Neemias 13

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ထို​နေ့​၌​မော​ရှေ​၏​ပ​ညတ်​ကျမ်း​ကို​လူ​များ ရှေ့​မှာ​ဖတ်​ရွတ်​ကြ​ရာ``အမ္မုန်​အ​မျိုး​သား​နှင့် မော​ဘ​အ​မျိုး​သား​တို့​အား​ဘု​ရား​သ​ခင် ၏​လူ​မျိုး​တော်​ထဲ​တွင်​အ​ဘယ်​အ​ခါ​၌​မျှ ပါ​ဝင်​ခွင့်​မ​ပြု​ရ'' ဟူ​သော​ကျမ်း​ပိုဒ်​သို့ ရောက်​ရှိ​လာ​လေ​သည်။-
1 A Lei de Moisés estava sendo lida em voz alta para o povo. Então chegaram ao trecho que diz que nunca seria permitido que nenhum amonita ou moabita se juntasse ao povo de Deus.
2 ဤ​သို့​ပ​ညတ်​ရ​ခြင်း​မှာ​အမ္မုန်​နှင့်​မော​ဘ ပြည်​သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား များ​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ချိန်​၌ အ​စာ​ရေ​စာ​ကို​မ​ပေး​ဘဲ​နေ​ခဲ့​ကြ​သော ကြောင့်​ဖြစ်​၏။ ထို​ပြင်​ဗာ​လမ်​ကို​ငှား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကျိန်​ဆဲ စေ​ကြ​၏။ သို့​ရာ​တွင်​ငါ​တို့​ဘု​ရား​သ​ခင် သည်​ထို​ကျိန်​ဆဲ​သော​စ​ကား​ကို​ကောင်း​ချီး ပေး​သော​စ​ကား​ဖြစ်​စေ​တော်​မူ​၏။-
2 Isso porque o povo de Amom e o de Moabe não haviam dado comida nem água aos israelitas na sua viagem quando saíram do Egito. Em vez disso, esses dois povos haviam pago a Balaão para amaldiçoar o povo de Israel. Mas o nosso Deus virou a maldição em bênção.
3 ထို​ကျမ်း​စ​ကား​ဖတ်​ရွတ်​သည်​ကို​ကြား​ကြ သော​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​အ​သိုင်း​အ​ဝိုင်း​မှ​လူ​မျိုး​ခြား​များ ကို​ပယ်​ထုတ်​လိုက်​ကြ​လေ​သည်။
3 Quando os israelitas ouviram a leitura dessa lei, eles expulsaram os estrangeiros do meio deles.
4 ဗိ​မာန်​တော်​ပစ္စည်း​သို​လှောင်​ခန်း​များ​ကို​တာ​ဝန် ယူ​ထိန်း​သိမ်း​ရ​သူ ယဇ်​ပု​ရော​ဟိတ်​ဧ​လျာ​ရှိပ် သည်​တော​ဘိ​နှင့်​ခင်​မင်​ရင်း​နှီး​လျက်​နေ သ​ဖြင့်၊-
4 Antes desses acontecimentos, o sacerdote Eliasibe, que era o encarregado dos depósitos do Templo, havia se ligado com Tobias por laços de parentesco.
5 ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ၊ နံ့​သာ​ပေါင်း၊ ဗိ​မာန်​တော်​အ​သုံး​အ​ဆောင်​များ​မှ​စ​၍ ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက်​လှူ​ရ​သော အ​လှူ​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ၊ ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ၊ ဗိ​မာန် တော်​အ​စောင့်​တပ်​သား​များ​အ​တွက် ဆယ် ဖို့​တစ်​ဖို့​ပေး​လှူ​သော​ဆန်​စ​ပါး၊ စ​ပျစ် ရည်​နှင့်​သံ​လွင်​ဆီ​ကို​သို​လှောင်​ရန်​အ​တွက် သာ​လျှင် အ​သုံး​ပြု​သော​အ​ခန်း​ကြီး​ကို တော​ဘိ​အား​အ​သုံး​ပြု​ခွင့်​ပေး​ထား​လေ သည်။-
5 Por isso, havia deixado que Tobias usasse uma sala grande onde antes eram guardadas as ofertas de cereais e de incenso, os objetos usados no Templo, as ofertas para os sacerdotes e a décima parte dos cereais, do vinho e do azeite dados para os levitas , para os músicos e para os guardas do Templo.
