Mateus 8

Common Language Bible (MYA) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 တောင်​ပေါ်​မှ​သ​ခင်​ယေ​ရှု​ဆင်း​သက်​တော်​မူ​လျှင် လူ​ပ​ရိ​သတ်​ကြီး​များ​သည်​နောက်​တော်​သို့​လိုက် ကြ​၏။-
1 E, descendo ele do monte, seguiu-o uma grande multidão.
2 ထို​အ​ခါ​အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​သူ​လူ​တစ် ယောက်​သည်​ကိုယ်​တော်​၏​ရှေ့​မှောက်​သို့​လာ​ရောက် ဒူး​ထောက်​လျက် ``အ​ရှင်၊ အ​ရှင်​အ​လို​တော်​ရှိ လျှင်​အ​ကျွန်ုပ်​အား ဤ​ရော​ဂါ​မှ​သန့်​စင်​စေ​နိုင် ပါ​သည်'' ဟု​လျှောက်​ထား​တောင်း​ပန်​၏။
2 E eis que veio um leproso e o adorou, dizendo: Senhor, se quiseres, podes tornar-me limpo.
3 သ​ခင်​ယေ​ရှု​သည်​လက်​တော်​ကို​ဆန့်​၍ ``ငါ​အ​လို ရှိ​၏။ သန့်​စင်​စေ'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်​ထို​သူ ကို​တို့​တော်​မူ​၏။ ချက်​ချင်း​ထို​သူ​သည်​အ​ရေ ပြား​ရော​ဂါ​မှ​သန့်​စင်​၍​သွား​လေ​သည်။-
3 E Jesus, estendendo a mão, tocou-o, dizendo: Quero; sê limpo. E logo ficou purificado da lepra.
4 သ​ခင်​ယေ​ရှု​က ``ဤ​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ မ​ပြော​မိ​စေ​ရန်​သတိ​ပြု​လော့။ ယဇ်​ပု​ရော​ဟိတ်​ထံ ကို​သွား​၍​သင်​၏​ကိုယ်​ကို​ပြ​လော့။ ထို​နောက်​လူ​တို့ ရှေ့​တွင်​သက်​သေ​ခံ​အ​ထောက်​အ​ထား​ဖြစ်​စေ​ရန် မော​ရှေ​မိန့်​မှာ​ခဲ့​သည့်​ပူ​ဇော်​သကာ​ကို​ဆက်​သ​လော့'' ဟု​မိန့်​တော်​မူ​၏။
4 Disse-lhe, então, Jesus: Olha, não o digas a alguém, mas vai, mostra-te ao sacerdote e apresenta a oferta que Moisés determinou, para lhes servir de testemunho.
5 က​ပေ​ရ​နောင်​မြို့​ကို​ကိုယ်​တော်​ဝင်​တော်​မူ​သော အ​ခါ ရော​မ​စစ်​ဗိုလ်​တစ်​ယောက်​သည်​အ​ထံ​တော် သို့​လာ​၍၊-
5 E, entrando Jesus em Cafarnaum, chegou junto dele um centurião, rogando-lhe
6 ``အ​ရှင်၊ အ​ကျွန်ုပ်​၏​အ​စေ​ခံ​တစ်​ယောက်​သည်​ပြင်း စွာ​သော​ဝေ​ဒ​နာ​ဖြင့်​အိမ်​တွင်​လဲ​၍​နေ​ပါ​သည်'' ဟု​လျှောက်​ထား​၏။
6 e dizendo: Senhor, o meu criado jaz em casa paralítico e violentamente atormentado.
