Miquéias 1
Common Language Bible (MYA) vs ARA
1 ယုဒနိုင်ငံတွင်ယောသံဘုရင်၊ အာခတ်ဘုရင်၊ ဟေဇကိဘုရင်တို့စိုးစံသည့်အချိန်ကာလ ၌ ထာဝရဘုရားသည်မောရရှမြို့သား မိက္ခာအားဤသို့ဗျာဒိတ်ပေးတော်မူ၏။ ထာဝရဘုရားသည်ရှမာရိမြို့နှင့် ယေရုရှလင်မြို့တို့နှင့်စပ်လျဉ်း၍ အောက် ပါအကြောင်းအရာများကိုဖော်ပြတော် မူ၏။
1 Palavra do Senhor que em visão veio a Miqueias, morastita, nos dias de Jotão, Acaz e Ezequias, reis de Judá, sobre Samaria e Jerusalém.
2 လူမျိုးအပေါင်းတို့၊ကြားနာကြလော့။
2 Ouvi, todos os povos, prestai atenção, ó terra e tudo o que ela contém, e seja o Senhor Deus testemunha contra vós outros, o Senhor desde o seu santo templo.
3 ထာဝရဘုရားသည်သန့်ရှင်းရာဌာန တော်မှ
3 Porque eis que o Senhor sai do seu lugar, e desce, e anda sobre os altos da terra.
4 ထိုအခါ၌တောင်များသည်မီးနှင့်တွေ့သော ဖယောင်းကဲ့သို့အရည်ပျော်လိမ့်မည်။
4 Os montes debaixo dele se derretem, e os vales se fendem; são como a cera diante do fogo, como as águas que se precipitam num abismo.
5 ဣသရေလအမျိုးသားတို့သည် အပြစ် ကူးလွန်၍ဘုရားသခင်အားပုန်ကန်ကြ သောကြောင့် ဤအဖြစ်မျိုးနှင့်တွေ့ကြုံရ ကြမည်။ ဣသရေလအမျိုးသားတို့၏ ပုန်ကန်မှုအတွက် မည်သူ့ကိုအပြစ်တင် ရပါမည်နည်း။ ရှမာရိမြို့တော်မဟုတ် လော။ ယုဒလူမျိုးများကိုးကွယ်နေသည့် မြင့်ရာအရပ်ကားအဘယ်မှာနည်း။ ယေရုရှလင်မြို့တော်၌မဟုတ်လော။-
5 Tudo isto por causa da transgressão de Jacó e dos pecados da casa de Israel. Qual é a transgressão de Jacó? Não é Samaria? E quais os altos de Judá? Não é Jerusalém?
6 ထို့ကြောင့်ထာဝရဘုရားက``ငါသည် ရှမာရိမြို့ကိုကွင်းပြင်၌မြို့ပျက်ကဲ့ သို့လည်းကောင်း၊ စပျစ်ပင်စိုက်ရာအရပ် ကဲ့သို့လည်းကောင်းဖြစ်စေမည်။ ငါသည် မြို့ပျက်မှကျောက်တုံးကျောက်ခဲတို့ကို ချိုင့်ဝှမ်းထဲသို့သွန်ချ၍မြို့အောက်ခြေ ကိုလှန်ပစ်မည်။-
6 Por isso, farei de Samaria um montão de pedras do campo, uma terra de plantar vinhas; farei rebolar as suas pedras para o vale e descobrirei os seus fundamentos.
7 ရုပ်တုရှိသမျှကိုကျိုးပဲ့ကြေမွစေမည်။ ရုပ်တုတို့အားပူဇော်သောလက်ဆောင်ပစ္စည်း ရှိသမျှကိုမီးရှို့ဖျက်ဆီးမည်။ ရုပ်တုရှိ သမျှကိုအမှိုက်ပုံဖြစ်စေမည်။ ရှမာရိ မြို့သည်ဤအရာများကိုရုပ်တုကိုးကွယ် မှုဖြင့်စုဆောင်းရရှိ၏။ ဘုရားကျောင်း ပြည့်တန်ဆာလုပ်ငန်းနှင့် ရန်သူများသည် ယင်းတို့ကိုကိုးကွယ်ရန်သိမ်းယူသွား ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
7 Todas as suas imagens de escultura serão despedaçadas, e todos os salários de sua impureza serão queimados, e de todos os seus ídolos eu farei uma ruína, porque do preço da prostituição os ajuntou, e a este preço volverão.
