Mateus 27
Common Language Bible (MYA) vs ARIB
1 နံနက်စောစော၌ယဇ်ပုရောဟိတ်ကြီးများနှင့် ဘာသာရေးခေါင်းဆောင်များသည် သခင်ယေရှု ကိုသတ်ရန်တိုင်ပင်ကြ၏။-
1 Ora, chegada a manhã, todos os principais sacerdotes e os anciãos do povo entraram em conselho contra Jesus, para o matarem;
2 ထိုနောက်ကိုယ်တော်ကိုချည်နှောင်၍ရောမဘုရင်ခံ ပိလတ်မင်းထံပို့ဆောင်၍အပ်လိုက်ကြ၏။
2 e, maniatando-o, levaram-no e o entregaram a Pilatos, o governador.
3 ထိုနောက်ကိုယ်တော်အားရန်သူ့လက်သို့အပ်ခဲ့သူ ယုဒသည် ကိုယ်တော်သေဒဏ်စီရင်ခြင်းခံရကြောင်း ကိုသိမြင်လျှင် နောင်တရလျက်ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာရေးခေါင်း ဆောင်များထံသို့ပြန်၍ယူခဲ့ပြီးလျှင်၊-
3 Então Judas, aquele que o traíra, vendo que Jesus fora condenado, devolveu, compungido, as trinta moedas de prata aos anciãos, dizendo:
4 ``အကျွန်ုပ်သည်အပြစ်ကင်းသူကိုသေစေရန်အပ် မိပါပြီ'' ဟုဆို၏။ သို့ရာတွင်ထိုသူတို့က ``ဤ ကိစ္စသည်ငါတို့နှင့်မည်သို့ဆိုင်ပါသနည်း။ သင် ၏တာဝန်သာဖြစ်၏'' ဟုပြန်ပြောကြ၏။-
4 Pequei, traindo o sangue inocente. Responderam eles: Que nos importa? Seja isto lá contigo.
5 ထိုအခါယုဒသည်ငွေဒင်္ဂါးသုံးဆယ်ကိုဗိမာန် တော်တွင်ပစ်ချကာထွက်သွား၏။ ထိုနောက်အခြား သို့သွားပြီးလျှင်ကြိုးဆွဲချ၍သေလေ၏။
5 E tendo ele atirado para dentro do santuário as moedas de prata, retirou-se, e foi enforcar-se.
6 ယဇ်ပုရောဟိတ်ကြီးများသည်ထိုငွေကိုကောက်ယူ ၍ ``ဤငွေကားသွေးဖိုးငွေဖြစ်၏။ သို့ဖြစ်၍ဤငွေ ကိုဘဏ္ဍာတော်တိုက်ထဲသို့မသွင်းအပ်'' ဟုဆိုကြ၏။-
6 Os principais sacerdotes, pois, tomaram as moedas de prata, e disseram: Não é lícito metê-las no cofre das ofertas, porque é preço de sangue.
7 သူတို့သည်ဆွေးနွေးတိုင်ပင်ကြပြီးလျှင်ထိုငွေ ဖြင့် အိုးထိန်းသည်၏လယ်မြေကိုလူမျိုးခြားသား သင်္ချိုင်းအဖြစ်အသုံးပြုရန်ဝယ်ယူကြ၏။-
7 E, tendo deliberado em conselho, compraram com elas o campo do oleiro, para servir de cemitério para os estrangeiros.
8 သို့ဖြစ်၍ထိုလယ်သည်ယနေ့တိုင်အောင် ``သွေးမြေ'' ဟူ၍ခေါ်တွင်သတည်း။
8 Por isso tem sido chamado aquele campo, até o dia de hoje, Campo de Sangue.
9 — ausente —
9 Cumpriu-se, então, o que foi dito pelo profeta Jeremias: Tomaram as trinta moedas de prata, preço do que foi avaliado, a quem certos filhos de Israel avaliaram,
10 — ausente —
10 e deram-nas pelo campo do oleiro, assim como me ordenou o Senhor.
