Miquéias 2
Common Language Bible (MYA) vs NVI
1 အိပ်ရာပေါ်တွင်လဲလျောင်းလျက် မကောင်းမှု ကိုကြံစည်သူတို့သည်အမင်္ဂလာရှိကြ၏။ နံနက်မိုးလင်းသောအခါသူတို့သည်အခွင့် ရလျှင်ရခြင်း မိမိတို့ကြံစည်သည့်မကောင်း မှုကိုပြုလုပ်တတ်ကြ၏။-
1 Ai daqueles que planejam maldade, dos que tramam o mal em suas camas! Quando alvorece, eles o executam, porque isso eles podem fazer.
2 သူတို့သည်သူတစ်ပါး၏အိမ်ကိုဖြစ်စေ၊ လယ်ယာကိုဖြစ်စေ၊ တပ်မက်လာလျှင်အနိုင် အထက်သိမ်းယူတတ်ကြသည်။ မည်သူ၏အိုး အိမ်နှင့်အမွေပစ္စည်းဟူသမျှလုံခြုံသည် ဟူ၍မရှိ။
2 Cobiçam terrenos e se apoderam deles; cobiçam casas e as tomam. Fazem violência ao homem e à sua família, a ele e aos seus herdeiros.
3 သို့ဖြစ်၍ထာဝရဘုရားက``သင်တို့ဘေး ဒုက္ခရောက်စေရန်ငါစီရင်မည်။ ထိုဘေးဒုက္ခ မှသင်တို့လွတ်မြောက်နိုင်လိမ့်မည်မဟုတ်။ သင်တို့သည်ဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်။ ထိုအခါသင်တို့သည်မောက်မာကြွားဝါ နိုင်ကြလိမ့်မည်မဟုတ်။-
3 Portanto, assim diz o Senhor: "Estou planejando contra essa gente uma desgraça, da qual vocês não poderão salvar-se. Vocês já não vão andar com arrogância, pois será tempo de desgraça.
4 ထိုအချိန်ကာလရောက်ရှိလာသောအခါ လူများတို့က သင်တို့ဘေးဒုက္ခရောက်ရပုံ ကိုအကြောင်းပြု၍ ပြောစမှတ်ပြုကြ လိမ့်မည်။ သင်တို့၏ဘဝအတွေ့အကြုံ ကိုလည်းဤသို့ဝမ်းနည်းကြေကွဲဖွယ် တေးဖွဲ့သီဆိုကြလိမ့်မည်။
4 Naquele dia vocês serão ridicularizados; zombarão de vocês com esta triste canção: ‘Estamos totalmente arruinados; dividida foi a propriedade do meu povo. Ele tirou-a de mim! Entregou a invasores as nossas terras’ ".
5 သို့ဖြစ်၍တိုင်းပြည်ကိုထာဝရဘုရား ၏လူမျိုးတော်လက်သို့ပြန်၍အပ်သော အခါ၌ သင်တို့အနက်မည်သူမျှမြေ ဝေစုကိုရမည်မဟုတ်။
5 Portanto, vocês não estarão na assembléia do Senhor para a divisão da terra por sorteio.
6 လူတို့က``အကျွန်ုပ်တို့အားတရားမဟော ပါနှင့်၊ ထိုအကြောင်းအရာတို့ကိုမပြော ပါနှင့်၊ ဘုရားသခင်သည်အကျွန်ုပ်တို့အား အရှက်ကွဲအကျိုးနည်းဖြစ်စေတော်မူ မည်မဟုတ်ပါ။-
6 "Não preguem", dizem os seus profetas. "Não preguem acerca dessas coisas; a desgraça não nos alcançará". Ó descendência de Jacó,
7 ဣသရေလအမျိုးသားတို့သည် ကျိန်စာ သင့်နေပြီဟူ၍မထင်ပါနှင့်။ ထာဝရ ဘုရားသည်သည်းမခံနိုင်တော့ပြီလော။ ကိုယ်တော်သည်ထိုသို့ဧကန်ပြုတော်မူ ပါမည်လော။ ဖြောင့်မတ်စွာကျင့်ကြံသူ တို့အား ကိုယ်တော်သည်သနားကြင်နာ သည့်စကားကိုပြောတော်မူမည်မဟုတ် ပါလော'' ဟုငါ့အားပြန်၍တရားဟော ကြ၏။
7 é isto que está sendo falado: "O Espírito do Senhor perdeu a paciência? É assim que ele age? " "As minhas palavras não fazem bem àquele cujos caminhos são retos?