7 ကိုယ်​တော်​က ``ငါ​လာ​၍​သူ့​ရော​ဂါ​ကို​ပျောက်​ကင်း စေ​မည်'' ဟု​မိန့်​တော်​မူ​လျှင်၊
7 E Jesus lhe disse: Eu irei e lhe darei saúde.
8 စစ်​ဗိုလ်​က ``အ​ရှင်၊ အ​ကျွန်ုပ်​သည်​မ​ထိုက်​မ​တန်​သူ ဖြစ်​သ​ဖြင့်​အ​ကျွန်ုပ်​၏​အိမ်​မိုး​အောက်​သို့​အ​ရှင် ဝင်​တော်​မူ​ရန်​မ​သင့်​လျော်​ပါ။ အ​မိန့်​တော်​သာ ပေး​တော်​မူ​ပါ​လျှင်​အ​ကျွန်ုပ်​၏​အ​စေ​ခံ​သည် ကျန်း​မာ​လာ​ပါ​လိမ့်​မည်။-
8 E o centurião, respondendo, disse: Senhor, não sou digno de que entres debaixo do meu telhado, mas dize somente uma palavra, e o meu criado sarará,
9 အ​ကျွန်ုပ်​သည်​အ​ထက်​အာ​ဏာ​ကို​နာ​ခံ​ရ​သူ ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​၏​လက်​အောက်​တွင်​လည်း​စစ် သား​များ​ရှိ​ပါ​၏။ စစ်​သား​တစ်​ယောက်​ကို​သွား ချေ​ဟု​အ​ကျွန်ုပ်​ဆို​လျှင်​သူ​သည်​သွား​ပါ​၏။ အ​ခြား​တစ်​ယောက်​ကို​လာ​ခဲ့​ဟု​ဆို​လျှင်​လာ ပါ​၏။ ထို့​အ​ပြင်​အ​ကျွန်ုပ်​၏​ကျွန်​အား​ဤ​အ​မှု ကို​ပြု​လော့​ဟု​ဆို​လျှင်​သူ​သည်​ပြု​ပါ​၏'' ဟု လျှောက်​၏။
9 pois também eu sou homem sob autoridade e tenho soldados às minhas ordens; e digo a este: vai, e ele vai; e a outro: vem, e ele vem; e ao meu criado: faze isto, e ele o faz.
10 ဤ​စ​ကား​ကို​သ​ခင်​ယေ​ရှု​ကြား​တော်​မူ​လျှင် အံ့​သြ​တော်​မူ​၏။ သို့​ဖြစ်​၍​နောက်​တော်​သို့​လိုက် လာ​ကြ​သော​ပ​ရိ​သတ်​တို့​အား
10 E maravilhou-se Jesus, ouvindo isso, e disse aos que o seguiam: Em verdade vos digo que nem mesmo em Israel encontrei tanta fé.
11 ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ ကဲ့​သို့​သော​ယုံ​ကြည်​ခြင်း​ကို​ဣသ​ရေ​အ​မျိုး​သား တို့​တွင်​ငါ​မ​တွေ့​မ​ကြုံ​ဘူး​သေး။ လူ​အ​မြောက် အ​မြား​ပင်​အ​ရှေ့​အ​ရပ်​နှင့်​အ​နောက်​အ​ရပ်​မှ လာ​၍​ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​အာ​ဗြ​ဟံ၊ ဣဇက်၊ ယာ​ကုပ်​တို့​နှင့်​အ​တူ​စား​သောက်​ကြ​လိမ့်​မည်။-
11 Mas eu vos digo que muitos virão do Oriente e do Ocidente e assentar-se-ão à mesa com Abraão, e Isaque, e Jacó, no Reino dos céus;
12 သို့​ရာ​တွင်​နိုင်​ငံ​တော်​သား​ဖြစ်​သင့်​သူ​တို့​မူ​ကား ပြင်​ပ​အ​မှောင်​ထဲ​သို့​ထုတ်​ပစ်​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်။ ထို​အ​ရပ်​တွင်​သူ​တို့​သည်​ငို​ကြွေး​မြည် တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက်​နေ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
12 E os filhos do Reino serão lançados nas trevas exteriores; ali, haverá pranto e ranger de dentes.
13 ထို​နောက်​ကိုယ်​တော်​က​စစ်​ဗိုလ်​အား ``အိမ်​သို့​ပြန် လော့။ သင်​ယုံ​ကြည်​သည့်​အ​တိုင်း​ဖြစ်​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ ဤ​သို့​မိန့်​တော်​မူ​သည့်​အ​ချိန်​၌ ပင်​လျှင်​စစ်​ဗိုလ်​၏​အ​စေ​ခံ​သည်​ရော​ဂါ​ပျောက် လေ​၏။
