Mateus 6
Common Language Bible (MYA) vs NTLH
1 ``သင်တို့သည်အများမြင်သာအောင်လူမြင်ကွင်း တွင် အလှူဒါနမပြုမိစေရန်သတိပြုကြလော့။ သို့မဟုတ်ပါမူကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် သင်တို့အားမည်သည့်ကောင်း ချီးကိုမျှပေးသနားတော်မူလိမ့်မည်မဟုတ်။
1 — Tenham o cuidado de não praticarem os seus deveres religiosos em público a fim de serem vistos pelos outros. Se vocês agirem assim, não receberão nenhuma recompensa do Pai de vocês, que está no céu.
2 ``ထိုကြောင့်သင်သည်လှူဒါန်းသောအခါသူတော် ကောင်းယောင်ဆောင်သူတို့ကဲ့သို့ တရားဇရပ်များ နှင့်လမ်းဆုံလမ်းခွများတွင်မိမိတို့ကိုယ်ကိုထင် ပေါ်အောင်မပြုကြနှင့်။ သူတို့သည်လူများ၏ အချီးအမွမ်းကိုခံလို၍ဤသို့ပြုကြခြင်း ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကားထိုသူတို့ခံစားလိုသည့်အကျိုးကို ခံစားရကြ၏။-
2 — Quando você der alguma coisa a uma pessoa necessitada, não fique contando o que fez, como os hipócritas fazem nas
3 သင်သည်လှူဒါန်းသောအခါမထင်မရှားပြုလော့။-
3 Mas você, quando ajudar alguma pessoa necessitada, faça isso de tal modo que nem mesmo o seu amigo mais íntimo fique sabendo do que você fez.
4 သင်၏လက်ယာလက်ပြုသောအမှုကိုသင်၏လက်ဝဲ လက်မသိစေနှင့်။ မထင်မရှားပြုသောအမှုကို မြင်တော်မူသောသင်၏အဖသည်သင့်အားကောင်း ချီးပေးသနားတော်မူလိမ့်မည်။
4 Isso deve ficar em segredo; e o seu Pai, que vê o que você faz em segredo, lhe dará a recompensa.
5 ``သင်သည်ဆုတောင်းပတ္ထနာပြုသောအခါ သူတော် ယောင်ဆောင်သူတို့ကဲ့သို့မပြုကြနှင့်။ ထိုသူတို့သည် လူများမြင်သာအောင်တရားဇရပ်များနှင့်လမ်းဆုံ လမ်းခွများမှာရပ်လျက်ဆုတောင်းပတ္ထနာပြုတတ် ကြ၏။ အမှန်အကန်သင်တို့အားငါဆိုသည်ကား ထိုသူတို့သည်မိမိတို့ခံစားလိုသည့်အကျိုးကို ခံစားရကြပြီ။-
5 — Quando vocês orarem, não sejam como os hipócritas. Eles gostam de orar de pé nas
6 သို့ရာတွင်သင်တို့သည်ဆုတောင်းပတ္ထနာပြုသော အခါအိမ်အတွင်းခန်းသို့ဝင်၍တံခါးကိုပိတ်ပြီး လျှင် မျက်စိနှင့်မတွေ့မမြင်နိုင်သောသင်တို့၏အဖ ထံတော်သို့ဆုတောင်းပတ္ထနာပြုကြလော့။ မထင် မရှားပြုသောအမှုကိုမြင်တော်မူသောသင်တို့ ၏အဖသည်သင်တို့အားကောင်းချီးပေးသနား တော်မူလိမ့်မည်။
6 Mas você, quando orar, vá para o seu quarto, feche a porta e ore ao seu Pai, que não pode ser visto. E o seu Pai, que vê o que você faz em segredo, lhe dará a recompensa.
7 ``သင်တို့သည်ဆုတောင်းပတ္ထနာပြုသောအခါ ဘုရားသခင်ကိုမကိုးကွယ်သူတို့နည်းတူ အနက်အဋ္ဌိပ္ပါယ်မရှိသောစကားများကို မသုံးကြနှင့်။ ထိုသူတို့သည်ရှည်လျားစွာ ဆုတောင်းပတ္ထနာပြုလျှင် တောင်းသောဆုရ လိမ့်မည်ဟုထင်မှတ်ကြ၏။-
7 — Nas suas orações, não fiquem repetindo o que vocês já disseram, como fazem os pagãos. Eles pensam que Deus os ouvirá porque fazem orações compridas.