11 ရောမဘုရင်ခံမင်း၏ရှေ့သို့သခင်ယေရှုရောက်ရှိ သောအခါဘုရင်ခံမင်းက ``သင်သည်ယုဒရှင် ဘုရင်ပေလော'' ဟုမေး၏။ ကိုယ်တော်က ``သင်ဆို သည်အတိုင်းငါဖြစ်၏'' ဟုမိန့်တော်မူ၏။
11 Jesus, pois, ficou em pé diante do governador; e este lhe perguntou: És tu o rei dos judeus? Respondeu-lhe Jesus: É como dizes.
12 သို့ရာတွင်ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာ ရေးခေါင်းဆောင်များပြစ်တင်စွပ်စွဲချက်များကို ကိုယ်တော်သည်မည်သို့မျှဖြေကြားတော်မမူ။
12 Mas ao ser acusado pelos principais sacerdotes e pelos anciãos, nada respondeu.
13 ထိုအခါပိလတ်မင်းက ``သင့်အားထိုသူတို့သည် မည်မျှပြစ်တင်စွပ်စွဲလျက်ရှိကြသည်ကိုသင် သည်မကြားပါသလော'' ဟုဆို၏။
13 Perguntou-lhe então Pilatos: Não ouves quantas coisas testificam contra ti?
14 သို့ရာတွင်ကိုယ်တော်သည်စကားတစ်ခွန်းကိုမျှ ပြန်လည်မိန့်ကြားတော်မမူ။ သို့ဖြစ်၍ဘုရင်ခံ မင်းသည်လွန်စွာအံ့သြလေ၏။
14 E Jesus não lhe respondeu a uma pergunta sequer; de modo que o governador muito se admirava.
15 ရောမဘုရင်ခံမင်းသည်ပသခါပွဲအခါကျ တိုင်း လူပရိသတ်တို့တောင်းသည့်အကျဉ်းသမား တစ်ယောက်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့ ရှိ၏။-
15 Ora, por ocasião da festa costumava o governador soltar um preso, escolhendo o povo aquele que quisesse.
16 ထိုအချိန်၌ယေရှုဗာရဗ္ဗဆိုသူနာမည်ဆိုး အကျဉ်းသမားတစ်ယောက်ရှိ၏။-
16 Nesse tempo tinham um preso notório, chamado Barrabás.
17 သို့ဖြစ်၍လူတို့စုရုံးလာကြသောအခါပိလတ်မင်း က ``သင်တို့အတွက်မည်သူ့အားလွတ်ငြိမ်းချမ်းသာ ခွင့်ပေးစေလိုသနည်း။ ယေရှုဗာရဗ္ဗလော။ ခရစ်တော် ဆိုသူယေရှုလော'' ဟုမေး၏။-
17 Portanto, estando o povo reunido, perguntou-lhe Pilatos: Qual quereis que vos solte? Barrabás, ou Jesus, chamado o Cristo?
18 ထိုသူတို့မနာလို၍ယေရှုအားမိမိလက်သို့ အပ်နှံကြကြောင်းကိုပိလတ်မင်းသိသတည်း။
18 Pois sabia que por inveja o haviam entregado.
19 ပိလတ်မင်းသည်တရားခွင်တွင်ထိုင်လျက်နေစဉ် သူ၏ဇနီးသည်လူတစ်ယောက်ကိုစေလွှတ်၍ ``ထို အပြစ်ကင်းသူနှင့်ပတ်သက်၍မည်သည့်အရာ ကိုမျှမပြုပါနှင့်။ အကျွန်ုပ်သည်ယမန်ညက အိပ်မက်တွင်သူ၏အတွက်စိတ်ဒုက္ခများစွာ ရောက်ရပါ၏'' ဟုပြောစေ၏။
19 E estando ele assentado no tribunal, sua mulher mandou dizer-lhe: Não te envolvas na questão desse justo, porque muito sofri hoje em sonho por causa dele.