6 ဤ​သို့​ဖြစ်​ပျက်​လျက်​နေ​ချိန်​တွင်​ငါ​သည် ယေ​ရု​ရှ​လင်​မြို့​၌​မ​ရှိ။ ဗာ​ဗု​လုန်​ဘု​ရင် အာ​တ​ဇေ​ရဇ်​၏ နန်း​စံ​သုံး​ဆယ့်​နှစ်​နှစ်​မြောက်​၌​ငါ​သည်​မင်း ကြီး​ထံ​သို့​အ​စီ​ရင်​ခံ​ရန်​သွား​ရောက်​ချိန် ဖြစ်​၏။ ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ငါ​သည်​မင်း​ကြီး​ထံ​မှ​ခွင့်​ပြု​ချက်​ရ​သ​ဖြင့်၊-
6 Porém, quando isso aconteceu, eu não estava em Jerusalém porque, no ano trinta e dois do reinado de Artaxerxes, da Babilônia , eu havia voltado para lá a fim de dar ao rei um relatório. Mas, depois de algum tempo, ele deixou que eu voltasse.
7 ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​ရောက်​၍​ဗိ​မာန်​တော် အ​ခန်း​တစ်​ခု​ကို တော​ဘိ​အား​ဧလျာရှိပ်​ပေး အပ်​ထား​ကြောင်း​ကြား​သိ​ရ​သော​အ​ခါ ငါ​သည်​ထိတ်​လန့်​၍၊-
7 Então voltei para Jerusalém e fiquei sabendo do mal que Eliasibe havia feito, deixando que Tobias usasse uma sala do Templo.
8 လွန်​စွာ​အ​မျက်​ထွက်​ပြီး​လျှင်​တော​ဘိ​၏ ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို​ပစ်​ထုတ်​လိုက်​၏။-
8 Eu fiquei tão furioso, que joguei todos os móveis de Tobias para fora da sala.
9 အ​ခန်း​များ​ကို​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​မှု​ကို​ပြု​စေ​၍​ဗိ​မာန်​တော်​အ​သုံး အ​ဆောင်​များ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ နှင့်​နံ့​သာ​ပေါင်း​တို့​ကို​ပြန်​သွင်း​ရန်​အ​မိန့် ပေး​၏။
9 Depois dei ordem para que a sala fosse purificada e que os objetos do Templo, as ofertas de cereais e o incenso fossem colocados ali de novo.
10 လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​ဗိ​မာန်​တော်​ဂီ​တ ပ​ညာ​သည်​များ​သည်​ရိက္ခာ​အ​လုံ​အ​လောက် မ​ရ​ကြ​သ​ဖြင့် မိ​မိ​တို့​၏​လယ်​ယာ​များ​ရှိ ရာ​သို့​ပြန်​သွား​ကြ​ကြောင်း​ကို​ငါ​ကြား သိ​ရ​၏။-
10 Eu soube também que os músicos do Templo e outros levitas haviam saído de Jerusalém e voltado para as suas fazendas porque o povo não estava dando o suficiente para o sustento deles.
11 ယင်း​သို့​ဗိ​မာန်​တော်​ကို​စွန့်​ပစ်​ထား​ခဲ့​ရန် ခွင့်​ပြု​သူ​အုပ်​ချုပ်​ရေး​မှူး​တို့​အား ငါ​သည် ပြစ်​တင်​ပြော​ဆို​ကာ​လေ​ဝိ​အ​နွယ်​ဝင်​များ နှင့်​ဂီ​တ​ပ​ညာ​သည်​များ​ကို​ဗိ​မာန်​တော် သို့​ခေါ်​ယူ​ပြီး​လျှင်​အ​မှု​တော်​ကို​တစ်​ဖန် ပြန်​လည်​ထမ်း​ဆောင်​စေ​၏။-
11 Então repreendi as autoridades por deixarem que o Templo ficasse abandonado. Depois trouxe de volta para o Templo os levitas e os músicos e os coloquei de novo nos seus postos.
