Mateus 23
Common Language Bible (MYA) vs VC
1 ထိုနောက်သခင်ယေရှုသည်လူပရိသတ်နှင့် တပည့်တော်တို့အား၊
1 Dirigindo-se, então, Jesus à multidão e aos seus discípulos,disse:
2 ``ကျမ်းတတ်ဆရာနှင့်ဖာရိရှဲများသည်မောရှေ ၏ပညတ်ကျမ်းကိုအဋ္ဌိပ္ပါယ်ဖွင့်ပြရန်အခွင့် အာဏာရရှိထားသူများဖြစ်ကြ၏။-
2 Os escribas e os fariseus sentaram-se na cadeira de Moisés.
3 သို့ဖြစ်၍ထိုသူတို့ပြောဆိုသွန်သင်သမျှ အတိုင်းလိုက်နာပြုကျင့်ကြလော့။ သို့သော် သူတို့သည်မိမိတို့ဟောသည့်အတိုင်းမကျင့် ကြသဖြင့်သူတို့ကျင့်သကဲ့သို့မကျင့်ကြနှင့်။-
3 Observai e fazei tudo o que eles dizem, mas não façais como eles, pois dizem e não fazem.
4 သူတို့သည်လေးလံ၍အထမ်းရခက်သည့်ဝန်ထုပ် များကိုသူတစ်ပါးတို့အားထမ်းစေကြ၏။ မိမိ တို့ကိုယ်တိုင်မူထိုဝန်ထုပ်များကိုလက်ဖျားနှင့် မျှမတို့လိုကြ။-
4 Atam fardos pesados e esmagadores e com eles sobrecarregam os ombros dos homens, mas não querem movê-los sequer com o dedo.
5 မိမိတို့ပြုလုပ်သမျှသောအရာတို့ကိုလူမြင် သာအောင်ပြုလုပ်တတ်ကြ၏။ မိမိတို့နဖူးနှင့် လက်မောင်းများပေါ်တွင်ကျမ်းစာလက်ဖွဲ့များကို အပြားကြီးပြုလုပ်၍ဝတ်ဆင်တတ်ကြ၏။ ဝတ်လုံ အမြိတ်များကိုရှည်လျားစွာချုပ်ထားတတ်ကြ၏။-
5 Fazem todas as suas ações para serem vistos pelos homens, por isso trazem largas faixas e longas franjas nos seus mantos.
6 ပွဲသဘင်များတွင်အကောင်းဆုံးသောနေရာ ထိုင်ခင်းများ၊ တရားဇရပ်များတွင်သီးသန့် ထားသောနေရာများကိုနှစ်သက်ကြ၏။-
6 Gostam dos primeiros lugares nos banquetes e das primeiras cadeiras nas sinagogas.
7 စျေးရပ်ကွက်တွင်အလေးပြုခြင်းကိုခံလို ကြ၏။ ဆရာတော်ဟုအခေါ်ခံလိုကြ၏။-
7 Gostam de ser saudados nas praças públicas e de ser chamados rabi pelos homens.
8 သို့ရာတွင်သင်တို့အားလုံးသည်ညီအစ်ကို များဖြစ်လျက် သင်တို့မှာဆရာတော်တစ်ပါး တည်းသာရှိသည်ဖြစ်၍ဆရာတော်ဟု အခေါ်မခံကြနှင့်။-
8 Mas vós não vos façais chamar rabi, porque um só é o vosso preceptor, e vós sois todos irmãos.
9 ဤလောကတွင်အဘယ်သူကိုမျှ `အဖ' ဟုမခေါ် ကြနှင့်။ သင်တို့တွင်ကောင်းကင်ဘုံရှင်အဖတစ်ပါး တည်းသာရှိ၏။-