8 သင်တို့မူကားထိုသူတို့ကဲ့သို့မပြုကြနှင့်။ သင်တို့၏အဖသည်သင်တို့မတောင်းမလျှောက် မီကပင် သင်တို့လိုသောအရာတို့ကိုသိနှင့် ပြီးဖြစ်တော်မူ၏။-
8 Não sejam como eles, pois, antes de vocês pedirem, o Pai de vocês já sabe o que vocês precisam.
9 သို့ဖြစ်၍သင်တို့ဆုတောင်းပတ္ထနာပြုသောအခါ
9 Portanto, orem assim:
10 နိုင်ငံတော်တည်ပါစေသော။
10 Venha o teu
11 ယနေ့အတွက်လိုအပ်သောအစားအစာကို၊
11 Dá-nos hoje o alimento que precisamos.
12 အကျွန်ုပ်တို့ကိုပြစ်မှားသောသူတို့၏အပြစ်များကို
12 Perdoa as nossas ofensas
13 အကျွန်ုပ်တို့အားကြီးမားသောစုံစမ်း သွေးဆောင်ခြင်းကိုခံစေတော်မမူဘဲ၊
13 E não deixes que sejamos tentados,
14 ``သင်တို့သည်သူတစ်ပါးတို့ပြစ်မှားသည့်အပြစ် များကိုဖြေလွှတ်ပါလျှင် ကောင်းကင်ဘုံရှင်သင်တို့ ၏အဖသည်လည်းသင်တို့၏အပြစ်များကို ဖြေလွှတ်တော်မူလိမ့်မည်။-
14 — Porque, se vocês perdoarem as pessoas que ofenderem vocês, o Pai de vocês, que está no céu, também perdoará vocês.
15 သို့ရာတွင်သင်တို့သည်သူတစ်ပါးတို့ပြစ်မှား သည့်အပြစ်များကိုမဖြေမလွှတ်ကြလျှင်မူ ကား သင်တို့အဖသည်လည်းသင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူလိမ့်မည်မဟုတ်။
15 Mas, se não perdoarem essas pessoas, o Pai de vocês também não perdoará as ofensas de vocês.
16 ``သင်တို့သည်အစာရှောင်ကြသောအခါ သူတော် ကောင်းယောင်ဆောင်သူတို့ကဲ့သို့ ညှိုးငယ်သောအသွင် ကိုမဆောင်ကြနှင့်။ ထိုသူတို့သည်မိမိတို့အစာ ရှောင်လျက်နေကြောင်းထင်ပေါ်စေလိုသဖြင့် ဆာလောင် မွတ်သိပ်သောအမူအရာဖြင့်သွားလာတတ်ကြ၏။ အမှန်အကန်သင်တို့အားငါဆိုသည်ကား ထို သူတို့သည်မိမိတို့ခံစားလိုသည့်အကျိုးကို အပြည့်အဝခံစားရကြပြီ။-
16 — Quando vocês jejuarem, não façam uma cara triste como fazem os hipócritas, pois eles fazem isso para todos saberem que eles estão jejuando. Eu afirmo a vocês que isto é verdade: eles já receberam a sua recompensa.
17 သင်တို့သည်အစာရှောင်ကြသောအခါမျက်စိ ဖြင့်မတွေ့မမြင်နိုင်သော သင်တို့၏အဖမှလွဲ၍ အခြားမည်သူမျှမသိစေရန် မျက်နှာကိုသစ် ၍ဦးခေါင်းကိုဖြီးကြလော့။-
17 Mas você, quando jejuar, lave o rosto e penteie o cabelo
18 သင်တို့မထင်မရှားပြုသောအမှုကိုမြင်တော်မူ သောသင်တို့၏အဖသည် သင်တို့အားကောင်းချီး ပေးသနားတော်မူလိမ့်မည်။
18 para os outros não saberem que você está jejuando. E somente o seu Pai, que não pode ser visto, saberá que você está jejuando. E o seu Pai, que vê o que você faz em segredo, lhe dará a recompensa.
