Mateus 19
Common Language Bible (MYA) vs NAA
1 သခင်ယေရှုသည်ဤသို့မိန့်တော်မူပြီးသော အခါဂါလိလဲပြည်မှထွက်ခွာတော်မူ၍ ယော်ဒန် မြစ်တစ်ဖက်ကမ်းယုဒပြည်သို့ရောက်တော်မူ၏။-
1 Quando Jesus acabou de proferir estas palavras, deixou a Galileia e foi para o território da Judeia, além do Jordão.
2 လူပရိသတ်ကြီးသည်နောက်တော်သို့လိုက်ကြ၏။ ထိုအရပ်တွင်ကိုယ်တော်သည်သူနာများကို ကျန်းမာစေတော်မူ၏။
2 Grandes multidões o seguiram, e ele as curou ali.
3 ဖာရိရှဲအချို့တို့သည်အထံတော်သို့လာ၍ ``လူ တစ်စုံတစ်ယောက်သည်မည်သည့်အကြောင်းကြောင့် မဆို မိမိ၏မယားနှင့်ကွာရှင်းအပ်ပါသလော'' ဟုပရိယာယ်ဆင်၍မေးလျှောက်ကြ၏။
3 Alguns fariseus se aproximaram de Jesus e, testando-o, perguntaram: — É lícito ao homem repudiar a sua mulher por qualquer motivo?
4 ကိုယ်တော်က ``ဖန်ဆင်းတော်မူသောအရှင်သည် အစအဦးကပင်လျှင်ယောကျာ်းနှင့်မိန်းမကို ဖန်ဆင်းတော်မူ၏။ ဟူသောကျမ်းစကားကို သင်တို့မဖတ်ဖူးကြပါသလော။-
4 Jesus respondeu:
5 `ဘုရားသခင်ကဤအကြောင်းကြောင့်ယောကျာ်း သည် ကိုယ့်မိဘကိုစွန့်၍မိမိဇနီးနှင့်ပေါင်းသင်း နေထိုင်ရလိမ့်မည်။ ထိုသူနှစ်ဦးသည်တစ်သား တည်းဖြစ်ရကြလိမ့်မည်။-
5 e que disse: “Por isso o homem deixará o seu pai e a sua mãe e se unirá à sua mulher, tornando-se os dois uma só carne”?
6 သို့ဖြစ်၍သူတို့သည်နှစ်ဦးမဟုတ်၊ တစ်ဦးတည်း ဖြစ်၏။' `ဘုရားသခင်စုံဖက်ပေးသည်ကိုလူမခွဲ ခွာစေနှင့်' ဟုမိန့်တော်မူ၏။
6 De modo que já não são mais dois, porém uma só carne. Portanto, que ninguém separe o que Deus ajuntou.
7 ဖာရိရှဲတို့က ``ထိုသို့ဖြစ်ပါမူအဘယ်ကြောင့် မယားကိုဖြတ်စာနှင့်ကွာရှင်းရန်မောရှေပညတ် ခဲ့ပါသနည်း'' ဟုမေးလျှောက်ကြ၏။
7 Os fariseus perguntaram: — Então por que Moisés ordenou dar uma carta de divórcio e repudiar a mulher?
8 ကိုယ်တော်က ``သင်တို့သည်အပြောရခက်သူများ ဖြစ်သောကြောင့်မောရှေသည်သင်တို့အားမယား နှင့်ကွာရှင်းခွင့်ပေးခဲ့ခြင်းဖြစ်၏။ အစမူလက ဤခွင့်ပြုချက်မရှိ။-
8 Jesus respondeu:
9 သင်တို့အားငါဆိုသည်ကားမိမိ၏ဇနီးအား အကျင့်ဖောက်ပြားသည့်အပြစ်မှတစ်ပါးအခြား မည်သည့်အပြစ်ကြောင့်မဆို ကွာရှင်း၍အခြား အမျိုးသမီးတစ်ယောက်နှင့်အိမ်ထောင်ပြုသူ သည်မိမိဇနီး၏အိမ်ရာကိုပြစ်မှား၏'' ဟု မိန့်တော်မူသည်။
9 Eu, porém, lhes digo: quem repudiar a sua mulher, não sendo por causa de relações sexuais ilícitas, e casar com outra comete adultério.
10 တပည့်တော်တို့က ``ဇနီးခင်ပွန်းပေါင်းသင်း ဆက်ဆံမှုသည်ဤသို့ဖြစ်ပါလျှင်အိမ်ထောင် မပြုဘဲနေသည်ကပို၍ကောင်းပါ၏'' ဟု လျှောက်ထားကြ၏။
