Marcos 2
Common Language Bible (MYA) vs NAA
1 ရက်အနည်းငယ်ကြာသောအခါကိုယ်တော်သည် ကပေရနောင်မြို့သို့ပြန်လည်ရောက်ရှိလာ၏။ အိမ်သို့ကိုယ်တော်ရောက်ရှိနေသည့်သတင်းကို လူတို့ကြားကြကုန်၏။-
1 Dias depois, Jesus entrou de novo em Cafarnaum, e logo se ouviu dizer que ele estava em casa.
2 ထို့ကြောင့်အထံတော်သို့စုရုံးလာကြသူများ လှသဖြင့် အိမ်ဥပစာမှာခြေချစရာမရှိ တော့ပေ။ ကိုယ်တော်သည်ထိုသူတို့အားတရား တော်ကိုဟောပြောလျက်နေတော်မူ၏။-
2 Muitos se reuniram ali, a ponto de não haver lugar nem mesmo junto à porta. E Jesus anunciava-lhes a palavra.
3 ထိုအခါလူလေးယောက်တို့သည်လေဖြတ်သူ တစ်ဦးကို ထမ်းစင်ဖြင့်အထံတော်သို့ယူဆောင် လာကြ၏။-
3 Trouxeram-lhe, então, um paralítico, carregado por quatro homens.
4 ပရိသတ်တိုးမပေါက်သဖြင့် သူတို့သည်ကိုယ်တော် အနီးသို့မချဉ်းကပ်နိုင်ကြ။ ထို့ကြောင့်ကိုယ်တော် ရှိသည့်နေရာအထက်မှခေါင်မိုးကိုဖောက်ထွင်း၍ လူမမာလဲလျောင်းနေသောထမ်းစင်ကိုလျောချ ကြ၏။-
4 E, não podendo aproximar-se de Jesus, por causa da multidão, removeram o telhado no ponto correspondente ao lugar onde Jesus se encontrava e, pela abertura, desceram o leito em que o paralítico estava deitado.
5 သခင်ယေရှုသည်သူတို့၏ယုံကြည်ခြင်းကိုမြင် တော်မူလျှင် လေဖြတ်သူအား ``ငါ့သား၊ သင်၏ အပြစ်များကိုဖြေလွှတ်ပြီ'' ဟုမိန့်တော်မူ၏။-
5 Vendo-lhes a fé, Jesus disse ao paralítico:
6 သို့သော်လည်းထိုအရပ်မှာထိုင်လျက်ရှိကြ သောကျမ်းတတ်ဆရာအချို့တို့က၊-
6 Alguns escribas estavam sentados ali e pensavam em seu coração:
7 ``ဤသူသည်အဘယ်ကြောင့်ဤသို့ဆိုပါသနည်း။ သူသည်ဘုရားသခင်ကိုပြစ်မှားပြောဆိုလေ ပြီ။ ဘုရားသခင်မှတစ်ပါးအဘယ်သူသည် အပြစ်ကိုဖြေလွှတ်နိုင်ပါမည်နည်း'' ဟူ၍ တွေးတောနေကြလေသည်။-
7 — Como ele se atreve a falar assim? Isto é blasfêmia! Quem pode perdoar pecados, a não ser um, que é Deus?
8 သခင်ယေရှုသည်ထိုသူတို့ယင်းသို့တွေးတော နေသည်ကို ချက်ချင်းသိတော်မူသဖြင့် ``သင်တို့ သည်အဘယ်ကြောင့်ဤသို့တွေးတောနေကြ သနည်း။-
8 E Jesus, percebendo imediatamente em seu espírito que eles assim pensavam, disse-lhes:
9 လေဖြတ်သူအားအဘယ်သို့ပြောရန်ပို၍လွယ်ကူ သနည်း။ `သင်၏အပြစ်ကိုဖြေလွှတ်ပြီ' ဟုပြောရန် ပို၍လွယ်ကူသလော။ သို့တည်းမဟုတ် `နေရာမှ ထလော့၊ သင်၏ထမ်းစင်ကိုထမ်း၍လှမ်းသွား လော့' ဟုပြောရန်ပို၍လွယ်ကူသလော။-
9 O que é mais fácil? Dizer ao paralítico: “Os seus pecados estão perdoados”, ou dizer: “Levante-se, tome o seu leito e ande”?
10 လူသားသည်လောကတွင်အပြစ်ဖြေလွှတ်ပိုင် သည်ကို သင်တို့အားသိမြင်စေအံ့'' ဟုဆိုလျက် လက်ခြေသေသူအား၊-
10 Mas isto é para que vocês saibam que o Filho do Homem tem autoridade sobre a terra para perdoar pecados. E disse ao paralítico:
11 ``နေရာမှထ၍ထမ်းစင်ကိုထမ်း၍အိမ်သို့ပြန် လော့'' ဟုမိန့်တော်မူ၏။
11 — Eu digo a você: Levante-se, pegue o seu leito e vá para casa.
