Marcos 5
Common Language Bible (MYA) vs ARA
1 ကိုယ်တော်နှင့်တပည့်တော်တို့သည် ဂါလိလဲအိုင် တစ်ဖက်ကမ်းတွင်ရှိသောဂါရစဒေသသို့ ရောက်ကြ၏။-
1 Entrementes, chegaram à outra margem do mar, à terra dos gerasenos.
2 ကိုယ်တော်လှေထဲကထွက်ကြွတော်မူသည့်ခဏ ၌နတ်ပူးဝင်နေသူလူတစ်ယောက်သည် သင်္ချိုင်း တစပြင်မှထွက်လာပြီးလျှင်ကိုယ်တော်နှင့် တွေ့ဆုံ၏။-
2 Ao desembarcar, logo veio dos sepulcros, ao seu encontro, um homem possesso de espírito imundo,
3 သူသည်သင်္ချိုင်းဂူများအကြားတွင်နေ၏။ သူ့ အားမည်သူမျှသံကြိုးနှင့်ချည်နှောင်၍မထား နိုင်။-
3 o qual vivia nos sepulcros, e nem mesmo com cadeias alguém podia prendê-lo;
4 သူ့အားကြိမ်ဖန်များစွာသံကြိုးများဖြင့်ချည် နှောင်ခဲ့ဖူးကြ၏။ သံကြိုးနှင့်လက်ထိတ်ခြေထိတ် များခတ်ခဲ့ဖူးကြ၏။ သံကြိုးနှင့်လက်ထိတ်ခြေ ထိတ်များသာပြတ်သွားခဲ့၏။ မည်သူမျှသူ့အား နှိမ်နင်း၍မရ။-
4 porque, tendo sido muitas vezes preso com grilhões e cadeias, as cadeias foram quebradas por ele, e os grilhões, despedaçados. E ninguém podia subjugá-lo.
5 သူသည်သင်္ချိုင်းဂူများအကြားတွင်လည်းကောင်း၊ တောင်ကုန်းများအထက်တွင်လည်းကောင်းနေ့ည မပြတ်ဟစ်အော်လျက် မိမိကိုယ်ကိုကျောက်စောင်း များဖြင့်အနာတရဖြစ်စေ၏။
5 Andava sempre, de noite e de dia, clamando por entre os sepulcros e pelos montes, ferindo-se com pedras.
6 — ausente —
6 Quando, de longe, viu Jesus, correu e o adorou,
7 — ausente —
7 exclamando com alta voz: Que tenho eu contigo, Jesus, Filho do Deus Altíssimo? Conjuro-te por Deus que não me atormentes!
8 ယင်းသို့ဟစ်အော်ရသည့်အကြောင်းမှာ သခင် ယေရှုက ``ညစ်ညမ်းသောနတ်၊ ဤလူအထဲမှ ထွက်ခဲ့လော့'' ဟုအမိန့်ပေးလိုက်သောကြောင့် ဖြစ်၏။
8 Porque Jesus lhe dissera: Espírito imundo, sai desse homem!
9 ကိုယ်တော်က ``သင်၏နာမည်ကားအဘယ်နည်း'' ဟုမေး၏။
9 E perguntou-lhe: Qual é o teu nome? Respondeu ele: Legião é o meu nome, porque somos muitos.
10 မိမိတို့အားထိုဒေသမှနှင်ထုတ်တော်မမူရန် အတန်တန်တောင်းပန်လေ၏။
10 E rogou-lhe encarecidamente que os não mandasse para fora do país.
11 ထိုအချိန်၌တောင်ကုန်းအနီးတွင်ဝက်အုပ် ကြီးကျက်စားလျက်ရှိ၏။-
11 Ora, pastava ali pelo monte uma grande manada de porcos.
12 ညစ်ညမ်းသောနတ်များက ``အကျွန်ုပ်တို့အား ထို ဝက်များကိုပူးဝင်ရန်ခွင့်ပြုတော်မူပါ'' ဟု တောင်းပန်ကြ၏။-
12 E os espíritos imundos rogaram a Jesus, dizendo: Manda-nos para os porcos, para que entremos neles.
13 ကိုယ်တော်သည်ခွင့်ပြုတော်မူ၏။ ညစ်ညမ်းသော နတ်တို့သည် ထိုလူ၏ထံမှထွက်ခွာ၍ဝက်များ ကိုပူးဝင်ကြ၏။ ကောင်ရေနှစ်ထောင်ခန့်ရှိသော ထိုဝက်အုပ်သည်ချောက်ကမ်းပါးအတိုင်းအိုင် ထဲသို့ပြေးဆင်းလျက်နစ်မြုပ်ဆုံးပါးကြ ကုန်၏။
13 Jesus o permitiu. Então, saindo os espíritos imundos, entraram nos porcos; e a manada, que era cerca de dois mil, precipitou-se despenhadeiro abaixo, para dentro do mar, onde se afogaram.