12 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် မိ​မိ​တို့​၏​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ဖြစ် သည့်​ဆန်​စ​ပါး၊ စ​ပျစ်​ရည်​နှင့်​သံ​လွင်​ဆီ​ကို ဗိ​မာန်​တော်​ပစ္စည်း​သို​လှောင်​ခန်း​များ​သို့​ယူ ဆောင်​လာ​ကြ​လေ​သည်။-
12 Aí todo o povo de Israel começou de novo a trazer para os depósitos do Templo a décima parte dos cereais, do vinho e do azeite.
13 ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​ရှေ​လ​မိ၊ ပ​ညတ် ကျမ်း​တတ်​မြောက်​သူ​ဇာ​ဒုတ်​နှင့်​လေ​ဝိ​အ​နွယ် ဝင်​ပေ​ဒါ​ယ​တို့​အား​တာ​ဝန်​ခံ​ပစ္စည်း​ထိန်း များ​အ​ဖြစ်​ခန့်​ထား​၏။ မ​ဿ​နိ​၏​မြေး၊ ဇက္ကု​ရ ၏​သား​ဟာ​နန်​အား​ထို​သူ​တို့​၏​လက်​ထောက် အ​ဖြစ်​ခန့်​ထား​၏။ ဤ​သူ​တို့​သည်​မိ​မိ​တို့ ၏​လုပ်​ဖော်​ဆောင်​ဘက်​များ​အား​သစ္စာ​ရှိ​စွာ ရိက္ခာ​ဖြန့်​ဖြူး​ပေး​မည့်​သူ​များ​ဖြစ်​ကြောင်း ငါ​စိတ်​ချ​ယုံ​ကြည်​၏။
13 Eu encarreguei de tomar conta dos depósitos os seguintes homens: o sacerdote Selemias, Zadoque, o escrivão, e um levita chamado Pedaías. E como ajudante deles pus Hanã, filho de Zacur e neto de Matanias. Eu sabia que podia confiar nesses homens e que eles seriam honestos na divisão dos mantimentos com os seus colegas de trabalho.
14 အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်၊ကိုယ်​တော်​၏​ဗိ​မာန် တော်​အ​တွက်​နှင့်​ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး ကွယ်​မှု​အ​တွက်​အ​ကျွန်ုပ်​ပြု​ခဲ့​သ​မျှ​သော အ​မှု​တို့​ကို​သ​တိ​ရ​တော်​မူ​ပါ။
14 “Ó meu Deus, lembra de todas essas coisas que eu tenho feito pelo teu Templo e pelo seu serviço.”
15 ထို​ကာ​လ​ယု​ဒ​ပြည်​သူ​အ​ချို့​တို့​သည် ဥ​ပုသ် နေ့​၌​စ​ပျစ်​သီး​များ​နယ်​လျက်​နေ​ကြ​သည် ကို​လည်း​ကောင်း၊ အ​ချို့​တို့​သည်​ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ စ​ပျစ်​သီး၊ သ​ဖန်း​သီး​အ​စ​ရှိ သည်​တို့​ကို မိ​မိ​တို့​၏​မြည်း​များ​ပေါ်​တင်​ပြီး လျှင်​ယေ​ရု​ရှ​လင်​မြို့​သို့​သယ်​ဆောင်​လျက် နေ​ကြ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။ သို့ ဖြစ်​၍​ဥ​ပုသ်​နေ့​တွင်​မည်​သည့်​အ​ရာ​ကို မျှ​မ​ရောင်း​ချ​ရန်​သူ​တို့​အား​ငါ​သ​တိ ပေး​၏။-
15 Naqueles dias eu vi que em Jerusalém havia gente que no sábado pisava uvas para fazer vinho. Outros, no sábado, carregavam os seus jumentos de cereais, vinho, uvas, figos e outras coisas e levavam para dentro de Jerusalém. Então dei ordem para que não vendessem nada no sábado.