20 ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာရေးခေါင်း ဆောင်များသည် ``ဗာရဗ္ဗအားလွတ်ငြိမ်းချမ်းသာ ခွင့်ပေးပါ။ ယေရှုကိုသတ်ပါ'' ဟုပိလတ်မင်း ထံတောင်းဆိုရန်ပရိသတ်တို့အားတိုက်တွန်း ကြ၏။-
20 Mas os principais sacerdotes e os anciãos persuadiram as multidões a que pedissem Barrabás e fizessem morrer Jesus.
21 ဘုရင်ခံမင်းက ``ဤသူနှစ်ယောက်အနက်မည်သူ့ ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးစေလိုသနည်း'' ဟု မေး၏။ လူတို့က ``ဗာရဗ္ဗကိုလွှတ်ပေးပါ'' ဟုဆို ကြ၏။
21 O governador, pois, perguntou-lhes: Qual dos dois quereis que eu vos solte? E disseram: Barrabás.
22 ပိလတ်မင်းက ``သို့ဖြစ်လျှင်ခရစ်တော်ဆိုသူ ကိုငါအဘယ်သို့ပြုရမည်နည်း'' ဟုမေး၏။
22 Tornou-lhes Pilatos: Que farei então de Jesus, que se chama Cristo? Disseram todos: Seja crucificado.
23 ပိလတ်မင်းက ``သူသည်အဘယ်အပြစ်ကို ကူးလွန်သနည်း'' ဟုမေး၏။
23 Pilatos, porém, disse: Pois que mal fez ele? Mas eles clamavam ainda mais: Seja crucificado.
24 ပိလတ်မင်းသည်မိမိရှေ့ဆက်လက်ပြောဆိုရန် မဖြစ်၊ ရုန်းရင်းဆန်ခတ်ဖြစ်မည့်အရိပ်အရောင် ကိုသာသိမြင်လာသဖြင့်ရေကိုယူ၍ ``ဤသူ သေရခြင်းမှာငါ၏တာဝန်မဟုတ်၊ သင်တို့၏ တာဝန်သာဖြစ်သည်'' ဟုဆိုကာလူတို့ရှေ့တွင် မိမိ၏လက်ကိုဆေး၏။
24 Ao ver Pilatos que nada conseguia, mas pelo contrário que o tumulto aumentava, mandando trazer água, lavou as mãos diante da multidão, dizendo: Sou inocente do sangue deste homem; seja isso lá convosco.
25 လူအပေါင်းတို့က ``ထိုသူသေရခြင်းအတွက် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏သားမြေးများ ၏တာဝန်ဖြစ်ပါစေ'' ဟုဆိုကြ၏။
25 E todo o povo respondeu: O seu sangue caia sobre nós e sobre nossos filhos.
26 ထိုအခါပိလတ်မင်းသည်ဗာရဗ္ဗကိုလွတ်ငြိမ်းချမ်း သာခွင့်ပေး၍သခင်ယေရှုကိုကြိမ်ဒဏ်ခတ်စေပြီး လျှင် လက်ဝါးကပ်တိုင်တွင်တင်၍သတ်ရန်အပ်လိုက်၏။
26 — ausente —
27 ပိလတ်မင်း၏စစ်သားများသည်သခင်ယေရှုကို ဘုရင်ခံမင်းအိမ်တော်သို့ခေါ်ဆောင်သွားကြ၏။ ထိုနောက်ခြေလျင်တပ်ခွဲတစ်တပ်လုံးသည်ကိုယ် တော်ပတ်လည်စုရုံးလာကြ၏။-
27 Nisso os soldados do governador levaram Jesus ao pretório, e reuniram em torno dele toda a corte.
28 စစ်သားများသည်ကိုယ်တော်အားအဝတ်တော် ကိုချွတ်၍ကမ္ဗလာနီဝတ်လုံကိုခြုံပေးကြ၏။-
28 E, despindo-o, vestiram-lhe um manto escarlate;
29 ထိုနောက်ဆူးခက်ဖြင့်ရက်သည့်သရဖူကိုဆောင်း ပေးကြ၏။ ကူရိုးတစ်ချောင်းကိုလက်ယာလက်တော် တွင်ထည့်ပေးကြ၏။ ထိုနောက်ရှေ့တော်တွင်ဒူးထောက် လျက် ``ယုဒဘုရင်၊ သက်တော်ရှည်ပါစေသော'' ဟု ပြက်ရယ်ပြုကြ၏။-
29 e tecendo uma coroa de espinhos, puseram-lha na cabeça, e na mão direita uma cana, e ajoelhando-se diante dele, o escarneciam, dizendo: Salve, rei dos judeus!
