Mateus 14

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ထို​ကာ​လ​၌​ဂါ​လိ​လဲ​ပြည်​ကို​အုပ်​စိုး​သူ ဟေ​ရုဒ်​သည်​သ​ခင်​ယေ​ရှု​၏​သ​တင်း​ကို ကြား​လျှင်၊-
1 Por aquele tempo Herodes, o tetrarca, ouviu os relatos a respeito de Jesus
2 ``ဤ​သူ​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ပင်​တည်း။ သူ​သည်​သေ​ရာ​မှ​အ​သက်​ပြန်​ရှင်​လေ​ပြီ။ သို့ ဖြစ်​၍​အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြု​လျက် ရှိ​၏'' ဟု​မိ​မိ​အ​မှု​ထမ်း​အ​ရာ​ထမ်း​တို့​အား မိန့်​တော်​မူ​၏။
2 e disse aos que o serviam: "Este é João Batista; ele ressuscitou dos mortos! Por isso estão operando nele poderes miraculosos".
3 ဟေ​ရုဒ်​သည်​ညီ​ဖြစ်​သူ​ဖိ​လိပ္ပု​၏​ဇ​နီး​ဟေ​ရော​ဒိ နှင့်​ပတ်​သက်​၍​ယော​ဟန်​ကို​ဖမ်း​ဆီး​ချုပ်​နှောင် ကာ​ထောင်​တွင်​အ​ကျဉ်း​ထား​ခဲ့​၏။-
3 Pois Herodes havia prendido e amarrado João, colocando-o na prisão por causa de Herodias, mulher de Filipe, seu irmão,
4 အ​ဘယ်​ကြောင့်​ဆို​သော်​ယော​ဟန်​က ``သင်​သည် ညီ​ဖြစ်​သူ​၏​ဇ​နီး​ကို​မ​သိမ်း​မ​ယူ​အပ်'' ဟု ဆို​ခဲ့​သော​ကြောင့်​ဖြစ်​၏။-
4 porquanto João lhe dizia: "Não te é permitido viver com ela".
5 ဟေ​ရုဒ်​သည်​ယော​ဟန်​ကို​သတ်​လို​သော်​လည်း ယု​ဒ​အ​မျိုး​သား​တို့​ကို​ကြောက်​သ​ဖြင့်​မ​သတ် ရဲ​ချေ။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ယော​ဟန် ကို​ပ​ရော​ဖက်​တစ်​ပါး​ဟု​မှတ်​ယူ​နေ​ကြ​သော ကြောင့်​ဖြစ်​၏။
5 Herodes queria matá-lo, mas tinha medo do povo, porque este o considerava profeta.
6 ဟေ​ရုဒ်​၏​မွေး​နေ့​၌​ဟေ​ရော​ဒိ​၏​သ​မီး​သည် ဧည့်​သည်​တော်​များ​အား​အ​က​နှင့်​ဖျော်​ဖြေ လျက်​ဟေ​ရုဒ်​၏​စိတ်​ကို​များ​စွာ​ရွှင်​လန်း​စေ​၏။-
6 No aniversário de Herodes, a filha de Herodias dançou diante de todos, e agradou tanto a Herodes
7 သို့​ဖြစ်​၍​ဟေ​ရုဒ်​သည်​သူ​ငယ်​မ​နှစ်​သက်​ရာ ဆု​ကို​ပေး​မည်​ဟု​ကျိန်​ဆို​၍​က​တိ​ပြု​၏။
7 que ele prometeu sob juramento dar-lhe o que ela pedisse.
8 သူ​ငယ်​မ​သည်​လည်း​မိ​ခင်​၏​တိုက်​တွန်း​ချက် အ​ရ ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဦး​ခေါင်း​ကို လင်​ပန်း​ပေါ်​တွင်​တင်​၍​အ​ကျွန်ုပ်​အား​ဤ​နေ​ရာ တွင်​ပင်​ပေး​တော်​မူ​ပါ'' ဟု​တောင်း​လျှောက်​၏။
8 Influenciada por sua mãe, ela disse: "Dá-me aqui, num prato, a cabeça de João Batista".
9 ထို​အ​ခါ​မင်း​ကြီး​သည်​များ​စွာ​စိတ်​မ​ချမ်း​မ​သာ ဖြစ်​တော်​မူ​သော်​လည်း​ဧည့်​သည်​တော်​များ​ရှေ့​တွင် မိ​မိ​ပေး​ခဲ့​သည့်​က​တိ​ကို​ထောက်​၍ သူ​ငယ်​မ တောင်း​လျှောက်​သည့်​အ​တိုင်း​ပေး​စေ​ရန်​အ​မိန့် ချ​တော်​မူ​၏။-
9 O rei ficou aflito, mas, por causa dos juramento e dos convidados, ordenou que lhe fosse dado o que ela pedia
10 သို့​ဖြစ်​၍​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ထောင်​ထဲ​တွင် ဖြတ်​စေ​ပြီး​လျှင်၊-
10 e mandou decapitar João na prisão.
