Miquéias 7
Common Language Bible (MYA) vs NVI
1 မျှော်လင့်ချက်ကုန်ပြီ၊ ငါသည်ဆာလောင် သဖြင့် အပင်မှအသီးကိုသော်လည်းကောင်း၊ စပျစ်နွယ်မှစပျစ်သီးကိုသော်လည်းကောင်း ရှာသော်လည်း တစ်လုံးကိုမျှမတွေ့ရသော သူကဲ့သို့ဖြစ်၏။ စပျစ်သီးရှိသမျှနှင့်စား ချင်ဖွယ်ကောင်းသောသဖန်းသီးရှိသမျှ ကိုဆွတ်ခူးသွားကြပြီ။-
1 Que desgraça a minha! Sou como quem colhe frutos de verão na respiga da vinha; não há nenhum cacho de uvas para provar, nenhum figo novo que eu tanto desejo.
2 တိုင်းပြည်ထဲတွင်ရိုးသားဖြောင့်မတ်သောသူ၊ ဘုရားသခင်အားသစ္စာစောင့်သိရိုသေသော သူဟူ၍ တစ်ယောက်မျှမရှိတော့ချေ။ လူ့ အသက်ကိုသတ်ရန်အခွင့်ကောင်းကိုလူတိုင်း စောင့်လျက်နေကြ၏။ ညီအစ်ကိုအချင်းချင်း တစ်ယောက်ကိုတစ်ယောက်ကျော့ကွင်းထောင်၍ ဖမ်းတတ်ကြ၏။-
2 Os piedosos desapareceram do país; não há um justo sequer. Todos estão à espreita para derramar sangue; cada um caça seu irmão com um laço.
3 သူတို့သည်မကောင်းမှုကိုပြုလုပ်ရန်စိတ် အားထက်သန်ကြ၏။ အရာရှိများနှင့် တရားသူကြီးများသည် တံစိုးလက်ဆောင် တောင်းတတ်ကြ၏။ သြဇာရှိသောသူ၏ အလိုဆန္ဒကိုလိုက်၍ သူတို့သည်မကောင်း မှုကိုအတူတကွကြံစည်ကြ၏။-
3 Com as mãos prontas para fazer o mal, o governante exige presentes, o juiz aceita suborno, os poderosos impõem o que querem; todos tramam em conjunto.
4 အတော်ဖြောင့်ဆုံးဟုဆိုရသောသူများ ပင်လျှင် ပေါင်းပင်ကဲ့သို့အသုံးမကျချေ။
4 O melhor deles é como espinheiro, e o mais correto é pior que uma cerca de espinhos. Chegou o dia anunciado pelas suas sentinelas, o dia do castigo de Deus. Agora reinará a confusão entre eles.
5 သင်တို့၏အိမ်နီးနားချင်းကိုသော်လည်း ကောင်း၊ မိတ်ဆွေကိုသော်လည်းကောင်းမယုံ ကြနှင့်။ သင်၏ဇနီးကိုပင်သတိနှင့် စကားပြောလော့။-
5 Não confiem nos vizinhos; nem acreditem nos amigos. Até com aquela que o abraça tenha cada um cuidado com o que diz.
6 ထိုအချိန်ကာလတွင်သားများက မိမိတို့ ၏ဖခင်များ၏အသရေကိုရှုတ်ချလိမ့်မည်။ သမီးများကမိခင်များအားဆန့်ကျင်ဘက် ပြုမည်။ ချွေးမများကယောက္ခမကိုရန်ဘက် ပြုမည်။ အိမ်သားတို့၏ရန်သူများသည်မိမိ တို့၏မိသားစုထဲမှဖြစ်လိမ့်မည်။
6 Pois o filho despreza o pai, a filha se rebela contra a mãe, a nora, contra a sogra; os inimigos do homem são os seus próprios familiares.
