Neemias 11

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ခေါင်း​ဆောင်​များ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် နေ​ထိုင်​ကြ​၏။ အ​ခြား​သူ​တို့​မူ​ကား​ဆယ် အိမ်​ထောင်​လျှင် တစ်​အိမ်​ထောင်​ကျ​သန့်​ရှင်း သော​ယေ​ရု​ရှ​လင်​မြို့​တော်​တွင်​လည်း​ကောင်း၊ ကျန်​သော​သူ​တို့​ကို​အ​ခြား​မြို့​ရွာ​များ တွင်​လည်း​ကောင်း​နေ​ထိုင်​စေ​ရန်​မဲ​ချ​၍ ဆုံး​ဖြတ်​ကြ​၏။-
1 As autoridades de Israel ficaram morando em Jerusalém, e o resto do povo tirou a sorte para escolher uma família de cada dez para morar na santa cidade de Jerusalém. O resto do povo ficou morando nas outras cidades e povoados.
2 ယေ​ရု​ရှ​လင်​မြို့​တွင်​မိ​မိ​တို့​အ​လို​အ​လျောက် နေ​ထိုင်​သူ​တို့​အား​ပြည်​သူ​တို့​က​ချီး​ကူး ကြ​၏။-
2 O povo abençoou todas as outras pessoas que por sua própria vontade resolveram morar em Jerusalém.
3 အ​ခြား​မြို့​ရွာ​များ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ် ဝင်​များ၊ ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ၊ ရှော လ​မုန်​၏​အ​စေ​ခံ​များ​မှ​ဆင်း​သက်​လာ သူ​များ​သည်​ကိုယ်​ပိုင်​အိမ်​များ​တွင်​နေ​ထိုင် ကြ​လေ​သည်။
3 O povo de Israel, os sacerdotes, os levitas , os servidores do Templo e os descendentes dos servidores de Salomão ficaram morando nas outras cidades e povoados das suas propriedades. Esta é a lista dos chefes da
4 ယု​ဒ​အ​နွယ်​ဝင်​များ​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​သည်။
4 Da tribo de Judá: Ataías, filho de Uzias e neto de Zacarias. Os seus antepassados foram Amariá, Sefatias e Maalalel, descendentes de Peres, filho de Judá;
5 ကော​လ​ဟော​ဇ​၏​မြေး၊ ဗာ​ရုတ်​၏​သား​မာ​သေ​ယ။ သူ​၏​အ​ခြား​ဘိုး​ဘေး​များ​တွင်​ရှေ​လ​၏​သား ယု​ဒ​မှ​ဆင်း​သက်​သူ​ဟ​ဇာ​ယ၊ အ​ဒါ​ယ၊ ယော​ယ​ရိပ်​နှင့်​ဇာ​ခ​ရိ​တို့​ပါ​ဝင်​သည်။
5 Maaseias, filho de Baruque e neto de Col-Hozé. Os seus antepassados foram Hazaías, Adaías, Joiaribe e Zacarias, descendentes de Selá, filho de Judá;
6 ဖ​ရက်​၏​သား​မြေး​များ​အ​နက်​သူ​ရဲ​ကောင်း လေး​ရာ​ခြောက်​ဆယ်​ရှစ်​ယောက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​၏။
6 dos descendentes de Peres, quatrocentos e sessenta e oito homens de valor.
7 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​၏။
7 Da tribo de Benjamim: Salu, filho de Mesulã e neto de Joede. Os seus antepassados foram Pedaías, Colaías, Maaseias, Itiel e Jesaías;
8 သလ္လု​၏​ဆွေ​မျိုး​ရင်း​ခြာ​များ​ဖြစ်​ကြ​သော ဂဗ္ဗဲ​နှင့်​သလ္လဲ။
8 Gabai e Salai, parentes chegados de Salu. Ao todo, novecentos e vinte e oito homens da tribo de Benjamim ficaram morando em Jerusalém;
9 ဇိ​ခ​ရိ​၏​သား​ယော​လ​သည်​သူ​တို့​၏​ခေါင်း ဆောင်​ဖြစ်​၍ သေ​နွာ​၏​သား​ယု​ဒ​သည်​ဒု​တိ​ယ ခေါင်း​ဆောင်​ဖြစ်​၏။