9 E a ninguém chameis de pai sobre a terra, porque um só é vosso Pai, aquele que está nos céus.
10 သင်တို့သည်ခေါင်းဆောင်ဟူ၍လည်းအခေါ်မခံ ကြနှင့်။ သင်တို့တွင်မေရှိယတည်းဟူသောခေါင်း ဆောင်တစ်ပါးတည်းသာရှိ၏။-
10 Nem vos façais chamar de mestres, porque só tendes um Mestre, o Cristo.
11 သင်တို့အနက်အကြီးမြတ်ဆုံးဖြစ်သူသည် သင်တို့၏အစေခံဖြစ်ရမည်။-
11 O maior dentre vós será vosso servo.
12 မိမိကိုယ်ကိုချီးမြှောက်သူသည်နိမ့်ကျရလိမ့် မည်။ မိမိကိုယ်ကိုနှိမ့်ချသူသည်ချီးမြှောက်ခြင်း ကိုခံရလိမ့်မည်။
12 Aquele que se exaltar será humilhado, e aquele que se humilhar será exaltado.
13 ``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ လူတို့ကောင်းကင် နိုင်ငံတော်သို့ဝင်မည်ပြုသောအခါသင်တို့သည် တံခါးပိတ်လိုက်ကြ၏။ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်ရန်ကြိုးစားသူများကိုလည်းဝင်ခွင့်မပြုကြ။
13 Ai de vós, escribas e fariseus hipócritas! Vós fechais aos homens o Reino dos céus. Vós mesmos não entrais e nem deixais que entrem os que querem entrar.
14 (``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် မုဆိုးမများ၏အိမ်ရာပစ္စည်းများကိုမတရား သိမ်းယူကြပြီးနောက် လူအမြင်ကောင်းစေရန် ရှည်လျားစွာဆုတောင်းပတ္ထနာပြုတတ်ကြ၏။ ဤအကြောင်းကြောင့်သင်တို့သည်သာ၍ကြီး လေးသောအပြစ်ဒဏ်ကိုခံရလိမ့်မည်။'')
14 {Ai de vós, escribas e fariseus hipócritas! Devorais as casas das viúvas, fingindo fazer longas orações. Por isso, sereis castigados com muito maior rigor.}
15 ``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ လူတစ်ယောက် ကိုဘာသာသွင်းနိုင်ရန်သင်တို့သည်ရေကြောင်း၊ ကုန်းကြောင်းခရီးပြုကြ၏။ ဘာသာသွင်းပြီး သောအခါ၌လည်းထိုသူအားသင်တို့ထက် နှစ်ဆပို၍ငရဲသို့လားထိုက်သူဖြစ်စေကြ ၏။''
15 Ai de vós, escribas e fariseus hipócritas! Percorreis mares e terras para fazer um prosélito e, quando o conseguis, fazeis dele um filho do inferno duas vezes pior que vós mesmos.
16 ``လမ်းပြသည့်မျက်မမြင်တို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ `လူတစ်စုံတစ်ယောက်သည်ဗိမာန်တော်ကို တိုင်တည်၍ကျိန်ဆိုလျှင် ထိုကျိန်ဆိုချက်သည် အတည်မဖြစ်။ သို့သော်ဗိမာန်တော်၏ရွှေကို တိုင်တည်၍ကျိန်ဆိုလျှင်မူကားအတည်ဖြစ်၏' ဟုသင်တို့ဆိုကြ၏။-
16 Ai de vós, guias cegos! Vós dizeis: Se alguém jura pelo templo, isto não é nada; mas se jura pelo tesouro do templo, é obrigado pelo seu juramento.
