Mateus 16
Common Language Bible (MYA) vs NTLH
1 ဖာရိရှဲများနှင့်ဇဒ္ဒုကဲများသည်အထံတော် သို့လာ၍ကိုယ်တော်အားပရိယာယ်ဆင်လျက် ``ဘုရားသခင်သည်ကိုယ်တော်အားစေလွှတ် တော်မူကြောင်းသိနိုင်ရန်နိမိတ်လက္ခဏာကို ပြတော်မူပါ'' ဟုတောင်းဆိုကြ၏။-
1 Alguns fariseus e alguns saduceus foram falar com Jesus. Eles queriam alguma prova contra ele e por isso pediram que ele fizesse um milagre para mostrar que o seu poder vinha mesmo de Deus.
2 ကိုယ်တော်က ``နေဝင်ချိန်၌မိုးတိမ်နီလျှင် ရာသီဥတုသာယာလိမ့်မည်ဟူ၍လည်းကောင်း၊-
2 Mas Jesus respondeu:
3 နံနက်ချိန်၌မိုးတိမ်နီ၍အုံ့မှိုင်းနေလျှင်မိုးရွာ လိမ့်မည်ဟူ၍လည်းကောင်းသင်တို့ပြောတတ်ကြ၏။ သင်တို့သည်မိုးကောင်းကင်ကိုကြည့်ခြင်းအားဖြင့် မိုးလေဝသ၏အခြေအနေကိုသိနိုင်ကြပါ လျက် မျက်မှောက်ခေတ်ကာလ၏အရိပ်အခြေကို မူပိုင်းခြား၍မသိနိုင်ကြပါသလော။-
3 E, de manhã, cedo, dizem: “Vai chover porque o céu está vermelho-escuro.” Olhando o céu, vocês sabem como vai ser o tempo. E como é que não sabem explicar o que querem dizer os sinais desta época?
4 ဤခေတ်လူတို့သည်အလွန်ဆိုးညစ်၍ဘုရား သခင်ကိုယုံကြည်ခြင်းကင်းမဲ့ကြပါသည် တကား။ သင်တို့သည်နိမိတ်လက္ခဏာကိုတောင်း ဆိုကြ၏။ သို့ရာတွင်ယောန၏နိမိတ်လက္ခဏာ မှတစ်ပါးအဘယ်နိမိတ်လက္ခဏာမျှသင်တို့ တွေ့မြင်ရကြလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
4 Como o povo de hoje é mau e sem fé! Vocês estão me pedindo um milagre, mas o milagre de Jonas é o único sinal que lhes será dado. Então ele saiu e foi embora.
5 တပည့်တော်တို့သည်အိုင်တစ်ဖက်ကမ်းသို့ရောက် ကြ၏။ သူတို့သည်အစားအစာများကိုမယူ ခဲ့မိကြ။-
5 Quando os discípulos atravessaram para o lado leste do lago, esqueceram de levar pão.
6 သခင်ယေရှုက ``သင်တို့သည်ဖာရိရှဲနှင့်ဇဒ္ဒုကဲ တို့၏တဆေးကိုသတိနှင့်ရှောင်ကြဉ်ကြလော့'' ဟုမိန့်တော်မူ၏။
6 Jesus disse:
7 တပည့်တော်တို့သည်မိမိတို့၌စားစရာမပါ လာသည့်အတွက်ဤသို့ကိုယ်တော်မိန့်တော်မူခြင်း ဖြစ်သည်ဟုအချင်းချင်းပြောဆိုလျက်နေကြ၏။
7 Aí os discípulos começaram a dizer uns aos outros: — Ele está dizendo isso porque não trouxemos pão.
8 ယင်းသို့ပြောဆိုနေသည်ကိုသခင်ယေရှုသိတော် မူသဖြင့် ``သင်တို့သည်အစားအစာမပါသည် ကိုအဘယ်ကြောင့်ဆွေးနွေးနေကြသနည်း။-
8 Jesus ouviu o que eles estavam dizendo e perguntou:
9 ယုံကြည်ခြင်းအားနည်းသူတို့၊ ယခုတိုင်အောင် ပင်မသိနားမလည်နိုင်ကြသလော။-
9 Ainda não entenderam? Não lembram dos cinco pães que eu parti para cinco mil homens? Quantos cestos vocês encheram?
10 မုန့်ငါးလုံးကိုလူငါးထောင်စား၍ဘယ်နှစ်တောင်း ကောက်သိမ်းရသည်ကိုသင်တို့သတိမရကြပါ သလော။ မုန့်ခုနစ်လုံးကိုလူလေးထောင်စား၍ဘယ် နှစ်တောင်းကောက်သိမ်းရသည်ကိုလည်းသတိမရ ကြပါသလော။ အစားအစာနှင့်ပတ်သက်၍ ငါပြောဆိုနေခြင်းမဟုတ်ကြောင်းကိုသင်တို့ အဘယ်ကြောင့်နားမလည်ကြသနည်း။-
10 E aqueles sete pães para quatro mil homens? Quantos cestos vocês encheram?
11 ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏တဆေးကိုရှောင်ကြဉ် ကြလော့'' ဟုမိန့်တော်မူ၏။
11 Vocês não entendem que eu não estou falando a respeito de pães? Tenham cuidado com o fermento dos fariseus e dos saduceus!
