Mateus 10

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 သ​ခင်​ယေ​ရှု​သည်​တစ်​ကျိပ်​နှစ်​ပါး​သော​တ​ပည့် တော်​တို့​ကို​အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​နောက် ညစ်​ညမ်း​သော​နတ်​များ​ကို​နှင်​ထုတ်​နိုင်​ရန်​နှင့် ရော​ဂါ​အ​မျိုး​မျိုး​ကို​ပျောက်​ကင်း​စေ​နိုင်​ရန် တန်​ခိုး​အာ​ဏာ​ကို​ပေး​အပ်​တော်​မူ​၏။-
1 Tendo Jesus chamado os seus doze discípulos, deu-lhes autoridade sobre espíritos imundos para os expulsar e para curar todo tipo de doenças e enfermidades.
2 တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​၏​နာ​မည်​များ​ကား ပေ​တ​ရု​ခေါ်​ရှိ​မုန်​နှင့်​သူ့​ညီ​အန္ဒြေ၊-
2 Ora, os nomes dos doze apóstolos são estes: primeiro, Simão, chamado Pedro, e André, seu irmão; Tiago, filho de Zebedeu, e João, seu irmão;
3 ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက်​ဖြစ်​ကြ​သော​ယာ​ကုပ် နှင့်​ယော​ဟန်၊ ဖိလိပ္ပု​နှင့် ဗာ​သော​လ​မဲ၊ သော​မ​နှင့် အ​ခွန်​ခံ​သူ​မ​ဿဲ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်​နှင့် သဒ္ဒဲ၊-
3 Filipe e Bartolomeu; Tomé e Mateus, o publicano; Tiago, filho de Alfeu, e Tadeu;
4 မျိုး​ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန်​နှင့်​ကိုယ်​တော်​ကို သစ္စာ​ဖောက်​သူ​ယု​ဒ​ရှ​ကာ​ရုတ်​တို့​တည်း။
4 Simão, o Zelote, e Judas Iscariotes, que foi quem o traiu.
5 တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​အား​သ​ခင်​ယေ​ရှု သည်​အောက်​ပါ​သြ​ဝါ​ဒ​များ​ကို​ပေး​၍​စေ​လွှတ် တော်​မူ​၏။ ``သင်​တို့​သည်​လူ​မျိုး​ခြား​များ​နေ​ထိုင် ရာ​ဒေ​သ​များ​နှင့်​ရှ​မာ​ရိ​မြို့​များ​သို့​မ​သွား ကြ​ဘဲ၊-
5 Jesus enviou esses doze, dando-lhes as seguintes instruções:
6 သိုး​ပျောက်​များ​ဖြစ်​သော​ဣသ​ရေ​လ​အ​မျိုး​သား တို့​ထံ​သို့​သွား​၍၊-
6 mas, de preferência, procurem as ovelhas perdidas da casa de Israel.
7 သူ​တို့​အား `ကောင်း​ကင်​နိုင်​ငံ​တော်​တည်​လု​နီး​ပြီ' ဟု​ဟော​ပြော​ကြ​လော့။-
7 Pelo caminho, preguem que está próximo o Reino dos Céus.
8 မ​ကျန်း​မာ​သူ​တို့​ကို​ကျန်း​မာ​စေ​ကြ​လော့။ သေ​သူ တို့​အား​ပြန်​၍​ရှင်​စေ​ကြ​လော့။ အ​ရေ​ပြား​ရော​ဂါ သည်​တို့​ကို​သန့်​စင်​စေ​ကြ​လော့။ နတ်​မိစ္ဆာ​တို့​ကို​နှင် ထုတ်​ကြ​လော့။ သင်​တို့​သည်​ကျေး​ဇူး​တော်​ကို​အ​ခ မဲ့​ခံ​စား​ရ​ကြ​ပြီ​ဖြစ်​၍ သူ​တစ်​ပါး​တို့​အား​အ​ခ မ​ယူ​ဘဲ​ပေး​ကမ်း​ကြ​လော့။-
8 Curem enfermos, ressuscitem mortos, purifiquem leprosos, expulsem demônios. Vocês receberam de graça; portanto, deem de graça.
9 ခါး​ပန်း​တွင်​ရွှေ၊ ငွေ၊ ပိုက်​ဆံ​တို့​ကို​မ​ဆောင်​ကြ​နှင့်။-
9 Não levem ouro, nem prata, nem cobre em seus cintos;
10 အ​လှူ​ခံ​လွယ်​အိတ်၊ အင်္ကျီ​အ​ပို၊ ဖိ​နပ်​နှင့်​တောင် ဝှေး​တို့​ကို​မ​ယူ​ကြ​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော် လုပ်​သား​သည်​ရိက္ခာ​ကို​ရ​ထိုက်​သော​ကြောင့်​ဖြစ်​၏။
10 nem sacola para o caminho, nem duas túnicas, nem sandálias, nem bordão; porque o trabalhador é digno do seu alimento.
