Mateus 18

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ထို​အ​ခါ​တ​ပည့်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ထံ တော်​သို့​ချဉ်း​ကပ်​၍ ``ကောင်း​ကင်​နိုင်​ငံ​တော်​တွင် မည်​သူ​သည်​အ​ကြီး​မြတ်​ဆုံး​နည်း'' ဟု​မေး လျှောက်​ကြ​၏။
1 Naquela hora, os discípulos se aproximaram de Jesus e perguntaram: — Quem é o maior no Reino dos Céus?
2 ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တစ်​ယောက်​ကို ခေါ်​ယူ​ပြီး​လျှင်​တ​ပည့်​တော်​တို့​၏​ရှေ့​တွင် ရပ်​နေ​စေ​တော်​မူ​၏။-
2 E Jesus, chamando uma criança, colocou-a no meio deles
3 ထို​နောက်​ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့ အား​ငါ​ဆို​သည်​ကား၊ သင်​တို့​သည်​စိတ်​ပြောင်း​လဲ ၍​က​လေး​သူ​ငယ်​ကဲ့​သို့​ဖြစ်​မှ​သာ​လျှင်​ကောင်း ကင်​နိုင်​ငံ​တော်​သို့​ဝင်​ရ​လိမ့်​မည်။-
3 e disse:
4 ဤ​က​လေး​သူ​ငယ်​ကဲ့​သို့​စိတ်​နှိမ့်​ချ​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​အ​ကြီး​မြတ်​ဆုံး ဖြစ်​လိမ့်​မည်။-
4 Portanto, aquele que se humilhar como esta criança, esse é o maior no Reino dos Céus.
5 ငါ​၏​နာ​မ​ကို​ထောက်​၍​ဤ​သို့​သော​က​လေး သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို​လက်​ခံ​သူ​သည် ငါ့​ကို​လက်​ခံ​၏။
5 E quem receber uma criança, tal como esta, em meu nome, é a mim que recebe.
6 ``ငါ့​ကို​ယုံ​ကြည်​ကိုး​စား​သည့်​က​လေး​သူ​ငယ် တစ်​စုံ​တစ်​ယောက်​အား​ယုံ​ကြည်​ခြင်း​ပျက်​ပြယ် စေ​သော​သူ​မူ​ကား လည်​တွင်​ကြိတ်​ဆုံ​ကျောက်​ကြီး ကို​ဆွဲ​လျက်​ပင်​လယ်​နက်​ထဲ​သို့​အ​ချ​ခံ​ရ​လျှင် သူ့​အ​ဖို့​သာ​၍​ကောင်း​၏။-
6 — E, se alguém fizer tropeçar um destes pequeninos que creem em mim, seria melhor para esse que uma grande pedra de moinho fosse pendurada ao seu pescoço e fosse afogado na profundeza do mar.
7 လူ​သား​တို့​အား​ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​စေ သော​အ​ရာ​များ​ရှိ​သည့်​အ​တွက်​လူ​သား​တို့ သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ ယုံ​ကြည်​ခြင်း​ကို​ပျက် ပြယ်​စေ​သော​အ​ရာ​များ​ကား​မု​ချ​ရှိ​မည်။ သို့ ရာ​တွင်​ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​မှု​ကို​ဖြစ် စေ​သော​သူ​သည်​အ​မင်္ဂလာ​ရှိ​၏။
7 — Ai do mundo por causa das pedras de tropeço! Porque é inevitável que elas existam, mas ai de quem é responsável por elas!
8 ``သင်​၏​ခြေ​သော်​လည်း​ကောင်း၊ လက်​သော်​လည်း ကောင်း​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက်​ပြယ်​စေ​လျှင် ထို​ခြေ​ထို​လက်​ကို​ဖြတ်​ပစ်​လော့။ ထာ​ဝ​ရ​မီး ထဲ​သို့​ခြေ​လက်​အ​စုံ​နှင့်​ကျ​ရ​သည်​ထက်​ကိုယ် အင်္ဂါ​ချို့​တဲ့​လျက်​ထာ​ဝ​ရ​အ​သက်​ရ​ခြင်း​က သာ​၍​ကောင်း​၏။-
8 — Se a sua mão ou o seu pé leva você a tropeçar, corte-o e jogue fora; pois é melhor você entrar na vida manco ou aleijado do que, tendo duas mãos ou dois pés, ser lançado no fogo eterno.
