Miquéias 6
Common Language Bible (MYA) vs BKJ
1 ဣသရေလအမျိုးသားတို့၊ ထာဝရဘုရား ၏စွပ်စွဲတော်မူချက်ကိုနားထောင်လော့။
1 Ouvi agora o que o SENHOR diz: Levanta-te, contende perante os montes, e ouçam as colinas a tua voz.
2 ကမ္ဘာမြေကြီး၏တည်မြဲသောအခြေအမြစ် ဖြစ်သည့်တောင်များတို့၊ ထာဝရဘုရား၏ စွပ်စွဲတော်မူချက်ကိုနားထောင်ကြလော့၊ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားစွဲချက်တင်ရန်ရှိတော်မူသည်။ ကိုယ် တော်သည်ဣသရေလအမျိုးသားတို့ နှင့်အမှုဆိုင်ရန်ရှိသည်။
2 Ouvi, ó montes, a acusação do SENHOR, e vós, fortes fundamentos da terra; pois o SENHOR tem uma acusação contra o seu povo, e com Israel entrará em juízo.
3 ထာဝရဘုရားက``ငါ၏လူမျိုးတော်တို့၊ သင်တို့ဤမျှလောက်ဆိုးရွားလာစေရန် သင်တို့အားငါမည်ကဲ့သို့ပြုလုပ်ခဲ့ဖူး သနည်း။ ငါ့အားဖြေကြားလော့။-
3 Ó meu povo, o que fiz contigo? E com que te enfadei? Testifica contra mim.
4 ငါသည်သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့၏။ ကျွန်ခံရာဘဝမှကယ်တင်ခဲ့၏။ သင် တို့ကိုရှေ့ဆောင်လမ်းပြရန်မောရှေ၊ အာရုန် နှင့်မိရိအံတို့ကိုငါစေလွှတ်ခဲ့၏။-
4 Pois te trouxe da terra do Egito, e te remi da casa da servidão; e enviei adiante de ti a Moisés, Arão e Miriã.
5 ငါ၏လူမျိုးတော်တို့၊ မောဘပြည့်ရှင်ဗာလက် မင်းက သင်တို့ပျက်စီးရာပျက်စီးကြောင်းမည် ကဲ့သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ ဗောရ ၏သားဗာလမ်ကဘုရင်အားမည်ကဲ့သို့ပြန် ပြောသည်ကိုလည်းကောင်း သတိရကြလော့၊ အကေးရှားစခန်းမှဂိလဂါလမြို့သို့ သွားသောခရီးလမ်းတွင် တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကိုသတိရကြလျှင် ထာဝရဘုရားသည်သင်တို့အားမည်ကဲ့ သို့ ကယ်တင်တော်မူခဲ့ကြောင်းသင်တို့သိ မြင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
5 Ó meu povo, lembra-te agora do que Balaque, rei de Moabe, consultou, e o que Balaão, filho de Beor, lhe respondeu, desde Sitim até Gilgal, para que tu conheças as justiças do SENHOR.
6 ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရ ဘုရားထံတော်သို့ဝတ်ပြုကိုးကွယ်ရန်လာ သောအခါ ငါသည်မည်သည့်ပူဇော်သကာကို ယူဆောင်ခဲ့ရပါမည်နည်း၊ ဆူဖြိုးသောနွား ကလေးကိုမီးရှို့ပူဇော်ရန်ယူဆောင်ခဲ့ရ ပါမည်လော၊-
6 Com que me apresentarei diante do SENHOR, e me inclinarei diante do Deus altíssimo? Deveria me apresentar diante dele com ofertas queimadas, e novilhos de um ano?
7 ငါသည်သိုးထောင်ပေါင်းများစွာကိုသော် လည်းကောင်း၊ သံလွင်ဆီကိုချောင်းစီးအောင် သော်လည်းကောင်းယူဆောင်ခဲ့လျှင် ထာဝရ ဘုရားနှစ်သက်တော်မူမည်လော၊ ငါ၏ အပြစ်ပြေစေရန်ကိုယ်တော်အား ငါ၏ သားဦးကိုဆက်သရမည်လော၊-
7 O SENHOR se agradará de milhares de carneiros, ou de dez mil ribeiros de azeite? Darei o meu primogênito pela minha transgressão, o fruto do meu corpo pelo pecado da minha alma?
8 ထာဝရဘုရားသည်ကောင်းသောအရာကို ပြတော်မူပြီ။ ကိုယ်တော်အလိုရှိတော်မူ သောအရာကိုဖော်ပြတော်မူခဲ့ပြီ။ ကိုယ် တော်အလိုရှိသောအရာသည်ကားတရား မျှတစွာပြုကျင့်ခြင်း၊ မေတ္တာကရုဏာထား ရှိခြင်း၊ စိတ်နှိမ့်ချစွာသင်၏ဘုရားသခင် နှင့်အတူသွားလာနေထိုင်ခြင်းတို့ဖြစ် သတည်း။
8 Ele te declarou, ó homem, o que é bom; e o que o SENHOR pede de ti, senão que pratiques a justiça, ames a misericórdia, e andes humildemente com o teu Deus?