7 ငါမူကားထာဝရဘုရားကိုစောင့်မျှော် နေမည်။ ငါ့ကိုကယ်တင်မည့်ဘုရားသခင် အားယုံကြည်စိတ်ချစွာစောင့်နေမည်။ ငါ ၏ဘုရားသခင်သည်ငါ၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူမည်။
7 Mas, quanto a mim, ficarei atento ao Senhor, esperando em Deus, o meu Salvador, pois o meu Deus me ouvirá.
8 ငါတို့၏ရန်သူတို့၊ ငါတို့၏အပြစ်အခြေ အနေကြောင့် ဝမ်းမြောက်ဝမ်းသာမဖြစ်ကြ နှင့်။ ငါတို့လဲကျသော်လည်းနောက်တစ်ဖန် ထဦးမည်။ ယခုအခါငါတို့သည်အမှောင် ထဲ၌နေထိုင်ရသော်လည်း ထာဝရဘုရား သည်ငါတို့အပေါ်သို့အလင်းရောင်သက် ရောက်စေတော်မူလိမ့်မည်။-
8 Não se alegre a minha inimiga com a minha desgraça. Embora eu tenha caído, eu me levantarei. Embora eu esteja morando nas trevas, o Senhor será a minha luz.
9 ငါတို့သည်အပြစ်ကူးလွန်ခဲ့သောကြောင့် အခိုက်အတန့်အားဖြင့် ထာဝရဘုရား ၏အမျက်တော်ဒဏ်ကိုခံရကြမည်။ သို့ ရာတွင်နောက်ဆုံး၌ကိုယ်တော်သည် ငါတို့ အမှုကိုလျှောက်လဲ၍တရားမျှတစွာ စီရင်ဆုံးဖြတ်တော်မူလိမ့်မည်။ ကိုယ်တော် သည်ငါတို့အားအလင်းထဲသို့ထုတ်ဆောင် တော်မူလိမ့်မည်။ ငါတို့အားကိုယ်တော် ကယ်တင်တော်မူခြင်းကိုငါတို့ဒိဌ မြင်ရလိမ့်မည်။-
9 Por eu ter pecado contra o Senhor, suportarei a sua ira, até que ele apresente a minha defesa e estabeleça o meu direito. Ele me fará sair para a luz; contemplarei a sua justiça.
10 ထိုအခါ``သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအဘယ်မှာရှိသနည်း'' ဟူ၍ပြောင် လှောင်ကာမေးမြန်းကြသောငါတို့၏ရန်သူ များသည် ဤအမှုကိုမြင်၍အရှက်ကွဲ ကြလိမ့်မည်။ သူတို့သည်အရေးရှုံးနိမ့် သဖြင့်လမ်းပေါ်မှရွှံ့သဖွယ်နင်းချေ ခြင်းခံရကြသည်ကိုငါတို့မြင်ရလိမ့် မည်။
10 Então a minha inimiga o verá e ficará coberta de vergonha, ela que me disse: "Onde está o Senhor, o seu Deus? " Meus olhos verão a sua queda; ela será pisada como o barro das ruas.
11 ယေရုရှလင်မြို့သားတို့၊ မြို့ရိုးများကို အသစ်ပြန်၍တည်ဆောက်ရသောအချိန် ရောက်လာပြီ။ ထိုအခါ၌သင်တို့၏နယ် မြေကျယ်ပြန့်လာမည်။-
11 O dia da reconstrução dos seus muros chegará, o dia em que se ampliarão as suas fronteiras virá.
12 သင်တို့၏လူမျိုးတော်သည်အရှေ့ဘက် အာရှုရိပြည်မှလည်းကောင်း၊ တောင်ဘက် အီဂျစ်ပြည်မှလည်းကောင်း၊ ဥဖရတ်မြစ် ဝှမ်းဒေသမှလည်းကောင်း၊ ဝေးလံသော ပင်လယ်များနှင့်တောင်များမှလည်းကောင်း သင်တို့ထံသို့ပြန်လာကြလိမ့်မည်။-
12 Naquele dia virá a você gente desde a Assíria até o Egito, e desde o Egito até o Eufrates, de mar a mar e de montanha a montanha.