19 ``သံချေးပိုးရွဖျက်ဆီးတတ်၍သူခိုးဋ္ဌားပြ ထွင်းဖောက်ခိုးယူနိုင်သောလောကဘဏ္ဍာကို မစုဆောင်းကြနှင့်။-
19 — Não ajuntem riquezas aqui na terra, onde as traças e a ferrugem destroem, e onde os ladrões arrombam e roubam.
20 သံချေးပိုးရွမဖျက်မဆီး၊ သူခိုးဋ္ဌားပြမထွင်း မဖောက်မခိုးမယူနိုင်သောဘဏ္ဍာကိုကောင်းကင်ဘုံ ၌စုဆောင်းကြလော့။-
20 Pelo contrário, ajuntem riquezas no céu, onde as traças e a ferrugem não podem destruí-las, e os ladrões não podem arrombar e roubá-las.
21 အဘယ်ကြောင့်ဆိုသော်သင်တို့၏ဘဏ္ဍာရှိရာသို့ သင်တို့၏စိတ်ရောက်တတ်သောကြောင့်ဖြစ်၏။
21 Pois onde estiverem as suas riquezas, aí estará o coração de vocês.
22 ``မျက်စိသည်ကိုယ်ခန္ဓာ၏ဆီမီးသဖွယ်ဖြစ်၏။ မျက်စိကြည်လင်လျှင်သင်တို့၏ကိုယ်ခန္ဓာတစ်ခု လုံးလင်းလိမ့်မည်။-
22 — Os olhos são como uma luz para o corpo: quando os olhos de vocês são bons, todo o seu corpo fica cheio de luz.
23 သို့ရာတွင်သင်တို့၏မျက်စိမွဲလျှင်မူကားကိုယ် ခန္ဓာတစ်ခုလုံးမှောင်လိမ့်မည်။ သို့ဖြစ်၍သင်တို့ တွင်ရှိသောအလင်းသည်အမှောင်ဖြစ်လျှင်ထို အမှောင်သည်လွန်စွာမှောင်လိမ့်မည်။
23 Porém, se os seus olhos forem maus, o seu corpo ficará cheio de escuridão. Assim, se a luz que está em você virar escuridão, como será terrível essa escuridão!
24 ``မည်သူမျှသခင်နှစ်ဦး၏အစေကိုမခံနိုင်။ သခင် တစ်ဦးကိုမုန်း၍တစ်ဦးကိုချစ်လိမ့်မည်။ သခင်တစ်ဦး ကိုသစ္စာစောင့်၍တစ်ဦးကိုမလေးမခန့်ပြုလိမ့်မည်။ သင်တို့သည်တစ်ချိန်တည်း၌ဘုရားသခင်၏ အစေနှင့်လောကစည်းစိမ်၏အစေကိုမခံနိုင်ကြ။
24 — Um escravo não pode servir a dois donos ao mesmo tempo, pois vai rejeitar um e preferir o outro; ou será fiel a um e desprezará o outro. Vocês não podem servir a Deus e também servir ao dinheiro.
25 ``ထိုကြောင့်သင်တို့အားငါဆိုသည်ကားသင်တို့ သည်အဘယ်အရာကိုစားသောက်ရပါမည်နည်း ဟု အသက်ရှင်ရေးအတွက်မစိုးရိမ်ကြနှင့်။ အဘယ် အရာကိုဝတ်ရပါမည်နည်းဟုကိုယ်ခန္ဓာအတွက် မစိုးရိမ်ကြနှင့်။ အသက်သည်အစားအသောက် ထက်လည်းကောင်း၊ ကိုယ်ခန္ဓာသည်အဝတ်ထက်လည်း ကောင်းပို၍အရေးကြီးသည်မဟုတ်လော။-
25 — Por isso eu digo a vocês: não se preocupem com a comida e com a bebida que precisam para viver nem com a roupa que precisam para se vestir. Afinal, será que a vida não é mais importante do que a comida? E será que o corpo não é mais importante do que as roupas?