11 လင်​ပန်း​ပေါ်​တွင်​တင်​၍​သူ​ငယ်​မ​အား​ပေး​စေ တော်​မူ​၏။ သူ​ငယ်​မ​သည်​လည်း​ထို​ဦး​ခေါင်း​ကို မိ​ခင်​ထံ​သို့​ယူ​ဆောင်​သွား​၏။-
11 Sua cabeça foi levada num prato e entregue à jovem, que a levou à sua mãe.
12 ယော​ဟန်​၏​တ​ပည့်​တို့​သည်​လာ​၍​အ​လောင်း​ကို ယူ​ပြီး​လျှင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သ​ခင်​ယေ​ရှု ထံ​သို့​သွား​၍​သ​တင်း​ပေး​ကြ​၏။
12 Os discípulos de João vieram, levaram o seu corpo e o sepultaram. Depois foram contar isso a Jesus.
13 ဤ​သ​တင်း​ကို​သ​ခင်​ယေ​ရှု​ကြား​တော်​မူ​လျှင် ထို​အ​ရပ်​မှ​တစ်​ကိုယ်​တည်း​ဆိတ်​ကွယ်​ရာ​အ​ရပ် သို့​လှေ​ဖြင့်​ကြွ​တော်​မူ​၏။ အ​မြို့​မြို့​မှ​လူ​ပ​ရိ သတ်​တို့​သည်​လည်း​ကိုယ်​တော်​ထွက်​ကြွ​တော်​မူ ကြောင်း​ကြား​ကြ​လျှင်​နောက်​တော်​သို့​ကုန်း​ကြောင်း ဖြင့်​လိုက်​ကြ​၏။-
13 Ouvindo o que havia ocorrido, Jesus retirou-se de barco em particular para um lugar deserto. As multidões, ao ouvirem falar disso, saíram das cidades e o seguiram a pé.
14 ကိုယ်​တော်​သည်​လှေ​ပေါ်​မှ​တက်​တော်​မူ​သော​အ​ခါ လူ​ထု​ကြီး​ကို​မြင်​တော်​မူ​လျှင်​သူ​တို့​ကို​သ​နား တော်​မူ​သ​ဖြင့်​ဖျား​နာ​သူ​များ​ကို​ကျန်း​မာ​စေ တော်​မူ​၏။
14 Quando Jesus saiu do barco e viu tão grande multidão, teve compaixão deles e curou os seus doentes.
15 ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ​တ​ပည့်​တော်​တို့ သည်​အ​ထံ​တော်​သို့​လာ​၍ ``ဤ​အ​ရပ်​သည်​လူ​သူ မ​ရှိ​သည့်​အ​ရပ်​ဖြစ်​ပါ​၏။ နေ့​အ​ချိန်​လည်း​ကုန်​ပါ ပြီ။ လူ​တို့​အား​ကျေး​ရွာ​များ​သို့​သွား​၍​အ​စား အ​စာ​ဝယ်​ယူ​နိုင်​ရန်​စေ​လွှတ်​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​၏။
15 Ao cair da tarde, os discípulos aproximaram-se dele e disseram: "Este é um lugar deserto, e já está ficando tarde. Manda embora a multidão para que possam ir aos povoados comprar comida".
16 သ​ခင်​ယေ​ရှု​က ``ထို​သူ​တို့​သွား​ကြ​ရန်​မ​လို​ပါ။ သင်​တို့​ပင်​လျှင်​သူ​တို့​အား​စား​စ​ရာ​ပေး​ကြ လော့'' ဟု​မိန်​တော်​မူ​၏။
16 Respondeu Jesus: "Eles não precisam ir. Dêem-lhes vocês algo para comer".
17 တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ်​တို့​မှာ​မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​သာ​ရှိ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ လျှင်၊
17 Eles lhe disseram: "Tudo o que temos aqui são cinco pães e dois peixes".
18 ကိုယ်​တော်​က ``ထို​မုန့်​နှင့်​ငါး​ကို​ငါ့​ထံ​သို့​ယူ​ခဲ့​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။-
18 "Tragam-nos aqui para mim", disse ele.