16 ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​တု​ရု​မြို့ သား​အ​ချို့​တို့​သည်​ငါး​နှင့်​အ​ခြား​ပစ္စည်း အ​မျိုး​မျိုး​ကို ငါ​တို့​အ​မျိုး​သား​များ​အား ဥ​ပုသ်​နေ့​တွင်​ရောင်း​ချ​ရန်​ယူ​ဆောင်​လာ ကြ​၏။-
16 Alguns homens da cidade de Tiro que moravam em Jerusalém traziam peixes e todo tipo de mercadorias à cidade para vender ao nosso povo no sábado.
17 ထို​အ​ခါ​ငါ​သည်​ယု​ဒ​ခေါင်း​ဆောင်​များ အား``သင်​တို့​ပြု​လျက်​ရှိ​သည့်​ဒု​စ​ရိုက်​ကို ကြည့်​ကြ​လော့။ သင်​တို့​သည်​ဥ​ပုသ်​နေ့​ကို ညစ်​ညမ်း​စေ​ကြ​၏။-
17 Então eu repreendi as autoridades dos judeus e lhes disse: — Vejam só que coisa errada vocês estão fazendo! Vocês estão
18 သင်​တို့​၏​ဘိုး​ဘေး​များ​သည်​ဒု​စ​ရိုက်​ကို ပြု​သ​ဖြင့် ဘု​ရား​သ​ခင်​သည်​ဤ​မြို့​ကို ဖျက်​ဆီး​စေ​ခြင်း​အား​ဖြင့်​သူ​တို့​အား​ဒဏ် ခတ်​တော်​မူ​၏။ သို့​ပါ​လျက်​သင်​တို့​သည် ဥ​ပုသ်​နေ့​ကို​ညစ်​ညမ်း​စေ​သော​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​သို့ ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကို ပို​မို ပြင်း​ထန်​စွာ​သက်​ရောက်​စေ​ကြ​မည်​လော'' ဟု​ပြစ်​တင်​ပြော​ဆို​၏။
18 Foi por isso mesmo que Deus castigou os seus antepassados, deixando que esta cidade fosse destruída. E agora vocês insistem em profanar o sábado, fazendo com que assim Deus fique ainda mais irado com Israel.
19 ထို​နောက်​ငါ​သည်​အ​ဖိတ်​နေ့​နေ​ဝင်​ချိန်​မှ ဥ​ပုသ်​နေ့​ကုန်​အ​ထိ​မြို့​တံ​ခါး​များ​ကို​ပိတ် ထား​ရန်​အ​မိန့်​ပေး​၏။ ဥ​ပုသ်​နေ့​၌​အ​ဘယ် ကုန်​စည်​ကို​မျှ​မြို့​ထဲ​သို့​မ​သွင်း​စေ​ရန်​ငါ သည်​လူ​အ​ချို့​တို့​အား​မြို့​တံ​ခါး​များ တွင်​အ​စောင့်​ချ​ထား​၏။-
19 Portanto, ordenei que os portões da cidade fossem fechados antes que começasse cada sábado, logo que fosse ficando escuro , e que não fossem abertos de novo até que o sábado terminasse. E coloquei alguns dos meus homens nos portões para que nenhuma carga fosse levada para dentro da cidade no sábado.
20 ကုန်​ပစ္စည်း​အ​မျိုး​မျိုး​ရောင်း​ချ​သူ​ကုန်​သည် အ​ချို့​တို့​သည်​သော​ကြာ​နေ့​ည​၌​မြို့​တံ​ခါး ပြင်​တွင်​လာ​၍​အိပ်​ကြ​၏။ သူ​တို့​သည်​ယင်း​သို့ တစ်​ကြိမ်​နှစ်​ကြိမ်​ပြု​ကြ​၏။-
20 Uma ou duas vezes, os negociantes que vendiam todo tipo de mercadorias passaram a noite de sexta-feira fora das muralhas da cidade.