9 သင်​၏​မျက်​စိ​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြယ်​စေ​လျှင်​ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့။ င​ရဲ​မီး ထဲ​သို့​မျက်​စိ​အ​စုံ​နှင့်​ကျ​ရ​သည်​ထက်​မျက်​စိ တစ်​လုံး​ချို့​တဲ့​လျက် ထာ​ဝ​ရ​အ​သက်​ကို​ရ​ခြင်း က​သာ​၍​ကောင်း​၏။
9 E, se um dos seus olhos leva você a tropeçar, arranque-o e jogue fora; pois é melhor você entrar na vida com um só dos seus olhos do que, tendo os dois, ser lançado no inferno de fogo.
10 ``သင်​တို့​သည်​အ​ဘယ်​က​လေး​သူ​ငယ်​ကို​မျှ အ​ထင်​အ​မြင်​မ​သေး​မိ​စေ​ရန်​သ​တိ​ထား ကြ​လော့။ သင်​တို့​အား​ငါ​ဆို​သည်​ကား၊ ထို​သူ​ငယ် တို့​၏​ကောင်း​ကင်​တ​မန်​များ​သည်​ကောင်း​ကင်​ဘုံ ရှင်​ငါ့​ခ​မည်း​တော်​၏​ရှေ့​တော်​မှောက်​၌​အ​စဉ် မ​ပြတ်​ခ​စား​လျက်​ရှိ​ကြ​၏။-
10 — Fiquem atentos, para não desprezarem nenhum destes pequeninos! Porque eu afirmo a vocês que os anjos deles, lá nos céus, veem incessantemente a face de meu Pai celeste.
11 (လူ​သား​သည်​ပျောက်​ဆုံး​သူ​တို့​ကို​ကယ်​တင် ရန်​ကြွ​လာ​ခြင်း​ဖြစ်​၏။)
11 Porque o Filho do Homem veio salvar o que estava perdido.
12 ``သင်​တို့​သည်​အ​ဘယ်​သို့​ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​သည်​မိ​မိ​မှာ​ရှိ​သည့်​သိုး​တစ်​ရာ အ​နက်​တစ်​ကောင်​ပျောက်​သွား​လျှင်​ကိုး​ဆယ် ကိုး​ကောင်​ကို​တောင်​ပေါ်​စား​ကျက်​တွင်​ထား​ခဲ့ ပြီး​လျှင်​ပျောက်​သော​သိုး​ကို​လိုက်​၍​မ​ရှာ​ဘဲ နေ​ပါ​မည်​လော။-
12 — O que vocês acham? Se um homem tiver cem ovelhas, e uma delas se desgarrar, não deixará ele nos montes as noventa e nove, indo procurar a que se desgarrou?
13 ပျောက်​သော​သိုး​ကို​ရှာ​၍​တွေ့​သော​အ​ခါ​မ​ပျောက် သည့်​သိုး​ကိုး​ဆယ့်​ကိုး​ကောင်​အ​တွက်​ရွှင်​လန်း​ဝမ်း မြောက်​သည်​ထက် ထို​သိုး​အ​တွက်​ပို​၍​ရွှင်​လန်း ဝမ်း​မြောက်​သည်​ဟု​သင်​တို့​အား​အ​မှန်​အ​ကန် ငါ​ဆို​၏။-
13 E, se consegue encontrá-la, em verdade lhes digo que ficará mais alegre por causa desta do que pelas noventa e nove que não se desgarraram.