12 ထိုအခါတပည့်တော်တို့သည်မုန့်လုပ်တဆေး ကိုရှောင်ကြဉ်ရန်မဟုတ်ဘဲဖာရိရှဲနှင့်ဇဒ္ဒုကဲ တို့၏သွန်သင်ချက်များကိုမလိုက်နာရန် ကိုယ်တော်သတိပေးတော်မူကြောင်းနားလည် ကြ၏။
12 Então os discípulos entenderam que ele não estava dizendo que tivessem cuidado com o fermento usado no pão, mas com os ensinamentos dos fariseus e dos saduceus.
13 သခင်ယေရှုသည်ကဲသရိဖိလိပ္ပိနယ်သို့ရောက် ရှိတော်မူသောအခါတပည့်တော်တို့အား ``လူ တို့သည်ငါ့ကိုအဘယ်သူဖြစ်သည်ဟုပြောဆို ကြသနည်း'' ဟုမေးတော်မူ၏။
13 Jesus foi para a região que fica perto da cidade de Cesareia de Filipe. Ali perguntou aos discípulos:
14 ``လူအချို့ကအရှင်သည်ဗတ္တိဇံဆရာယောဟန် ဖြစ်သည်။ အချို့ကဧလိယဖြစ်သည်။ အချို့က ယေရမိသို့မဟုတ်အခြားပရောဖက်တစ်ပါး ပါးဖြစ်သည်ဟုပြောဆိုကြပါသည်'' ဟုလျှောက် ကြ၏။
14 Eles responderam: — Alguns dizem que o senhor é João Batista; outros, que é Elias; e outros, que é Jeremias ou algum outro
15 ကိုယ်တော်က ``သင်တို့ကမူငါ့ကိုအဘယ်သူဟု ဆိုကြသနည်း'' ဟုမေးတော်မူလျှင်၊
15 — E vocês? Quem vocês dizem que eu sou? — perguntou Jesus.
16 ပေတရုက ``အရှင်သည်အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်တည်းဟူသောခရစ် တော်ဖြစ်ပါသည်'' ဟုလျှောက်လေ၏။
16 Simão Pedro respondeu: — O senhor é o
17 သခင်ယေရှုက ``ယောဟန်၏သားရှိမုန်၊ သင်သည် မင်္ဂလာရှိ၏။ ဤအကြောင်းကိုသာမန်လူတစ်ယောက် အနေဖြင့်သင်မသိနိုင်။ ကောင်းကင်ဘုံရှင်ငါ၏ ခမည်းတော်ကဖော်ပြတော်မူ၍သာသင်သိ သတည်း။-
17 Jesus afirmou:
18 ထို့ကြောင့်သင်၏နာမည်သည်ကျောက်ဟုအနက် ရှိသောပေတရုဖြစ်၍ထိုကျောက်တည်းဟူသော အုတ်မြစ်ပေါ်မှာငါ၏အသင်းတော်ကိုတည်ဆောက် မည်။ သေခြင်းတရားပင်လျှင်ထိုအသင်းတော်ကို မနိုင်ရ။-
18 Portanto, eu lhe digo: você é Pedro, e sobre esta pedra construirei a minha Igreja, e nem a morte poderá vencê-la.
19 ငါသည်သင့်အားကောင်းကင်နိုင်ငံတော်၏သော့ များကိုပေးအပ်မည်။ လောကတွင်သင်တားမြစ် သမျှကိုဘုရားသခင်သည်ကောင်းကင်ဘုံတွင် လည်းတားမြစ်တော်မူမည်။ လောကတွင်သင်ခွင့် ပြုသမျှကိုကောင်းကင်ဘုံတွင်လည်းခွင့်ပြု တော်မူမည်'' ဟုမိန့်တော်မူ၏။
19 Eu lhe darei as chaves do
20 ထိုနောက်ကိုယ်တော်သည်မိမိခရစ်တော်ဖြစ်တော် မူကြောင်းကိုအဘယ်သူအားမျှမပြောရန်တပည့် တော်တို့အားပညတ်တော်မူ၏။
