Marcos 8

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 မ​ကြာ​မီ​လူ​ပ​ရိ​သတ်​ကြီး​စု​ရုံး​မိ​ပြန်​၏။ သူ တို့​မှာ​စား​စ​ရာ​မ​ရှိ​ကြ​သ​ဖြင့် ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ကို​ခေါ်​တော်​မူ​၍၊-
1 Naqueles dias, outra grande multidão se reuniu e, mais uma vez, o povo ficou sem comida. Jesus chamou os discípulos e disse:
2 ``ဤ​လူ​တို့​သည်​ငါ​နှင့်​အ​တူ​သုံး​ရက်​တိုင်​တိုင် ရှိ​နေ​ခဲ့​ကြ​၏။ ယ​ခု​သူ​တို့​မှာ​စား​စ​ရာ​မ​ရှိ ကြ။ သို့​ဖြစ်​၍​သူ​တို့​ကို​ငါ​သ​နား​တော်​မူ​သည်။-
2 “Tenho compaixão dessa gente. Estão aqui comigo há três dias e não têm mais nada para comer.
3 အ​ချို့​သော​သူ​တို့​သည်​ခ​ရီး​ဝေး​မှ​လာ​ရောက်​ခဲ့ ကြ​၏။ သူ​တို့​ကို​မ​ကျွေး​မွေး​ဘဲ​အိမ်​သို့​ပြန်​စေ ပါ​လျှင် သူ​တို့​သည်​လမ်း​ခ​ရီး​တွင်​မူး​လဲ​ကုန် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
3 Se eu os mandar embora com fome, desmaiarão no caminho. Alguns vieram de longe”.
4 တ​ပည့်​တော်​တို့​က ``ဤ​တော​ကန္တာ​ရ​တွင်​အ​ဘယ် သို့​လျှင် ထို​သူ​တို့​ကို​ကျွေး​နိုင်​လောက်​အောင်​အ​စား အ​စာ​ရ​နိုင်​ပါ​မည်​နည်း'' ဟု​ပြန်​၍​လျှောက်​ကြ​၏။
4 Os discípulos disseram: “Como conseguiremos comida suficiente neste lugar deserto para alimentá-los?”.
5 ကိုယ်​တော်​က ``သင်​တို့​တွင်​မုန့်​မည်​မျှ​ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
5 Jesus perguntou: “Quantos pães vocês têm?”. “Sete”, responderam eles.
6 ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​မြေ​ပေါ်​တွင် ထိုင်​စေ​တော်​မူ​ပြီး​လျှင်​မုန့်​ခု​နစ်​လုံး​ကို​ယူ​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော် မူ​၏။ ထို​နောက်​မုန့်​များ​ကို​ဖဲ့​တော်​မူ​၍​လူ​တို့ အား​ဝေ​ပေး​ကြ​၏။ သူ​တို့​၌​ငါး​အ​နည်း​ငယ် လည်း​ရှိ​၏။-
6 Então Jesus mandou todo o povo sentar-se no chão. Tomou os sete pães, agradeceu a Deus e os partiu em pedaços. Em seguida, entregou-os aos discípulos, que os distribuíram à multidão.
7 ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ပြီး​နောက် ထို​ငါး​ကို​လည်း​လူ​တို့​အား ဝေ​ပေး​ရန် တ​ပည့်​တော်​တို့​ကို​စေ​ခိုင်း​တော်​မူ​၏။-
7 Eles encontraram, ainda, alguns peixinhos; Jesus também os abençoou e mandou que os discípulos os distribuíssem.
8 လူ​တို့​သည်​ဝ​စွာ​စား​ရ​ကြ​၏။ စား​ကြွင်း​စား​ကျန် များ​ကို​ပင်​တောင်း​ခု​နစ်​တောင်း​အ​ပြည့်​ကောက်​သိမ်း ရ​ကြ​၏။-
8 Todos comeram à vontade. Depois, os discípulos recolheram sete cestos grandes com as sobras.
9 မုန့်​စား​သူ​ဦး​ရေ​ကား​လေး​ထောင်​မျှ​ရှိ​သ​တည်း။ ကိုယ်​တော်​သည်​လူ​တို့​ကို​ထို​အ​ရပ်​မှ​ထွက်​ခွာ သွား​စေ​တော်​မူ​၏။-