14 ထို​နည်း​တူ​စွာ​ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့​၏​အ​ဖ သည်​လည်း ဤ​က​လေး​သူ​ငယ်​တစ်​စုံ​တစ်​ယောက် ပျောက်​ဆုံး​လမ်း​လွဲ​သွား​သည်​ကို​အ​လို​တော် မ​ရှိ။
14 Assim, não é da vontade do Pai de vocês, que está nos céus, que se perca um só destes pequeninos.
15 ``သင်​၏​ညီ​အစ်​ကို​သည်​သင့်​ကို​ပြစ်​မှား​လျှင်​သူ့ အ​ပြစ်​ကို​ဖော်​ပြ​ရန်​သူ့​ထံ​သို့​သွား​လော့။ သို့​ရာ တွင်​သင်​တို့​နှစ်​ယောက်​တည်း​သာ​တွေ့​ဆုံ​၍​ပြော ဆို​လော့။ သင်​၏​စ​ကား​ကို​နား​ထောင်​လျှင်​ထို ညီ​အစ်​ကို​နှင့်​သင်​သည်​ပြန်​၍​သင့်​မြတ်​သွား လေ​ပြီ။-
15 — Se o seu irmão pecar contra você, vá e repreenda-o em particular. Se ele ouvir, você ganhou o seu irmão.
16 သို့​ရာ​တွင်​သူ​သည်​သင်​၏​စ​ကား​ကို​နား​မ​ထောင် ပါ​မူ​သင်​၏​စွပ်​စွဲ​ချက်​မှန်​သ​မျှ​အ​တည်​ဖြစ် စေ​ရန် ကျမ်း​စာ​လာ​သည်​အ​တိုင်း​အ​သိ​သက်​သေ နှစ်​ယောက်​သုံး​ယောက်​ကို​ခေါ်​လော့။-
16 Mas, se não ouvir, leve ainda com você uma ou duas pessoas, para que, pelo depoimento de duas ou três testemunhas, toda questão seja decidida.
17 အ​ကယ်​၍​သူ​သည်​ထို​သူ​တို့​၏​စ​ကား​ကို​လည်း နား​မ​ထောင်​ပြန်​လျှင်​အ​သင်း​တော်​အား​တိုင်​ကြား လော့။ အ​သင်း​တော်​၏​စ​ကား​ကို​ပင်​နား​မ​ထောင် လျှင်​ထို​သူ​အား​ဘု​ရား​မဲ့​သူ​တစ်​ယောက်၊ သို့ မ​ဟုတ်​အ​ခွန်​ခံ​သူ​တစ်​ယောက်​ကဲ့​သို့​မှတ်​ယူ လော့။
17 E, se ele se recusar a ouvir essas pessoas, exponha o assunto à igreja; e, se ele se recusar a ouvir também a igreja, considere-o como gentio e publicano.
18 ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ လော​က​တွင်​သင်​တို့​တား​မြစ်​သ​မျှ​ကို​ဘု​ရား သ​ခင်​သည်​ကောင်း​ကင်​ဘုံ​၌​တား​မြစ်​တော်​မူ လိမ့်​မည်။ လော​က​တွင်​သင်​တို့​ခွင့်​ပြု​သ​မျှ ကို​ကောင်း​ကင်​ဘုံ​၌​ခွင့်​ပြု​တော်​မူ​လိမ့်​မည်။
18 — Em verdade lhes digo que tudo o que ligarem na terra terá sido ligado nos céus, e tudo o que desligarem na terra terá sido desligado nos céus.
19 ``ထို့​ပြင်​အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား၊ လော​က​တွင်​သင်​တို့​အ​နက်​လူ​နှစ်​ယောက် မျှ​စိတ်​တူ​သ​ဘော​တူ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ပါ​လျှင် ကောင်း​ကင်​ဘုံ​ရှင်​ငါ​၏​ခ​မည်း​တော် သည်​သင်​တို့​တောင်း​လျှောက်​သ​မျှ​သော​အ​ရာ ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။-
19 Em verdade também lhes digo que, se dois de vocês, sobre a terra, concordarem a respeito de qualquer coisa que vierem a pedir, isso lhes será concedido por meu Pai, que está nos céus.
