Mateus 1
Common Language Bible (MYA) vs VC
1 အာဗြဟံနှင့်ဒါဝိဒ်မှဆင်းသက်တော်မူသော သခင်ယေရှုခရစ်၏ဆွေတော်စဉ်မျိုးတော်ဆက် စာရင်းကားဤသို့တည်း။
1 Genealogia de Jesus Cristo, filho de Davi, filho de Abraão.
2 အာဗြဟံ၏သားသည်ဣဇာက်၊ ဣဇာက်၏သားမှာယာကုပ်၊ ယာကုပ်၏သားများကားယုဒနှင့်ညီများဖြစ်၏။-
2 Abraão gerou Isaac. Isaac gerou Jacó. Jacó gerou Judá e seus irmãos.
3 ယုဒနှင့်တာမာမှရသောသားများသည်ဖာရက် နှင့်ဇာရ၊ ဖာရက်၏သားမှာဟေဇရုံ၊ ဟေဇရုံ ၏သားကားအာရံဖြစ်၏။-
3 Judá gerou, de Tamar, Farés e Zara. Farés gerou Esron. Esron gerou Arão.
4 အာရံ၏သားသည်အမိနဒပ်၊ အမိနဒပ်၏သား မှာနာရှုန်၊ နာရှုန်၏သားကားစာလမုန်ဖြစ်၏။-
4 Arão gerou Aminadab. Aminadab gerou Naasson. Naasson gerou Salmon.
5 စာလမုန်နှင့်ရာခပ်မှရသောသားသည်ဗောဇ၊ ဗောဇ နှင့်ရုသမှရသောသားမှာဩဗက်၊ ဩဗက်၏သား သည်ယေရှဲ၊ ယေရှဲ၏သားကားဒါဝိဒ်မင်းတည်း။
5 Salmon gerou Booz, de Raab. Booz gerou Obed, de Rute. Obed gerou Jessé. Jessé gerou o rei Davi.
6 ဉရိယ၏ဇနီးနှင့်ဒါဝိဒ်မင်းရသောသားသည် ရှောလမုန်ဖြစ်၏။-
6 O rei Davi gerou Salomão, daquela que fora mulher de Urias.
7 ရှောလမုန်၏သားသည်ရောဗောင်၊ ရောဗောင်၏သား မှာအဘိယ၊ အဘိယ၏သားကားအာသဖြစ်၏။-
7 Salomão gerou Roboão. Roboão gerou Abias. Abias gerou Asa.
8 အာသ၏သားသည်ယောရှဖတ်၊ ယောရှဖတ်၏သား မှာယဟောရံ၊ ယဟောရံ၏သားကားဩဇိဖြစ်၏။-
8 Asa gerou Josafá. Josafá gerou Jorão. Jorão gerou Ozias.
9 ဩဇိ၏သားသည်ယောသံ၊ ယောသံ၏သားမှာ အာခတ်၊ အာခတ်၏သားကားဟေဇကိဖြစ်၏။-
9 Ozias gerou Joatão. Joatão gerou Acaz. Acaz gerou Ezequias.
10 ဟေဇကိ၏သားသည်မနာရှေ၊ မနာရှေ၏သား မှာအာမုန်၊ အာမုန်၏သားကားယောရှိဖြစ်၏။-
10 Ezequias gerou Manassés. Manassés gerou Amon. Amon gerou Josias.
11 ဗာဗုလုန်မြို့သို့ဣသရေလအမျိုးသားတို့အား ဖမ်းဆီးခေါ်ဆောင်သွားချိန်၌ ယောရှိရသော သားများကားယေခေါနိနှင့်ညီများဖြစ်ကြ၏။
11 Josias gerou Jeconias e seus irmãos, no cativeiro de Babilônia.
12 ဗာဗုလုန်မြို့သို့ဣသရေလအမျိုးသားတို့ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရပြီးနောက်၊ ယေခေါနိရသောသား သည်ရှာလသေလ၊ ရှာလသေလ၏သားမှာဇေရုဗ ဗေလဖြစ်၏။-
12 E, depois do cativeiro de Babilônia, Jeconias gerou Salatiel. Salatiel gerou Zorobabel.
13 ဇေရုဗဗေလ၏သားသည်အဗျုဒ်၊ အဗျုဒ်၏သားမှာ ဧလျာကိမ်၊ ဧလျာကိမ်၏သားကားအာဇော်ဖြစ်၏။-
13 Zorobabel gerou Abiud. Abiud gerou Eliacim. Eliacim gerou Azor.
14 အာဇော်၏သားသည်ဇာဒုတ်၊ ဇာဒုတ်၏သားမှာ အာခိမ်၊ အာခိမ်၏သားကားဧလုဒ်ဖြစ်၏။-
14 Azor gerou Sadoc. Sadoc gerou Aquim. Aquim gerou Eliud.
15 ဧလုဒ်၏သားသည်ဧလာဇာ၊ ဧလာဇာ၏သားမှာ မဿန်၊ မဿန်၏သားကားယာကုပ်ဖြစ်၏။-
15 Eliud gerou Eleazar. Eleazar gerou Matã. Matã gerou Jacó.
16 ယာကုပ်၏သားသည်မာရိ၏ခင်ပွန်းဖြစ်သူယောသပ် ဖြစ်၏။ မာရိကားမေရှိယဟုခေါ်ဝေါ်သမုတ်ခြင်း ခံရသောသခင်ယေရှု၏မယ်တော်တည်း။
