Marcos 9
Common Language Bible (MYA) vs ARC
1 ထိုနောက်ကိုယ်တော်က ``အမှန်အကန်သင်တို့အား ငါဆိုသည်ကားတန်ခိုးအာဏာနှင့်တကွ ဘုရား သခင်၏နိုင်ငံတော်တည်သည်ကိုမမြင်မီ ဤ အရပ်ရှိလူအချို့တို့သည်မသေရကြ'' ဟု မိန့်တော်မူ၏။
1 Dizia-lhes também: Em verdade vos digo que, dos que aqui estão, alguns há que não provarão a morte sem que vejam chegado o Reino de Deus com poder.
2 ခြောက်ရက်မျှကြာသော်သခင်ယေရှုသည်ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုမြင့်သောတောင်ပေါ်သို့ ခေါ်ဆောင်သွားတော်မူ၏။ အခြားတစ်စုံတစ် ယောက်မျှမပါချေ။ သူတို့၏ရှေ့တွင်ကိုယ်တော် ၏အဆင်းသဏ္ဌာန်တော်သည်ပြောင်းလဲလေ၏။-
2 E, seis dias depois, Jesus tomou consigo a Pedro, a Tiago e a João, e os levou sós, em particular, a um alto monte, e transfigurou-se diante deles.
3 အဝတ်တော်သည်တောက်ပလျက်လွန်မင်းစွာ ဖြူဖွေးလာ၏။ ဤမျှဖြူဖွေးစေရန်ဤလောက တွင်မည်သည့်ခဝါသည်မျှမတတ်နိုင်ရာ။-
3 E as suas vestes tornaram-se resplandecentes, em extremo brancas como a neve, tais como nenhum lavadeiro sobre a terra as poderia branquear.
4 တပည့်တော်သုံးဦးတို့၏ရှေ့တွင် ဧလိယနှင့် မောရှေပေါ်လာ၍သခင်ယေရှုနှင့်စကား ပြောနေကြ၏။-
4 E apareceram-lhes Elias e Moisés e falavam com Jesus.
5 ထိုအခါပေတရုက ``အရှင်ဘုရား၊ ဤအရပ် တွင်နေထိုင်ဖွယ်ကောင်းပါ၏။ ကိုယ်တော်ရှင်အတွက် တဲတစ်ဆောင်၊ မောရှေအတွက်တဲတစ်ဆောင်၊ ဧလိယ အတွက်တဲတစ်ဆောင်၊ တဲသုံးဆောင်ကိုအကျွန်ုပ်တို့ ဆောက်ပါရစေ'' ဟုသခင်ယေရှုအားလျှောက် ထား၏။-
5 E Pedro, tomando a palavra, disse a Jesus: Mestre, bom é que nós estejamos aqui e façamos três cabanas, uma para ti, outra para Moisés e outra para Elias.
6 တပည့်တော်တို့သည်လွန်မင်းစွာကြောက်လန့်လျက် ရှိကြသဖြင့် ပေတရုသည်မည်သို့လျှောက်ထားရ မည်ကိုမသိ၍ယင်းသို့လျှောက်ထားလိုက်သတည်း။
6 Pois não sabia o que dizia, porque estavam assombrados.
7 ထိုနောက်မိုးတိမ်တိုက်တစ်ခုသည်ပေါ်လာ၍သူတို့ အပေါ်သို့တိမ်ရိပ်ကျလေသည်။ ``ဤသူကားငါ ၏ချစ်သားဖြစ်၏။ သူ၏စကားကိုနားထောင် လော့'' ဟုမိုးတိမ်ကအသံတော်ထွက်ပေါ်လာ၏။-
7 E desceu uma nuvem que os cobriu com a sua sombra, e saiu da nuvem uma voz, que dizia: Este é o meu Filho amado; a ele ouvi.