9 ထာဝရဘုရားကိုကြောက်ရွံ့သောသူသည် ပညာရှိ၏။ ကိုယ်တော်သည်မြို့ကိုဤသို့ဆင့် ဆိုတော်မူ၏။ ``မြို့ထဲရှိလူပရိသတ် အပေါင်းတို့၊ နာခံကြလော့၊-
9 A voz do SENHOR clama à cidade, e o homem sábio verá o teu nome. Ouvi a vara, e quem a designou.
10 ဆိုးသွမ်းသောသူတို့၏အိမ်များတွင်မတ ရားသဖြင့် ရရှိထားသောဥစ္စာပစ္စည်းများ ရှိ၏။ သူတို့သည်မမှန်ကန်သည့်အခြင် အတွယ်တို့ကိုသုံးကြ၏။ ထိုမမှန်ကန် သည့်အခြင်အတွယ်တို့ကိုငါရွံရှာ၏။-
10 Ainda há na casa do ímpio tesouros da maldade, e medida escassa, que é abominável?
11 မမှန်ကန်သောအလေးချိန်ခွင်ကိုသုံးစွဲ သူတို့အား ငါသည်မည်ကဲ့သို့အပြစ်လွှတ် နိုင်မည်နည်း။-
11 Devo considerá-los puro com balanças falsas, e com bolsa de pesos enganosos?
12 ဥစ္စာပစ္စည်းကြွယ်ဝသူတို့သည်ဆင်းရဲသား တို့အပေါ်တွင်ခေါင်းပုံဖြတ်ကြ၏။ သင်တို့ အပေါင်းသည်လူလိမ်များဖြစ်ကြ၏။-
12 Pois os homens ricos estão cheios de violência, e seus habitantes falam mentiras, e a sua língua é enganosa na sua boca.
13 သို့ဖြစ်၍သင်တို့၏ဒုစရိုက်အပြစ်များ ကြောင့် ငါသည်ယခုသင်တို့အားဒဏ်ခတ်၍ ပျက်သုဉ်းစေမည်။ လိမ်လည်သောစကားကို ပြောဆိုကြ၏။-
13 Assim eu também te farei enfermo, ferindo-te, e assolando-te por causa dos teus pecados.
14 သင်တို့သည်အစားအစာကိုစားသော်လည်း တင်းတိမ်မှုမရှိ။ ဆာလောင်မြဲဆာလောင်လျက် ရှိနေမည်။ သင်တို့ရရှိသမျှသောဥစ္စာပစ္စည်း များကိုစုဆောင်းထားနိုင်လိမ့်မည်မဟုတ်။ စုဆောင်းထားသောဥစ္စာပစ္စည်းများကိုလည်း ငါသည်စစ်ဘေးဒဏ်ဖြင့်ဖျက်ဆီးပစ်မည်။-
14 Tu comerás, mas não te fartarás; e a tua humilhação estará no meio de ti; tomarás posse, mas não livrarás, e aquilo que livrares, eu o entregarei à espada.
15 သင်တို့သည်ကောက်ပဲသီးနှံကိုစိုက်ပျိုးသော် လည်း အသီးအနှံကိုမရိတ်သိမ်းရ။ သင်တို့ သည်သံလွင်ဆီကြိတ်သော်လည်းဆီကိုမ သုံးရ။ စပျစ်သီးကိုနယ်သော်လည်းစပျစ် ရည်ကိုမသောက်ရ။-
15 Tu semearás, mas não colherás; pisarás a azeitona, mas não ungirás a ti com azeite; espremerão uvas, mas não beberão o vinho.
16 သင်တို့သည်သြမရိဘုရင်နှင့်သူ၏သား အာဟပ်မင်းတို့၏ ဆိုးညစ်သည့်စရိုက်ကို လိုက်၍ကျင့်ကြသဖြင့် ထိုပျက်စီးဆုံးရှုံး ခြင်းနှင့်တွေ့ကြုံရလိမ့်မည်။ လူတိုင်းက သင်တို့ကိုကဲ့ရဲ့ကြလိမ့်မည်။ လူမျိုး တကာတို့သည်သင်တို့ကိုသရော်ကြ လိမ့်မည်။''
16 Pois obedecem os estatutos de Onri, e todas as obras da casa de Acabe, e andais em seus conselhos; para que eu te faça uma desolação, e de seus habitantes um assobio; assim suportarão a reprovação do meu povo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Miquéias 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.