26 မိုးကောင်းကင်တွင်ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည်မျိုးကိုမကြဲ၊ ကောက်နှံများကိုမရိတ်မသိမ်း၊ ကျီများတွင်လည်း သိုလှောင်မှုကိုမပြု။ သို့ရာတွင်ကောင်းကင်ဘုံရှင် သင်တို့အဖသည်ထိုငှက်တို့အားကျွေးမွေးတော် မူ၏။ သင်တို့သည်ကားငှက်များထက်များစွာပို ၍မြတ်သည်မဟုတ်လော။-
26 Vejam os passarinhos que voam pelo céu: eles não semeiam, não colhem, nem guardam comida em depósitos. No entanto, o Pai de vocês, que está no céu, dá de comer a eles. Será que vocês não valem muito mais do que os passarinhos?
27 သင်တို့တွင်အဘယ်သူသည်စိုးရိမ်ကြောင့်ကြခြင်း အားဖြင့် မိမိ၏အသက်ကိုနှစ်အနည်းငယ်မျှပို ၍ရှည်စေနိုင်သနည်း။
27 E nenhum de vocês pode encompridar a sua vida, por mais que se preocupe com isso.
28 ``သင်တို့သည်အဘယ်ကြောင့်အဝတ်အတွက်စိုးရိမ် ကြောင့်ကြသနည်း။ တောနှင်းပန်းများအဘယ်သို့ ရှင်သန်လာသည်ကိုကြည့်ရှုဆင်ခြင်ကြလော့။ ထို ပန်းပင်တို့သည်အလုပ်လည်းမလုပ်၊ ဗိုင်းလည်းမငင်၊-
28 — E por que vocês se preocupam com roupas? Vejam como crescem as flores do campo: elas não trabalham, nem fazem roupas para si mesmas.
29 သို့ရာတွင်အလွန်ချမ်းသာကြွယ်ဝသည့်ရှောလမုန် မင်းကြီးပင်လျှင်ထိုပန်းပင်တစ်ပင်ကဲ့သို့လှပ အောင်မဝတ်မဆင်နိုင်ဟုသင်တို့အားငါဆို၏။-
29 Mas eu afirmo a vocês que nem mesmo Salomão, sendo tão rico, usava roupas tão bonitas como essas flores.
30 ဘုရားသခင်အပေါ်ယုံကြည်ကိုးစားမှုနည်း သူတို့၊ ယနေ့တောထဲတွင်ရှိ၍နက်ဖြန်မီးထဲသို့ ရောက်ရသောတောမြက်မျိုးကိုဘုရားသခင်သည် ဤသို့ဆင်ယင်ပေးပါလျှင်သင်တို့အားထိုထက် မကဆင်ယင်ပေးတော်မူမည်မဟုတ်လော။
30 É Deus quem veste a erva do campo, que hoje dá flor e amanhã desaparece, queimada no forno. Então é claro que ele vestirá também vocês, que têm uma fé tão pequena!
31 ``ထို့ကြောင့်အဘယ်သို့စားသောက်ရမည်နည်း၊ အဘယ်သို့ဝတ်ရမည်နည်းဟုမစိုးရိမ်ကြနှင့်။-
31 Portanto, não fiquem preocupados, perguntando: “Onde é que vamos arranjar comida?” ou “Onde é que vamos arranjar bebida?” ou “Onde é que vamos arranjar roupas?”
32 (ဘုရားသခင်ကိုမယုံကြည်မကိုးစားသူတို့ သည်ထိုသို့စိုးရိမ်တတ်ကြသည်) ကောင်းကင်ဘုံရှင် သင်တို့၏အဖသည်ထိုအရာအားလုံးကိုသင် တို့လိုကြောင်းသိတော်မူ၏။-
32 Pois os pagãos é que estão sempre procurando essas coisas. O Pai de vocês, que está no céu, sabe que vocês precisam de tudo isso.
33 ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။-
33 Portanto, ponham em primeiro lugar na sua vida o
34 ထို့ကြောင့်နက်ဖြန်နေ့အဖို့မစိုးရိမ်ကြနှင့်။ နက်ဖြန် နေ့နှင့်သက်ဆိုင်သည့်စိုးရိမ်စရာများကိုထိုနေ့၌ ကြုံတွေ့ဖြေရှင်းရလိမ့်မည်။ ယနေ့ကြုံတွေ့ရသည့် စိုးရိမ်စရာများသည်ယနေ့အတွက်တော်လောက် ပေ၏။
34 Por isso, não fiquem preocupados com o dia de amanhã, pois o dia de amanhã trará as suas próprias preocupações. Para cada dia bastam as suas próprias dificuldades.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Mateus 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.