30 သူတို့သည်ကိုယ်တော်ကိုတံတွေးနှင့်ထွေးကြ၏။ ကူရိုးကိုယူ၍ခေါင်းတော်ကိုရိုက်ကြ၏။-
30 E, cuspindo nele, tiraram-lhe a cana, e davam-lhe com ela na cabeça.
31 ဤသို့ပြောင်လှောင်ကြပြီးလျှင်ကမ္ဗလာနီဝတ်လုံ ကိုချွတ်၍ကိုယ်တော်၏အဝတ်ကိုပြန်ဝတ်ပေးကြ ၏။ ထိုနောက်လက်ဝါးကပ်တိုင်တွင်တင်၍သတ်ရန် ကိုယ်တော်ကိုခေါ်ဆောင်သွားကြ၏။
31 Depois de o terem escarnecido, despiram-lhe o manto, puseram-lhe as suas vestes, e levaram-no para ser crucificado.
32 သူတို့သည်ထွက်လာကြစဉ်ရှိမုန်နာမည်ရှိသူ ကုရေနေပြည်သားတစ်ယောက်ကိုတွေ့သဖြင့် ထိုသူအားအတင်းအကြပ်ခေါ်၍ကိုယ်တော်၏ လက်ဝါးကပ်တိုင်ကိုထမ်းစေကြ၏။-
32 Ao saírem, encontraram um homem cireneu, chamado Simão, a quem obrigaram a levar a cruz de Jesus.
33 ဦးခေါင်းခွံအရပ်ဟုအဋ္ဌိပ္ပါယ်ရှိသောဂေါလ ဂေါသနာမည်တွင်သည့်အရပ်သို့ရောက်လျှင်၊-
33 Quando chegaram ao lugar chamado Gólgota, que quer dizer, lugar da Caveira,
34 သူတို့သည်ဆေးခါးနှင့်ရောစပ်ထားသောစပျစ် ရည်ကိုကိုယ်တော်အားတိုက်ကြ၏။ ကိုယ်တော်သည် မြည်းစမ်းကြည့်တော်မူပြီးလျှင်မသောက်ဘဲနေ တော်မူ၏။
34 deram-lhe a beber vinho misturado com fel; mas ele, provando-o, não quis beber.
35 ထိုနောက်သူတို့သည်ကိုယ်တော်ကိုလက်ဝါးကပ် တိုင်တွင်တင်၍သတ်ကြ၏။ အဝတ်တော်များကို မဲချ၍ခွဲဝေကြ၏။-
35 Então, depois de o crucificarem, repartiram as vestes dele, lançando sortes, {para que se cumprisse o que foi dito pelo profeta: Repartiram entre si as minhas vestes, e sobre a minha túnica deitaram sortes.}
36 ထိုနောက်ထိုင်၍ကိုယ်တော်ကိုစောင့်ကြည့်နေကြ၏။-
36 E, sentados, ali o guardavam.
37 ကိုယ်တော်အားစွဲချက်တင်သည့်အပြစ်ကိုဦးခေါင်း တော်အထက်တွင် ``ဤသူကားယုဒရှင်ဘုရင်ဖြစ်၏'' ဟူ၍ကမ္ပည်းရေးထိုးထားကြ၏။-
37 Puseram-lhe por cima da cabeça a sua acusação escrita: ESTE É JESUS, O REI DOS JUDEUS.
38 ထိုအချိန်၌ဋ္ဌားပြနှစ်ယောက်ကိုလည်းကိုယ်တော် နှင့်အတူလက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲ တော်ဘက်တွင်တစ်ယောက်၊ လက်ဝါးကပ်တိုင်တွင် တင်၍သတ်ကြ၏။
38 Então foram crucificados com ele dois salteadores, um à direita, e outro à esquerda.
39 — ausente —
39 E os que iam passando blasfemavam dele, meneando a cabeça
40 — ausente —
40 e dizendo: Tu, que destróis o santuário e em três dias o reedificas, salva-te a ti mesmo; se és Filho de Deus, desce da cruz.