20 Então Jesus ordenou que os discípulos não contassem a ninguém que ele era o Messias.
21 သခင်ယေရှုသည်ယေရုရှလင်မြို့သို့သွား၍ ဘာသာရေးခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ် ကြီးများနှင့်ကျမ်းတတ်ဆရာများ၏လက် တွင်ဒုက္ခဝေဒနာခံတော်မူရမည့်အကြောင်း ကိုလည်းကောင်း၊ သုံးရက်မြောက်သောနေ့၌သေ ခြင်းမှထမြောက်တော်မူမည့်အကြောင်းကို လည်းကောင်းတပည့်တော်တို့အားထိုအချိန် မှစ၍ပွင့်လင်းစွာဖော်ပြတော်မူ၏။
21 Daí em diante, Jesus começou a dizer claramente aos discípulos: — Eu preciso ir para Jerusalém, e ali os líderes judeus, os chefes dos sacerdotes e os
22 ပေတရုသည်ကိုယ်တော်အားမလှမ်းမကမ်းနေရာ သို့ပင့်ဖိတ်ပြီးလျှင် ``သခင်ဘုရား၊ ကိုယ်တော်ရှင် ဖော်ပြခဲ့သည့်အမှုအရာများမဖြစ်ပျက်စေ ရန်ဘုရားသခင်ဆီးတားတော်မူပါစေသော။ ကိုယ်တော်ရှင်သည်ထိုအမှုအရာများနှင့် အဘယ်အခါ၌မျှမကြုံမတွေ့ရပါစေနှင့်'' ဟုပြစ်တင်လျှောက်ထား၏။
22 Então Pedro o levou para um lado e começou a repreendê-lo, dizendo: — Que Deus não permita! Isso nunca vai acontecer com o senhor!
23 ကိုယ်တော်သည်လှည့်၍ပေတရုအား ``အချင်း စာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည်ငါ့ အတွက်ဆူးငြောင့်ခလုတ်သဖွယ်ဖြစ်၏။ သင် သည်ဘုရားသခင်၏ရှုထောင့်ကမတွေး၊ လူ ၏ရှုထောင့်ကသာတွေး၏'' ဟုမိန့်တော်မူသည်။
23 Jesus virou-se e disse a Pedro:
24 ထိုနောက်သခင်ယေရှုက ``ငါ့တပည့်ဖြစ်လိုသူ သည်ကိုယ်ကျိုးကိုစွန့်ရမည်။ ကိုယ့်လက်ဝါးကပ် တိုင်ကိုထမ်း၍ငါ့နောက်သို့လိုက်ရမည်။-
24 E Jesus disse aos discípulos:
25 မိမိအသက်ကိုကယ်လိုသူသည်အသက်ဆုံးရှုံးရ လိမ့်မည်။ ငါ၏အတွက်အသက်ဆုံးရှုံးရသူသည် အသက်ကိုရလိမ့်မည်။-
25 Pois quem põe os seus próprios interesses em primeiro lugar nunca terá a vida verdadeira; mas quem esquece a si mesmo por minha causa terá a vida verdadeira.
26 လူသည်လောကတစ်ခုလုံးကိုအစိုးရသော်လည်း မိမိ၏အသက်ဆုံးရှုံးလျှင်အဘယ်အကျိုးရှိ မည်နည်း။ မိမိ၏အသက်ကိုအဘယ်အရာနှင့် လဲလှယ်နိုင်မည်နည်း။-
26 O que adianta alguém ganhar o mundo inteiro, mas perder a vida verdadeira? Pois não há nada que poderá pagar para ter de volta essa vida.
27 လူသားသည်ခမည်းတော်၏ဘုန်းအသရေကို ဆောင်လျက်ကောင်းကင်တမန်များနှင့်အတူ ကြွလာတော်မူလတ္တံ့။ ထိုအခါလူအပေါင်းတို့ အားမိမိတို့၏အကျင့်အလျောက်အကျိုး အပြစ်ကိုဆပ်ပေးတော်မူလိမ့်မည်။-
27 Pois o
28 အမှန်အကန်သင်တို့အားငါဆိုသည်ကားဤ အရပ်ရှိလူအချို့တို့သည် လူသားအားဘုရင် အဖြစ်နှင့်ကြွလာတော်မူသည်ကိုမမြင်မီ မသေရကြ'' ဟုမိန့်တော်မူ၏။
28 Eu afirmo a vocês que isto é verdade: estão aqui algumas pessoas que não morrerão antes de verem o Filho do Homem vir como Rei.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Mateus 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.