17 လူမိုက်တို့၊ သင်တို့၏မျက်စိသည်ကန်းလှသည် တကား။ အဘယ်အရာကပို၍အရေးကြီးပါ သနည်း။ ရွှေလော။ သို့မဟုတ်ရွှေကိုမြင့်မြတ် သန့်ရှင်းစေသည့်ဗိမာန်တော်လော။-
17 Insensatos, cegos! Qual é o maior: o ouro ou o templo que santifica o ouro?
18 လူတစ်စုံတစ်ယောက်သည်ယဇ်ပလ္လင်ကိုတိုင်တည် ၍ကျိန်ဆိုလျှင်ထိုကျိန်ဆိုချက်သည်အတည် မဖြစ်။ ယဇ်ပလ္လင်ပေါ်ရှိပူဇော်သကာကိုတိုင်တည် ၍ကျိန်ဆိုလျှင်မူကားအတည်ဖြစ်၏' ဟုသင် တို့ဆိုကြ၏။-
18 E dizeis ainda: Se alguém jura pelo altar, não é nada; mas se jura pela oferta que está sobre ele, é obrigado.
19 သင်တို့၏မျက်စိသည်ကန်းလှသည်တကား။ အဘယ်အရာကပို၍အရေးကြီးပါသနည်း။ ပူဇော်သကာလော။ သို့မဟုတ်ပူဇော်သကာကို မြင့်မြတ်သန့်ရှင်းစေသည့်ယဇ်ပလ္လင်လော။-
19 Cegos! Qual é o maior: a oferta ou o altar que santifica a oferta?
20 ယဇ်ပလ္လင်ကိုတိုင်တည်၍ကျိန်ဆိုသူသည်ယဇ်ပလ္လင် နှင့်တကွယဇ်ပလ္လင်ပေါ်မှာရှိသမျှတို့ကိုပါ တိုင်တည်၍ကျိန်ဆိုသတည်း။-
20 Aquele que jura pelo altar, jura ao mesmo tempo por tudo o que está sobre ele.
21 ဗိမာန်တော်ကိုတိုင်တည်၍ကျိန်ဆိုသူသည်ဗိမာန် တော်နှင့်တကွဗိမာန်တော်တွင်ကျိန်းဝပ်တော်မူ သောအရှင်ကိုပါတိုင်တည်၍ကျိန်ဆိုသတည်း။-
21 Aquele que jura pelo templo, jura ao mesmo tempo por aquele que nele habita.
22 ကောင်းကင်ဘုံကိုတိုင်တည်၍ကျိန်ဆိုသူသည် ဘုရားသခင်၏ပလ္လင်တော်နှင့်တကွ ထိုပလ္လင် ပေါ်မှာစံနေတော်မူသောအရှင်ကိုပါကျိန် ဆိုသတည်း။''
22 E aquele que jura pelo céu, jura ao mesmo tempo pelo trono de Deus, e por aquele que nele está sentado.
23 ``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ပင်စိမ်း၊စမွတ်နှင့်ဇီယာတို့ကိုဆယ်ဖို့တစ်ဖို့ ပေးလှူကြသော်လည်းတရားမျှတမှု၊ သနား ကြင်နာမှု၊ ရိုးသားဖြောင့်မတ်မှုစသည့်ပညတ် ကျမ်းမှအကယ်ပင်အရေးကြီးသောသွန်သင် ချက်များကိုမူကားလျစ်လူပြုကြ၏။-
23 Ai de vós, escribas e fariseus hipócritas! Pagais o dízimo da hortelã, do endro e do cominho e desprezais os preceitos mais importantes da lei: a justiça, a misericórdia, a fidelidade. Eis o que era preciso praticar em primeiro lugar, sem contudo deixar o restante.
24 လမ်းပြသည့်မျက်မမြင်တို့၊ သင်တို့သည်ခြင် ကောင်မမျိုမိစေရန်သောက်ရေကိုစစ်၍သောက် ကြ၏။ သို့ရာတွင်ကုလားအုတ်ကိုကားမျိုချ ကြပါသည်တကား။''
24 Guias cegos! Filtrais um mosquito e engolis um camelo.
25 ``ကြောင်သူတော်ကျမ်းတတ်ဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ပန်းကန်ခွက်ယောက်များ၏ပြင်ပကိုစင်ကြယ် အောင်ဆေးကြောကြသော်လည်း သင်တို့၏စိတ် အတွင်းမှာကားလောဘလွန်ကူးမှုနှင့် အကြမ်းဖက်မှုတို့ဖြင့်ပြည့်လျက်နေ၏။-
25 Ai de vós, escribas e fariseus hipócritas! Limpais por fora o copo e o prato e por dentro estais cheios de roubo e de intemperança.