11 ``မည်​သည့်​မြို့​ရွာ​သို့​မ​ဆို​သင်​တို့​ဝင်​သော​အ​ခါ သင်​တို့​အား​ကြို​ဆို​လက်​ခံ​မည့်​သူ​ကို​ရှာ​ကြ​လော့။ ထို​မြို့​ရွာ​မှ​ထွက်​ခွာ​၍​မ​သွား​မ​ချင်း​ထို​သူ​၏ ထံ​တွင်​တည်း​ခို​ကြ​လော့။-
11 — E, em qualquer cidade ou aldeia em que vocês entrarem, perguntem quem nelas é digno; e fiquem ali até saírem daquele lugar.
12 အိမ်​သို့​ဝင်​သော​အ​ခါ​မင်္ဂလာ​ရှိ​ပါ​စေ​ဟူ​၍ နှုတ်​ခွန်း​ဆက်​ကြ​လော့။-
12 Ao entrarem na casa, saúdem-na.
13 ထို​အိမ်​သူ​အိမ်​သား​တို့​သည်​ထိုက်​တန်​သူ​များ​ဖြစ် လျှင် သင်​တို့​ပေး​သည့်​ကောင်း​ချီး​မင်္ဂလာ​သည်​သူ​တို့ အ​ပေါ်​သက်​ရောက်​လိမ့်​မည်။ ထို​သို့​ခံ​စား​ထိုက်​သူ များ​မ​ဟုတ်​ပါ​မူ​သင်​တို့​၏​ကောင်း​ချီး​မင်္ဂလာ​သည် သင်​တို့​ထံ​သို့​ပြန်​လည်​ရောက်​ရှိ​လာ​လိမ့်​မည်။-
13 Se a casa for digna, que a paz de vocês venha sobre ela; se, porém, não for digna, a paz voltará para vocês.
14 သင်​တို့​ကို​လက်​မ​ခံ​လို၊ သင်​တို့​ဟော​ပြော​သည့် တ​ရား​ကို​လည်း​မ​နာ​ယူ​လို​သည့်​အိမ်၊ သို့​မ​ဟုတ် မြို့​မှ​ထွက်​ခွာ​ခဲ့​ကြ​လော့။ ထို​နောက်​သင်​တို့​ခြေ ဖ​ဝါး​မှ​မြေ​မှုန့်​ကို​ခါ​ချ​ခဲ့​ကြ​လော့။-
14 Se alguém não quiser recebê-los nem ouvir as palavras de vocês, ao saírem daquela casa ou daquela cidade, sacudam o pó dos pés.
15 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထို​မြို့​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ထက်​ပို​၍ အ​ပြစ်​ဒဏ်​ခံ​ရ​လိမ့်​မည်။
15 Em verdade lhes digo que haverá menos rigor para Sodoma e Gomorra, no Dia do Juízo, do que para aquela cidade.
16 ``သိုး​များ​အား​ဝံ​ပု​လွေ​စု​ထဲ​သို့​စေ​လွှတ်​သ​ကဲ့ သို့​သင်​တို့​အား​ငါ​စေ​လွှတ်​၏။ သို့​ဖြစ်​၍​မြွေ​ကဲ့​သို့ ပါး​နပ်​လိမ္မာ​ကာ​ချိုး​ကဲ့​သို့​အ​ဆိပ်​ကင်း​၍​နူး​ညံ့ သိမ်​မွေ့​ကြ​လော့။-
16 — Eis que eu os envio como ovelhas para o meio de lobos. Portanto, sejam prudentes como as serpentes e simples como as pombas.
17 သ​တိ​နှင့်​နေ​ကြ​လော့။ လူ​တို့​သည်​သင်​တို့​အား တ​ရား​ခုံ​ရုံး​သို့​ပို့​အပ်​ကြ​လိမ့်​မည်။ တ​ရား ဇ​ရပ်​များ​တွင်​ရိုက်​နှက်​ကြ​လိမ့်​မည်။-
17 Tenham cuidado com os homens, porque eles os entregarão aos tribunais e os açoitarão nas suas sinagogas.
18 သင်​တို့​သည်​ငါ့​အ​တွက်​ကြောင့်​အာ​ဏာ​ပိုင်​များ နှင့်​ရှင်​ဘု​ရင်​များ​ရှေ့​မှောက်​သို့​ရောက်​ရ​ကြ​လိမ့် မည်။ သို့​ဖြစ်​၍​ထို​သူ​တို့​အား​လည်း​ကောင်း၊ လူ​မျိုး တ​ကာ​တို့​အား​လည်း​ကောင်း​ငါ​၏​အ​ကြောင်း သ​တင်း​ကောင်း​ကို​ကြေ​ညာ​ခွင့်​ရ​လိမ့်​မည်။-
18 Por minha causa vocês serão levados à presença de governadores e de reis, para lhes servir de testemunho, a eles e aos gentios.