13 သို့ရာတွင်ထိုပြည်သူပြည်သားတို့၏ အပြစ်ဒုစရိုက်ကြောင့် သူတို့နေထိုင်ရာ အရပ်များသည်ပျက်သုဉ်းရကြလိမ့်မည်။
13 Mas a terra será desolada por causa dos seus habitantes, em conseqüência de suas ações.
14 အို ထာဝရဘုရား၊ ကိုယ်တော်ရွေးကောက်သော လူမျိုးတော်အားသိုးထိန်းသဖွယ်စောင့်ရှောက် တော်မူပါ။ သူတို့အားရှေးအခါကမြက်ပေါ များရာ ဗာရှန်ပြည်နှင့်ဂိလဒ်ပြည်များတွင် ကျက်စားစေသကဲ့သို့ယခုလည်းပြည် တော်တွင်နေထိုင်စေတော်မူပါ။
14 Pastoreia o teu povo com o teu cajado, o rebanho da tua herança, que vive à parte numa floresta, em férteis pastagens. Deixa-os pastar em Basã e em Gileade, como antigamente.
15 အကျွန်ုပ်တို့အားအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့စဉ်က ကိုယ်တော်ပြခဲ့သောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြတော်မူပါ။-
15 "Como nos dias em que você saiu do Egito, ali mostrarei as minhas maravilhas".
16 နိုင်ငံတကာတို့သည်အင်အားကြီးသော် လည်း ထိုအမှုအရာများကိုမြင်၍ကြောက် ရွံ့ထိတ်လန့်ကြသဖြင့် မိမိတို့၏ပါးစပ် နှင့်နားများကိုပိတ်ထားကြလိမ့်မည်။-
16 As nações verão isso e se envergonharão, despojadas de todo o seu poder. Porão a mão na boca, e taparão os ouvidos.
17 သူတို့သည်မြွေကဲ့သို့ဖုတ်ထဲတွင်တွားသွား ကြလိမ့်မည်။ သူတို့သည်မိမိတို့၏ခံတပ် များထဲမှကြောက်ရွံ့တုန်လှုပ်စွာထွက်လာ၍ ငါတို့၏ဘုရားသခင်ထာဝရဘုရားထံ သို့ချဉ်းကပ်ကိုးကွယ်ကြလိမ့်မည်။
17 Lamberão o pó como a serpente, como animais que se arrastam no chão. Sairão tremendo das suas fortalezas; com temor se voltarão para o Senhor, o nosso Deus, e terão medo de ti.
18 အို ထာဝရဘုရား၊ ကိုယ်တော်နှင့်နှိုင်းယှဉ် အပ်သောအခြားဘုရားမရှိပါ။ ကိုယ်တော် သည်အသက်ရှင်ကျန်ရစ်သော ကိုယ်တော်၏ လူမျိုးတော်၏ပုန်ကန်သည့်အပြစ်များကို လွှတ်တော်မူပါ၏။ ကိုယ်တော်သည်အစဉ် အမြဲအမျက်ထွက်တော်မမူပါ။ ကိုယ်တော် သည်အကျွန်ုပ်တို့အားမေတ္တာကရုဏာထား တော်မူပါ၏။-
18 Quem é comparável a ti, ó Deus, que perdoas o pecado e esqueces a transgressão do remanescente da sua herança? Tu que não permaneces irado para sempre, mas tens prazer em mostrar amor.
19 ကိုယ်တော်သည်အကျွန်ုပ်တို့အားသနား ကြင်နာတော်မူဦးမည်။ ကိုယ်တော်သည် အကျွန်ုပ်တို့၏အပြစ်များကိုနင်းချေ၍ ပင်လယ်အောက်သို့ပစ်ချတော်မူမည်။-
19 De novo terás compaixão de nós; pisarás as nossas maldades e atirarás todos os nossos pecados nas profundezas do mar.
20 ကိုယ်တော်သည်ရှေးအခါကအကျွန်ုပ်တို့ ၏ဘိုးဘေးတို့အား ကတိထားရှိခဲ့သည့် အတိုင်းအာဗြဟံနှင့်ယာကုပ်တို့၏အ ဆက်အနွယ်များဖြစ်သော ကိုယ်တော်၏ လူမျိုးတော်အားသစ္စာတော်၊ ကရုဏာတော် နှင့်အညီကျေးဇူးပြုတော်မူလိမ့်မည်။ ပရောဖက်မိက္ခာစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
20 Mostrarás fidelidade a Jacó, e bondade a Abraão, conforme prometeste sob juramento aos nossos antepassados, na antigüidade.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Miquéias 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.