9 Naquele dia, havia cerca de quatro mil homens na multidão. Após comerem, Jesus os mandou para casa.
10 ထို​နောက်​ချက်​ချင်း​ပင်​တ​ပည့်​တော်​တို့​နှင့်​အ​တူ လှေ​ပေါ်​သို့​တက်​၍ ဒါ​လ​မ​နု​သ​ဒေ​သ​သို့​ကြွ တော်​မူ​၏။
10 Em seguida, entrou com seus discípulos num barco e atravessou para a região de Dalmanuta.
11 ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည်​ရောက်​လာ​၍ ကိုယ်​တော်​နှင့် အ​ခြေ​အ​တင်​ဆွေး​နွေး​ကြ​၏။ သူ​တို့​သည်​ပ​ရိ ယာယ်​ဆင်​၍ ``ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား နှစ်​သက်​တော်​မူ​ကြောင်း​သက်​သေ​ပြ​ရန် နိ​မိတ် လက္ခ​ဏာ​တစ်​ပါး​ကို​ပြ​တော်​မူ​ပါ'' ဟု​ကိုယ်​တော် အား​တောင်း​ဆို​ကြ​၏။-
11 Alguns fariseus vieram ao encontro de Jesus e começaram a discutir com ele. Para pô-lo à prova, exigiram que lhes mostrasse um sinal do céu.
12 ကိုယ်​တော်​သည်​သက်​ပြင်း​ချ​တော်​မူ​ပြီး​လျှင် ``ယ​ခု ခေတ်​လူ​တို့​သည်​အ​ဘယ်​ကြောင့်​နိ​မိတ်​လက္ခ​ဏာ​ကို တောင်း​ဆို​ကြ​သ​နည်း။ အ​မှန်​အ​ကန်​ငါ​ဆို​သည် ကား ဤ​သူ​တို့​အား​ထို​သို့​သော​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
12 Ao ouvir isso, Jesus suspirou profundamente e disse: “Por que este povo insiste em pedir um sinal? Eu lhes digo a verdade: não darei sinal algum aos homens desta geração”.
13 ကိုယ်​တော်​သည်​ထို​သူ​တို့​ထံ​မှ​ထွက်​ကြွ​တော်​မူ​၍ လှေ​ပေါ်​သို့​တစ်​ဖန်​တက်​တော်​မူ​ပြီး​လျှင်​အိုင် တစ်​ဖက်​သို့​ကူး​တော်​မူ​၏။
13 Então ele os deixou, entrou de volta no barco e atravessou para o outro lado do mar.
14 တ​ပည့်​တော်​တို့​သည်​အ​စား​အ​စာ​များ​ကို မ​ယူ​ခဲ့​မိ​ကြ။ လှေ​ပေါ်​၌​မုန့်​တစ်​လုံး​သာ​ရှိ​၏။-
14 Os discípulos, porém, se esqueceram de levar comida. Tinham no barco apenas um pão.
15 ကိုယ်​တော်​က ``သင်​တို့​သည်​ဖာ​ရိ​ရှဲ​များ​၏ တ​ဆေး​နှင့်​ဟေ​ရုဒ်​၏​တ​ဆေး​ကို​သ​တိ​နှင့် ရှောင်​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား​မိန့် တော်​မူ​၏။
15 Enquanto atravessavam o mar, Jesus os advertiu: “Fiquem atentos! Tenham cuidado com o fermento dos fariseus e de Herodes”.
16 တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​၌​စား​စ​ရာ​မ​ပါ သည့်​အ​ကြောင်း​ကို အ​ချင်း​ချင်း​ပြော​ဆို​လျက် နေ​ကြ​၏။
16 Os discípulos começaram a discutir entre si porque não tinham trazido pão.
17 ယင်း​သို့​ပြော​ဆို​နေ​သည်​ကို​သ​ခင်​ယေ​ရှု​သိ တော်​မူ​လျှင် ``သင်​တို့​သည်​စား​စ​ရာ​မ​ပါ​သည့် အ​ဖြစ်​ကို​အ​ဘယ်​ကြောင့်​ပြော​ဆို​နေ​ကြ​သ​နည်း။ ယ​ခု​တိုင်​အောင်​မ​သိ​နား​မ​လည်​သေး​သ​လော။ သင်​တို့​၏​အ​သိ​ဉာဏ်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ ထိုင်း​မှိုင်း​နေ​သ​နည်း။-
17 Ao saber do que estavam falando, Jesus disse: “Por que discutem sobre a falta de pão? Ainda não sabem ou não entenderam? Seu coração está tão endurecido que não compreendem?