14 ဝက်ထိန်းများသည်ထွက်ပြေးကြ၏။ မြို့နှင့် ကျေးလက်တောရွာများတွင်ထိုအဖြစ်အပျက် အကြောင်းအရာများကိုအနှံ့အပြားပြော ကြားကြ၏။ လူတို့သည်ဖြစ်ပျက်ပုံကိုသိလို ၍လာရောက်ကြည့်ရှုကြ၏။-
14 Os porqueiros fugiram e o anunciaram na cidade e pelos campos. Então, saiu o povo para ver o que sucedera.
15 သူတို့သည်သခင်ယေရှုထံသို့ရောက်ရှိကြ သောအခါ လေဂေါင်နတ်ပူးဝင်ခဲ့သူသည် အဝတ် ကိုဝတ်ဆင်ကာလူကောင်းပကတိအဖြစ်ထိုင် နေသည်ကိုမြင်လျှင်ကြောက်ကြ၏။-
15 Indo ter com Jesus, viram o endemoninhado, o que tivera a legião, assentado, vestido, em perfeito juízo; e temeram.
16 မျက်မြင်သက်သေများကနတ်မိစ္ဆာပူးဝင်ခဲ့သူ နှင့်ဝက်များ၏အဖြစ်အပျက်ကိုထိုသူတို့ အားပြောပြကြ၏။
16 Os que haviam presenciado os fatos contaram-lhes o que acontecera ao endemoninhado e acerca dos porcos.
17 ထို့ကြောင့်သူတို့သည်မိမိတို့ဒေသမှထွက်ခွာ သွားတော်မူရန် သခင်ယေရှုအားတောင်းပန် ကြ၏။
17 E entraram a rogar-lhe que se retirasse da terra deles.
18 ကိုယ်တော်သည်လှေပေါ်သို့တက်တော်မူစဉ် နတ်မိစ္ဆာ ပူးဝင်ခဲ့သူကနောက်တော်သို့လိုက်ခွင့်ပြုရန် လျှောက်ထားတောင်းပန်၏။
18 Ao entrar Jesus no barco, suplicava-lhe o que fora endemoninhado que o deixasse estar com ele.
19 ကိုယ်တော်ကားခွင့်ပြုတော်မမူ။ ``သင်၏အိမ်သို့ သွားလော့။ ဘုရားသခင်သည်သင့်အားမည်မျှ ကျေးဇူးပြုတော်မူကြောင်းနှင့် မည်သို့သနား တော်မူကြောင်းကိုဆွေမျိုးသားချင်းတို့အား ပြောပြလော့'' ဟုမိန့်တော်မူ၏။
19 Jesus, porém, não lho permitiu, mas ordenou-lhe: Vai para tua casa, para os teus. Anuncia-lhes tudo o que o Senhor te fez e como teve compaixão de ti.
20 ထိုသူသည်ထွက်သွား၍မိမိအားသခင်ယေရှု သည် အဘယ်သို့ကျေးဇူးပြုတော်မူကြောင်း ကို ဒေကာပေါလိဟုနာမည်တွင်သောပြည် တစ်လျှောက်လုံးတွင်အနှံ့အပြားပြောကြား လေ၏။ ကြားရသောသူအပေါင်းတို့သည် အံ့သြကြ၏။
20 Então, ele foi e começou a proclamar em Decápolis tudo o que Jesus lhe fizera; e todos se admiravam.
21 သခင်ယေရှုသည်အိုင်တစ်ဖက်သို့လှေဖြင့်တစ်ဖန် ကူးတော်မူပြန်သောအခါ များစွာသောလူတို့သည် အထံတော်သို့စုရုံးလာကြ၏။ ကိုယ်တော်သည်အိုင် ကမ်းခြေတွင်ရှိနေတော်မူစဉ်၊-
21 Tendo Jesus voltado no barco, para o outro lado, afluiu para ele grande multidão; e ele estava junto do mar.
22 ယာဣရုဆိုသူတရားဇရပ်အုပ်ချုပ်ရေးမှူး သည်ရောက်လာ၏။-
22 Eis que se chegou a ele um dos principais da sinagoga, chamado Jairo, e, vendo-o, prostrou-se a seus pés
23 သူသည်ကိုယ်တော်ကိုမြင်သောအခါခြေတော်ရင်း တွင်ပျပ်ဝပ်လျက် ``အကျွန်ုပ်၏သမီးငယ်သည်သေလု နီးပါးဖြစ်နေပါသည်။ သူ့အားရောဂါပျောက်လျက် အသက်ရှင်စေရန် ကိုယ်တော်ကြွတော်မူ၍သူ၏ အပေါ်၌လက်တော်ကိုတင်တော်မူပါ'' ဟုအနူး အညွတ်လျှောက်ထားတောင်းပန်၏။
23 e insistentemente lhe suplicou: Minha filhinha está à morte; vem, impõe as mãos sobre ela, para que seja salva, e viverá.