16 Jacó gerou José, esposo de Maria, da qual nasceu Jesus, que é chamado Cristo.
17 သို့ဖြစ်၍ဆွေတော်စဉ်မျိုးတော်ဆက်များမှာ အာဗြဟံမှသည်ဒါဝိဒ်မင်းတိုင်အောင်တစ်ဆယ့် လေးဆက်၊ ဒါဝိဒ်မင်းမှသည်ဣသရေလအမျိုးသား တို့ဗာဗုလုန်မြို့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရချိန် တိုင်အောင်တစ်ဆယ့်လေးဆက်၊ ဣသရေလအမျိုးသား တို့ ဗာဗုလုန်မြို့သို့ရောက်ရှိချိန်မှသည်မေရှိယ ဖွားမြင်သည်တိုင်အောင်တစ်ဆယ့်လေးဆက်ဖြစ် သတည်း။
17 Portanto, as gerações, desde Abraão até Davi, são quatorze. Desde Davi até o cativeiro de Babilônia, quatorze gerações. E, depois do cativeiro até Cristo, quatorze gerações. Nascimento de Jesus
18 သခင်ယေရှုခရစ်ဖွားမြင်တော်မူပုံကားဤသို့ တည်း။ မယ်တော်မာရိနှင့်ယောသပ်တို့ထိမ်းမြားရန် စေ့စပ်ကြောင်းလမ်းထားပြီးနောက်၊ ပေါင်းသင်းနေထိုင် မှုမပြုရမီမာရိသည်သန့်ရှင်းသောဝိညာဉ်တော် ၏တန်ခိုးအားဖြင့်ပဋိသေနန္ဓစွဲကပ်လေ၏။-
18 Eis como nasceu Jesus Cristo: Maria, sua mãe, estava desposada com José. Antes de coabitarem, aconteceu que ela concebeu por virtude do Espírito Santo.
19 ယောသပ်သည်စိတ်သဘောထားမြင့်မြတ်သူဖြစ် သည်အလျောက်မာရိအားအသရေမပျက်စေ လိုသဖြင့် သူနှင့်စေ့စပ်ကြောင်းလမ်းထားမှုကို တိတ်တဆိတ်ဖျက်သိမ်းရန်အကြံရှိ၏။-
19 José, seu esposo, que era homem de bem, não querendo difamá-la, resolveu rejeitá-la secretamente.
20 ဤသို့အကြံရှိနေစဉ်သူသည်ထာဝရဘုရား ၏ကောင်းကင်တမန်တစ်ပါးကိုအိပ်မက်မြင်မက်၏။ ထိုကောင်းကင်တမန်က ``ဒါဝိဒ်၏သားမြေးယောသပ်၊ သင်သည်မာရိအားဇနီးအဖြစ်သိမ်းပိုက်ရမည်ကို မကြောက်နှင့်။ အဘယ်ကြောင့်ဆိုသော်သူ၏ဝမ်းတွင် ရှိသောပဋိသေနန္ဓကားသန့်ရှင်းသောဝိညာဉ်တော် ၏တန်ခိုးတော်အားဖြင့်ရသောပဋိသေနန္ဓဖြစ်၏။-
20 Enquanto assim pensava, eis que um anjo do Senhor lhe apareceu em sonhos e lhe disse: José, filho de Davi, não temas receber Maria por esposa, pois o que nela foi concebido vem do Espírito Santo.
21 သူသည်သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားသည်မိမိလူမျိုးအားအပြစ်မှကယ်တင် မည့်အရှင်ဖြစ်သောကြောင့်သူ့ကိုယေရှုဟု နာမည်မှည့်ရမည်'' ဟုဆို၏။
21 Ela dará à luz um filho, a quem porás o nome de Jesus, porque ele salvará o seu povo de seus pecados.
22 ဤအမှုအရာများမှာပရောဖက်အားဖြင့် ထာဝရဘုရားပေးတော်မူခဲ့သောဗျာဒိတ် တော်အတိုင်းဖြစ်ပျက်ခြင်းပင်ဖြစ်သတည်း။-
22 Tudo isto aconteceu para que se cumprisse o que o Senhor falou pelo profeta:
23 ဗျာဒိတ်တော်ကား ``အပျိုကညာသည်ကိုယ်ဝန် ဆောင်၍သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားကိုဧမာနွေလ ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟူ၍ဖြစ်သတည်း။
23 Eis que a Virgem conceberá e dará à luz um filho, que se chamará Emanuel {Is 7, 14}, que significa: Deus conosco.
24 သို့ဖြစ်၍ယောသပ်သည်အိပ်ပျော်ရာမှနိုးသော အခါ ထာဝရဘုရား၏ကောင်းကင်တမန်အမိန့် ရှိခဲ့သည့်အတိုင်း မာရိအားမိမိဇနီးအဖြစ် သိမ်းပိုက်လေ၏။-
24 Despertando, José fez como o anjo do Senhor lhe havia mandado e recebeu em sua casa sua esposa.
25 သို့ရာတွင်သားယောက်ျားဖွားမြင်သည်တိုင်အောင် မာရိနှင့်ပေါင်းသင်းနေထိုင်မှုကိုမပြုဘဲနေ၏။ ထိုသားကိုယေရှုဟုနာမည်မှည့်လေ၏။
25 E, sem que ele a tivesse conhecido, ela deu à luz o seu filho, que recebeu o nome de Jesus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Mateus 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.