18 သင်​တို့​သည်​မျက်​စိ​ရှိ​လျက်​မ​မြင်​ကြ​ပါ သ​လော။ နား​ရှိ​လျက်​မ​ကြား​ကြ​ပါ​သ​လော။-
18 Vocês têm olhos, mas não veem? Têm ouvidos, mas não ouvem? Não se lembram de nada?
19 ငါ​သည်​လူ​ငါး​ထောင်​ကို​ကျွေး​ရန်​မုန့်​ငါး​လုံး ဖဲ့​ခဲ့​သည်​ကို သင်​တို့​သ​တိ​မ​ရ​ကြ​သ​လော။ ထို​အ​ခါ​က​မုန့်​ကျိုး​မုန့်​ပဲ့​များ​ကို​တောင်း မည်​မျှ​အ​ပြည့်​ကောက်​သိမ်း​ရ​ကြ​သ​နည်း'' ဟု သူ​တို့​အား​မေး​တော်​မူ​၏။
19 Quando reparti os cinco pães entre os cinco mil, quantos cestos cheios de sobras vocês recolheram?”. “Doze”, responderam eles.
20 နောက်​တစ်​ဖန် ကိုယ်​တော်​က ``ငါ​သည်​လူ​လေး ထောင်​ကို​မုန့်​ကျွေး​ရန် မုန့်​ခု​နစ်​လုံး​ကို​ဖဲ့​ခဲ့​စဉ် အ​ခါ​က မုန့်​ကျိုး​မုန့်​ပဲ့​များ​ကို​တောင်း​မည်​မျှ အ​ပြည့် ကောက်​သိမ်း​ရ​ကြ​သ​နည်း'' ဟု​မေး တော်​မူ​၏။
20 “E quando reparti os sete pães entre os quatro mil, quantos cestos grandes cheios de sobras vocês recolheram?” “Sete”, responderam.
21 ကိုယ်​တော်​က ``သို့​ဖြစ်​ပါ​လျက်​သင်​တို့​သည် ယ​ခု တိုင်​အောင်​မ​သိ​နား​မ​လည်​ဘဲ​ရှိ​နေ​ကြ​သေး သ​လော'' ဟု​မေး​တော်​မူ​၏။
21 “E vocês ainda não entendem?”, perguntou.
22 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ဗက်​ဇဲ​ဒ​ရွာ သို့​ရောက်​ကြ​၏။ ထို​အ​ခါ​လူ​တို့​သည်​မျက်​မ​မြင် တစ်​ယောက်​ကို​အ​ထံ​တော်​သို့​ခေါ်​ခဲ့​ပြီး​လျှင် ထို သူ​အား​လက်​တော်​နှင့်​တို့​ထိ​တော်​မူ​ရန် တောင်း​ပန်​ကြ​၏။-
22 Quando chegaram a Betsaida, algumas pessoas trouxeram um cego a Jesus e lhe pediram que o tocasse.
23 ကိုယ်​တော်​သည်​မျက်​မ​မြင်​ကို​လက်​ဆွဲ​ကာ​ရွာ အ​ပြင်​သို့​ခေါ်​သွား​တော်​မူ​၏။ သူ​၏​မျက်​စိ​များ ကို​တံ​တွေး​နှင့်​ထွေး​၍ သူ​၏​အ​ပေါ်​မှာ​လက်​တော် ကို​တင်​တော်​မူ​၏။ ထို​နောက် ``သင်​ယ​ခု​မျက်​စိ မြင်​ပြီ​လော'' ဟု​မေး​တော်​မူ​၏။
23 Ele tomou o cego pela mão e o levou para fora do povoado. Em seguida, cuspiu nos olhos do homem, pôs as mãos sobre ele e perguntou: “Vê alguma coisa?”.
24 သူ​သည်​မော်​ကြည့်​ကာ ``အ​ကျွန်ုပ်​သည်​လူ​များ ကို​မြင်​ရ​ပါ​သည်။ သို့​ရာ​တွင်​သူ​တို့​သည်​သစ်​ပင် များ​လမ်း​လျှောက်​နေ​သ​ကဲ့​သို့​ဖြစ်​နေ​ပါ​သည်'' ဟု​လျှောက်​၏။
24 Recuperando aos poucos a vista, o homem respondeu: “Vejo pessoas, mas não as enxergo claramente. Parecem árvores andando”.