24 သခင်ယေရှုသည်ယာဣရုနှင့်အတူလိုက်သွား၏။ များစွာသောလူပရိသတ်သည်နောက်တော်က လိုက်သဖြင့်ကိုယ်တော်ကိုတိုးဝှေ့မိကြ၏။
24 Jesus foi com ele. Grande multidão o seguia, comprimindo-o.
25 အမျိုးသမီးတစ်ယောက်သည်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်လျက်ပြင်းစွာဝေဒနာခံ ခဲ့ရ၏။-
25 Aconteceu que certa mulher, que, havia doze anos, vinha sofrendo de uma hemorragia
26 များစွာသောဆရာဝန်တို့၏ကုသမှုကိုခံခဲ့ ရ၏။ မိမိ၌ရှိသမျှကြေးငွေများပင်ကုန်ချေ ပြီ။ မည်သို့မျှသက်သာရာမရဘဲအခြေအနေ ပို၍ပင်ဆိုးရွားလာ၏။-
26 e muito padecera à mão de vários médicos, tendo despendido tudo quanto possuía, sem, contudo, nada aproveitar, antes, pelo contrário, indo a pior,
27 — ausente —
27 tendo ouvido a fama de Jesus, vindo por trás dele, por entre a multidão, tocou-lhe a veste.
28 — ausente —
28 Porque, dizia: Se eu apenas lhe tocar as vestes, ficarei curada.
29 ထိုနောက်အဝတ်တော်ကိုတို့ထိလေ၏။ ထိုသို့တို့ထိ လိုက်သည်နှင့်တစ်ပြိုင်နက်သွေးအသွန်ရပ်၍သွား သဖြင့် သူသည်ရောဂါပျောက်ကင်းသွားသည့် အဖြစ်ကိုသိရှိလာ၏။-
29 E logo se lhe estancou a hemorragia, e sentiu no corpo estar curada do seu flagelo.
30 သခင်ယေရှုသည်အထံတော်မှတန်ခိုးထွက်သွား သည်ကိုချက်ချင်းသိတော်မူ၏။ ပရိသတ်ဘက်သို့ လှည့်တော်မူ၍ ``ငါ၏အဝတ်ကိုမည်သူတို့ထိ သနည်း'' ဟုမေးတော်မူ၏။
30 Jesus, reconhecendo imediatamente que dele saíra poder, virando-se no meio da multidão, perguntou: Quem me tocou nas vestes?
31 တပည့်တော်တို့က ``အရှင့်ကိုတိုးဝှေ့သောလူထု ကြီးကိုတွေ့မြင်တော်မူပါလျက် ငါ့အားမည်သူ တို့ထိသနည်းဟုမေးတော်မူပါသလော'' ဟု လျှောက်ထားကြ၏။
31 Responderam-lhe seus discípulos: Vês que a multidão te aperta e dizes: Quem me tocou?
32 သို့ရာတွင်ကိုယ်တော်သည်မိမိအား အဘယ်သူ တို့ထိသည်ကိုသိရန်ပတ်လည်သို့ကြည့်တော် မူ၏။-
32 Ele, porém, olhava ao redor para ver quem fizera isto.
33 အဝတ်တော်ကိုတို့ထိသောအမျိုးသမီးသည် မိမိခံစားရသည့်အဖြစ်ကိုသိသဖြင့် ကြောက်ရွံ့ တုန်လှုပ်လျက်ရှေ့တော်သို့လာရောက်ပျပ်ဝပ်ကာ ဟုတ်တိုင်းမှန်ရာကိုအကုန်အစင်လျှောက်ထား၏။
33 Então, a mulher, atemorizada e tremendo, cônscia do que nela se operara, veio, prostrou-se diante dele e declarou-lhe toda a verdade.
