Levítico 9

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 သိက္ခာ​တင်​မင်္ဂ​လာ​ပြီး​ဆုံး​သော​နေ့​၌ မော​ရှေ သည်​အာ​ရုန်၊ သူ​၏​သား​များ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​တို့​အား​ဆင့်​ခေါ် လေ​သည်။-
1 Passaram os sete dias da ordenação , e no dia seguinte Moisés chamou Arão e os seus filhos, e as autoridades do povo de Israel
2 ထို့​နောက်​သူ​သည်​အာ​ရုန်​အား``သင်​သည်​အ​ပြစ် အ​နာ​ကင်း​သော​နွား​ပျို​တစ်​ကောင်​နှင့်​သိုး​ထီး တစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လော့။ နွား​ပျို​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက်​လည်း ကောင်း၊ သိုး​ထီး​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​လည်း ကောင်း​ပူ​ဇော်​လော့။-
2 e disse a Arão: — Pegue dois animais sem defeito, isto é, um bezerro para ser morto como oferta para tirar pecados e um carneiro para ser oferecido como um
3 — ausente —
3 Depois mande o povo pegar os seguintes animais: um bode para ser sacrificado como oferta para tirar pecados; um bezerro e um carneirinho, os dois de um ano e sem defeito, para serem sacrificados como uma oferta que é completamente queimada;
4 — ausente —
4 e também um touro e um carneiro para serem sacrificados como oferta de paz. Mande que eles sacrifiquem esses animais ao Senhor , junto com a oferta de cereais misturada com azeite. Eles precisam fazer isso porque o Senhor vai aparecer a eles hoje.
5 ထို့​ကြောင့်​သူ​တို့​သည်​မော​ရှေ​မှာ​ကြား​သော အ​ရာ​ရှိ​သ​မျှ​ကို တဲ​တော်​အ​ရှေ့​သို့​ယူ ဆောင်​ခဲ့​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား အား​ဝတ်​ပြု​ရန်​စု​ဝေး​ရောက်​ရှိ​လာ​ကြ​၏။-
5 O povo trouxe até a entrada da Tenda Sagrada tudo o que Moisés havia mandado, e todos se reuniram ali na presença de Deus, o Senhor .
6 ထို​အ​ခါ​မော​ရှေ​က``သင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ရ စေ​ခြင်း​ငှာ ကိုယ်​တော်​သည်​သင်​တို့​အား​ဤ အ​မှု​ခပ်​သိမ်း​ကို​ဆောင်​ရွက်​ရန်​မိန့်​တော်​မူ ပြီ'' ဟု​ဆို​လေ​သည်။-
6 Moisés disse: — O
7 ထို့​နောက်​သူ​သည်​အာ​ရုန်​အား``သင်​၏​အ​ပြစ် နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ် ပြေ​ရန်​အ​တွက် ယဇ်​ပလ္လင်​သို့​သွား​၍​အ​ပြစ် ဖြေ​ရာ​ယဇ်​ကို​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​ကို လည်း​ကောင်း​ပူ​ဇော်​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို ပူ​ဇော်​လော့'' ဟု​ဆို​လေ​၏။
7 Depois Moisés disse a Arão: — Vá até o altar e ofereça o sacrifício para tirar pecados e o sacrifício que é completamente queimado, a fim de que Deus perdoe os seus pecados e os da sua família. Pois foi isso o que o
8 ထို​အ​ခါ​အာ​ရုန်​သည်​ယဇ်​ပလ္လင်​သို့​သွား​၍ မိ​မိ​၏​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သော​နွား ပျို​ကို​သတ်​လေ​သည်။-
8 Arão chegou perto do altar e matou o bezerro como sacrifício para tirar o seu próprio pecado.
9 သူ​၏​သား​တို့​သည်​သူ​ထံ​သို့​သွေး​အ​နည်း ငယ်​ကို​ယူ​လာ​သ​ဖြင့် သူ​သည်​သွေး​ထဲ​သို့ လက်​ချောင်း​ကို​နှစ်​၍ ယဇ်​ပလ္လင်​ထောင့်​အ​တက် များ​ကို​သွေး​ဖြင့်​သုတ်​လေ​သည်။ သူ​သည် ကျန်​သော​သွေး​ကို​ယဇ်​ပလ္လင်​အောက်​ခြေ တွင်​သွန်း​လောင်း​လေ​သည်။-
9 Os seus filhos levaram o sangue do animal para ele. Ele molhou o dedo no sangue, pôs nas quatro pontas do altar e derramou o resto do sangue na base do altar.