8 ထိုအခါတပည့်တော်တို့သည်မိမိတို့ပတ်လည် သို့လှည့်ကြည့်ကြသော်လည်း သခင်ယေရှုမှတစ် ပါးအခြားမည်သူ့ကိုမျှမတွေ့ရကြတော့ပေ။
8 E, tendo olhado ao redor, ninguém mais viram, senão Jesus com eles.
9 ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် တောင် ပေါ်မှဆင်းကြ၏။ ထိုသို့ဆင်းကြစဉ်ကိုယ်တော် က ``သင်တို့တွေ့မြင်ခဲ့သည့်အခြင်းအရာကို လူသားသေခြင်းမှမထမြောက်မီအဘယ်သူ အားမျှမပြောကြနှင့်'' ဟုတပည့်တော်တို့အား ပညတ်တော်မူ၏။
9 E, descendo eles do monte, ordenou-lhes que a ninguém contassem o que tinham visto, até que o Filho do Homem ressuscitasse dos mortos.
10 သူတို့သည်ဤအမိန့်ကိုလိုက်နာကြသော်လည်း ``သေခြင်းမှထမြောက်သည်ဆိုသည်ကားအဘယ် နည်း'' ဟုအချင်းချင်းဆွေးနွေးလျက်နေကြ၏။-
10 E eles retiveram o caso entre si, perguntando uns aos outros que seria aquilo, ressuscitar dos mortos.
11 ထိုနောက်ကိုယ်တော်အား ``ကျမ်းတတ်ဆရာတို့ က ဦးစွာပထမဧလိယကြွလာလိမ့်မည်ဟု အဘယ်ကြောင့်ဆိုပါသနည်း'' ဟုမေးလျှောက် ကြ၏။
11 E interrogaram-no, dizendo: Por que dizem os escribas que é necessário que Elias venha primeiro?
12 ကိုယ်တော်က ``အမှုအရာခပ်သိမ်းကိုအသင့် ပြင်ဆင်ရန် ဦးစွာပထမဧလိယကြွလာရ သည်ကားမှန်၏။ သို့ရာတွင်ကျမ်းစာတော်က လူသားသည်များစွာသောဒုက္ခဆင်းရဲကိုလည်း ကောင်း၊ ပစ်ပယ်ခြင်းကိုလည်းကောင်းခံရမည်ဟု အဘယ်ကြောင့်ဆိုသနည်း။-
12 E, respondendo ele, disse-lhes: Em verdade Elias virá primeiro e todas as e, como está escrito do Filho do Homem, que ele deva padecer muito e ser aviltado.
13 ဧလိယသည်ကြွလာခဲ့ပြီ။ ကျမ်းစာလာသည် အတိုင်း လူတို့သည်သူ့အားပြုလိုရာပြုခဲ့ကြ ပြီဟုသင်တို့အားငါဆိုသည်'' ဟုမိန့်တော်မူ၏။
13 Digo-vos, porém, que Elias já veio, e fizeram-lhe tudo o que quiseram, como dele está escrito.
14 ကိုယ်တော်နှင့်တပည့်တော်သုံးဦးတို့သည် အခြား တပည့်တော်များရှိရာသို့ရောက်လာကြသောအခါ လူပရိသတ်ကြီးကိုမြင်ကြ၏။ တပည့်တော်တို့ သည်ကျမ်းတတ်ဆရာများနှင့်အခြေအတင် ပြောဆိုနေကြ၏။-
14 E, quando se aproximou dos discípulos, viu ao redor deles grande multidão e alguns escribas que disputavam com eles.
15 လူအပေါင်းတို့သည်ကိုယ်တော်ကိုမြင်သောအခါ အံ့သြကြလျက်အထံတော်သို့ပြေး၍နှုတ်ခွန်း ဆက်ကြ၏။-
15 E logo toda a multidão, vendo-o, ficou espantada, e, correndo para ele, o saudaram.
16 ကိုယ်တော်ကတပည့်တော်တို့အား ``သင်တို့သည် ဤသူတို့နှင့်အဘယ်အကြောင်းအရာများကို အခြေအတင်ပြောဆိုနေကြသနည်း'' ဟုမေး တော်မူ၏။