9 Joel, filho de Zicri, era o seu chefe, e Judá, filho de Senua, era o subchefe.
10 ယဇ်​ပု​ရော​ဟိတ်​များ​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။
10 Sacerdotes: Jedaías, filho de Joiaribe, e Jaquim;
11 မေ​ရှု​လံ​၏​မြေး၊ ဟိ​လ​ခိ​၏​သား​စ​ရာ​ယ။ သူ​၏​ဘိုး​ဘေး​များ​တွင်​ဇာ​ဒုတ်၊ မ​ရာ​ယုတ် နှင့်​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဟိ​တုပ်​တို့​ပါ ဝင်​သည်။-
11 Seraías, filho de Hilquias e neto de Mesulã. Os seus antepassados foram Zadoque, Meraiote e Aitube, que era o administrador do Templo.
12 ဤ​သား​ချင်း​စု​မှ​လူ​စု​စု​ပေါင်း​ရှစ်​ရာ​နှစ် ဆယ့်​နှစ်​ယောက်​တို့​သည်​ဗိ​မာန်​တော်​တွင် အ​မှု​ထမ်း​ကြ​၏။
12 Ao todo, oitocentos e vinte e dois membros deste grupo de famílias trabalhavam no Templo; Adaías, filho de Jeroão e neto de Pelalias. Os seus antepassados foram Anzi, Zacarias, Pasur e Malquias.
13 ဤ​သား​ချင်း​စု​မှ​လူ​ပေါင်း​နှစ်​ရာ​လေး​ဆယ် နှစ်​ယောက်​တို့​သည်​အိမ်​ထောင်​ဦး​စီး​များ​ဖြစ် ကြ​၏။
13 Ao todo, duzentos e quarenta e dois membros deste grupo de famílias eram chefes de famílias; Amasai, filho de Azarel e neto de Azai. Os seus antepassados foram Mesilemote e Imer.
14 ဤ​သား​ချင်း​စု​တွင်​ထူး​ချွန်​သော​စစ်​သူ​ရဲ တစ်​ရာ​နှစ်​ဆယ့်​ရှစ်​ယောက်​ရှိ​၏။ သူ​တို့​၏​ခေါင်း ဆောင်​မှာ​အ​ရေး​ပါ​အ​ရာ​ရောက်​သည့်​အိမ် ထောင်​စု​ဝင် ဇာ​ဗ​ဒေ​လ​ဖြစ်​၏။
14 Havia cento e vinte e oito membros deste grupo de famílias que eram soldados valentes. O chefe deles era Zabdiel, membro de uma família importante.
15 လေ​ဝိ​အ​နွယ်​ဝင်​များ​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။
15 Levitas: Semaías, filho de Hassube e neto de Azricã. Os seus antepassados foram Hasabias e Buni;
16 ဗိ​မာန်​တော်​အ​ပြင်​မှု​ကြီး​ကြပ်​သူ​လေ​ဝိ အ​နွယ်​ဝင်​အ​ကြီး​အ​ကဲ​များ​ဖြစ်​ကြ​သော ရှဗ္ဗေ​သဲ​နှင့်​ယော​ဇ​ဗဒ်။
16 Sabetai e Jozabade, levitas importantes, que eram os encarregados dos trabalhos no lado de fora do Templo;
17 ဇာ​ဗ​ဒိ​၏​မြေး၊ မိက္ခာ​၏​သား​မ​ဿ​နိ။ သူ​သည် အာ​သပ်​မှ​ဆင်း​သက်​လာ​သူ​ဖြစ်​၏။ သူ​သည် ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ဆု​တောင်း​ပတ္ထ​နာ သီ​ချင်း​ကို​သီ​ဆို​ရာ​တွင်​ဗိ​မာန်​တော်​သီ ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​အ​ဖြစ်​ဆောင်​ရွက် သူ​ဖြစ်​၏။
17 Matanias, filho de Mica e neto de Zabdi, descendente de Asafe. Ele dirigia o coro do Templo no cântico da oração de agradecimento; Baquebuquias, que era o ajudante de Matanias; Abda, filho de Samua e neto de Galal, que era descendente de Jedutum.