21 ငါ​သည်​သူ​တို့​အား``သင်​တို့​သည်​မိုး​လင်း​ချိန် ကို​မြို့​ပြင်​မှ​စောင့်​ဆိုင်း​လျက်​နေ​သော်​လည်း အ​ချည်း​နှီး​သာ​လျှင်​ဖြစ်​၏။ သင်​တို့​နောက် တစ်​ကြိမ်​ဤ​သို့​ပြု​ကြ​လျှင် ငါ​သည်​သင် တို့​အား​အ​ကြမ်း​ဖက်​၍​နှင်​ထုတ်​ရ​လိမ့်​မည်'' ဟု​သ​တိ​ပေး​၏။ ထို​အ​ခါ​မှ​အ​စ​ပြု​၍ သူ​တို့​သည်​ဥ​ပုသ်​နေ့​၌​မ​လာ​ကြ​တော့ ပေ။-
21 Mas eu os avisei: — Não adianta vocês passarem a noite do lado de fora das muralhas, esperando pela manhã. Se vocês fizerem isso de novo, eu usarei a força. Daí em diante, eles não voltaram mais no sábado.
22 ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ​လေ​ဝိ အ​နွယ်​ဝင်​တို့​အား မိ​မိ​တို့​ကိုယ်​ကို​သန့်​စင် စေ​ပြီး​လျှင်​မြို့​တံ​ခါး​များ​သို့​သွား​၍ စောင့်​ရန်​ငါ​အ​မိန့်​ပေး​၏။
22 Eu mandei que os levitas se purificassem e fossem guardar os portões para termos a certeza de que o sábado seria conservado santo. “Ó meu Deus, lembra de mim por isso também e tem piedade de mim por causa do teu grande amor!”
23 ထို​ကာ​လ​၌​ယု​ဒ​အ​မျိုး​သား​အ​မြောက် အ​မြား​ပင်​အာ​ဇုတ်၊ အမ္မုန်​နှင့်​မော​ဘ အ​မျိုး​သ​မီး​များ​နှင့်​ထိမ်း​မြား​စုံ​ဖက် ထား​ကြ​ကြောင်း​ကို​လည်း​ငါ​တွေ့​ရှိ​ရ လေ​သည်။-
23 Nessa época, descobri também que muitos judeus haviam casado com mulheres de Asdode, de Amom e de Moabe.
24 သူ​တို့​၏​သား​သ​မီး​တစ်​ဝက်​မျှ​သည်​ငါ​တို့ ဘာ​သာ​စ​ကား​ကို​မ​ပြော​တတ်။ အာ​ဇုတ်​သို့ မ​ဟုတ်​အ​ခြား​ဘာ​သာ​စ​ကား​တစ်​မျိုး မျိုး​ကို​သာ​ပြော​တတ်​ကြ​၏။-
24 Metade dos seus filhos falava a língua de Asdode ou outra língua e não sabia falar a língua dos judeus.
25 သို့​ဖြစ်​၍​ငါ​သည်​ထို​အ​မျိုး​သား​တို့​အား ပြစ်​တင်​ကျိန်​ဆဲ​ရိုက်​နှက်​၏။ သူ​တို့​ဆံ​ပင် ကို​လည်း​ဆွဲ​နုတ်​၏။ ထို​နောက်``အ​ကျွန်ုပ်​တို့ သည်​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​၏​သား​သ​မီး များ​သည်​လည်း​ကောင်း နောင်​အ​ဘယ်​အ​ခါ ၌​မျှ​လူ​မျိုး​ခြား​များ​နှင့်​အိမ်​ထောင်​မ​ပြု တော့​ပါ'' ဟု​သူ​တို့​အား​ဘု​ရား​သ​ခင်​၏ နာ​မ​တော်​ကို​တိုင်​တည်​၍​ကျိန်​ဆို​က​တိ ပြု​စေ​၏။-
25 Eu repreendi aqueles homens e os amaldiçoei; bati neles e arranquei os seus cabelos. E exigi em nome de Deus que fizessem a promessa de que nunca mais nem eles nem os seus filhos casariam com estrangeiras.