25 ထို​အ​ခါ​ကိုယ်​တော်​သည် ထို​သူ​၏​မျက်​စိ​များ အ​ပေါ်​၌​လက်​တော်​ကို​တင်​တော်​မူ​ပြန်​၏။ ယ​ခု အ​ကြိမ်​၌​ထို​သူ​သည်​အား​စိုက်​၍​ကြည့်​လိုက်​ရာ မျက်​စိ​အ​လင်း​ကို​ပြန်​လည်​ရ​ရှိ​သ​ဖြင့် အ​ရာ ခပ်​သိမ်း​ကို​ရှင်း​လင်း​စွာ​မြင်​လေ​၏။-
25 Jesus pôs as mãos sobre os olhos do homem mais uma vez, e sua visão foi completamente restaurada; ele passou a ver tudo com nitidez.
26 ကိုယ်​တော်​သည်​သူ့​အား ``ရွာ​ထဲ​သို့​မ​ဝင်​နှင့်'' ဟု​အ​မိန့်​ပေး​၍​အိမ်​သို့​ပြန်​စေ​တော်​မူ​၏။
26 Então Jesus se despediu dele e disse: “Ao voltar para casa, não entre no povoado”.
27 သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​သည် ကဲ​သ​ရိ ဖိ​လိပ္ပု​ကျေး​ရွာ​များ​သို့​သွား​ကြ​၏။ လမ်း​တွင် ကိုယ်​တော်​က ``လူ​တို့​သည်​ငါ့​ကို​အ​ဘယ်​သူ ဖြစ်​သည်​ဟု ပြော​ဆို​နေ​ကြ​သ​နည်း'' ဟု တ​ပည့်​တော်​တို့​အား​မေး​တော်​မူ​၏။-
27 Jesus e seus discípulos deixaram a Galileia e foram para os povoados perto de Cesareia de Filipe. Enquanto caminhavam, Jesus lhes perguntou: “Quem as pessoas dizem que eu sou?”.
28 ``လူ​အ​ချို့​က​အ​ရှင်​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည်။ အ​ချို့​က​ဧ​လိ​ယ​ဖြစ်​သည်။ အ​ချို့​က မူ​ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သည်​ဟူ​၍​ပြော​ဆို​ကြ ပါ​သည်'' ဟု​တ​ပည့်​တော်​တို့​လျှောက်​ထား​ကြ​၏။
28 Eles responderam: “Alguns dizem que o senhor é João Batista; outros, que é Elias ou um dos profetas”.
29 ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​က​မူ​ငါ့​ကို အ​ဘယ်​သူ​ဟု​ဆို​ကြ​ပါ​သ​နည်း'' ဟု​မေး တော်​မူ​၏။
29 “E vocês?”, perguntou ele. “Quem vocês dizem que eu sou?” Pedro respondeu: “O senhor é o Cristo!”.
30 ထို​အ​ခါ​ကိုယ်​တော်​က ``ငါ​မည်​သူ​ဖြစ်​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ​မ​ပြော​နှင့်'' ဟု​တ​ပည့်​တော် တို့​အား​ပညတ်​တော်​မူ​၏။
30 Mas Jesus os advertiu de que não falassem a ninguém a seu respeito.
31 ကိုယ်​တော်​က ``လူ​သား​သည်​ဒုက္ခ​ဝေ​ဒ​နာ​များ​စွာ ခံ​တော်​မူ​ရ​မည်။ ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ၊ ယဇ် ပု​ရော​ဟိတ်​ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ သည်​လူ​သား​ကို​ပစ်​ပယ်​ကြ​လိမ့်​မည်။ သူ​သည် အ​သတ်​ခံ​ရ​မည်။ သို့​သော်​အ​သတ်​ခံ​ရ​ပြီး​နောက် သုံး​ရက်​ကြာ​သော်​ရှင်​ပြန်​ထ​မြောက်​လိမ့်​မည်'' ဟု တ​ပည့်​တော်​တို့​အား​သွန်​သင်​တော်​မူ​၏။-
31 Então Jesus começou a lhes ensinar que era necessário que o Filho do Homem sofresse muitas coisas e fosse rejeitado pelos líderes do povo, pelos principais sacerdotes e pelos mestres da lei. Seria morto, mas três dias depois ressuscitaria.