41 ထိုနည်းတူစွာယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်း တတ်ဆရာများနှင့်ဘာသာရေးခေါင်းဆောင် များကလည်းပြောင်လှောင်ကြ၏။-
41 De igual modo também os principais sacerdotes, com os escribas e anciãos, escarnecendo, diziam:
42 ``ဤသူသည်သူတစ်ပါးကိုကယ်တင်၏။ မိမိ ကိုယ်ကိုမူမကယ်တင်နိုင်ပါတကား။ သူသည် ဣသရေလရှင်ဘုရင်မဟုတ်ပါလော။ လက်ဝါး ကပ်တိုင်မှယခုဆင်းလာလျှင်ငါတို့သူ့ကို ယုံကြည်ကြပေအံ့။-
42 A outros salvou; a si mesmo não pode salvar. Rei de Israel é ele; desça agora da cruz, e creremos nele;
43 သူသည်ဘုရားသခင်ကိုယုံကြည်ကိုးစား၏။ `ငါ သည်ဘုရားသခင်၏သားတော်ဖြစ်သည်' ဟုဆို၏။ သို့ဖြစ်၍ဘုရားသခင်သည်သူ့ကိုအလိုတော် ရှိလျှင် ယခုပင်ကယ်တင်တော်မူပါစေ'' ဟုဆို ကြ၏။
43 confiou em Deus, livre-o ele agora, se lhe quer bem; porque disse: Sou Filho de Deus.
44 ကိုယ်တော်နှင့်အတူလက်ဝါးကပ်တိုင်တွင်အတင် ခံရသူဋ္ဌားပြများကပင်လျှင် ထိုနည်းတူကိုယ် တော်ကိုပြောင်လှောင်ကြ၏။
44 O mesmo lhe lançaram em rosto também os salteadores que com ele foram crucificados.
45 မွန်းတည့်ချိန်မှအစပြု၍မွန်းလွဲသုံးနာရီတိုင် အောင် မြေတစ်ပြင်လုံးတွင်မှောင်အတိကျလေ၏။-
45 E, desde a hora sexta, houve trevas sobre toda a terra, até a hora nona.
46 မွန်းလွဲသုံးနာရီအချိန်၌သခင်ယေရှုသည် ``ဧလိ၊ ဧလိ၊ လာမရှာဗခသာနိ'' ဟုကျယ်သောအသံ နှင့်မိန့်တော်မူ၏။ ဆိုလိုသည့်အနက်ကား ``အကျွန်ုပ် ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ် ကိုစွန့်ပစ်တော်မူပါသနည်း'' ဟူ၏။
46 Cerca da hora nona, bradou Jesus em alta voz, dizendo: Eli, Eli, lamá sabactani; isto é, Deus meu, Deus meu, por que me desamparaste?
47 အနီးတွင်ရပ်နေသူလူအချို့တို့သည်ထိုစကားကို ကြားလျှင် ``သူသည်ဧလိယကိုခေါ်နေ၏'' ဟုဆို ကြ၏။-
47 Alguns dos que ali estavam, ouvindo isso, diziam: Ele chama por Elias.
48 ထိုသူတို့အနက်လူတစ်ယောက်သည်ချက်ချင်းပြေး ၍ပင်လယ်ရေမြှုပ်ကိုယူကာပုံးရည်ကိုစုပ်ပြီးလျှင် ထိုရေမြှုပ်ကိုကူရိုးဖျားတွင်ပတ်၍ကိုယ်တော် သောက်ရန်ပေးလေ၏။
48 E logo correu um deles, tomou uma esponja, ensopou-a em vinagre e, pondo-a numa cana, dava-lhe de beber.
49 အခြားသောသူတို့က ``ရှိစေတော့။ သူ့ကိုကယ်ရန် ဧလိယလာမလာကိုငါတို့ကြည့်ကြကုန်အံ့'' ဟုဆိုကြ၏။