34 ကိုယ်တော်က ``ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ စိတ်ချမ်းသာစွာသွားလော့။ ရောဂါပျောက်ကင်းစေ'' ဟုမိန့်တော်မူ၏။
34 E ele lhe disse: Filha, a tua fé te salvou; vai-te em paz e fica livre do teu mal.
35 ယင်းသို့မိန့်တော်မူချိန်၌ယာဣရု၏အိမ်မှလူ အချို့တို့ရောက်လာကြပြီးလျှင် ``အရှင်၏သမီး သည်သေဆုံးပါပြီ။ ဆရာတော်ကိုအဘယ်ကြောင့် ဒုက္ခပေးပါတော့မည်နည်း'' ဟုဆိုကြ၏။
35 Falava ele ainda, quando chegaram alguns da casa do chefe da sinagoga, a quem disseram: Tua filha já morreu; por que ainda incomodas o Mestre?
36 သို့သော်သခင်ယေရှုသည်ထိုသူတို့၏စကားကို ကြားလျှင် ``မစိုးရိမ်နှင့်။ သင့်မှာယုံကြည်ခြင်းသာ ရှိစေလော့'' ဟုတရားဇရပ်အုပ်ချုပ်ရေးမှူးအား မိန့်တော်မူ၏။-
36 Mas Jesus, sem acudir a tais palavras, disse ao chefe da sinagoga: Não temas, crê somente.
37 ထိုနောက်ပေတရု၊ ယာကုပ်နှင့်ယာကုပ်၏ညီ ယောဟန်တို့မှတစ်ပါး မည်သူကိုမျှကိုယ်တော် နှင့်အတူလိုက်ခွင့်ပြုတော်မမူ။-
37 Contudo, não permitiu que alguém o acompanhasse, senão Pedro e os irmãos Tiago e João.
38 ယာဣရု၏အိမ်သို့ရောက်လျှင်လူတို့ရုတ်ရုတ်သဲသဲ ဖြစ်လျက် ကျယ်လောင်စွာမြည်တမ်းငိုယိုလျက်နေ ကြသည်ကိုမြင်တော်မူ၏။-
38 Chegando à casa do chefe da sinagoga, viu Jesus o alvoroço, os que choravam e os que pranteavam muito.
39 ကိုယ်တော်သည်အိမ်ထဲသို့ဝင်၍ထိုသူတို့အား ``သင် တို့အဘယ်ကြောင့်ရုတ်ရုတ်သဲသဲဖြစ်နေကြသနည်း။ အဘယ်ကြောင့်ငိုယိုနေကြသနည်း။ သူငယ်မသည် သေသည်မဟုတ်၊အိပ်လျက်သာနေ၏'' ဟုမိန့်တော် မူ၏။
39 Ao entrar, lhes disse: Por que estais em alvoroço e chorais? A criança não está morta, mas dorme.
40 ထိုအခါလူတို့သည်ကိုယ်တော်ကိုပြောင်လှောင်ကြ ၏။ ကိုယ်တော်သည်သူတို့ကိုအပြင်သို့နှင်ထုတ်တော် မူပြီးလျှင် သူငယ်မ၏မိဘများနှင့်တပည့်တော် သုံးယောက်တို့ကိုခေါ်၍ သူငယ်မရှိရာအခန်းထဲ သို့ဝင်တော်မူ၏။-
40 E riam-se dele. Tendo ele, porém, mandado sair a todos, tomou o pai e a mãe da criança e os que vieram com ele e entrou onde ela estava.
41 သူငယ်မ၏လက်ကိုဆုပ်ကိုင်ကာ ``တလိသကုမိ'' ဟုမိန့်တော်မူ၏။ အဋ္ဌိပ္ပါယ်ကား ``ကလေးမ၊ ထလော့။ သင့်အားငါအမိန့်ရှိ၏'' ဟူဆိုလိုသည်။
41 Tomando-a pela mão, disse: Talitá cumi!, que quer dizer: Menina, eu te mando, levanta-te!
42 ကိုယ်တော်မိန့်တော်မူသည့်ခဏ၌ သူငယ်မသည် ထ၍လမ်းလျှောက်လေ၏။ (သူငယ်မကားတစ်ဆယ့် နှစ်နှစ်သမီးဖြစ်သတည်း။) ထိုအခါလူတို့ သည်လွန်စွာအံ့သြကြကုန်သည်။-
42 Imediatamente, a menina se levantou e pôs-se a andar; pois tinha doze anos. Então, ficaram todos sobremaneira admirados.
43 ကိုယ်တော်က ``ဤအကြောင်းကိုအဘယ်သူအား မျှမပြောနှင့်'' ဟုသူတို့အားကြပ်တည်းစွာပညတ် တော်မူပြီးနောက် ``သူငယ်မအားအစားအစာ ကျွေးလော့'' ဟုမိန့်တော်မူ၏။
43 Mas Jesus ordenou-lhes expressamente que ninguém o soubesse; e mandou que dessem de comer à menina.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Marcos 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.