18 လေ​ဝိ​အ​နွယ်​ဝင်​စု​စု​ပေါင်း​နှစ်​ရာ​ရှစ်​ဆယ် လေး​ယောက်​တို့​သည်​သန့်​ရှင်း​သော​ယေ​ရု ရှ​လင်​မြို့​တော်​တွင်​နေ​ထိုင်​ကြ​လေ​သည်။
18 Ao todo, duzentos e oitenta e quatro levitas ficaram morando na santa cidade de Jerusalém.
19 ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​မှာ​အောက် ပါ​အ​တိုင်း​ဖြစ်​သည်။
19 Guardas do Templo: Acube, Talmom e os seus parentes — cento e setenta e dois ao todo.
20 ကျန်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ၊ ပု​ရော​ဟိတ် များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​သည်​အ​ခြား ယု​ဒ​မြို့​ရွာ​တို့​တွင်​ကိုယ်​ပိုင်​မြေ​ရာ​တွင်​နေ ထိုင်​ကြ​၏။
20 O resto do povo de Israel e os restantes sacerdotes e levitas moravam nas suas propriedades nas outras cidades e povoados de Judá.
21 ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​သည် ယေ​ရု ရှ​လင်​မြို့​သြ​ဖေ​လ​ဟု​အ​မည်​တွင်​သော အ​ရပ်​တွင်​နေ​ထိုင်​၍ ဇိ​ဟ​နှင့်​ဂိ​သ​ပ​တို့ ၏​ကွပ်​ကဲ​မှု​အောက်​တွင်​အ​လုပ်​လုပ်​ကြ လေ​သည်။
21 Os trabalhadores do Templo moravam na parte de Jerusalém chamada Ofel e trabalhavam dirigidos por Zia e Gispa.
22 ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​ကို ကွပ်​ကဲ​အုပ်​ချုပ်​သူ​မှာ​ဟာ​ရှ​ဘိ​၏ မြေး၊ ဗာ​နိ​၏​သား​သြ​ဇိ​ဖြစ်​၏။ သူ​၏​ဘိုး​ဘေး များ​တွင်​မ​ဿ​နိ​နှင့်​မိက္ခာ​တို့​ပါ​ဝင်​၏။ သူ​သည် ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​မှု​ဆိုင်​ရာ​ဂီ​တ တာ​ဝန်​ခံ​ဖြစ်​သည့်​အာ​သပ်​သား​ချင်း​စု ဝင်​ဖြစ်​ပေ​သည်။-
22 O chefe dos levitas que moravam em Jerusalém era Uzi, filho de Bani e neto de Hasabias. Os seus antepassados foram Matanias e Mica. Ele pertencia ao grupo de famílias de Asafe, que era o grupo responsável pela música nos serviços do Templo.
23 သား​ချင်း​စု​တို့​သည်​ဗိ​မာန်​တော်​တွင်​သီ​ဆို တီး​မှုတ်​မှု​ကို နေ့​စဉ်​အ​ဘယ်​သို့​အ​လှည့် ကျ​ဦး​ဆောင်​ရ​ကြ​မည်​ကို​ဖော်​ပြ​သည့် ဘု​ရင့်​ညွှန်​ကြား​ချက်​များ​ရှိ​၏။
23 Havia regulamentos do rei dizendo como os grupos de famílias deviam se revezar todos os dias na direção da música no Templo.
24 ယု​ဒ​အ​နွယ်၊ ဇာ​ရ​သား​ချင်း​စု​ဝင်၊ မေ​ရှ​ဇ ဗေ​လ​၏​သား​ပေ​သ​ဟိ​သည်​ဣ​သ​ရေ​လ အ​မျိုး​တို့​အ​မှု​အ​ရေး​ရှိ​သ​မျှ​နှင့်​ဆိုင် ၍ ပေ​ရ​သိ​ဘု​ရင်​မင်း​အ​ပါး​တော်​တွင် ခ​စား​ခဲ့​၏။
24 Petaías, filho de Mesezabel, do grupo de famílias de Zera e descendente de Judá, representava o povo de Israel na corte do rei da Pérsia.
25 လူ​အ​မြောက်​အ​မြား​ပင်​မိ​မိ​တို့​လယ်​ယာ များ​အ​နီး​ရှိ​မြို့​တို့​တွင်​နေ​ထိုင်​ကြ​လေ သည်။ ယု​ဒ​အ​နွယ်​ဝင်​တို့​သည်​ကိ​ရ​ယ သာ​ဘ​မြို့၊ ဒိ​ဘုန်​မြို့​နှင့်​ယေ​ကပ်​ဇေ​လ​မြို့ တို့​၌​လည်း​ကောင်း၊ ထို​မြို့​များ​အ​နီး​ရှိ ကျေး​ရွာ​များ​၌​လည်း​ကောင်း​နေ​ထိုင်​ကြ​၏။-
25 Muitos israelitas moravam nas cidades que ficavam perto das suas fazendas. Aqueles que eram da tribo de Judá moravam em Quiriate-Arba, Dibom e Jecabzeel e nos povoados que ficavam perto dessas cidades.