49 Os outros, porém, disseram: Deixa, vejamos se Elias vem salvá-lo.
50 သခင်ယေရှုသည်တစ်ဖန်ကျယ်စွာဟစ်အော်တော်မူ ပြီးလျှင်အသက်ချုပ်တော်မူ၏။-
50 De novo bradou Jesus com grande voz, e entregou o espírito.
51 ထိုအခါဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင်နှစ်ခြမ်းကွဲလေ၏။ မြေငလျင် လှုပ်၏။ ကျောက်ဆောင်များပြိုကွဲကြ၏။-
51 E eis que o véu do santuário se rasgou em dois, de alto a baixo; a terra tremeu, as pedras se fenderam,
52 သင်္ချိုင်းဂူများပွင့်လစ်သဖြင့်သေလွန်ပြီးသူ ဘုရားသခင်၏လူစုတော်ဝင်အမြောက် အမြားပင်ရှင်ပြန်ထမြောက်ကြကုန်၏။-
52 os sepulcros se abriram, e muitos corpos de santos que tinham dormido foram ressuscitados;
53 သခင်ယေရှုရှင်ပြန်ထမြောက်တော်မူပြီးနောက် ထိုသူတို့သည်သင်္ချိုင်းထဲမှထွက်လာကာ သန့်ရှင်း သောမြို့တော်သို့ဝင်သွားကြသဖြင့်လူအများ ပင်သူတို့ကိုတွေ့မြင်ကြ၏။
53 e, saindo dos sepulcros, depois da ressurreição dele, entraram na cidade santa, e apareceram a muitos.
54 တပ်မှူးနှင့်တကွသခင်ယေရှုကိုစောင့်ကြည့် နေကြသောစစ်သားများသည်မြေငလျင်လှုပ် သည်ကိုလည်းကောင်း၊ အခြားအဖြစ်အပျက်များ ကိုလည်းကောင်းတွေ့မြင်ကြသောအခါလွန်စွာ ကြောက်လန့်ကြ၍ ``ဤသူကားအကယ်ပင်ဘုရား သခင်၏သားတော်ဖြစ်၏'' ဟုဆိုကြ၏။
54 ora, o centurião e os que com ele guardavam Jesus, vendo o terremoto e as coisas que aconteciam, tiveram grande temor, e disseram: Verdadeiramente este era filho de Deus.
55 ထိုအရပ်တွင်အဝေးကရပ်လျက်ကြည့်နေသော အမျိုးသမီးများရှိ၏။ သူတို့သည်ကားဂါလိလဲ ပြည်မှသခင်ယေရှု၏နောက်တော်သို့လိုက်၍လုပ် ကျွေးသမှုပြုကြသူများတည်း။-
55 Também estavam ali, olhando de longe, muitas mulheres que tinham seguido Jesus desde a Galiléia para o ouvir;
56 ထိုသူတို့အထဲတွင်မာဂဒလမြို့သူမာရိ၊ ယာကုပ်နှင့်ယောသပ်တို့၏အမိဖြစ်သူမာရိ နှင့်ဇေဗေဒဲ၏သားများ၏အမိတို့ပါကြ၏။
56 entre as quais se achavam Maria Madalena, Maria, mãe de Tiago e de José, e a mãe dos filhos de Zebedeu.
57 ညချမ်းအချိန်ကျသောအခါအရိမဿဲမြို့မှ ယောသပ်ဆိုသူသူဌေးတစ်ယောက်ရောက်ရှိလာ၏။ သူသည်သခင်ယေရှု၏တပည့်တော်တစ်ဦးဖြစ်၏။-
57 Ao cair da tarde, veio um homem rico de Arimatéia, chamado José, que também era discípulo de Jesus.
58 သူသည်ပိလတ်မင်းထံသို့ဝင်ပြီးလျှင်သခင် ယေရှု၏အလောင်းတော်ကိုတောင်း၏။ ပိလတ်မင်း သည်အလောင်းတော်ကိုယောသပ်အားပေးရန် အမိန့်ချမှတ်လိုက်၏။-