8 ထိုအခါမိက္ခာက``ထိုအတွက်ကြောင့်ငါ သည်ငိုကြွေးမြည်တမ်းမည်။ ငါသည်ဝမ်း နည်းကြောင်းပြရန်ဖိနပ်မစီး၊ အဝတ် အင်္ကျီမဝတ်ဆင်ဘဲလှည့်လည်မည်။ ငါ သည်ခွေးအကဲ့သို့အူ၍ငှက်ကုလား အုတ်ကဲ့သို့ညည်းညူမည်။-
8 Por isso, lamento e uivo; ando despojado e nu; faço lamentações como de chacais e pranto como de avestruzes.
9 ရှမာရိမြို့၏ဒဏ်ရာဒဏ်ချက်တို့ကိုကုသ ၍မရနိုင်။ ယုဒပြည်သည်လည်းထိုကဲ့သို့ သောကံကြမ္မာနှင့်တွေ့ကြုံရတော့မည်။ ငါ ၏အမျိုးသားတို့နေထိုင်ရာယေရုရှလင် မြို့တံခါးများသို့ဘေးအန္တရာယ်ဆိုက် ရောက်လာသည်'' ဟုဆိုလေ၏။
9 Porque as suas feridas são incuráveis; o mal chegou até Judá; estendeu-se até à porta do meu povo, até Jerusalém.
10 ဂါသမြို့ရှိရန်သူများအားငါတို့စစ်ရေး နိမ့်သည့်သတင်းကိုမကြားပြောနှင့်။ သင် တို့ငိုကြွေးနေခြင်းကိုသူတို့မမြင်စေနှင့်။ ဗေသောဖရာမြို့သားတို့၊ စိတ်ပျက်အား လျော့ကြောင်းပြရန်မြေမှုန့်၌လူးလှိမ့်နေ ကြလော့။-
10 Não o anuncieis em Gate, nem choreis; revolvei-vos no pó, em Bete-Leafra.
11 ရှဖိရမြို့သားတို့၊ အဝတ်အချည်းစည်း ဖြင့်အရှက်ကွဲလျက်သုံ့ပန်းအဖြစ်ရောက် ကြလော့။ ဇာနန်မြို့သားတို့သည်မြို့ပြင် သို့မထွက်ဝံ့ကြ။ ဗေသဇေလမြို့သား တို့ငိုကြွေးသံကိုသင်တို့ကြားရသော အခါ ထိုမြို့တွင်သင်တို့ခိုလှုံနိုင်မည် မဟုတ်ကြောင်းသိရလိမ့်မည်။-
11 Passa, ó moradora de Safir, em vergonhosa nudez; a moradora de Zaanã não pode sair; o pranto de Bete-Ezel tira de vós o vosso refúgio.
12 မာရုတ်မြို့သားတို့သည်လူးလှိမ့်လျက် ဝေဒနာခံနေကြ၏။ ထာဝရဘုရား သည်ယေရုရှလင်မြို့အား ဘေးဒုက္ခရောက် စေတော့မည်ဖြစ်၍ ငါတို့မြို့သားတို့သည် စိတ်တထင့်ထင့်နှင့်အကူအညီစောင့် မျှော်နေကြ၏။-
12 Pois a moradora de Marote suspira pelo bem, porque desceu do Senhor o mal até à porta de Jerusalém.
13 လာခိရှမြို့တွင်နေထိုင်သူတို့၊ စစ်ရထား များကိုမြင်းကကြလော့။ သင်တို့သည် ဣသရေလပြည်သူတို့၏စံနမူနာကို လိုက်၍ အပြစ်ကူးလွန်ကြ၏။ သင်တို့ အပြစ်ကူးလွန်စေသကဲ့သို့ ယေရုရှလင် မြို့အားလည်းအပြစ်ကူးလွန်စေကြ၏။-
13 Ata os corcéis ao carro, ó moradora de Laquis; foste o princípio do pecado para a filha de Sião, porque em ti se acharam as transgressões de Israel.
14 ယုဒပြည်သားတို့၊ မောရရှက်ဂါသမြို့ကို လည်းလက်လွှတ်လိုက်ကြလော့။ ဣသရေလ ဘုရင်တို့သည် အာခဇိပ်မြို့သားတို့ထံမှ အကူအညီရလိမ့်မည်မဟုတ်။
14 Portanto, darás presentes de despedida a Moresete-Gate; as casas de Aczibe serão para engano dos reis de Israel.
15 မရေရှမြို့သားတို့၊ ထာဝရဘုရားသည် သင်တို့၏မြို့ကိုရန်သူ့လက်သို့အပ်တော် မူမည်။ ဣသရေလခေါင်းဆောင်များသည် အဒုလံဥမင်လှိုဏ်ခေါင်းသို့ထွက်ပြေး ပုန်းအောင်းရလိမ့်မည်။-
15 Enviar-te-ei ainda quem tomará posse de ti, ó moradora de Maressa; chegará até Adulão a glória de Israel.
16 ယုဒပြည်သားတို့၊ သင်တို့ချစ်သောသား သမီးများအတွက်ဝမ်းနည်းပူဆွေးကြောင်း ပြသည့်အနေဖြင့် သင်တို့၏ဆံပင်ကိုရိတ် ကြလော့။ သင်တို့၏သားသမီးများကို တိုင်းတစ်ပါးသို့သိမ်းယူသွားကြမည် ဖြစ်သောကြောင့် သင်တို့၏ဦးခေါင်းကို လင်းတငှက်ခေါင်းကဲ့သို့ပြောင်အောင် ရိတ်ကြလော့။
16 Faze-te calva e tosquia-te, por causa dos filhos que eram as tuas delícias; alarga a tua calva como a águia, porque de ti serão levados para o cativeiro.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Miquéias 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.