13 Então, disse Jesus ao centurião: Vai, e como creste te seja feito. E, naquela mesma hora, o seu criado sarou.
14 သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု​အိမ်​သို့​ကြွ​တော်​မူ သော​အ​ခါ​ပေ​တ​ရု​၏​ယောက္ခ​မ​မိန်း​မ​သူ​သည် ဖျား​၍​အိပ်​ရာ​ပေါ်​တွင်​လဲ​လျက်​နေ​သည်​ကို မြင်​တော်​မူ​၏။-
14 E Jesus, entrando na casa de Pedro, viu a sogra deste jazendo com febre.
15 ကိုယ်​တော်​သည်​ထို​အ​မျိုး​သ​မီး​၏​လက်​ကို​တို့​ထိ တော်​မူ​လျှင် သူ​မ​သည်​အ​ဖျား​ပျောက်​သွား​သ​ဖြင့် ထ​၍​ကိုယ်​တော်​အား​ဧည့်​သည်​ဝတ်​ပြု​လေ​၏။
15 E tocou-lhe na mão, e a febre a deixou; e levantou-se e serviu-os.
16 ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ​လူ​တို့​သည် နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​အ​မြောက်​အ​မြား​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည် နတ်​မိစ္ဆာ​တို့​ကို​အ​မိန့်​ပေး​၍​နှင်​ထုတ်​တော်​မူ​၏။ ရော​ဂါ​သည်​အ​ပေါင်း​ကို​လည်း​ကျန်း​မာ​စေ တော်​မူ​၏။-
16 E, chegada a tarde, trouxeram-lhe muitos endemoninhados, e ele, com a sua palavra, expulsou deles os espíritos e curou todos os que estavam enfermos,
17 ဤ​သို့​လျှင် ``ကိုယ်​တော်​သည်​ငါ​တို့​၏​အ​ဖျား​အ​နာ များ​နှင့်​ရော​ဂါ​ဝေ​ဒ​နာ​များ​ကို​ဆောင်​ယူ​သွား တော်​မူ​၏'' ဟူ​၍ ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ခဲ့​သည့် စ​ကား​အ​တိုင်း​ဖြစ်​ပျက်​၍​လာ​သ​တည်း။
17 para que se cumprisse o que fora dito pelo profeta Isaías, que diz: Ele tomou sobre si as nossas enfermidades e levou as nossas doenças.
18 သ​ခင်​ယေ​ရှု​သည်​မိ​မိ​ပတ်​လည်​ရှိ​လူ​ပ​ရိ​သတ် ကို​တွေ့​မြင်​တော်​မူ​လျှင် အိုင်​တစ်​ဖက်​သို့​ထွက်​ခွာ ရန်​တ​ပည့်​တော်​တို့​အား​အ​မိန့်​ပေး​တော်​မူ​၏။-
18 E Jesus, vendo em torno de si uma grande multidão, ordenou que passassem para a outra margem.
19 ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​သည်​လာ​၍​ကိုယ် တော်​အား ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​သည်​အ​ရှင် ကြွ​တော်​မူ​ရာ​သို့​လိုက်​ပါ​မည်'' ဟု​လျှောက် ထား​၏။
19 E, aproximando-se dele um escriba, disse: Mestre, aonde quer que fores, eu te seguirei.
20 သ​ခင်​ယေ​ရှု​က ``မြေ​ခွေး​မှာ​တွင်း​ရှိ​၏။ ငှက်​မှာ အ​သိုက်​ရှိ​၏။ လူ​သား​မှာ​မူ​ကား​ခေါင်း​ချ​စ​ရာ နေ​ရာ​မျှ​မ​ရှိ'' ဟု​မိန့်​တော်​မူ​၏။
20 E disse Jesus: As raposas têm covis, e as aves do céu
21 အ​ခြား​တ​ပည့်​တော်​တစ်​ဦး​က ``အ​ရှင်၊ အ​ကျွန်ုပ် အား​အ​ဖ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ရန်​ခွင့်​ပြု​တော် မူ​ပါ'' ဟု​လျှောက်​ထား​၏။