10 Os discípulos de Jesus disseram: — Se essa é a situação do homem em relação à sua mulher, não convém casar.
11 ကိုယ်တော်က ``လူတိုင်းအိမ်ထောင်မပြုဘဲနေနိုင် သည်မဟုတ်။ ဘုရားသခင်ခွင့်ပြုသူများသာ လျှင်နေနိုင်ကြ၏။ လူတို့အိမ်ထောင်မပြုနိုင်ကြ သည်မှာအကြောင်းအမျိုးမျိုးကြောင့်ဖြစ်၏။-
11 Jesus, porém, lhes respondeu:
12 အချို့သောသူတို့တွင်မွေးစကပင်အိမ်ထောင် ပြုနိုင်ရန်စွမ်းရည်မပါမရှိကြ။ အချို့တို့မှာ လူတို့ကထိုစွမ်းရည်ကိုဖျက်ဆီးပစ်လိုက်သော ကြောင့်အိမ်ထောင်ပြု၍မရကြ။ အချို့မှာမူ ကောင်းကင်နိုင်ငံတော်၏အကျိုးကိုထောက်၍ အိမ်ထောင်မပြုဘဲနေကြ၏။ အိမ်ထောင်မပြု ဘဲနေနိုင်သူသည်အိမ်ထောင်မပြုစေနှင့်'' ဟု မိန့်တော်မူ၏။
12 Porque há eunucos de nascença; há outros a quem os homens fizeram tais; e há outros que se fizeram eunucos, por causa do Reino dos Céus. Quem é apto para aceitar isto, que aceite.
13 လူအချို့တို့သည်ကလေးသူငယ်များအပေါ် လက်တော်တင်၍ကောင်းချီးပေးတော်မူစေရန် ကိုယ်တော်၏ထံသို့ခေါ်ခဲ့ကြ၏။-
13 Então trouxeram algumas crianças a Jesus para que ele lhes impusesse as mãos e orasse, mas os discípulos os repreendiam.
14 သို့ရာတွင်တပည့်တော်တို့သည်ထိုသူတို့ကို အပြစ်တင်ကြ၏။ သခင်ယေရှုက ``ကလေး သူငယ်တို့ငါ့ထံလာကြပါစေ။ မဆီးတား ကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည်ထို သို့သောသူတို့၏နိုင်ငံဖြစ်၏'' ဟုမိန့်တော် မူ၏။
14 Jesus, porém, disse:
15 ကိုယ်တော်သည်ကလေးသူငယ်တို့အပေါ်မှာ လက်တော်ကိုတင်၍ကောင်းချီးပေးတော်မူပြီး နောက်ထိုအရပ်မှထွက်ကြွတော်မူ၏။
15 E, tendo-lhes imposto as mãos, retirou-se dali.
16 လူတစ်ယောက်သည်အထံတော်သို့လာ၍ ``ဆရာ တော်၊ ထာဝရအသက်ကိုရအံ့သောငှာအကျွန်ုပ် သည်အဘယ်ကောင်းမြတ်သည့်အမှုကိုပြုရ ပါမည်နည်း'' ဟုမေးလျှောက်၏။
16 E eis que alguém, aproximando-se de Jesus, lhe perguntou: — Mestre, que farei de bom para alcançar a vida eterna?
17 ကိုယ်တော်က ``သင်သည်ကောင်းမြတ်သည့်အမှု နှင့်ပတ်သက်၍ငါ့အားအဘယ်ကြောင့်မေးသနည်း။ ကောင်းမြတ်သောအရှင်တစ်ပါးတည်းသာရှိ၏။ သင် သည်ထာဝရအသက်ကိုခံယူလိုလျှင်ပညတ်တော် တို့ကိုစောင့်ထိန်းလော့'' ဟုမိန့်တော်မူ၏။
17 Jesus respondeu:
18 ထိုသူက ``အဘယ်ပညတ်များပါနည်း'' ဟုလျှောက် လျှင်ကိုယ်တော်က ``လူ့အသက်ကိုမသတ်နှင့်။ သူ့အိမ် ရာကိုမပြစ်မှားနှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သော သက်သေကိုမခံနှင့်။-
18 E ele lhe perguntou: — Quais? Jesus respondeu:
19 မိဘကိုရိုသေမြတ်နိုးလော့။ အိမ်နီးချင်းကို ကိုယ်နှင့်အမျှချစ်လော့'' ဟုမိန့်တော်မူ၏။
19 honre o seu pai e a sua mãe e ame o seu próximo como você ama a si mesmo.”
20 ထိုလူငယ်ကလည်း ``အကျွန်ုပ်သည်ထိုပညတ် အပေါင်းကိုငယ်ရွယ်စဉ်အခါမှစ၍စောင့်ထိန်း ခဲ့ပါပြီ။ အကျွန်ုပ်တွင်အဘယ်အရာလိုနေပါ သေးသနည်း'' ဟုပြန်လည်လျှောက်ထား၏။