26 ငါ​သည်​သူ​တို့​အား``ရှော​လ​မုန်​မင်း​ကို​အ​ပြစ် ကူး​လွန်​စေ​သူ​များ​ကား​လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​ပင်​တည်း။ ထို​မင်း​သည်​အ​ခြား​လူ မျိုး​တို့​၏​ဘု​ရင်​ရှိ​သ​မျှ​ထက်​ပို​၍​တန်​ခိုး ကြီး​၏။ ဘု​ရား​သ​ခင်​သည်​သူ့​ကို​ချစ်​တော် မူ​သ​ဖြင့်​ဣ​သ​ရေ​လ​တစ်​နိုင်​ငံ​လုံး​ကို​အုပ် စိုး​စေ​တော်​မူ​၏။ သို့​ရာ​တွင်​သူ​သည်​လူ​မျိုး ခြား​များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​သည့်​အ​ပြစ် ကို​ကူး​လွန်​ပေ​သည်။-
26 Eu disse a eles: — Foram mulheres estrangeiras que fizeram o rei Salomão pecar. Ele era mais famoso do que todos os reis das outras nações. Deus o amou e o pôs como rei de todo o povo de Israel, e no entanto ele caiu nesse pecado.
27 သို့​ဖြစ်​၍​ငါ​တို့​သည်​လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ခြင်း​သင် တို့​၏​စံ​န​မူ​နာ​အား​ဖြင့်​ဘု​ရား​သ​ခင် ကို​ပြစ်​မှား​ရ​မည်​လော'' ဟု​ပြော​၏။
27 Será que nós vamos seguir o exemplo dele e desobedecer ao nosso Deus, casando com mulheres estrangeiras?
28 ယော​ယ​ဒ​သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​ဧ​လျာ ရှိပ်​၏​သား​ဖြစ်​၏။ သို့​ရာ​တွင်​သူ​၏​သား​တစ် ယောက်​သည်​ဗေ​သ​ဟော​ရ​နိ​မြို့​သား​သမ္ဘာ လတ်​၏​သ​မီး​နှင့်​အိမ်​ထောင်​ပြု​သ​ဖြင့် ငါ သည်​ယော​ယ​ဒ​အား​ယေ​ရု​ရှ​လင်​မြို့​မှ နှင်​ထုတ်​လိုက်​လေ​သည်။
28 Joiada era filho de Eliasibe, o Grande Sacerdote . Porém um dos filhos de Joiada havia casado com uma filha de Sambalate, da cidade de Bete-Horom. Por isso, eu expulsei Joiada de Jerusalém.
29 အို ဘု​ရား​သ​ခင်၊ထို​သူ​တို့​သည်​ယဇ်​ပု​ရော ဟိတ်​ရာ​ထူး​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​ကိုယ် တော်​ပြု​တော်​မူ​သည့်​ပ​ဋိ​ညာဉ်​တော်​ကို လည်း​ကောင်း​အ​ဘယ်​သို့​ရှုတ်​ချ​ကြ​သည် ကို​မှတ်​တော်​မူ​ပါ။
29 “Ó meu Deus, lembra de como essas pessoas mancharam não somente o ofício de sacerdote como também a aliança que fizeste com os sacerdotes e com os levitas!”
30 ငါ​သည်​ပြည်​သူ​တို့​အား​လူ​မျိုး​ခြား​နှင့် ဆိုင်​သော​အ​မှု​အ​ရာ​ဟူ​သ​မျှ​နှင့်​ကင်း​စင် စေ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ် ဝင်​တို့​အား​မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား​အ​သီး သီး​ကို​သိ​ရှိ​နား​လည်​ကြ​စေ​ရန်​စည်း မျဉ်း​များ​ကို​ရေး​ဆွဲ​ပေး​၏။-
30 Eu purifiquei o povo de tudo o que era estrangeiro. Fiz regulamentos para os sacerdotes e para os levitas a fim de que cada um soubesse qual era a sua tarefa.
31 အ​ချိန်​ကျ​လျှင်​ထင်း​အ​လှူ​ကို​လည်း​ကောင်း၊ ဆန်​စ​ပါး​အ​ဦး​အ​ဖျား​များ​နှင့်​အ​ဦး မှည့်​သည့်​သစ်​သီး​ပူ​ဇော်​သ​ကာ​များ​ကို လည်း​ကောင်း​ယူ​ဆောင်​လာ​ကြ​စေ​ရန်​စီ​မံ​၏။
31 Organizei o fornecimento da lenha a ser usada nos sacrifícios , para que fosse trazida no tempo certo. E fiz regulamentos a respeito das ofertas dos primeiros cereais e das primeiras frutas colhidos pelo povo. “Lembra de tudo isso, ó meu Deus, e me abençoa!”

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Neemias 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.