8 ထိုအခါထာဝရဘုရားက``သင်တို့သည် ငါ၏လူမျိုးတော်ကိုရန်သူသဖွယ်တိုက် ခိုက်ကြ၏။ လုံခြုံမှုရှိရာနေအိမ်သို့စစ် ပွဲမှပြန်လာသူတို့၏ အပေါ်ရုံအင်္ကျီကို သင်တို့ချွတ်ယူကြ၏။-
8 Mas ultimamente como inimigos vocês atacam o meu povo. Além da túnica arrancam a capa daqueles que passam confiantes, como quem volta da guerra.
9 သင်တို့သည်ငါ၏လူမျိုးတော်တို့၏အမျိုး သမီးများကိုသူတို့မြတ်နိုးသောနေအိမ် များမှနှင်ထုတ်ကြ၍ သူတို့သားသမီးများ အနာဂတ်ကောင်းစားရေးမျှော်လင့်ချက် ဖြစ်သည့် ထာဝရဘုရား၏ကောင်းချီး မင်္ဂလာကိုပျက်ပြားစေကြ၏။-
9 Vocês tiram as mulheres do meu povo de seus lares agradáveis. De seus filhos vocês removem a minha dignidade para sempre.
10 ထ၍ထွက်ခွာကြလော့။ ဤပြည်သည်သင်တို့ လုံခြုံစွာနေထိုင်ရာအရပ်မဟုတ်တော့ပြီ။ သင်တို့၏ဒုစရိုက်အပြစ်ကြောင့်ဤပြည် သည်ပျက်စီးရလိမ့်မည်။
10 Levantem-se, vão embora! Pois este não é o lugar de descanso, porque ele está contaminado, está arruinado, sem que haja remédio.
11 ``သင်တို့တွင်စပျစ်ရည်နှင့် အရက်လှိုင်လှိုင် ပေါများလိမ့်မည်ဟုငါဟော၏' ဟူ၍လိမ် လည်လှည့်ဖြားပြောဆိုတတ်သောပရောဖက် မျိုးကိုဤသူတို့နှစ်သက်ကြ၏။
11 Se um mentiroso e enganador vier e disser: ‘Eu pregarei para vocês fartura de vinho e de bebida fermentada’, ele será o profeta deste povo! "
12 ``ငါသည်သင်တို့တွင်ကြွင်းကျန်သောဣသ ရေလအမျိုးသားအားလုံးကိုစုရုံးမည်။ ခြံ သို့ပြန်လာသောသိုးများသဖွယ်သင်တို့ကို စုသိမ်းမည်။ စားကျက်တွင်သိုးမြောက်မြား စွာစုရုံးကျက်စားသကဲ့သို့ သင်တို့၏ပြည် တွင်တစ်ဖန်လူမြောက်မြားစွာနေထိုင်လိမ့် မည်'' ဟုပြန်လည်ဖြေကြားတော်မူ၏။
12 "Eu vou de fato ajuntar todos vocês, ó Jacó; sim, vou reunir o remanescente de Israel. Eu os ajuntarei como ovelhas num aprisco, como um rebanho numa pastagem; haverá barulho de muita gente.
13 သူတို့အားပြည်နှင်ဒဏ်ခံရာမှလွတ် မြောက်ရန် ဘုရားသခင်ကိုယ်တော်တိုင်ရှေ့ ဆောင်လမ်းပြတော်မူမည်။ သူတို့သည်မြို့ တံခါးများကိုချိုးဖောက်၍လွတ်မြောက် လာကြမည်။ သူတို့၏ဘုရင်ထာဝရဘုရား ကိုယ်တော်တိုင်သူတို့ကိုထုတ်ဆောင်တော် မူမည်။
13 Aquele que abre o caminho irá adiante deles; passarão pela porta e sairão. O rei deles, o Senhor, os guiará".
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Miquéias 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.