Neemias 2
Common Language Bible (MYA) vs ARIB
1 လေးလမျှကုန်လွန်ပြီးနောက်၊ တစ်နေ့သော အခါ၌ဧကရာဇ်မင်းအာတဇေရဇ်သည် ပွဲတော်တည်လျက်နေစဉ် ငါသည်သူ၏ထံ သို့သွား၍စပျစ်ရည်ကိုဆက်လေ၏။ မင်း ကြီးသည်ယခင်အဘယ်အခါ၌မျှငါ ၏မျက်နှာညှိုးငယ်သည်ကိုမတွေ့မမြင် ဘူးသဖြင့်၊-
1 Sucedeu, pois, no mês de nisã, no ano vigésimos do rei Artaxerxes, quando o vinho estava posto diante dele, que eu apanhei o vinho e o dei ao rei. Ora, eu nunca estivera triste na sua presença.
2 ငါ့အား``သင်သည်အဘယ်ကြောင့်ဤမျှ မျက်နှာညှိုးငယ်ပါသနည်း။ သင့်မှာဖျား နာမှုလည်းမရှိသဖြင့် သင်သည်စိတ် မချမ်းမသာဖြစ်၍မျက်နှာညှိုးငယ် ခြင်းဖြစ်ရမည်'' ဟုဆို၏။
2 E o rei me disse: Por que está triste o teu rosto, visto que não estás doente? Não é isto senão tristeza de coração. Então temi sobremaneira.
3 ``အရှင်မင်းကြီးသည်ထာဝစဉ်သက် တော်ရှည်ပါစေသော။ ကျွန်တော်မျိုး၏ ဘိုးဘေးများအားသင်္ဂြိုဟ်ရာမြို့သည် ပျက်စီးယိုယွင်းလျက်မြို့တံခါးများ သည်လည်းမီးလောင်ကျွမ်းကုန်ပြီဖြစ် သဖြင့် ကျွန်တော်မျိုးသည်အဘယ်သို့ လျှင်မျက်နှာမညှိုးငယ်ဘဲနေနိုင်ပါ မည်နည်း'' ဟုပြန်လည်လျှောက်ထား၏။
3 e disse ao rei: Viva o rei para sempre! Como não há de estar triste o meu rosto, estando na cidade, o lugar dos sepulcros de meus pais, assolada, e tendo sido consumidas as suas portas pelo fogo?
4 ဧကရာဇ်မင်းက``အဘယ်အရာကိုတောင်း လိုပါသနည်း'' ဟုမေးတော်မူ၏။
4 Então o rei me perguntou: Que me pedes agora? Orei, pois, ao Deus do céu,
5 မင်းကြီးအား``အရှင်မင်းကြီး၊ အရှင်သည် ကျွန်တော်မျိုးအားစိတ်တော်နှင့်တွေ့တော်မူ ၍ ကျွန်တော်မျိုး၏ပန်ကြားချက်ကိုခွင့်ပြု ရန်အလိုရှိတော်မူပါလျှင်ကျွန်တော်မျိုး အားယုဒပြည်သို့သွားခွင့်ပြုတော်မူပါ။ ကျွန်တော်မျိုး၏ဘိုးဘေးများအားသင်္ဂြိုဟ် ရာမြို့ကိုပြန်လည်တည်ဆောက်ခွင့်ပြု တော်မူပါ'' ဟုလျှောက်၏။
5 e disse ao rei: Se for do agrado do rei, e se teu servo tiver achado graça diante de ti, peço-te que me envies a Judá, à cidade dos sepulcros de meus pais, para que eu a reedifique.
6 မိဖုရားနှင့်ယှဉ်တွဲ၍ထိုင်လျက်နေသော ဧကရာဇ်မင်းသည် ငါ၏လျှောက်ထား ချက်ကိုခွင့်ပြုတော်မူပြီးလျှင် ငါ့အား``သင် သည်အဘယ်မျှကြာအောင်သွားလိုပါ သနည်း။ အဘယ်အခါ၌ပြန်လာပါမည် နည်း'' ဟုမေးတော်မူ၏။ ငါသည်ပြန်လာ မည့်အချိန်ကိုလျှောက်ထား၏။
6 Então o rei, estando a rainha assentada junto a ele, me disse: Quanto durará a tua viagem, e quando voltarás? E aprouve ao rei enviar-me, apontando-lhe eu certo prazo.