19 ထို​သူ​တို့​လက်​သို့​အ​အပ်​ခံ​ရ​သော​အ​ခါ​မည်​သို့ ပြော​ဆို​ရ​မည်၊ မည်​သည့်​စ​ကား​ကို​ပြော​ရ​မည်​ကို ကြို​တင်​၍​မ​စိုး​ရိမ်​ကြ​နှင့်။-
19 E, quando entregarem vocês, não se preocupem quanto a como ou o que irão falar, porque, naquela hora, lhes será concedido o que vocês dirão.
20 သင်​တို့​ပြော​ဆို​ရ​မည့်​စ​ကား​များ​ကို​ထို​အ​ချိန်​၌ ပင်​သင်​တို့​ရ​ရှိ​ကြ​လိမ့်​မည်။ ယင်း​စ​ကား​များ​သည် သင်​တို့​၏​စ​ကား​များ​မ​ဟုတ်။ သင်​တို့​အ​ဖ​ဘု​ရား ၏​ဝိ​ညာဉ်​တော်​က​သင်​တို့​အား​ဖြင့်​မိန့်​တော်​မူ​သော စ​ကား​များ​ဖြစ်​လိမ့်​မည်။
20 Afinal, não são vocês que estão falando, mas o Espírito do Pai de vocês é quem fala por meio de vocês.
21 ``ညီ​အစ်​ကို​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​သေ​စေ ရန်​အပ်​ကြ​လိမ့်​မည်။ မိ​ဘ​တို့​သည်​သား​သ​မီး​များ သေ​စေ​ရန်​အပ်​ကြ​လိမ့်​မည်။ သား​သမီး​တို့​သည်​လည်း မိ​ဘ​များ​ကို​တော်​လှန်​၍​သတ်​ဖြတ်​စေ​ကြ​လိမ့်​မည်။-
21 — Um irmão entregará à morte outro irmão, e o pai entregará o filho. Haverá filhos que se levantarão contra os seus pais e os matarão.
22 သင်​တို့​သည်​ငါ​၏​အ​တွက်​ကြောင့်​အ​မုန်း​ခံ​ရ​ကြ လိမ့်​မည်။ သို့​ရာ​တွင်​အ​ဆုံး​တိုင်​အောင်​တည်​ကြည် သူ​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။-
22 Todos odiarão vocês por causa do meu nome; aquele, porém, que ficar firme até o fim, esse será salvo.
23 သင်​တို့​ကို​မြို့​တစ်​မြို့​က​ညှဉ်း​ဆဲ​နှိပ်​စက်​လျှင် အ​ခြား​တစ်​မြို့​သို့​ထွက်​ပြေး​ကြ​လော့။ အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့ သည်​ဣသ​ရေ​လ​မြို့​ရှိ​သ​မျှ​တို့​တွင်​လုပ်​ဆောင် စ​ရာ​မ​ပြီး​စီး​မီ​လူ​သား​သည်​ကြွ​လာ​တော် မူ​လတ္တံ့။
23 Quando, porém, perseguirem vocês numa cidade, fujam para outra. Porque em verdade lhes digo que não terão percorrido as cidades de Israel, até que venha o Filho do Homem.
24 ``တ​ပည့်​သည်​ဆ​ရာ​ထက်​မ​သာ။ ကျွန်​သည်​လည်း သခင်​ထက်​မ​သာ။-
24 — O discípulo não está acima do seu mestre, nem o servo está acima do seu senhor.
25 ထို့​ကြောင့်​တ​ပည့်​သည်​ဆ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​သည်​သ​ခင်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​လျှင်​ကျေ နပ်​လောက်​ပေ​ပြီ။ အိမ်​ထောင်​ဦး​စီး​ကို​ဗေ​လ​ဇေ ဗု​လ​ဟု​ခေါ်​ဝေါ်​ကြ​ပါ​လျှင်​အိမ်​သူ​အိမ်​သား တို့​ကို​သာ​၍​ဆိုး​ရွား​သော​နာ​မည်​များ​ဖြင့်​ခေါ် ဝေါ်​ကြ​လိမ့်​မည်။
25 Basta ao discípulo ser como o seu mestre, e ao servo ser como o seu senhor. Se chamaram o dono da casa de Belzebu, quanto mais os membros da sua casa!