58 Esse foi a Pilatos e pediu o corpo de Jesus. Então Pilatos mandou que lhe fosse entregue.
59 ယောသပ်သည်အလောင်းတော်ကိုယူ၍ဖြူစင်သော ပိတ်ဖြင့်ပတ်၏။-
59 E José, tomando o corpo, envolveu-o num pano limpo, de linho,
60 ထိုနောက်ကျောက်ဆောင်၌မကြာမီကထွင်းထားသည့် မိမိသင်္ချိုင်းဂူတွင်သင်္ဂြိုဟ်ကာ ဂူဝကိုကျောက်တုံးတစ်ခု လှိမ့်၍ပိတ်ထားလိုက်ပြီးနောက်ပြန်သွားလေသည်။-
60 e depositou-o no seu sepulcro novo, que havia aberto em rocha; e, rodando uma grande pedra para a porta do sepulcro, retirou-se.
61 သင်္ချိုင်းရှေ့တွင်မာဂဒလမြို့သူမာရိနှင့်အခြား မာရိတို့သည်ထိုင်လျက်ရှိနေကြ၏။
61 Mas achavam-se ali Maria Madalena e a outra Maria, sentadas defronte do sepulcro.
62 သောကြာနေ့ကုန်လွန်၍ဥပုသ်နေ့ရောက်သော် ယဇ်ပုရောဟိတ်ကြီးများနှင့်ဖာရိရှဲများသည် ပိလတ်မင်းထံသို့သွားပြီးလျှင်၊-
62 No dia seguinte, isto é, o dia depois da preparação, reuniram-se os principais sacerdotes e os fariseus perante Pilatos,
63 ``အရှင်၊ ထိုလူလိမ်အသက်ရှင်စဉ်အခါက၊ `ငါ သည်သုံးရက်ကြာသော်သေခြင်းမှထမြောက်မည်' ဟုပြောဆိုခဲ့သည်ကိုအကျွန်ုပ်တို့မှတ်မိပါ၏။-
63 e disseram: Senhor, lembramo-nos de que aquele embusteiro, quando ainda vivo, afirmou: Depois de três dias ressurgirei.
64 သို့ဖြစ်၍သုံးရက်မြောက်သောနေ့အထိသင်္ချိုင်းဂူ ကိုလုံခြုံစွာပိတ်၍စောင့်ကြပ်စေရန်အမိန့်ပေး တော်မူပါ။ သို့မဟုတ်ပါမူသူ၏တပည့်များသည် လာ၍ရုပ်အလောင်းကိုခိုးယူကာသူသည်သေခြင်း မှထမြောက်လေပြီဟုလူတို့အားပြောကြလိမ့်မည်။ ထိုအခါနောက်ဆုံးလှည့်စားချက်သည်ပထမ လှည့်စားချက်ထက်ပို၍ဆိုးပါလိမ့်မည်'' ဟု လျှောက်ထားကြ၏။
64 Manda, pois, que o sepulcro seja guardado com segurança até o terceiro dia; para não suceder que, vindo os discípulos, o furtem e digam ao povo: Ressurgiu dos mortos; e assim o último embuste será pior do que o primeiro.
65 ပိလတ်မင်းက ``အစောင့်တပ်တစ်တပ်ကိုခေါ်၍ သင်္ချိုင်းဂူကိုအတတ်နိုင်ဆုံးစောင့်ကြပ်စေလော့'' ဟုဆို၏။
65 Disse-lhes Pilatos: Tendes uma guarda; ide, tornai-o seguro, como entendeis.
66 သို့ဖြစ်၍ထိုသူတို့သည် သင်္ချိုင်းဂူသို့သွားပြီးလျှင် ကျောက်တုံးကိုချိပ်တံဆိပ်ခတ်နှိပ်ကာ သင်္ချိုင်းဂူကို လုံခြုံစွာပိတ်ထားကြ၏။ ထိုနောက်စောင့်ကြပ်ရန် အစောင့်တပ်သားများကိုချထားကြ၏။
66 Foram, pois, e tornaram seguro o sepulcro, selando a pedra, e deixando ali a guarda.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Mateus 27, comparar traduções ou montar um estudo — tudo direto pelo WhatsApp.