7 ထိုနောက်ငါသည်ယုဒပြည်သို့ခရီးပြု ရာတွင် လိုအပ်သည့်အကူအညီပေးရန် အတွက်ဥဖရတ်မြစ်ကြီးအနောက်ဘက် ပြည်နယ်ဘုရင်ခံများထံသို့အမှာတော် စာကိုလည်းကောင်း၊-
7 Eu disse ainda ao rei: Se for do agrado do rei, dêem-se-me cartas para os governadores dalém do Rio, para que me permitam passar até que eu chegue a Judá;
8 ဗိမာန်တော်ရဲတိုက်ဝင်းတံခါးများ၊ မြို့ရိုး များနှင့်ငါ၏အိမ်အတွက်သစ်ပေးရန်ဘုရင့် သစ်တောဝန်အာသပ်ထံသို့ အမှာတော်စာ ကိုလည်းကောင်းသနားတော်မူရန်ပန်ကြား ၏။ ဘုရားသခင်သည်ငါနှင့်အတူရှိတော် မူသည်ဖြစ်၍ ဧကရာဇ်မင်းသည်ငါတောင်း သမျှသောအရာတို့ကိုပေးသနားတော် မူပေသည်။
8 como também uma carta para Asafe, guarda da floresta do rei, a fim de que me dê madeira para as vigas das portas do castelo que pertence à casa, e para o muro da cidade, e para a casa que eu houver de ocupar. E o rei mas deu, graças à mão benéfica do meu Deus sobre mim.
9 မင်းကြီးသည်စစ်အရာရှိအချို့နှင့်မြင်း တပ်ကိုငါနှင့်အတူစေလွှတ်ပေးတော်မူ သဖြင့် ငါသည်ဥဖရတ်မြစ်ကြီးအနောက် ဘက်ပြည်နယ်သို့ခရီးပြုပြီးလျှင် ထို အရပ်ရှိဘုရင်ခံတို့အားမင်းကြီး၏ အမှာတော်စာများကိုပေး၏။-
9 Então fui ter com os governadores dalém do Rio, e lhes entreguei as cartas do rei. Ora, o rei tinha enviado comigo oficiais do exército e cavaleiros.
10 သို့ရာတွင်ဗေသဟောရနိမြို့သားသမ္ဘာ လတ်နှင့်အမ္မုန်ပြည်နယ်မှအရာရှိတောဘိ တို့သည် ဣသရေလအမျိုးသားတို့အား အကျိုးပြုစုရန်လူတစ်ယောက်ရောက်ရှိ လာကြောင်းကြားသိကြသောအခါလွန် စွာအမျက်ထွက်ကြ၏။
10 O que ouvindo Sambalate, o horonita, e Tobias, o servo amonita, ficaram extremamente agastados de que alguém viesse a procurar o bem dos filhos de Israel.
11 ငါသည်ယေရုရှလင်မြို့သို့ဆက်လက် သွားရောက်ကာ ထိုမြို့တွင်သုံးရက်မျှနေ၏။-
11 Cheguei, pois, a Jerusalém, e estive ali três dias.
12 သို့ရာတွင်ယေရုရှလင်မြို့အတွက်မည်သို့ ဆောင်ရွက်ရမည်ကို ငါ့အားထာဝရဘုရား နှိုးဆော်တော်မူကြောင်းကိုမူ အဘယ်သူကို မျှငါမပြောဘဲသန်းခေါင်းယံအချိန်၌ ထ၍အဖော်အချို့ကိုခေါ်ပြီးလျှင်မြို့ ထဲမှထွက်လာခဲ့၏။ ငါတို့သည်ငါစီး သည့်မြည်းမှတစ်ပါးအခြားတိရစ္ဆာန် မပါ။-
12 Então de noite me levantei, eu e uns poucos homens comigo; e não declarei a ninguém o que o meu deus pusera no coração para fazer por Jerusalém. Não havia comigo animal algum, senão aquele que eu montava.
13 ငါတို့သည်အနောက်ဘက်ရှိချိုင့်တံခါး မှထွက်၍ တောင်ဘက်နဂါးစမ်းတွင်းကိုဖြတ် ကာအမှိုက်ပုံတံခါးတိုင်အောင်လျှောက်သွား ကြ၏။ ထိုအခါ၌မိုးမလင်းသေးပေ။ ငါ သည်ဤသို့သွားရောက်လျက်ပြိုကျနေသော မြို့ရိုးများနှင့်မီးလောင်ပျက်စီးသွားသည့် မြို့တံခါးများကိုစစ်ဆေးကြည့်ရှု၏။-
13 Assim saí de noite pela porta do vale, até a fonte do dragão, e até a porta do monturo, e contemplei os muros de Jerusalém, que estavam demolidos, e as suas portas, que tinham sido consumidas pelo fogo.
14 ထိုနောက်မြို့၏အရှေ့ဘက်မှနေ၍စမ်းရေ တွင်းတံခါးနှင့် ဘုရင့်ရေကန်ရှိရာမြောက် ဘက်သို့သွား၏။ ငါစီးသည့်မြည်းသည် ကျောက်အုတ်ကျိုးများအကြားတွင်လမ်း ရှာ၍မရသဖြင့်၊-
14 E passei adiante até a porta da fonte, e à piscina do rei; porém não havia lugar por onde pudesse passar o animal que eu montava.