12 လူပရိသတ်ရှေ့မှောက်၌ပင်ထိုသူသည်ထ၍ ထမ်းစင်ကိုထမ်းပြီးလျှင်ထွက်သွားလေသည်။ ယင်းသို့ထ၍ထွက်သွားသဖြင့်လူအပေါင်း တို့သည်လွန်စွာအံ့သြကြ၏။ ``ဤအချင်း အရာမျိုးကိုငါတို့အဘယ်အခါကမျှ မမြင်စဖူး'' ဟုဆိုကာဘုရားသခင်၏ ဂုဏ်တော်ကိုချီးကူးကြ၏။
12 Ele se levantou e, no mesmo instante, pegando o leito, retirou-se à vista de todos, a ponto de todos se admirarem e darem glória a Deus, dizendo: — Jamais vimos coisa assim!
13 ကိုယ်တော်သည်ဂါလိလဲအိုင်ကမ်းခြေသို့တစ်ဖန် ကြွတော်မူပြန်၏။ လူအပေါင်းတို့သည်ကိုယ်တော် ထံသို့လာကြသဖြင့် ကိုယ်တော်သည်သူတို့ကို ဟောပြောသွန်သင်တော်မူ၏။-
13 De novo, Jesus foi para junto do mar, e toda a multidão vinha ao encontro dele, e ele os ensinava.
14 ကိုယ်တော်သည်ဆက်လက်၍လျှောက်သွားတော်မူ ပြန်သောအခါ အကောက်ခွန်ရုံးခန်းတွင်အာလဖဲ ၏သားလေဝိထိုင်နေသည်ကိုမြင်တော်မူ၏။ သူ့ ကိုကိုယ်တော်က ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့် တော်မူလျှင်သူသည်ထ၍နောက်တော်သို့လိုက် လေ၏။
14 Quando ia passando, viu Levi, filho de Alfeu, sentado na coletoria e lhe disse: Ele se levantou e o seguiu.
15 ထိုနောက်သခင်ယေရှုသည်လေဝိ၏အိမ်တွင် တပည့်တော်တို့နှင့်အတူစားသောက်လျက်ရှိစဉ်၊ အခွန်ခံသူနှင့်အပယ်ခံသူအမြောက်အမြား သည်လည်း ကိုယ်တော်နှင့်လိုက်ပါလာကြသဖြင့် ကိုယ်တော်နှင့်တကွတပည့်တော်တို့နှင့်အတူ စားသောက်လျက်ရှိကြ၏။-
15 Achando-se Jesus à mesa, na casa de Levi, estavam junto com ele e com os seus discípulos muitos publicanos e pecadores; porque estes eram muitos e também o seguiam.
16 ဤသို့ထိုသူတို့နှင့်ကိုယ်တော်ထိုင်၍စားသောက်နေ သည်ကို ဖာရိရှဲဂိုဏ်းဝင်ကျမ်းတတ်ဆရာတို့မြင် လျှင် ``အဘယ်ကြောင့်ကိုယ်တော်သည်အခွန်ခံသူ များ၊ အပြစ်ကူးသူများနှင့်ထိုင်၍စားသောက်နေ ပါသနည်း'' ဟုတပည့်တော်တို့အားမေးမြန်း ကြ၏။
16 Os escribas dos fariseus, vendo Jesus comer em companhia dos pecadores e publicanos, perguntavam aos discípulos dele: — Por que ele come e bebe com os publicanos e pecadores?
17 ယင်းသို့မေးမြန်းသည်ကို သခင်ယေရှုကြားတော် မူလျှင် ``ကျန်းမာသူသည်ဆရာဝန်ကိုမလို။ ဖျား နာသူသာလျှင်လို၏။ ငါသည်ဂုဏ်အသရေရှိ သူများကိုခေါ်ရန်ကြွလာသည်မဟုတ်။ အပြစ် ကူးသူများကိုခေါ်ရန်ကြွလာသတည်း'' ဟု ထိုသူတို့အားမိန့်တော်မူ၏။
17 Tendo ouvido isto, Jesus lhes respondeu:
18 တစ်နေ့၌ယောဟန်၏တပည့်များနှင့်ဖာရိရှဲတို့ သည်အစာရှောင်လျက်နေကြ၏။ လူအချို့တို့သည် ကိုယ်တော့်ထံလာ၍ ``ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့သည်အစာရှောင်ကြပါသည်။ အရှင် ၏တပည့်များမူကားအဘယ်ကြောင့်အစာ မရှောင်ကြပါသနည်း'' ဟုမေးလျှောက်ကြ၏။
18 Ora, os discípulos de João e os fariseus estavam jejuando. Algumas pessoas foram perguntar a Jesus: — Por que os discípulos de João e os discípulos dos fariseus jejuam, mas os seus discípulos não jejuam?