21 E outro de seus discípulos lhe disse: Senhor, permite-me que, primeiramente, vá sepultar meu pai.
22 သို့​သော်​ကိုယ်​တော်​က ``သင်​သည်​ငါ​နောက်​ကို လိုက်​လော့။ သူ​သေ​တို့​အား​သူ​သေ​တို့​ပင်​သင်္ဂြိုဟ် ကြ​ပါ​လေ​စေ'' ဟု​မိန့်​တော်​မူ​၏။
22 Jesus, porém, disse-lhe: Segue-me e deixa aos mortos sepultar os seus mortos.
23 ကိုယ်​တော်​သည်​လှေ​ပေါ်​သို့​တက်​တော်​မူ​၏။ တ​ပည့် တော်​တို့​သည်​လည်း​ကိုယ်​တော်​နှင့်​အ​တူ​လိုက်​သွား ကြ​၏။-
23 E, entrando ele no barco, seus discípulos o seguiram.
24 အိုင်​ထဲ​တွင်​ရုတ်​တ​ရက်​လေ​မုန်​တိုင်း​ကျ​လာ​သ​ဖြင့် လှေ​သည်​လှိုင်း​တံ​ပိုး​များ​ထဲ​တွင်​နစ်​လု​မ​တတ် ရှိ​တော့​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ကား​အိပ်​စက် လျက်​နေ​တော်​မူ​၏။-
24 E eis que, no mar, se levantou uma tempestade tão grande, que o barco era coberto pelas ondas; ele, porém, estava dormindo.
25 တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​ကို​နှိုး​၍ ``အ​ရှင်၊ ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သေ​ဆုံး​ရ​ကြ​ပါ တော့​မည်'' ဟု​လျှောက်​ကြ​၏။
25 E os seus discípulos, aproximando-se, o despertaram, dizendo: Senhor, salva-nos, que perecemos.
26 ကိုယ်​တော်​က ``ယုံ​ကြည်​မှု​နည်း​သူ​တို့၊ သင်​တို့ အ​ဘယ်​ကြောင့်​ကြောက်​လန့်​သ​နည်း'' ဟု​မိန့်​တော် မူ​ပြီး​နောက် အိပ်​စက်​ရာ​မှ​ထ​တော်​မူ​၍​လေ​နှင့် လှိုင်း​များ​ကို​ဆုံး​မ​တော်​မူ​၏။ လေ​နှင့်​လှိုင်း​တို့ သည်​ငြိမ်​သက်​သွား​ကြ​၏။
26 E ele disse-lhes: Por que temeis, Então, levantando-se, repreendeu os ventos e o mar, e seguiu-se uma grande bonança.
27 တ​ပည့်​တော်​တို့​သည်​အံ့​သြ​၍ ``ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့်​လှိုင်း​များ​ပင် လျှင်​သူ​၏​အ​မိန့်​ကို​လိုက်​နာ​ကြ​ပါ​တ​ကား'' ဟု​ဆို​ကြ​၏။
27 E aqueles homens se maravilharam, dizendo: Que homem é este, que até os ventos e o mar lhe obedecem?
28 ကိုယ်​တော်​သည်​အိုင်​တစ်​ဖက်​ကမ်း​ရှိ​ဂါ​ဒ​ရ​နယ် သို့​ကြွ​လာ​တော်​မူ​၏။ ထို​အ​ခါ​နတ်​မိစ္ဆာ​ပူး​ဝင် သူ​လူ​နှစ်​ယောက်​သည် သင်္ချိုင်း​ဂူ​များ​အ​ကြား​မှ ထွက်​လာ​ပြီး​လျှင်​ကိုယ်​တော်​နှင့်​တွေ့​ဆုံ​ကြ​၏။ ထို​သူ​တို့​သည်​လွန်​စွာ​ဆိုး​သွမ်း​သ​ဖြင့် မည်​သူ မျှ​ထို​လမ်း​ကို​မ​သွား​ဝံ့​ကြ။-
28 E, tendo chegado à outra margem, à província dos gadarenos, saíram-lhe ao encontro dois endemoninhados, vindos dos sepulcros; tão ferozes eram, que ninguém podia passar por aquele caminho.