26 မျက်မမြင်ဖာရိရှဲတို့၊ ပန်းကန်ခွက်ယောက်များ အတွင်းဘက်ကိုဦးစွာဆေးကြောကြလော့။ သို့ ပြုလျှင်ပြင်ပသည်လည်းသန့်ရှင်းစင်ကြယ် လာလိမ့်မည်။''
26 Fariseu cego! Limpa primeiro o interior do copo e do prato, para que também o que está fora fique limpo.
27 ``ကြောင်သူတော်ကျမ်းတတ်ဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည်ထုံးဖြူသုတ်သောသင်္ချိုင်းဂူများနှင့် တူကြ၏။ ထိုဂူတို့သည်ပြင်ပသဏ္ဌာန်အားဖြင့် လှသော်လည်း အတွင်း၌မူကားလူသေအရိုး နှင့်ပုပ်နေသောအလောင်းကောင်တို့ဖြင့်ပြည့် နှက်နေတော့၏။-
27 Ai de vós, escribas e fariseus hipócritas! Sois semelhantes aos sepulcros caiados: por fora parecem formosos, mas por dentro estão cheios de ossos, de cadáveres e de toda espécie de podridão.
28 ထိုနည်းတူသင်တို့သည်လည်းပြင်ပသဏ္ဌာန်အား ဖြင့် လူတို့ရှေ့တွင်သူတော်ကောင်းများဟုထင်ရ သော်လည်း စိတ်အတွင်း၌ကားသူတော်ကောင်း ယောင်ဆောင်မှုနှင့်ဆိုးညစ်မှုများဖြင့်ပြည့် လျက်နေတော့၏။''
28 Assim também vós: por fora pareceis justos aos olhos dos homens, mas por dentro estais cheios de hipocrisia e de iniqüidade.
29 ``ကြောင်သူတော်ကျမ်းတတ်ဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ပရောဖက်များ၏သင်္ချိုင်းဂူများကိုတည်ဆောက် ပေးကြ၏။ သူတော်ကောင်းတို့၏သင်္ချိုင်းဂူများကို မွမ်းမံခြယ်လှယ်ပေးကြ၏။-
29 Ai de vós, escribas e fariseus hipócritas! Edificais sepulcros aos profetas, adornais os monumentos dos justos
30 ထိုနောက်သင်တို့က `ငါတို့သာဘိုးဘေးတို့၏ခေတ် ကအသက်ရှင်ခဲ့မည်ဆိုပါက၊ ပရောဖက်များကို သတ်ဖြတ်သည့်အမှုတွင်ပါဝင်ခဲ့ကြမည်မဟုတ်' ဟုဆိုကြ၏။-
30 e dizeis: Se tivéssemos vivido no tempo de nossos pais, não teríamos manchado nossas mãos como eles no sangue dos profetas...
31 သို့ဖြစ်၍သင်တို့သည်ပရောဖက်များကိုသတ် ဖြတ်သူတို့၏သားမြေးများဖြစ်ကြောင်းဝန်ခံ ကြလေပြီတကား။-
31 Testemunhais assim contra vós mesmos que sois de fato os filhos dos assassinos dos profetas.
32 သင်တို့၏ဘိုးဘေးများစတင်ကူးလွန်ခဲ့သည့် အပြစ်ကိုအပြီးတိုင်အောင်ဆက်လက်ကူးလွန် ကြလော့။-