20 O jovem disse: — Tudo isso tenho observado. O que me falta ainda?
21 သခင်ယေရှုက ``သင်သည်အပြစ်ဆိုဖွယ်မရှိသူ ဖြစ်လိုလျှင်သွားလော့၊ သင့်ဥစ္စာရှိသမျှကိုရောင်းပြီး လျှင်ဆင်းရဲသူတို့အားပေးကမ်းစွန့်ကြဲလော့။ ဤ သို့ပြုလျှင်သင်သည်ကောင်းကင်ဘုံတွင်ဘဏ္ဍာကိုရ လိမ့်မည်။ ထိုသို့စွန့်ကြဲပြီးမှငါ့နောက်သို့လိုက် လော့'' ဟုမိန့်တော်မူ၏။
21 Jesus respondeu:
22 သို့ရာတွင်ထိုလူငယ်သည်ဥစ္စာများစွာကြွယ်ဝသူ ဖြစ်သဖြင့်ကိုယ်တော်၏စကားကိုကြားသောအခါ စိတ်မချမ်းမသာဖြစ်လျက်ထွက်ခွာသွားလေ၏။
22 Mas o jovem, ouvindo esta palavra, retirou-se triste, porque era dono de muitas propriedades.
23 သခင်ယေရှုကလည်း ``အမှန်အကန်ငါဆိုသည်ကား၊ ဥစ္စာကြွယ်ဝသူသည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်နိုင်ရန်ခဲယဉ်းလှ၏။-
23 Então Jesus disse aos seus discípulos:
24 တစ်ဖန်ငါဆိုသည်ကား၊ အပ်နဖားကိုကုလားအုတ် လျှိုဝင်ရန်လွယ်လိမ့်မည်။ ဘုရားသခင်၏နိုင်ငံတော် သို့ဥစ္စာကြွယ်ဝသူဝင်နိုင်ရန်ကားခဲယဉ်းလှ၏'' ဟု တပည့်တော်တို့အားမိန့်တော်မူ၏။
24 E ainda lhes digo que é mais fácil um camelo passar pelo fundo de uma agulha do que um rico entrar no Reino de Deus.
25 တပည့်တော်တို့သည်ကိုယ်တော်၏စကားကိုကြား လျှင်လွန်စွာအံ့သြကြသဖြင့် ``သို့ဖြစ်လျှင် အဘယ်သူသည်ကယ်တင်ခြင်းကိုရနိုင်ပါမည် နည်း'' ဟုမေးလျှောက်ကြ၏။
25 Ouvindo isto, os discípulos ficaram muito admirados e perguntaram: — Sendo assim, quem pode ser salvo?
26 သခင်ယေရှုသည် သူတို့ကိုစိုက်ကြည့်တော်မူ လျက် ``လူသည်မိမိကိုယ်ကိုကယ်တင်ရန်မတတ် နိုင်။ ဘုရားသခင်မူကား အရာခပ်သိမ်းကိုတတ် နိုင်တော်မူ၏'' ဟုမိန့်တော်မူ၏။
26 Jesus, olhando para eles, disse:
27 ထိုအခါပေတရုက ``အကျွန်ုပ်တို့သည်အလုံး စုံသောအရာတို့ကိုစွန့်ပစ်၍ကိုယ်တော်၏နောက် တော်သို့လိုက်ခဲ့ကြပါပြီ။ အကျွန်ုပ်တို့အဘယ် အကျိုးကိုခံစားရကြပါမည်နည်း'' ဟုလျှောက်၏။
27 Então Pedro, tomando a palavra, disse: — Eis que nós deixamos tudo e seguimos o senhor; que será, pois, de nós?
28 သခင်ယေရှုက ``ငါအမှန်အကန်ဆိုသည် ကားအသစ်ပြုပြင်ရာကာလတွင်လူသားသည် ဘုန်းအသရေနှင့်ပြည့်စုံသည့်ပလ္လင်တော်မှာ ထိုင်တော်မူသောအခါ ငါ၏တပည့်ဖြစ်သူ သင်တို့သည်လည်းပလ္လင်တစ်ဆယ့်နှစ်ခုပေါ်မှာ ထိုင်၍ ဣသရေလအနွယ်တစ်ဆယ့်နှစ်ပါးကို တရားစီရင်ရကြလတ္တံ့။-
28 Jesus lhes respondeu:
29 ထိုမှတစ်ပါးငါ့အတွက်ကြောင့်အိမ်၊ မြေ၊ ညီ အစ်ကို၊ နှမ၊ အစ်မ၊ မိဘ၊ သားသမီးအနက် တစ်စုံတစ်ယောက်ကိုစွန့်သောသူသည်မိမိစွန့် သည်ထက်အဆတစ်ရာမျှအကျိုးကိုပြန် လည်ရရှိလိမ့်မည်။ ထာဝရအသက်ကိုလည်း ရလိမ့်မည်။-
29 E todo aquele que tiver deixado casas, irmãos, irmãs, pai, mãe, filhos ou campos, por causa do meu nome, receberá muitas vezes mais e herdará a vida eterna.
30 သို့ရာတွင်အမြင့်ဆုံးသို့ရောက်နေသူအများ သည်အနိမ့်ဆုံးသို့ရောက်ကြလိမ့်မည်။ အနိမ့် ဆုံးသို့ရောက်နေသူအများသည်အမြင့်ဆုံး သို့ရောက်ကြလိမ့်မည်။
30 Porém muitos primeiros serão últimos; e os últimos serão primeiros.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Mateus 19, comparar traduções ou montar um estudo — tudo direto pelo WhatsApp.