19 ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​ကို​မြက်​ခင်း​ပေါ် တွင်​ထိုင်​စေ​တော်​မူ​၏။ ထို​နောက်​မုန့်​ငါး​လုံး​နှင့်​ငါး နှစ်​ကောင်​ကို​ယူ​၍​ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ ပြီး​လျှင် မုန့်​များ​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား​ပေး တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း​လူ​တို့​အား ဝေ​ပေး​ကြ​၏။-
19 E ordenou que a multidão se assentasse na grama. Tomando os cinco pães e os dois peixes e, olhando para o céu, deu graças e partiu os pães. Em seguida, deu-os aos discípulos, e estes à multidão.
20 လူ​အ​ပေါင်း​တို့​သည်​အ​ဝ​စား​ရ​ကြ​သည်​သာ​မ​က မုန့်​နှင့်​ငါး​အ​ကြွင်း​အ​ကျန်​များ​ကို​ပင်​တစ်​ဆယ့် နှစ်​တောင်း​အ​ပြည့်​ကောက်​သိမ်း​ရ​သေး​၏။-
20 Todos comeram e ficaram satisfeitos, e os discípulos recolheram doze cestos cheios de pedaços que sobraram.
21 အ​မျိုး​သမီး​နှင့်​က​လေး​များ​မှ​အ​ပ​မုန့်​စား​သူ ယောကျာ်း​ဦး​ရေ​မှာ​ငါး​ထောင်​မျှ​ရှိ​သ​တည်း။
21 Os que comeram foram cerca de cinco mil homens, sem contar mulheres e crianças.
22 ထို​နောက်​ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား အိမ်​သို့​ပြန်​စေ​တော်​မူ​၏။ တစ်​ချိန်​တည်း​ပင် တပည့်​တော်​တို့​အား​လှေ​ပေါ်​သို့​တက်​စေ​၍ အိုင်​တစ်​ဖက်​သို့​ကူး​စေ​တော်​မူ​၏။-
22 Logo em seguida, Jesus insistiu com os discípulos para que entrassem no barco e fossem adiante dele para o outro lado, enquanto ele despedia a multidão.
23 လူ​အ​ပေါင်း​တို့​အား​အိမ်​သို့​ပြန်​စေ​ပြီး​နောက် ကိုယ်​တော်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​တောင်​ပေါ် ကို​တက်​တော်​မူ​၏။ ည​ချမ်း​အ​ချိန်​ရောက်​သော် ထို​အ​ရပ်​တွင်​တစ်​ကိုယ်​တည်း​ရှိ​နေ​တော်​မူ​သ​တည်း။-
23 Tendo despedido a multidão, subiu sozinho a um monte para orar. Ao anoitecer, ele estava ali sozinho,
24 တ​ပည့်​တော်​တို့​၏​လှေ​သည်​ကား​ကမ်း​နှင့်​များ​စွာ ဝေး​ကွာ​သွား​လေ​ပြီ။ လေ​ဆန်​ဖြစ်​သ​ဖြင့်​ထို​လှေ ကို​လှိုင်း​တံ​ပိုး​များ​ရိုက်​ခတ်​လျက်​ရှိ​၏။
24 mas o barco já estava a considerável distância da terra, fustigado pelas ondas, porque o vento soprava contra ele.
25 မိုး​သောက်​ယံ​အ​ချိန်​ခန့်​တွင်​ကိုယ်​တော်​သည်​ရေ​ပေါ် မှာ​စက်​တော်​ဖြန့်​၍​တ​ပည့်​တော်​တို့​ထံ​သို့​ကြွ​လာ တော်​မူ​၏။-
25 Alta madrugada, Jesus dirigiu-se a eles, andando sobre o mar.
26 ဤ​သို့​ရေ​ပေါ်​မှာ​ကိုယ်​တော်​စက်​တော်​ဖြန့်​၍​ကြွ လာ​သည်​ကို​မြင်​လျှင်​တ​ပည့်​တော်​တို့​သည်​ထိတ် လန့်​ကာ ``တစ္ဆေ'' ဟု​အ​လန့်​တ​ကြား​ဟစ်​အော်​ကြ​၏။