16 E perguntou aos escribas: Que é que discutis com eles?
17 ပရိသတ်ထဲမှလူတစ်ယောက်က ``ဆရာတော်၊ အကျွန်ုပ်သည်မိမိ၏သားငယ်ကိုအထံတော် သို့ခေါ်ခဲ့ပါသည်။ သူသည်ဆွံ့အသည့်နတ် ပူးဝင်နေသူဖြစ်ပါသည်။-
17 E um da multidão, respondendo, disse: Mestre, trouxe-te o meu filho, que tem um espírito mudo;
18 နတ်ပူးဝင်သည့်အခါတိုင်းသူသည်မြေပေါ်မှာ လဲကျတတ်ပါ၏။ ပါးစပ်မှအမြှုပ်များထွက် လျက်အံသွားများကြိတ်တတ်ပါသည်။ ထိုနောက် သူ၏ကိုယ်သည်တောင့်မာလာပါသည်။ အရှင်၏ တပည့်များအားထိုနတ်ကိုနှင်ထုတ်ပေးရန် အကျွန်ုပ်တောင်းပန်ပါသော်လည်းသူတို့သည် မတတ်နိုင်ကြပါ'' ဟုကိုယ်တော်အားလျှောက် ထား၏။
18 e este, onde quer que o apanha, despedaça-o, e ele espuma, e range os dentes, e vai-se secando; e eu disse aos teus discípulos que o expulsassem, e não puderam.
19 ကိုယ်တော်က ``သင်တို့သည်ယုံကြည်ခြင်းကင်းမဲ့လှ ပါသည်တကား။ ငါသည်သင်တို့နှင့်မည်မျှကြာ အောင်နေရမည်နည်း။ မည်မျှကြာအောင်သင်တို့အား သည်းခံရမည်နည်း။ သူငယ်ကိုငါ့ထံသို့ခေါ်ခဲ့ကြ လော့'' ဟုမိန့်တော်မူ၏။-
19 E ele, respondendo-lhes, disse: Ó geração incrédula! Até quando estarei convosco? Até quando vos sofrerei ainda? Trazei-mo.
20 သူတို့သည်ထိုသူငယ်ကိုအထံတော်သို့ခေါ်ခဲ့ ကြ၏။
20 E trouxeram-lho; e, quando ele o viu, logo o espírito o agitou com violência; e, caindo o endemoninhado por terra, revolvia-se, espumando.
21 သခင်ယေရှုက ``ဤသို့ဖြစ်ပျက်နေသည်မှာ ကြာပြီလော'' ဟုသူငယ်၏ဖခင်အားမေး တော်မူ၏။
21 E perguntou ao pai dele: Quanto tempo há que lhe sucede isto? E ele disse-lhe: Desde a infância.
22 နတ်သည်သူငယ်အားသေစေရန်ကြိမ်ဖန်များစွာ မီးထဲသို့ဖြစ်စေ၊ ရေထဲသို့ဖြစ်စေလဲစေတတ်ပါ သည်။ အရှင်တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့အား သနားသဖြင့်ကူမတော်မူပါ'' ဟုပြန်လည် လျှောက်ထား၏။
22 E muitas vezes o tem lançado no fogo e na água, para o destruir; mas, se tu podes fazer alguma coisa, tem compaixão de nós e ajuda-nos.
23 သခင်ယေရှုက ``တတ်နိုင်တော်မူလျှင်'' ဟု အဘယ်ကြောင့်ဆိုဘိသနည်း။ ယုံကြည်ခြင်း ရှိသူအဖို့မဖြစ်နိုင်သောအရာမရှိ'' ဟု ထိုသူအားမိန့်တော်မူ၏။-
23 E Jesus disse-lhe: Se tu podes crer; tudo
24 ချက်ချင်းပင်သူငယ်၏အဖက ``အကျွန်ုပ်အကယ် ပင်ယုံကြည်ပါ၏။ ယုံကြည်ခြင်းမပြည့်စုံသည့် အတွက်အကျွန်ုပ်အားမစတော်မူပါ'' ဟုကျယ် စွာလျှောက်ထား၏။