29 ထို​သူ​တို့​က ``ဘု​ရား​သ​ခင်​၏​သား​တော်၊ အ​ရှင် သည်​အ​ကျွန်ုပ်​တို့​ကို​မည်​သို့​ပြု​လို​တော်​မူ​ပါ သ​နည်း။ အ​ချိန်​မ​ကျ​မီ​အ​ကျွန်ုပ်​တို့​အား​ဒဏ် ခတ်​ရန်​ဤ​အ​ရပ်​သို့​ကြွ​လာ​တော်​မူ​ပါ​သ​လော'' ဟု​ဟစ်​အော်​လျှောက်​ထား​ကြ​၏။
29 E eis que clamaram, dizendo: Que temos nós contigo, Jesus, Filho de Deus? Vieste aqui atormentar-nos antes do tempo?
30 ထို​သူ​တို့​နှင့်​အ​နည်း​ငယ်​မျှ​ဝေး​သော​နေ​ရာ​တွင် ဝက်​အုပ်​ကြီး​တစ်​အုပ်​သည်​အ​စာ​စား​လျက်​ရှိ​၏။-
30 E andava pastando distante deles uma manada de muitos porcos.
31 နတ်​မိစ္ဆာ​တို့​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​ကို​နှင်​ထုတ်​မည် ဆို​ပါ​က​အ​ကျွန်ုပ်​တို့​အား​ထို​ဝက်​များ​ကို​ပူး​ဝင် ခွင့်​ပြု​တော်​မူ​ပါ'' ဟု​တောင်း​ပန်​ကြ​၏။
31 E os demônios rogaram-lhe, dizendo: Se nos expulsas, permite-nos que entremos naquela manada de porcos.
32 ကိုယ်​တော်​က​လည်း ``သွား​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ နတ်​မိစ္ဆာ​တို့​သည်​ထို​သူ​တို့​ထံ​မှ​ထွက်​ခွာ​၍ ဝက်​များ ကို​ပူး​ဝင်​ကြ​သ​ဖြင့်​ဝက်​အုပ်​တစ်​အုပ်​လုံး​ပင် ချောက် ကမ်း​ပါး​အ​တိုင်း​ပြေး​ဆင်း​ကာ​အိုင်​ထဲ​တွင်​နစ်​မြုပ် သေ​ဆုံး​ကြ​၏။
32 E ele lhes disse: Ide. E, saindo eles, se introduziram na manada dos porcos; e eis que toda aquela manada de porcos se precipitou no mar por um despenhadeiro, e morreram nas águas.
33 ဝက်​ထိန်း​များ​သည်​မြို့​သို့​ထွက်​ပြေး​ပြီး​နောက် နတ်​မိစ္ဆာ​ပူး​ဝင်​သူ​လူ​နှစ်​ယောက်​အ​ကြောင်း​နှင့် မိ​မိ တို့​တွေ့​ကြုံ​ရ​သည့်​အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ ကို​ပြော​ကြား​ကြ​၏။-
33 Os porqueiros fugiram e, chegando à cidade, divulgaram tudo o que acontecera aos endemoninhados.
34 သို့​ဖြစ်​၍​ထို​မြို့​တစ်​မြို့​လုံး​ပင်​လျှင်​သ​ခင်​ယေ​ရှု ထံ​သို့​လိုက်​လာ​ကြ​လေ​သည်။ ကိုယ်​တော်​ကို​တွေ့​သော အ​ခါ​မိ​မိ​တို့​ဒေ​သ​မှ​ထွက်​ခွာ​သွား​တော်​မူ​ရန် တောင်း​ပန်​ကြ​၏။
34 E eis que toda aquela cidade saiu ao encontro de Jesus, e, vendo-o, rogaram-lhe que se retirasse do seu território.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.