26 ``သို့​ဖြစ်​၍​လူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။ ဖုံး​အုပ်​ထား သည့်​အ​ရာ​ဟူ​သ​မျှ​သည်​ထင်​ပေါ်​လာ​ရ​လိမ့်​မည်။ လျှို့​ဝှက်​မှု​ဟူ​သ​မျှ​သည်​လည်း​ပေါ်​လွင်​၍​လာ​ရ လိမ့်​မည်။-
26 — Portanto, não tenham medo deles. Pois não há nada encoberto que não venha a ser revelado, nem oculto que não venha a ser conhecido.
27 အ​မှောင်​တွင်​သင်​တို့​အား​ငါ​ပြော​သော​စ​ကား ကို​အ​လင်း​တွင်​ပြော​ကြား​ကြ​လော့။ တီး​တိုး ကြား​ရ​သည့်​စ​ကား​ကို​အိမ်​မိုး​ထက်​မှ​ကြွေး ကြော်​ကြ​လော့။-
27 O que lhes digo às escuras, repitam a plena luz; e o que é dito para vocês ao pé do ouvido, proclamem dos telhados.
28 ကိုယ်​ခန္ဓာ​ကို​ဖျက်​ဆီး​နိုင်​သော်​လည်း​ဝိ​ညာဉ်​ကို မ​ဖျက်​ဆီး​နိုင်​သော​သူ​များ​အား​မ​ကြောက်​ကြ နှင့်။ ကိုယ်​ခန္ဓာ​နှင့်​ဝိ​ညာဉ်​ကို​င​ရဲ​တွင်​ဖျက်​ဆီး နိုင်​သော​ဘု​ရား​သ​ခင်​ကို​သာ​လျှင်​ကြောက်​ကြ လော့။-
28 Não temam os que matam o corpo, mas não podem matar a alma; pelo contrário, temam aquele que pode fazer perecer no inferno tanto a alma como o corpo.
29 စာ​က​လေး​နှစ်​ကောင်​ကို​အဿရိ​တစ်​ပြား​ဖြင့်​ဝယ် နိုင်​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင်​ထို​စာ​က​လေး တစ်​ကောင်​မျှ​သင်​တို့​အ​ဖ​အ​ခွင့်​မ​ပြု​ဘဲ​မ​သေ မ​ပျောက်​ရ။-
29 — Não se vendem dois pardais por uma moedinha? Entretanto, nenhum deles cairá no chão sem o consentimento do Pai de vocês.
30 သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​များ​ကို​ပင်​လျှင် အ​ကုန်​အ​စင်​ရေ​တွက်​ထား​တော်​မူ​၏။-
30 E, quanto a vocês, até os cabelos da cabeça de vocês estão todos contados.
31 သို့​ဖြစ်​၍​မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည်​စာ က​လေး​အ​မြောက်​အ​မြား​ထက်​လွန်​စွာ​ပို​၍ အ​ဖိုး​ထိုက်​ကြ​၏။
31 Portanto, não temam! Vocês valem bem mais do que muitos pardais.
32 ``သို့​ဖြစ်​၍​ငါ့​ကို​အ​ရှင်​သ​ခင်​အ​ဖြစ်​လူ​တို့ ရှေ့​တွင်​ထုတ်​ဖော်​ဝန်​ခံ​သူ​ကို​ငါ​၏​တ​ပည့်​အ​ဖြစ် ဖြင့် ကောင်း​ကင်​ဘုံ​ရှင်​ငါ့​အ​ဖ​၏​ရှေ့​တော်​တွင်​ငါ ထုတ်​ဖော်​ဝန်​ခံ​မည်။-
32 — Portanto, todo aquele que me confessar diante dos outros, também eu o confessarei diante de meu Pai, que está nos céus;
33 သို့​ရာ​တွင်​ငါ့​ကို​လူ​တို့​ရှေ့​တွင်​ပစ်​ပယ်​သူ​ကို ကောင်း​ကင်​ဘုံ​ရှင်​ငါ့​အ​ဖ​၏​ရှေ့​တော်​တွင်​ငါ ပစ်​ပယ်​မည်။
33 mas aquele que me negar diante das pessoas, também eu o negarei diante de meu Pai, que está nos céus.