24 E logo o pai do menino, clamando, com lágrimas, disse: Eu creio, Senhor! Ajuda a minha incredulidade.
25 အထံတော်သို့လူပရိသတ်များပြေးလာကြ သည်ကိုကိုယ်တော်မြင်တော်မူလျှင် ``ဆွံ့အနားပင်း သောနတ်၊ သူငယ်ထံမှထွက်လော့။ အဘယ်အခါမျှ ပြန်၍မပူးမဝင်နှင့်၊ ငါအမိန့်ရှိသည်'' ဟုညစ် ညမ်းသောနတ်အားမိန့်တော်မူ၏။-
25 E Jesus, vendo que a multidão concorria, repreendeu o espírito imundo, dizendo-lhe: Espírito mudo e surdo, eu te ordeno: sai dele e não entres mais nele.
26 နတ်သည်အော်ဟစ်ပြီးလျှင် သူငယ်ကိုပြင်းစွာတုန် တက်စေ၏။ ထိုနောက်သူ့ထံမှထွက်သွား၏။ သူငယ် သည်သူသေကဲ့သို့ဖြစ်နေသဖြင့် လူအများ ပင် ``သူငယ်သေပြီ'' ဟုပြောကြ၏။-
26 E ele, clamando e agitando-o com violência, saiu; e ficou o menino como morto, de tal maneira que muitos diziam que estava morto.
27 သို့ရာတွင်သခင်ယေရှုသည်သူငယ်၏လက်ကို ကိုင်လျက်ထူမတော်မူ၏။ ထိုအခါသူငယ်သည် ထလေ၏။
27 Mas Jesus, tomando-o pela mão, o ergueu, e ele se levantou.
28 ကိုယ်တော်သည်အိမ်သို့ပြန်ရောက်၍တစ်ကိုယ်တည်း ရှိတော်မူသောအခါ တပည့်တော်တို့က ``အကျွန်ုပ် တို့သည်ထိုနတ်ကိုအဘယ်ကြောင့်နှင်ထုတ်၍ မရပါသနည်း'' ဟုမေးလျှောက်ကြ၏။
28 E, quando entrou em casa, os seus discípulos lhe perguntaram à parte: Por que o não pudemos nós expulsar?
29 ကိုယ်တော်က ``ဆုတောင်းခြင်းမှတစ်ပါး အခြား အဘယ်နည်းနှင့်မျှဤနတ်မျိုးကိုနှင်ထုတ်၍ မရ'' ဟုမိန့်တော်မူ၏။
29 E disse-lhes: Esta casta não pode sair com coisa alguma, a não ser com oração e jejum.
30 ကိုယ်တော်နှင့်တပည့်တော်တို့သည်ထိုအရပ်မှ ထွက်ခွာကြပြီးလျှင် ဂါလိလဲပြည်ကိုဖြတ် သွားကြ၏။ ယင်းသို့ဖြတ်သွားကြောင်းကိုကိုယ် တော်သည်မည်သူ့အားမျှသိစေတော်မမူလို။-
30 E, tendo partido dali, caminharam pela Galileia, e não queria que alguém o soubesse,
31 အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ``လူတို့ ၏လက်တွင်းသို့လူသားကိုအပ်နှံကြလိမ့်မည်။ သူ့ကိုသတ်ကြလိမ့်မည်။ သို့ရာတွင်သုံးရက်ကြာ သော်သူသည်သေခြင်းမှထမြောက်လိမ့်မည်'' ဟု တပည့်တော်တို့အားသွန်သင်တော်မူလျက်ရှိ သောကြောင့်ဖြစ်၏။-
31 porque ensinava os seus discípulos e lhes dizia: O Filho do Homem será entregue nas mãos dos homens e matá-lo-ão; e, morto, ele ressuscitará ao terceiro dia.
