Mateus 28
Common Language Bible (MYA) vs VC
1 ဥပုသ်နေ့ကုန်လွန်ပြီးနောက်တနင်္ဂနွေနေ့မိုးလင်း စပြုသောအခါ မာဂဒလမြို့သူမာရိနှင့် အခြားမာရိတို့သည်သင်္ချိုင်းတော်သို့လာကြ၏။-
1 Depois do sábado, quando amanhecia o primeiro dia da semana, Maria Madalena e a outra Maria foram ver o túmulo.
2 ထိုအချိန်၌မြေငလျင်ပြင်းစွာလှုပ်လေသည်။ ဘုရားသခင်၏ကောင်းကင်တမန်သည်ကောင်းကင် ဘုံမှဆင်းသက်လာ၍ သင်္ချိုင်းဂူဝမှကျောက်တုံး ကိုလှိမ့်ဖယ်လိုက်ပြီးလျှင်ထိုကျောက်တုံးပေါ်မှာ ထိုင်နေ၏။-
2 E eis que houve um violento tremor de terra: um anjo do Senhor desceu do céu, rolou a pedra e sentou-se sobre ela.
3 သူ၏အဆင်းသဏ္ဌာန်သည်လျှပ်စစ်လက်သကဲ့သို့ ဖြစ်၍သူ၏အဝတ်သည်မိုးပွင့်ကဲ့သို့ဖြူ၏။-
3 Resplandecia como relâmpago e suas vestes eram brancas como a neve.
4 အစောင့်တပ်သားများသည်လွန်စွာကြောက်လန့် သဖြင့်တုန်လှုပ်ကာသေသကဲ့သို့ဖြစ်ကြ၏။
4 Vendo isto, os guardas pensaram que morreriam de pavor.
5 ကောင်းကင်တမန်ကအမျိုးသမီးတို့အား ``မ ကြောက်ကြနှင့်။ လက်ဝါးကပ်တိုင်တွင်တင်၍ အသတ်ခံရသည့်ယေရှုကိုသင်တို့ရှာနေ ကြောင်းကိုငါသိ၏။-
5 Mas o anjo disse às mulheres: Não temais! Sei que procurais Jesus, que foi crucificado.
6 ကိုယ်တော်သည်ယခင်ကမိန့်တော်မူသည့်အတိုင်း သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ လျောင်း တော်မူသည့်နေရာကိုကြည့်ကြလော့။-
6 Não está aqui: ressuscitou como disse. Vinde e vede o lugar em que ele repousou.
7 တပည့်တော်တို့ထံသို့အလျင်အမြန်သွား၍ `ကိုယ် တော်သည်သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ သင်တို့အလျင်ဂါလိလဲပြည်သို့ကြွတော်မူမည် ဖြစ်၍ ထိုအရပ်တွင်ကိုယ်တော်ကိုသင်တို့တွေ့ရ ကြလိမ့်မည်' ဟုပြောကြားကြလော့။ ငါပြော သည့်စကားကိုမမေ့ကြနှင့်'' ဟုဆို၏။
7 Ide depressa e dizei aos discípulos que ele ressuscitou dos mortos. Ele vos precede na Galiléia. Lá o haveis de rever, eu vo-lo disse.
8 အမျိုးသမီးတို့သည်ကြောက်လန့်သော်လည်း အလွန်ရွှင်လန်းဝမ်းမြောက်စွာသင်္ချိုင်းဂူမှအလျင် အမြန်ထွက်ခွာ၍ တပည့်တော်တို့အားထိုသတင်း ကိုပြောကြားရန်ပြေးကြ၏။
8 Elas se afastaram prontamente do túmulo com certo receio, mas ao mesmo tempo com alegria, e correram a dar a boa nova aos discípulos.
9 ထိုအချိန်၌သခင်ယေရှုသည်သူတို့၏ထံသို့ ရောက်ရှိလာကာ ``သင်တို့သည်မင်္ဂလာရှိပါစေ သော'' ဟုမိန့်တော်မူ၏။ ထိုအမျိုးသမီးတို့ သည်အထံတော်သို့ချဉ်းကပ်၍ခြေတော်ကို ဖက်ယမ်းလျက်ပျပ်ဝပ်ရှိခိုးကြ၏။-
9 Nesse momento, Jesus apresentou-se diante delas e disse-lhes: Salve! Aproximaram-se elas e, prostradas diante dele, beijaram-lhe os pés.