32 ဤ​သွန်​သင်​ချက်​ကို​ကိုယ်​တော်​သည်​ပွင့်​လင်း​စွာ မိန့်​ကြား​တော်​မူ​သ​တည်း။ ထို့​ကြောင့်​ပေ​တ​ရု သည် ကိုယ်​တော်​ကို​နေ​ရာ​တစ်​ခု​သို့​ပင့်​ခေါ်​ပြီး လျှင်​အ​ပြစ်​တင်​စ​ကား​လျှောက်​လေ​သည်။-
32 Enquanto falava abertamente sobre isso com os discípulos, Pedro o chamou de lado e o repreendeu por dizer tais coisas.
33 ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​ကို​လှည့်​ကြည့် တော်​မူ​လျက် ပေ​တ​ရု​အား ``အ​ချင်း​စာ​တန်၊ ငါ့​ထံ​မှ​ခွာ​သွား​လော့။ သင်​သည်​ဘု​ရား​သ​ခင် ၏​ရှု​ထောင့်​က​မ​တွေး၊ လူ​၏​ရှု​ထောင့်​က​သာ တွေး​၏'' ဟု​ဆုံး​မ​တော်​မူ​၏။
33 Jesus se virou, olhou para seus discípulos e repreendeu Pedro. “Afaste-se de mim, Satanás!”, disse ele. “Você considera as coisas apenas do ponto de vista humano, e não da perspectiva de Deus.”
34 ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​နှင့်​ပ​ရိ​သတ်​ကို အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​လျှင် ``ငါ့​တ​ပည့် ဖြစ်​လို​သူ​သည်​ကိုယ်​ကျိုး​စွန့်​ရ​မည်။ ကိုယ့် လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​၍​ငါ့​နောက်​သို့ လိုက်​ရ​မည်။-
34 Depois, chamou a multidão e os discípulos e disse: “Se alguém quer ser meu seguidor, negue a si mesmo, tome sua cruz e siga-me.
35 မိ​မိ​၏​အ​သက်​ကို​ကယ်​ဆယ်​လို​သူ​သည် အ​သက်​ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ့​အ​တွက်​နှင့် နှုတ်​က​ပတ်​တ​ရား​တော်​အ​တွက်​အ​သက် ဆုံး​ရှုံး​ရ​သူ​သည် မိ​မိ​၏​အ​သက်​ကို​ကယ် ဆယ်​လိမ့်​မည်။-
35 Se tentar se apegar à sua vida, a perderá. Mas, se abrir mão de sua vida por minha causa e por causa das boas-novas, a salvará.
36 လူ​သည်​ကမ္ဘာ​လော​က​တစ်​ခု​လုံး​ကို​အ​စိုး​ရ သော်​လည်း မိ​မိ​၏​အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​လျှင် အ​ဘယ်​အ​ကျိုး​ရှိ​မည်​နည်း။-
36 Que vantagem há em ganhar o mundo inteiro, mas perder a vida?
37 မိ​မိ​၏​အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​လျှင် အ​ဘယ် အ​ရာ​နှင့်​ရွေး​ယူ​နိုင်​မည်​နည်း။-
37 E o que daria o homem em troca de sua vida?
38 ဘု​ရား​တ​ရား​မဲ့​၍​ဆိုး​သွမ်း​သော​ဤ​ခေတ်​ဤ အ​ခါ​၌ မည်​သူ​မ​ဆို​ငါ​နှင့်​ငါ​၏​သြ​ဝါ​ဒ ကြောင့်​ရှက်​လျှင် လူ​သား​သည်​လည်း​ခ​မည်း​တော် ၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​၍​သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​တို့​နှင့်​ကြွ​လာ​သော​အ​ခါ ထို​သူ​ကြောင့်​ရှက်​တော်​မူ​လ​တ္တံ့'' ဟု​သူ​တို့ အား​မိန့်​တော်​မူ​၏။
38 Se alguém se envergonhar de mim e de minha mensagem nesta época de adultério e pecado, o Filho do Homem se envergonhará dele quando vier na glória de seu Pai com os santos anjos”.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Marcos 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.