20 အ​ဘယ်​ကြောင့်​ဆို​သော်​လူ​နှစ်​ယောက်​သုံး​ယောက် တို့​သည်​ငါ့​နာ​မ​ကို​အ​မှီ​ပြု​၍​စု​ဝေး​လျှင် စု ဝေး​ရာ​တွင်​သူ​တို့​နှင့်​အ​တူ​ငါ​ရှိ​မည်​ဖြစ် သော​ကြောင့်​တည်း။
20 Porque, onde estiverem dois ou três reunidos em meu nome, ali estou no meio deles.
21 ထို​နောက်​ပေ​တ​ရု​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ညီ​အစ်​ကို​သည် အ​ကျွန်ုပ်​ကို​ပြစ်​မှား​လျှင်​သူ့​အား​အ​ကြိမ်​မည် မျှ​အ​ပြစ်​ဖြေ​လွှတ်​ရ​ပါ​မည်​နည်း။ ခု​နစ်​ကြိမ် တိုင်​အောင်​ဖြေ​လွှတ်​ရ​ပါ​မည်​လော'' ဟု​မေး လျှောက်​၏။
21 Então Pedro, aproximando-se, perguntou a Jesus: — Senhor, até quantas vezes meu irmão pecará contra mim, que eu lhe perdoe? Até sete vezes?
22 သ​ခင်​ယေ​ရှု​က ``ခု​နစ်​ကြိမ်​တိုင်​အောင်​ဖြေ​လွှတ်​ရ မည်​ဟု​သင့်​အား​ငါ​မ​ဆို။ အ​ကြိမ်​ခု​နစ်​ဆယ် ခု​နစ်​လီ​တိုင်​အောင်​ဖြေ​လွှတ်​ရ​မည်​ဟု​ငါ​ဆို​၏။-
22 Jesus respondeu:
23 သို့​ဖြစ်​၍​ကောင်း​ကင်​နိုင်​ငံ​တော်​သည်​မိ​မိ​၏​ကျွန် များ​နှင့်​စာ​ရင်း​ရှင်း​လို​သည့်​ဘု​ရင်​တစ်​ပါး ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။-
23 — Por isso, o Reino dos Céus é semelhante a um rei que resolveu ajustar contas com os seus servos.
24 သူ​သည်​စာ​ရင်း​စ​၍​ရှင်း​သော​အ​ခါ​ငွေ​သန်း​ပေါင်း များ​စွာ​ကြွေး​တင်​သူ​လူ​တစ်​ယောက်​ကို​ခေါ်​စေ​၏။-
24 E, passando a fazê-lo, trouxeram-lhe um que lhe devia dez mil talentos.
25 ထို​သူ​သည်​ထို​အ​ကြွေး​ကို​ပေး​ဆပ်​နိုင်​စွမ်း​မ​ရှိ သ​ဖြင့်​မင်း​ကြီး​က​ထို​သူ​နှင့်​တ​ကွ​သား​မ​ယား၊ ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​ရောင်း​၍​ပေး​ဆပ်​စေ ရန်​အ​မိန့်​ချ​မှတ်​တော်​မူ​၏။-
25 Não tendo ele, porém, com que pagar, o senhor desse servo ordenou que fossem vendidos ele, a mulher, os filhos e tudo o que possuía e que, assim, a dívida fosse paga.
26 သို့​ဖြစ်​၍​ထို​သူ​သည်​မင်း​ကြီး​၏​ရှေ့​တွင်​ဝပ်​တွား လျက် `အ​ကျွန်ုပ်​ကို​သည်း​ခံ​တော်​မူ​ပါ။ အ​ကြွေး များ​ပြေ​လည်​အောင်​ပေး​ဆပ်​ပါ​မည်' ဟု​လျှောက်​၏။-
26 Então o servo, caindo aos pés dele, implorava: “Tenha paciência comigo, e pagarei tudo ao senhor.”
27 မင်း​ကြီး​သည်​သူ့​ကို​သ​နား​သ​ဖြင့်​အ​ကြွေး​များ ကို​စာ​ရင်း​မှ​ပယ်​ဖျက်​ပြီး​လျှင်​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ပေး​လိုက်​၏။''
27 E o senhor daquele servo, compadecendo-se, mandou-o embora e perdoou-lhe a dívida.
28 ``သို့​ရာ​တွင်​သူ​သည်​ထွက်​သွား​သော​အ​ခါ​မိ​မိ အား​အ​ကြွေး​ငွေ​တစ်​ရာ​ပေး​ဆပ်​ရန်​ရှိ​သူ​ကျွန်​ချင်း တစ်​ယောက်​ကို​တွေ့​လျှင် ထို​ကျွန်​၏​လည်​ကို​ကိုင်​ညှစ် ၍ `သင်​ပေး​ဆပ်​ရန်​ရှိ​သော​အ​ကြွေး​ကို​ပေး​ဆပ် လော့'' ဟု​ဆို​၏။-
28 — Saindo, porém, aquele servo, encontrou um dos seus conservos que lhe devia cem denários. Agarrando-o, começou a sufocá-lo, dizendo: “Pague-me o que você me deve.”