26 သူ​တို့​သည်​ယေ​ရွှ၊ မော​လ​ဒ၊ ဗက်​ပါ​လက်၊-
26 Eles moravam também nas cidades de Jesua, Molada, Bete-Palete,
27 ဟာ​ဇာ​ရွာ​လ၊ ဗေ​ရ​ရှေ​ဘ​မြို့​နှင့်​ထို​မြို့​တို့ ၏​အ​နီး​အ​နား​ဝန်း​ကျင်​ရှိ​ကျေး​ရွာ​များ ၌​လည်း​နေ​ထိုင်​ကြ​လေ​သည်။-
27 Hazar-Sual e em Berseba e nos povoados ao seu redor.
28 သူ​တို့​သည်​ဇိ​က​လတ်​မြို့၊ မေ​ကော​န​မြို့​နှင့် ထို​မြို့​အ​နီး​ကျေး​ရွာ​များ​တွင်​လည်း​ကောင်း၊-
28 Eles moravam nas cidades de Ziclague, Mecona e nos seus povoados,
29 အင်​ရိမ္မုန်​မြို့၊ ဇာ​ရ​မြို့၊ ယာ​မုတ်​မြို့၊
29 em En-Rimom, Zora, Jarmute,
30 ဇာ​နော​မြို့၊အ​ဒုံ​လံ​မြို့​နှင့်​ထို​မြို့​များ​အ​နီး ရှိ​ကျေး​ရွာ​များ​တွင်​လည်း​ကောင်း၊ လာ​ခိ​ရှ မြို့​နှင့်​အ​နီး​အ​နား​ရှိ​လယ်​ယာ​များ၊ အ​ဇေ ကာ​မြို့​နှင့်​အ​နီး​အ​နား​ရှိ​ကျေး​ရွာ​များ တွင်​လည်း​ကောင်း​နေ​ထိုင်​ကြ​၏။ အ​ချုပ်​အား ဖြင့်​ဆို​သော်​ယု​ဒ​ပြည်​သူ​တို့​သည်​တောင် ဘက်​ရှိ​ဗေ​ရ​ရှေ​ဘ​မြို့​နှင့်​မြောက်​ဘက်​ဟိန္နုံ ချိုင့်​ဝှမ်း​စပ်​ကြား​ရှိ​နယ်​မြေ​တွင်​နေ​ထိုင် ကြ​သ​တည်း။
30 Zanoa, Adulã e nos povoados que ficavam perto dessas cidades. Eles moravam em Laquis e nas fazendas que ficavam perto e em Azeca e nos seus povoados. Quer dizer, o povo de Judá morava na região entre Berseba, no Sul, e o vale de Hinom, no Norte.
31 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​သည်​ဂေ​ဗ​မြို့၊ မိတ် မတ်​မြို့၊ အာ​ဣ​မြို့၊ ဗေ​သ​လ​မြို့​နှင့်​အ​နီး အ​နား​ရှိ​ကျေး​ရွာ​များ​တွင်​လည်း​ကောင်း၊-
31 O povo da tribo de Benjamim morava na região ao norte de Geba, até Micmás, Aia, Betel e os seus povoados;
32 — ausente —
32 Anatote, Nobe, Ananias,
33 — ausente —
33 Hazor, Ramá, Gitaim,
34 — ausente —
34 Hadide, Zeboim, Nebalate,
35 — ausente —
35 Lode e Ono, no vale dos Artífices.
36 ယု​ဒ​နယ်​မြေ​တွင်​နေ​ထိုင်​ခဲ့​သူ​လေ​ဝိ​အ​နွယ် ဝင်​အ​ချို့​တို့​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ နှင့်​အ​တူ​နေ​ထိုင်​ရ​ကြ​လေ​သည်။
36 Alguns grupos de levitas que haviam morado na região de Judá foram indicados para morar com o povo de Benjamim.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Neemias 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.