှလ္လုံ​သည် စမ်း​ရေ​တွင်း​တံ​ခါး​ကို ပြန်​လည်​တည်​ဆောက်​ကာ​အ​မိုး​မိုး​၍​တံ​ခါး ရွက်​များ၊ မင်း​တုပ်​များ​နှင့်​ကန့်​လန့်​ကျင် များ​ကို​တပ်​ဆင်​၏။ သူ​သည်​ဘု​ရင်​ဥ​ယျာဉ် အ​နီး၊ ရှိ​လောင်​ရေ​ကန်​မြို့​ရိုး​ကို​ဒါ​ဝိဒ်​မြို့ တော်​လှေ​ကား​တိုင်​အောင်​တည်​ဆောက်​လေ သည်။
15 Selum, filho de Colhosa, chefe do distrito de Masfa, reparou a porta da Fonte; reconstruiu-a, cobriu-a, e colocou-lhe os batentes, as fechaduras e as trancas; fez além disso os muros, desde a piscina de Siloé, ao lado do jardim do rei, até a escada que desce da cidade de Davi.
16 အာ​ဇ​ဗုတ်​၏​သား​ဗက်​ဇု​ရ​နယ်​တစ်​ဝက် ကို​အုပ်​ချုပ်​ရ​သူ​နေ​ဟ​မိ​သည် မြို့​ရိုး​နောက် တစ်​ပိုင်း​ကို​ဒါ​ဝိဒ်​သင်္ချိုင်း၊ ရေ​ကန်​နှင့်​စစ် တန်း​လျား​များ​တိုင်​အောင်​ဆောက်​လုပ်​၏။
16 Depois dele, Neemias, filho de Azboc, chefe da metade do distrito de Betsur, trabalhou até defronte do túmulo de Davi, até o reservatório artificial e até a casa dos Heróis.
17 အောက်​ပါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် မြို့​ရိုး တည်​ဆောက်​မှု​တွင်​ပါ​ဝင်​ကူ​ညီ​ကြ​လေ သည်။
17 Depois dele, trabalharam os levitas com Reum, filho de Beni; ao lado trabalhava, para o seu distrito, Hasebias, chefe da metade do distrito de Ceila.
18 နောက်​တစ်​ပိုင်း​ကို​ဟေ​န​ဒဒ်​၏​သား၊ ကိ​လ နယ်​အ​ခြား​တစ်​ဝက်​ကို​အုပ်​ချုပ်​ရ​သူ ဗာ​ဝဲ​တည်​ဆောက်​၏။
18 Mais ao longe trabalhavam seus irmãos, sob a direção de Bavai, filho de Enadad, chefe da outra metade de Ceila.
19 ယော​ရှ​၏​သား၊ မိ​ဇ​ပါ​မြို့​ကို​အုပ်​ချုပ်​ရ​သူ ဧ​ဇေ​ရ​သည် လက်​နက်​တိုက်​ရှေ့​ရှိ​မြို့​ရိုး​ကို မြို့​ထောင့်​တိုင်​အောင်​တည်​ဆောက်​လေ​သည်။
19 Azer, filho de Josué, chefe de Masfa, reparou outro setor da muralha, defronte da subida do arsenal, até a esquina.
20 နောက်​တစ်​ပိုင်း​ကို​ဇဗ္ဗဲ​၏​သား​ဗာ​ရုတ်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​ဧ​လျာ​ရှိပ်​၏​အိမ် တော်​အ​ဝင်​ဝ​တိုင်​အောင်​တည်​ဆောက်​၏။
20 Depois dele, Baruc, filho de Zacai, trabalhava com ardor em outra seção, desde a esquina até a entrada da casa do sumo sacerdote Eliasib.
21 နောက်​တစ်​ပိုင်း​ကို​ဟက္ကုတ်​၏​မြေး၊ ဥ​ရိ​ယ ၏​သား​မေ​ရ​မုတ်​သည် ဧ​လျာ​ရှိပ်​၏​အိမ် တော်​အ​စွန်​ဆုံး​တိုင်​အောင်​တည်​ဆောက် သ​တည်း။
21 Depois dele, Merimut, filho de Urias, filho de Hacus, trabalhava em outra seção, desde a porta da casa de Eliasib, até a extremidade dessa casa.