29 ထို​ကျွန်​သည်​ဒူး​ထောက်​လျက် `အ​ကျွန်ုပ်​ကို​သည်း​ခံ ပါ။ အ​ကြွေး​ရှိ​သ​မျှ​ကို​ပေး​ဆပ်​ပါ​မည်' ဟု​တောင်း ပန်​၏။-
29 Então o seu conservo, caindo aos pés dele, pedia: “Tenha paciência comigo, e pagarei tudo a você.”
30 သို့​ရာ​တွင်​ကြွေး​ရှင်​သည်​နား​မ​ထောင်​ဘဲ​မိ​မိ​၏ အ​ကြွေး​ကို​ပြေ​လည်​အောင်​မ​ပေး​မ​ဆပ်​မ​ချင်း ထို​ကျွန်​ကို​အ​ကျဉ်း​ချ​ထား​လေ​သည်။-
30 Ele, porém, não quis. Pelo contrário, foi e o lançou na prisão, até que saldasse a dívida.
31 ထို​အ​ခြင်း​အ​ရာ​ကို​အ​ခြား​သော​ကျွန်​ချင်း​တို့ သိ​မြင်​လျှင်​လွန်​စွာ​စိတ်​ဆိုး​၍ မိ​မိ​တို့​၏​အ​ရှင် ထံ​သို့​သွား​ပြီး​လျှင်​ဖြစ်​ပျက်​သ​မျှ​တို့​ကို လျှောက်​ထား​ကြ​၏။-
31 — Vendo os seus companheiros o que havia acontecido, ficaram muito tristes e foram relatar ao seu senhor tudo o que havia acontecido.
32 ထို​အ​ခါ​မင်း​ကြီး​သည်​ထို​ကျွန်​ကို​ခေါ်​၍`ဟယ် ကျွန်​ယုတ်၊ သင်​ငါ့​ကို​တောင်း​ပန်​သော​အ​ခါ​သင် ပေး​ဆပ်​ရန်​အ​ကြွေး​ရှိ​သ​မျှ​ကို​ငါ​ပယ်​ဖျက် ခဲ့​၏။-
32 Então o senhor, chamando aquele servo, lhe disse: “Servo malvado, eu lhe perdoei aquela dívida toda porque você me implorou.
33 သင့်​ကို​ငါ​သ​နား​သ​ကဲ့​သို့​သင်​သည်​လည်း ကျွန်​ချင်း​ကို​မ​သ​နား​အပ်​သ​လော' ဟု​ဆို​၏။-
33 Será que você também não devia ter compaixão do seu conservo, assim como eu tive compaixão de você?”
34 မင်း​ကြီး​သည်​အ​မျက်​ထွက်​၍​ထို​ကျွန်​ကို​အ​ကြွေး မ​ကျေ​မ​ချင်း​အ​ကျဉ်း​ချ​ထား​လေ​၏။''
34 E, indignando-se, o senhor entregou aquele servo aos carrascos, até que lhe pagasse toda a dívida.
35 ထို​နောက်​သ​ခင်​ယေ​ရှု​က​သင်​တို့​သည်​ညီ​အစ်​ကို အ​ချင်း​ချင်း​တစ်​ယောက်​၏​အ​ပြစ်​ကို​တစ်​ယောက် အ​မှန်​တ​ကယ်​မ​ဖြေ​မ​လွှတ်​လျှင် ကောင်း​ကင်​ဘုံ ရှင်​ငါ​၏​အ​ဖ​သည်​လည်း​သင်​တို့​၏​အ​ပြစ်​ကို ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​၏။
35 Assim também o meu Pai, que está no céu, fará com vocês, se do íntimo não perdoarem cada um a seu irmão.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 18, comparar traduções ou montar um estudo — tudo direto pelo WhatsApp.