19 သခင်ယေရှုက ``မင်္ဂလာဆောင်သတို့သား၏ အပေါင်းအဖော်များသည် သတို့သားနှင့်အတူ ရှိနေချိန်၌အစာရှောင်နိုင်ပါမည်လော။ သတို့ သားရှိနေသမျှကာလပတ်လုံးသူတို့သည် အစာမရှောင်နိုင်ကြရာ။-
19 Jesus respondeu:
20 သို့ရာတွင်သူတို့ထံမှသတို့သားကို ခွဲခွာ ယူဆောင်သွားမည့်နေ့ရက်ရောက်ရှိလာသော အခါ သူတို့သည်အစာရှောင်ကြလိမ့်မည်။
20 No entanto, virão dias em que o noivo lhes será tirado, e então, naquele dia, eles vão jejuar.
21 ``မည်သူမျှပိတ်စသစ်နှင့်အထည်ဟောင်းကို ဖာရိုးမရှိ။ ဖာခဲ့လျှင်ပိတ်စသစ်ကရုန်းသဖြင့် စုတ်ပြဲရာပို၍ဆိုးပေမည်။-
21 Ninguém costura um remendo de pano novo em roupa velha; porque o remendo novo tira um pedaço da roupa velha, e o buraco fica ainda maior.
22 ထိုမှတစ်ပါးစပျစ်ရည်သစ်ကိုသားရေဘူးဟောင်း တွင်ထည့်ရိုးမရှိ။ ထည့်ခဲ့ပါမူစပျစ်ရည်သစ်သည် သားရေဘူးကိုပေါက်ပြဲစေသဖြင့် စပျစ်ရည်နှင့် သားရေဘူးပါပျက်စီးသွားလိမ့်မည်။ စပျစ်ရည် သစ်ကိုသားရေဘူးသစ်တွင်ထည့်ရမည်'' ဟုထို သူတို့အားမိန့်တော်မူ၏။
22 E ninguém põe vinho novo em odres velhos, porque, se fizer isso, o vinho romperá os odres e se perdem tanto o vinho como os odres. Mas põe-se vinho novo em odres novos.
23 ဥပုသ်နေ့၌ကိုယ်တော်သည်တပည့်တော်တို့နှင့် အတူ ဂျုံခင်းကိုဖြတ်၍လျှောက်သွားစဉ်တပည့် တော်တို့သည်ဂျုံနှံများကိုဆွတ်ခူးကြ၏။-
23 Aconteceu que, num sábado, Jesus atravessava as searas, e os seus discípulos, ao passar, começaram a colher espigas.
24 ထိုအခါဖာရိရှဲများက ``ကြည့်ပါ၊ ဥပုသ်နေ့ ၌မပြုအပ်သောအမှုကို သူတို့သည်အဘယ် ကြောင့်ပြုကြပါသနည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။
24 Então os fariseus disseram a Jesus: — Olhe! Por que eles estão fazendo o que não é lícito aos sábados?
25 ကိုယ်တော်က ``ဒါဝိဒ်မင်းသည်မိမိနှင့်အဖော်တစ်စု တို့ဆာလောင်မွတ်သိပ်သောအခါ အဘယ်သို့ပြုခဲ့ ကြောင်းကိုသင်တို့တစ်ခါမျှမဖတ်ဖူးသ လော။-
25 Ele lhes respondeu:
26 ယဇ်ပုရောဟိတ်မင်းအဗျာသာလက်ထက်တွင် ဒါဝိဒ်မင်းသည်ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်၍ ယဇ်ပုရောဟိတ်များမှတစ်ပါးမည်သူမျှ မစားထိုက်သောရှေ့တော်မုန့်ကိုစား၍ မိမိ အပေါင်းအဖော်များအားလည်းထိုမုန့်ကို ပေးဖူးသည်မဟုတ်လော'' ဟုမိန့်တော်မူ၏။
26 Como entrou na Casa de Deus, no tempo do sumo sacerdote Abiatar, e comeu os pães da proposição, os quais só aos sacerdotes era lícito comer, e ainda deu esses pães aos seus companheiros?
27 ထိုနောက်ကိုယ်တော်က ``လူ၏အကျိုးငှာဥပုသ် နေ့ကိုပြဋ္ဌာန်းထား၏။ ဥပုသ်နေ့၏အကျိုးငှာ လူကိုဖန်ဆင်းထားသည်မဟုတ်။-
27 E Jesus acrescentou:
28 သို့ဖြစ်၍လူသားသည်ဥပုသ်နေ့၏အရှင် ဖြစ်တော်မူ၏'' ဟုထိုသူတို့အားမိန့်တော်မူ၏။
28 Assim, o Filho do Homem é senhor também do sábado.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Marcos 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.