10 ထိုအခါသခင်ယေရှုက ``မကြောက်ကြနှင့်။ သွား၍ငါ၏ညီအစ်ကိုများအားဂါလိလဲ ပြည်သို့သွားရန်ပြောကြားကြလော့။ သူတို့ သည်ထိုပြည်တွင်ငါ့ကိုမြင်ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
10 Disse-lhes Jesus: Não temais! Ide dizer aos meus irmãos que se dirijam à Galiléia, pois é lá que eles me verão.
11 အမျိုးသမီးတို့ထွက်ခွာသွားကြစဉ်အစောင့် တပ်သားအချို့တို့သည်မြို့ထဲသို့ဝင်၍ ယဇ်ပုရော ဟိတ်ကြီးများအားဖြစ်ပျက်သည့်အကြောင်း အရာအလုံးစုံကိုကြားပြောကြ၏။-
11 Enquanto elas voltavam, alguns homens da guarda já estavam na cidade para anunciar o acontecimento aos príncipes dos sacerdotes.
12 ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာရေးခေါင်း ဆောင်များသည်စုရုံးတိုင်ပင်ကြပြီးနောက်စစ် သားများအားငွေအမြောက်အမြားပေး၍၊-
12 Reuniram-se estes em conselho com os anciãos. Deram aos soldados uma importante soma de dinheiro, ordenando-lhes:
13 ``ညဥ့်အခါငါတို့အိပ်ပျော်နေခိုက်ထိုသူ၏ တပည့်တို့သည်လာ၍အလောင်းကိုခိုးယူသွား ကြပါသည်'' ဟုပြောကြလော့။-
13 Vós direis que seus discípulos vieram retirá-lo à noite, enquanto dormíeis.
14 အကယ်၍ထိုသတင်းကိုဘုရင်ခံမင်းကြားသိ သွားပါလျှင် သင်တို့အပေါ်တွင်အမှုမပတ်စေရန် သူ့အားငါတို့ဖျောင်းဖျပေးမည်'' ဟုဆိုကြ၏။
14 Se o governador vier a sabê-lo, nós o acalmaremos e vos tiraremos de dificuldades.
15 စစ်သားတို့သည်ငွေကိုယူ၍ယဇ်ပုရောဟိတ်ကြီး များသင်ကြားပေးလိုက်သည့်အတိုင်းပြောကြ၏။ စစ်သားတို့ပြောကြားသည့်သတင်းကိုယနေ့တိုင် အောင်ယုဒအမျိုးသားတို့သည်အနှံ့အြုပားပြောဆို ကြ၏။
15 Os soldados receberam o dinheiro e seguiram suas instruções. E esta versão é ainda hoje espalhada entre os judeus.
16 တပည့်တော်တစ်ဆယ့်တစ်ဦးတို့သည်သခင်ယေရှု မှာကြားတော်မူသည့်အတိုင်းဂါလိလဲပြည် တောင်ပေါ်သို့သွားကြ၏။-
16 Os onze discípulos foram para a Galiléia, para a montanha que Jesus lhes tinha designado.
17 သူတို့သည်ကိုယ်တော်ကိုတွေ့မြင်သောအခါ ပျပ်ဝပ်ရှိခိုးကြ၏။ သို့ရာတွင်ထိုသူတို့အနက် အချို့သောသူတို့သည်ယုံမှားသံသယဖြစ် ကြ၏။-
17 Quando o viram, adoraram-no; entretanto, alguns hesitavam ainda.
18 သခင်ယေရှုသည်တပည့်တော်တို့အနီးသို့ကြွလာ တော်မူလျက် ``ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်းရှိသမျှသောတန်ခိုး အာဏာတို့ကိုငါခံယူရရှိထားလေပြီ။-
18 Mas Jesus, aproximando-se, lhes disse: Toda autoridade me foi dada no céu e na terra.
19 သို့ဖြစ်၍သင်တို့သည်သွား၍လူမျိုးတကာတို့ ကိုငါ့တပည့်ဖြစ်စေကြလော့။ သူတို့အားခမည်း တော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ ကိုအမှီပြု၍ဗတ္တိဇံမင်္ဂလာကိုပေးကြလော့။-
19 Ide, pois, e ensinai a todas as nações; batizai-as em nome do Pai, do Filho e do Espírito Santo.
20 သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
20 Ensinai-as a observar tudo o que vos prescrevi. Eis que estou convosco todos os dias, até o fim do mundo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Mateus 28, comparar traduções ou montar um estudo — tudo direto pelo WhatsApp.