32 တပည့်တော်တို့သည်ကိုယ်တော်၏စကားတော်ကို နားမလည်ကြ။ သို့ရာတွင်ကိုယ်တော်အားမမေး မလျှောက်ဝံ့ကြ။
32 Mas eles não entendiam esta palavra e receavam interrogá-lo.
33 ကိုယ်တော်နှင့်တပည့်တော်တို့သည်ကပေရ နောင်မြို့သို့ရောက်ကြ၏။ အိမ်ထဲသို့ဝင်ပြီး နောက် ကိုယ်တော်က ``သင်တို့သည်လမ်းတွင် အဘယ်အကြောင်းအရာများကိုဆွေးနွေး ကြသနည်း'' ဟုတပည့်တို့အားမေးတော်မူ၏။-
33 E chegou a Cafarnaum e, entrando em casa, perguntou-lhes: Que estáveis vós discutindo pelo caminho?
34 သူတို့သည်ဆိတ်ဆိတ်နေကြ၏။ အဘယ်ကြောင့် ဆိုသော်မိမိတို့အနက် အဘယ်သူသည်အကြီး မြတ်ဆုံးဖြစ်သည်ကိုလမ်းတွင်ဆွေးနွေးငြင်းခုံ ခဲ့ကြသောကြောင့်ဖြစ်၏။-
34 Mas eles calaram-se, porque, pelo caminho, tinham disputado entre si qual era o maior.
35 ကိုယ်တော်သည်ထိုင်တော်မူပြီးလျှင်တစ်ကျိပ်နှစ် ပါးတို့ကိုခေါ်တော်မူ၍ ``အမြင့်ဆုံးသို့ရောက် လိုသူသည်အနိမ့်ဆုံးမှာနေရမည်။ လူခပ်သိမ်း တို့၏အစေခံလည်းဖြစ်ရမည်'' ဟုမိန့်တော်မူ၏။-
35 E ele, assentando-se, chamou os doze e disse-lhes: Se alguém quiser ser o primeiro, será o derradeiro de todos e o servo de todos.
36 ကိုယ်တော်သည်ကလေးသူငယ်တစ်ယောက်ကို ခေါ်၍ တပည့်တော်တို့အလယ်တွင်ထားတော် မူ၏။-
36 E, lançando mão de uma criança, pô-la no meio deles e, tomando-a nos seus braços, disse-lhes:
37 ထိုနောက်ထိုသူငယ်ကိုပွေ့တော်မူလျက် ``ငါ ၏နာမကိုထောက်၍ ဤသို့သောသူငယ်တစ်စုံ တစ်ယောက်ကိုလက်ခံသူသည်ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသူသည်ငါ့ကိုသာလက်ခံသည် မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကို လည်းလက်ခံ၏'' ဟုမိန့်တော်မူ၏။
37 Qualquer que receber uma destas crianças em meu nome a mim me recebe; e qualquer que a mim me receber recebe não a mim, mas ao que me enviou.
38 ယောဟန်က ``အရှင်ဘုရား၊ အရှင်၏နာမတော် ကိုအမှီပြု၍နတ်မိစ္ဆာတို့ကိုနှင်ထုတ်နေသူလူ တစ်ယောက်ကို အကျွန်ုပ်တို့တွေ့မြင်ခဲ့ပါသည်။ သူသည်အကျွန်ုပ်တို့နှင့်အတူမလိုက်။ သို့မလိုက် သဖြင့်အကျွန်ုပ်တို့သည် သူ့အားအရှင်၏နာမ တော်ကိုအသုံးမပြုရန်တားမြစ်ခဲ့ပါ၏'' ဟု ကိုယ်တော်အားလျှောက်ထား၏။-
38 E João lhe respondeu, dizendo: Mestre, vimos um que, em teu nome, expulsava demônios, o qual não nos segue; e nós lho proibimos, porque não nos segue.
39 သခင်ယေရှုက ``သူ့ကိုမတားမြစ်ကြနှင့်၊ ငါ ၏နာမကိုအမှီပြု၍အံ့ဖွယ်သောအမှုကိုပြု ပြီးနောက် ငါ့အားပုတ်ခတ်ပြောဆိုနိုင်မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။-