32 Acabai, pois, de encher a medida de vossos pais!
33 အချင်းမြွေဆိုးများနှင့်မြွေဆိုး၏သားမြေး တို့၊ သင်တို့သည်ငရဲသို့လားရမည့်ဘေးဒဏ် မှအဘယ်သို့လွတ်နိုင်ကြပါမည်နည်း။-
33 Serpentes! Raça de víboras! Como escapareis ao castigo do inferno?
34 သင်တို့အားငါဆိုသည်ကား၊ သင်တို့ထံသို့ ပရောဖက်များ၊ ပညာရှိများ၊ ကျမ်းတတ်ဆရာ များကိုငါစေလွှတ်မည်။ သင်တို့သည်ထိုသူ အချို့တို့ကိုသတ်ဖြတ်ကြ၍အချို့ကိုလက် ဝါးကပ်တိုင်တွင်တင်ကြလိမ့်မည်။ အချို့ကိုမူ တရားဇရပ်များတွင်ကြိမ်ဒဏ်ပေး၍အချို့ ကိုမူတစ်မြို့ပြီးတစ်မြို့လိုက်လံဖမ်းဆီးကြ လိမ့်မည်။-
34 Vede, eu vos envio profetas, sábios, doutores. Matareis e crucificareis uns e açoitareis outros nas vossas sinagogas. Persegui-los-eis de cidade em cidade,
35 ထို့ကြောင့်အပြစ်ကင်းသူအာဗေလမှစ၍ သန့် ရှင်းရာဌာနတော်နှင့်ယဇ်ပလ္လင်အကြားတွင် အသတ်ခံရသည့်ဗာရခိ၏သား၊ ဇာခရိတိုင် အောင်အပြစ်ကင်းသူများကိုသတ်ဖြတ်ခဲ့သည့် အတွက်သင်တို့သည်အပြစ်ဒဏ်ခံရပေအံ့။-
35 para que caia sobre vós todos o sangue inocente derramado sobre a terra, desde o sangue de Abel, o justo, até o sangue de Zacarias, filho de Baraquias, a quem matastes entre o templo e o altar.
36 ဤအမှုအရာအပေါင်းတို့အတွက်ဤခေတ် လူတို့သည်အပြစ်ဒဏ်ခံရကြလိမ့်မည်ဟု အမှန်အကန်သင်တို့အားငါဆို၏။''
36 Em verdade vos digo: todos esses crimes pesam sobre esta raça.
37 ``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်တော် မူသောစေတမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မကြီးသည်ကြက်ကလေးများကိုမိမိ ၏အတောင်အောက်တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင့်ကိုယုယပိုက်ထွေးနိုင်ရန်ကြိမ် ဖန်များစွာကြိုးစားခဲ့လေပြီ။ သို့ရာတွင်သင် သည်ငါ့ကိုအခွင့်မပေးခဲ့။-
37 Jerusalém, Jerusalém, que matas os profetas e apedrejas aqueles que te são enviados! Quantas vezes eu quis reunir teus filhos, como a galinha reúne seus pintinhos debaixo de suas asas... e tu não quiseste!
38 ထို့ကြောင့်သင်၏ဗိမာန်တော်ကိုဘုရားသခင် သည်စွန့်ပစ်တော်မူလိမ့်မည်။-
38 Pois bem, a vossa casa vos é deixada deserta.
39 `ဘုရားသခင်၏နာမတော်ဖြင့်ကြွလာတော် မူသောအရှင်သည်မင်္ဂလာရှိစေသတည်း' ဟု သင်မြွက်ဆိုမည့်နေ့မတိုင်မီသင်သည်ယခု မှစ၍ငါ့ကိုမြင်ရလိမ့်မည်မဟုတ်ဟုသင့် အားငါဆို၏'' ဟူ၍မိန့်တော်မူသည်။
39 Porque eu vos digo: já não me vereis de hoje em diante, até que digais: Bendito seja aquele que vem em nome do Senhor.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Mateus 23, comparar traduções ou montar um estudo — tudo direto pelo WhatsApp.