26 Quando o viram andando sobre o mar, ficaram aterrorizados e disseram: "É um fantasma! " E gritaram de medo.
27 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အား​မ​ငယ်​ကြ​နှင့်။ ငါ ပင်​ဖြစ်​သည်။ မ​ကြောက်​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။
27 Mas Jesus imediatamente lhes disse: "Coragem! Sou eu. Não tenham medo! "
28 ပေ​တ​ရု​က ``သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ရှင်​ဖြစ်​ပါ​မူ၊ အ​ကျွန်ုပ်​သည်​ရေ​ပေါ်​မှာ​လျှောက်​၍​အ​ထံ​တော်​သို့ လာ​နိုင်​ရန်​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။
28 "Senhor", disse Pedro, "se és tu, manda-me ir ao teu encontro por sobre as águas".
29 ကိုယ်​တော်​က ``လာ​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​လျှင် ပေ​တ​ရု​သည်​လှေ​ပေါ်​က​ဆင်း​၍​ရေ​ပေါ်​တွင် လျှောက်​ကာ​သ​ခင်​ယေ​ရှု​ထံ​သို့​သွား​လေ​၏။-
29 "Venha", respondeu ele. Então Pedro saiu do barco, andou sobre a água e foi na direção de Jesus.
30 သို့​ရာ​တွင်​သူ​သည်​လေ​အ​ဟုန်​ပြင်း​သည်​ကို မြင်​သော​အ​ခါ​ကြောက်​လန့်​၍​လာ​သ​ဖြင့်​ရေ နစ်​စ​ပြု​သည်​နှင့် ``သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ် အား​ကယ်​တော်​မူ​ပါ'' ဟု​ဟစ်​အော်​လေ​၏။
30 Mas, quando reparou no vento, ficou com medo e, começando a afundar, gritou: "Senhor, salva-me! "
31 ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​လက်​တော်​ကို​ဆန့်​၍ ပေ​တ​ရု​ကို​ဆွဲ​ကိုင်​တော်​မူ​ပြီး​လျှင် ``ယုံ​ကြည်​ခြင်း နည်း​လှ​ပါ​တ​ကား။ အ​ဘယ်​ကြောင့်​ယုံ​မှား​သနည်း'' ဟု​မိန့်​တော်​မူ​၏။
31 Imediatamente Jesus estendeu a mão e o segurou. E disse: "Homem de pequena fé, porque você duvidou? "
32 ကိုယ်​တော်​နှင့်​ပေ​တ​ရု​တို့​လှေ​ပေါ်​သို့​ရောက် ကြ​သော​အ​ခါ​လေ​သည်​ငြိမ်​သွား​လေ​၏။-
32 Quando entraram no barco, o vento cessou.
33 လှေ​ထဲ​ရှိ​တပည့်​တော်​တို့​သည်​ကိုယ်​တော်​အား ဦး​ညွှတ်​ရှိ​ခိုး​လျက် ``အ​ရှင်​ကား​အ​ကယ်​ပင် ထာ​ဝ​ရ​ဘု​ရား​၏​သား​တော်​ဖြစ်​ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။
33 Então os que estavam no barco o adoraram, dizendo: "Verdadeiramente tu és o Filho de Deus".
34 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​အိုင်​တစ်​ဖက်​ကမ်း သို့​ကူး​ပြီး​နောက်​ဂင်​နေ​သ​ရက်​မြို့​တွင်​လှေ​ကို ဆိုက်​ကြ​၏။-
34 Depois de atravessarem o mar, chegaram a Genesaré.
35 ထို​မြို့​သား​တို့​သည်​ကိုယ်​တော်​ကို​မှတ်​မိ​ကြ​သ​ဖြင့် ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​သို့​လူ​များ​စေ​လွှတ်​၍ ဖျား နာ​သူ​တို့​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​၏။-
35 Quando os homens daquele lugar reconheceram Jesus, espalharam a notícia em toda aquela região e lhe trouxeram os seus doentes.
36 ထို​နောက်​ဖျား​နာ​သူ​တို့​အား​ကိုယ်​တော်​၏​အ​ဝတ် တော်​အ​မြိတ်​ကို​မျှ​တို့​ထိ​နိုင်​ခွင့်​ပြု​ရန်​တောင်း​ပန် ကြ​၏။ ဤ​သို့​တို့​ထိ​ရ​သူ​အ​ပေါင်း​တို့​သည်​လည်း ကျန်း​မာ​သွား​ကြ​၏။
36 Suplicavam-lhe que apenas pudessem tocar na borda do seu manto; e todos os que nele tocaram foram curados.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.