34 ``ဤ​လော​က​ကို​ငြိမ်း​ချမ်း​သာ​ယာ​မှု​ပေး​ရန်​ငါ လာ​သည်​ဟု​မ​ထင်​ကြ​နှင့်။ ငါ​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ပေး​ရန်​လာ​သည်​မ​ဟုတ်။ ခိုက်​ရန်​ဖြစ် ပွား​ကြ​စေ​ရန်​သာ​ငါ​လာ​၏။-
34 — Não pensem que eu vim trazer paz à terra; não vim trazer paz, mas espada.
35 သား​နှင့်​အ​ဖ၊ သ​မီး​နှင့်​အမိ၊ ချွေး​မ​နှင့်​ယောက္ခ​မ တို့​ရန်​ဖက်​ဖြစ်​စေ​ရန်​ငါ​လာ​သ​တည်း။-
35 Pois vim causar divisão entre o homem e o seu pai; entre a filha e a sua mãe e entre a nora e a sua sogra.
36 လူ​တစ်​ဦး​တစ်​ယောက်​၏​အ​ဆိုး​ဆုံး​ရန်​သူ​များ ကား သူ​၏​အိမ်​သူ​အိမ်​သား​များ​ပင်​ဖြစ်​လိမ့်​မည်။-
36 Assim, os inimigos de uma pessoa serão os da sua própria casa.
37 မိ​ဘ​ကို​ငါ့​ထက်​ပို​၍​ချစ်​သူ​သည်​ငါ​၏​တ​ပည့် မ​ဖြစ်​ထိုက်၊ သား​သ​မီး​ကို​ငါ့​ထက်​ပို​၍​ချစ်​သူ သည်​ငါ​၏​တ​ပည့်​မ​ဖြစ်​ထိုက်။-
37 — Quem ama o seu pai ou a sua mãe mais do que a mim não é digno de mim; quem ama o seu filho ou a sua filha mais do que a mim não é digno de mim;
38 ကိုယ့်​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​၍ ငါ့​နောက်​ကို မ​လိုက်​သော​သူ​သည်​ငါ​၏​တ​ပည့်​မ​ဖြစ်​ထိုက်။-
38 e quem não toma a sua cruz e vem após mim não é digno de mim.
39 မိ​မိ​အ​သက်​လုံ​ခြုံ​မှု​ရ​ရှိ​ရန်​ကြိုး​ပမ်း​သူ သည်​အ​သက်​ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ့​အ​တွက် အ​သက်​ဆုံး​ရှုံး​သူ​သည်​မိ​မိ​အ​သက်​လုံ​ခြုံ မှု​ရ​ရှိ​လိမ့်​မည်။
39 Quem acha a sua vida a perderá; e quem perde a vida por minha causa, esse a achará.
40 ``သင်​တို့​ကို​လက်​ခံ​သော​သူ​သည်​ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည်​ငါ့​ကို​စေ​လွှတ်​တော်​မူ သော​အ​ရှင်​ကို​လက်​ခံ​၏။-
40 — Quem recebe vocês é a mim que recebe; e quem recebe a mim recebe aquele que me enviou.
41 ဘု​ရား​သ​ခင်​၏​စေ​တ​မန်​ဖြစ်​ခြင်း​ကို​ထောက်​၍ ဘု​ရား​သ​ခင်​၏​စေ​တ​မန်​အား​လက်​ခံ​သူ​သည် ထို​စေ​တ​မန်​ခံ​စား​ရ​သော​အ​ကျိုး​ကို​ခံ​စား​ရ လိမ့်​မည်။ သူ​တော်​ကောင်း​ဖြစ်​ခြင်း​ကို​ထောက်​၍ သူ​တော်​ကောင်း​ကို​လက်​ခံ​သူ​သည် သူ​တော်​ကောင်း ခံ​စား​ရ​သော​အ​ကျိုး​ကို​ခံ​စား​ရ​လိမ့်​မည်။-
41 Quem recebe um profeta, no caráter de profeta, receberá a recompensa de profeta; quem recebe um justo, no caráter de justo, receberá a recompensa de justo.
42 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​တ​ပည့်​များ​အ​နက်​အ​သိမ်​ငယ်​ဆုံး​သူ တစ်​စုံ​တစ်​ယောက်​အား ငါ​၏​မျက်​နှာ​ကို​ထောက် ၍​သောက်​ရေ​တစ်​ခွက်​ကို​ပေး​သော​သူ​သည်​အ​ကျိုး ကို​မ​ခံ​စား​ဘဲ​မ​နေ​ရ။''
42 E quem der de beber, ainda que seja um copo de água fria, a um destes pequeninos, por ser este meu discípulo, em verdade lhes digo que de modo nenhum perderá a sua recompensa.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.