22 အောက်​ပါ​ယဇ်​ပု​ရော​ဟိတ်​တို့​သည် မြို့​ရိုး​တည် ဆောက်​မှု​တွင်​ပါ​ဝင်​ကူ​ညီ​ကြ​လေ​သည်။
22 Mais ao longe, trabalhavam os sacerdotes, os homens da planície do Jordão.
23 နောက်​တစ်​ပိုင်း​ကို​ဗင်္ယာ​မိန်​နှင့်​ဟာ​ရှုပ်​တို့​က မိ​မိ​တို့​နေ​အိမ်​များ​ရှေ့​တွင်​တည်​ဆောက် ကြ​၍၊
23 Depois deles, Benjamim e Hasub trabalhavam defronte das suas casas. Depois deles, Azarias, filho de Maasias, filho de Ananias, ao lado de sua casa;
24 ဟေ​န​ဒဒ်​၏​သား​ဗိန္နိ​သည်​နောက်​တစ်​ပိုင်း ကို​အာ​ဇ​ရိ​၏​နေ​အိမ်​မှ​မြို့​ထောင့်​တိုင် အောင်​တည်​ဆောက်​၏။
24 depois dele, Benui, filho de Henadad, trabalhava em outra seção, desde a casa de Azarias até a esquina e o contorno.
25 — ausente —
25 Falel, filho de Ozi, trabalhava defronte da esquina e da alta torre que aparece sobre o palácio real, perto do átrio da prisão.
26 — ausente —
26 Depois dele trabalhava Fadaías, filho de Faros. {Os natineus habitavam Ofel, até defronte da porta da Água, a oriente, e da torre que se salientava.}
27 တေ​ကော​မြို့​သား​တို့​သည်​ဒု​တိ​ယ​အ​ကြိမ် မြို့​ရိုး​နောက်​တစ်​ပိုင်း​ကို ဗိ​မာန်​တော်​အ​စောင့် မျှော်​စင်​ကြီး​ရှေ့​မှ​နေ​၍​သြ​ဖေ​လ​အ​ရပ် မြို့​ရိုး​အ​ထိ​တည်​ဆောက်​ကြ​၏။
27 Depois dele, os tecuítas trabalhavam na parte seguinte, defronte da torre que se salientava, até o muro de Ofel.
28 နောက်​တစ်​ပိုင်း​ကို​ယဇ်​ပု​ရော​ဟိတ်​တစ်​စု​က မြင်း​တံ​ခါး​မှ​သည်​မြောက်​ဘက်​သို့ မိ​မိ​တို့ နေ​အိမ်​အ​သီး​သီး​ရှေ့​တွင်​တည်​ဆောက်​ကြ လေ​သည်။
28 Acima da porta dos Cavalos, trabalhavam os sacerdotes, cada um diante de sua casa.
29 ဣ​မေ​ရ​၏​သား​ဇာ​ဒုတ်​သည် မိ​မိ​၏​အိမ်​ရှေ့​၌ နောက်​တစ်​ပိုင်း​ကို​တည်​ဆောက်​၏။
29 Depois deles, Sadoc, filho de Emmer, diante de sua casa; depois Semaías, filho de Sequenias, guardião da porta oriental do templo.
30 ရှေ​လ​မိ​၏​သား​ဟာ​န​နိ​နှင့်​ဇာ​လပ်​၏​ဆ​ဋ္ဌ မ​သား​ဟာ​နုန်​တို့​သည် ဒု​တိ​ယ​အ​ကြိမ်​မြို့ ရိုး​နောက်​တစ်​ပိုင်း​ကို​တည်​ဆောက်​ကြ​၏။
30 Depois dele Hananias, filho de Selemias e Hanum, o sexto filho de Selef, repararam uma outra seção. Depois dele Mosolão, filho de Baraquias, trabalhava diante de sua residência.
31 ပန်း​ထိမ်​သ​မား​မာ​လ​ခိ​သည်​နောက်​တစ်​ပိုင်း ကို​ဗိ​မာန်​တော်​မိ​ဖ​ကဒ်​တံ​ခါး​နှင့် မြို့​ရိုး​၏ အ​ရှေ့​မြောက်​ထောင့်​ထိပ်​တွင်​ရှိ​သော​အ​ခန်း အ​နီး၊ ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​နှင့် ကုန်​သည်​တို့​အ​သုံး​ပြု​ရာ​အ​ဆောက်​အ​အုံ တိုင်​အောင်​တည်​ဆောက်​၏။
31 Depois dele, trabalhava Melquias, que pertencia à turma dos ourives, até a casa dos natineus e dos negociantes, diante da porta de Mifcad até o quarto da esquina.
32 နောက်​ဆုံး​အ​ပိုင်း​ကို​ပန်း​ထိမ်​သ​မား​များ နှင့်​ကုန်​သည်​များ​က​ထို​မြို့​ရိုး​ထောင့်​ခန်း မှ​သိုး​တံ​ခါး​တိုင်​အောင်​တည်​ဆောက်​ကြ သ​တည်း။
32 Enfim, entre o quarto da esquina do contorno e a porta das Ovelhas, trabalhavam os ourives e os negociantes.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Neemias 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.