39 Jesus, porém, disse: Não lho proibais, porque ninguém há que faça milagre em meu nome e possa logo falar mal de mim.
40 ငါတို့အားမဆန့်ကျင်သူသည်ငါတို့ဘက်သား ဖြစ်၏။-
40 Porque quem não é contra nós é por nós.
41 အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏ တပည့်များဖြစ်သည်ကိုထောက်လျက် သင်တို့အား သောက်ရေတစ်ခွက်ကိုပေးသူသည်မုချအကျိုး ခံစားရလိမ့်မည်။
41 Porquanto qualquer que vos der a beber um copo de água em meu nome, porque sois
42 ``ငါ့ကိုယုံကြည်ကိုးစားမှုပျက်ပြားစေရန် ဤ ကလေးသူငယ်တစ်စုံတစ်ယောက်ကိုမှောက်မှား လမ်းလွဲစေသောသူသည် လည်တွင်ကြိတ်ဆုံကျောက် ကိုဆွဲလျက်ပင်လယ်ထဲသို့ပစ်ချခံရလျှင်သူ့ အဖို့သာ၍ကောင်း၏။-
42 E qualquer que escandalizar um
43 သင်၏လက်သည်သင်၏ယုံကြည်ခြင်းကိုပျက် ပြားစေလျှင် ထိုလက်ကိုဖြတ်ပစ်လော့။-
43 E, se a tua mão te escandalizar, corta-a; melhor é para ti entrares na vida aleijado do que, tendo duas mãos, ires para o inferno, para o fogo que nunca se apaga,
44 (လောက်ကောင်များမသေ၊ မီးမငြိမ်းရာ) ငရဲမီး ထဲသို့လက်နှစ်ဖက်အစုံအလင်နှင့်ကျရောက် ရသည်ထက်၊ လက်တစ်ဖက်ချို့တဲ့လျက်ထာဝရ အသက်ကိုရခြင်းကသာ၍ကောင်း၏။-
44 onde o seu bicho não morre, e o fogo nunca se apaga.
45 သင်၏ခြေသည်သင်၏ယုံကြည်ခြင်းကိုပျက် ပြားစေလျှင် ထိုခြေကိုဖြတ်ပစ်လော့။-
45 E, se o teu pé te escandalizar, corta-o; melhor é para ti entrares coxo na vida do que, tendo dois pés, seres lançado no inferno, no fogo que nunca se apaga,
46 သင်သည်(လောက်ကောင်များမသေ၊ မီးမငြိမ်းရာ) ငရဲသို့ခြေနှစ်ဖက်အစုံအလင်နှင့်ကျရသည် ထက် ခြေတစ်ဖက်ချို့တဲ့လျက်ထာဝရအသက် ကိုရခြင်းကသာ၍ကောင်း၏။-
46 onde o seu bicho não morre, e o fogo nunca se apaga.
47 သင်၏မျက်စိသည်သင်၏ယုံကြည်ခြင်းကိုပျက်ပြား စေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့၊ မျက်စိတစ်စုံနှင့် ငရဲသို့ကျရသည်ထက် ဘုရားသခင်၏နိုင်ငံတော် သို့မျက်စိတစ်လုံးချို့တဲ့လျက်ဝင်ရသည်ကသာ၍ ကောင်း၏။-
47 E, se o teu olho te escandalizar, lança-o fora; melhor é para ti entrares no Reino de Deus com um só olho do que, tendo dois olhos, ser lançado no fogo do inferno,
48 ထိုနေရာသည်ဖျက်ဆီးနေသောလောက်ကောင်များ မသေ၊ မီးမငြိမ်းရာနေရာဖြစ်သည်။
48 onde o seu bicho não morre, e o fogo nunca se apaga.
49 ``ယဇ်ကောင်ကိုဆားခပ်၍သန့်စင်စေသကဲ့သို့ မီးသည်လူခပ်သိမ်းတို့ကိုသန့်စင်စေလိမ့်မည်။-
49 Porque cada um será salgado com fogo, e cada sacrifício será salgado com sal.
50 ဆားသည်အသုံးဝင်၏။ သို့သော်ဆားမှအငန်ကင်း ပျောက်သွားပါမူ သင်တို့သည်ယင်းကိုအဘယ်သို့ ပြန်၍ငန်အောင်ပြုနိုင်ပါမည်နည်း။
50 Bom mas, se o sal se tornar insulso, com que o adubareis? Tende sal em vós mesmos e paz, uns com os outros.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Marcos 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.