15 ငါသည်ကေဒြုန်ချိုင့်ဝှမ်းထဲသို့ဆင်း၍ မြည်းစီးပြီးလျှင်မြို့ရိုးကိုစစ်ဆေး ကြည့်ရှု၏။ ထိုနောက်လာလမ်းအတိုင်း ပြန်ပြီးလျှင်ချိုင့်ဝှမ်းတံခါးမှနေ၍ မြို့ထဲသို့ဝင်၏။
15 Ainda de noite subi pelo ribeiro, e contemplei o muro; e virando, entrei pela porta do vale, e assim voltei.
16 အဘယ်အရပ်သို့ငါသွားရောက်ခဲ့သည်၊ အဘယ်အမှုကိုပြုခဲ့သည်တို့ကိုမြို့ထဲ မှာအဘယ်အရာရှိမျှမသိချေ။ ယနေ့ တိုင်အောင်ငါသည်ဤအမှုကိစ္စအကြောင်း ကိုမျှယုဒအမျိုးသားများဖြစ်ကြ သောယဇ်ပုရောဟိတ်များ၊ ခေါင်းဆောင်များ၊ အရာရှိများ၊ ငါ၏အလုပ်တွင်ပါဝင် ဆောင်ရွက်ကြမည့်အခြားသူများအား ပြောမပြရသေး။-
16 E não souberam os magistrados aonde eu fora nem o que eu fazia; pois até então eu não havia declarado coisa alguma, nem aos judeus, nem aos sacerdotes, nem aos nobres, nem aos magistrados, nem aos demais que faziam a obra.
17 သို့ရာတွင်ယခုငါသည်သူတို့အား``ယေရု ရှလင်မြို့သည်ယိုယွင်းပျက်စီးလျက်မြို့ရိုး များသည်လည်းပြိုကျလျက်နေသဖြင့် ငါ တို့အဘယ်သို့ဒုက္ခရောက်နေသည်ကိုသင် တို့သိကြ၏။ ငါတို့ဆက်လက်၍အရှက်ကွဲ ခြင်းမခံရစေရန်မြို့ရိုးတို့ကိုပြန်လည် ပြုပြင်ကြကုန်အံ့'' ဟုပြောဆိုပြီးလျှင်၊-
17 Então eu lhes disse: Bem vedes vós o triste estado em que estamos, como Jerusalém está assolada, e as suas portas queimadas a fogo; vinde, pois, e edifiquemos o muro de Jerusalém, para que não estejamos mais em opróbrio.
18 ထာဝရဘုရားသည်ငါနှင့်အဘယ်သို့အတူ ရှိတော်မူခဲ့၍ ငါ့အားကူမတော်မူခဲ့ကြောင်း ကိုလည်းကောင်း၊ ငါ့အားဧကရာဇ်မင်းကြီး အဘယ်သို့အမိန့်ရှိတော်မူခဲ့ကြောင်းကို လည်းကောင်းဖော်ပြ၏။
18 Então lhes declarei como a mão do meu Deus me fora favorável, e bem assim as palavras que o rei me tinha dito. Eles disseram: Levantemo-nos, e edifiquemos. E fortaleceram as mãos para a boa obra.
19 ထိုသတင်းကိုသမ္ဘာလတ်၊ တောဘိနှင့်အာရပ် အမျိုးသားဂေရှင်တို့ကြားကြသောအခါ ငါတို့အားလှောင်ပြောင်ကြ၏။ သူတို့က``သင် တို့၏အကြံအစည်ကားအဘယ်သို့နည်း။ ဧကရာဇ်ဘုရင်အားသင်တို့ပုန်ကန်ကြ မည်လော'' ဟုဆိုကြ၏။
19 O que ouvindo Sambalate, o horonita, e Tobias, o servo amonita, e Gesem, o arábio, zombaram de nós, desprezaram-nos e disseram: O que é isso que fazeis? Quereis rebelar-vos contra o rei?
20 ထိုအခါငါက``ကောင်းကင်ဘုံရှင်ဘုရားသခင်သည် ငါတို့အားအောင်မြင်ခွင့်ကို ပေးတော်မူလိမ့်မည်။ ငါတို့သည်ကိုယ်တော်၏ အစေခံများဖြစ်၍ဗိမာန်တော်တည်ဆောက် မှုကိုအစပြုကြမည်။ သင်တို့မူကားယေရု ရှလင်မြို့တွင်ဘာမျှမပိုင်။ ဤမြို့တွင်သင် တို့နှင့်ဆိုင်သောမှတ်သားဖွယ်ရာဘာမျှ မရှိ'' ဟုပြန်ပြော၏။
20 Então lhes respondi: O Deus do céu é que nos fará prosperar; e nós, seus servos, nos levantaremos e edificaremos: mas vós não tendes parte, nem direito, nem memorial em Jerusalém.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Neemias 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.