10 ထို​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း နွား​၏​အ​ဆီ ကျောက်​ကပ်​များ​နှင့်​အ​သည်း​မှ​အ​ကောင်း​ဆုံး အ​ပိုင်း​ကို ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​လေ သည်။-
10 Depois queimou no altar a gordura, os rins e a melhor parte do fígado, conforme o Senhor havia ordenado a Moisés.
11 သို့​ရာ​တွင်​အ​သား​နှင့်​သား​ရေ​ကို​စ​ခန်း အ​ပြင်​တွင်​မီး​ရှို့​သည်။
11 E num lugar fora do acampamento Arão queimou a carne e o couro do animal.
12 ထို​နောက်​သူ​သည်​မိ​မိ​အ​တွက် မီး​ရှို့​ရာ​ယဇ် ကောင်​ကို​သတ်​လေ​သည်။ သူ​၏​သား​တို့​က​သူ ထံ​သို့​သွေး​အ​နည်း​ငယ်​ကို​ယူ​လာ​သ​ဖြင့် သူ​သည်​ယဇ်​ပလ္လင်​လေး​ဘက်​အ​ပေါ်​သို့ သွေး​ကို​ပက်​ဖျန်း​လေ​သည်။-
12 Em seguida Arão matou o carneiro para a oferta que ia ser completamente queimada. Os seus filhos lhe levaram o sangue do animal, e ele o borrifou nos quatro lados do altar.
13 တစ်​ဖန်​သူ​တို့​သည်​နွား​၏​ဦး​ခေါင်း​နှင့်​အ​ခြား သော​အ​သား​တစ် အ​ပိုင်း​များ​ကို​သူ့​အား​ပေး အပ်​သ​ဖြင့် သူ​သည်​ယင်း​တို့​ကို​ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​လေ​သည်။-
13 Depois lhe entregaram a cabeça e as outras partes do animal, e ele as queimou no altar.
14 ထို​နောက်​သူ​သည်​နွား​၏​ဝမ်း​တွင်း​သား​နှင့် နောက်​ခြေ​ထောက်​တို့​ကို​ဆေး​ကြော​ပြီး​လျှင် မီး​ရှို့​ရာ​ယဇ်​အ​ပေါ်​သို့​တင်​လျက်​မီး​ရှို့ ပူ​ဇော်​လေ​သည်။
14 Então lavou os miúdos e as pernas do carneiro e os queimou também, em cima do resto da oferta queimada.
15 ထို့​နောက်​သူ​သည်​လူ​များ​အ​တွက် ပူ​ဇော် သ​ကာ​ကို​ဆက်​သ​လေ​သည်။ သူ​သည်​လူ​များ အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သော​ဆိတ်​ကို ယူ​၍​သတ်​ပြီး​လျှင် မိ​မိ​အ​တွက်​အ​ပြစ်​ဖြေ ရာ​ယဇ်​ကို​ပူ​ဇော်​သည့်​နည်း​အ​တိုင်း​ဆိတ်​ကို ပူ​ဇော်​လေ​သည်။-
15 Depois Arão apresentou as ofertas do povo. Pegou primeiro o bode do sacrifício para tirar o pecado do povo, matou-o e ofereceu a Deus, como tinha feito com a oferta para tirar o seu próprio pecado.
16 မီး​ရှို့​ရာ​ယဇ်​ကို​လည်း​ယူ​ခဲ့​ပြီး​လျှင် ပြ​ဋ္ဌာန်း ထား​သော​နည်း​အ​တိုင်း​မီး​ရှို့​ပူ​ဇော်​လေ​သည်။-
16 Em seguida pegou o animal que ia ser morto para a oferta que é completamente queimada e o ofereceu a Deus, conforme mandava a lei .
17 ထို့​နောက်​သူ​သည်​ဘော​ဇဉ်​သ​ကာ​ထဲ​မှ​မုန့် ညက်​လက်​တစ်​ဆုပ်​စာ​ကို​ယူ​၍ ယဇ်​ပလ္လင်​ပေါ် တွင်​မီး​ရှို့​ပူ​ဇော်​သည်။ (နေ့​စဉ်​မီး​ရှို့​ပူ​ဇော် သော​ယဇ်​အ​ပြင်​ထပ်​ဆင့်​ပူ​ဇော်​ခြင်း​ဖြစ် သည်။-)
17 Apresentou a oferta de cereais, pegou um punhado de farinha e queimou no altar (Isso ele ofereceu além da oferta que era completamente queimada todas as manhãs.).
18 သူ​သည်​လူ​များ​အ​တွက်​မိတ်​သ​ဟာ​ယ​ယဇ် ဖြစ်​သော နွား​ထီး​နှင့်​သိုး​ထီး​ကို​လည်း​သတ် လေ​သည်။ သူ​၏​သား​တို့​သည်​သူ့​ထံ​သို့​သွေး အ​နည်း​ငယ်​ကို​ယူ​လာ​သ​ဖြင့် သူ​သည်​ယဇ် ပလ္လင်​လေး​ဘက်​ပေါ်​သို့​သွေး​ကို​ပက်​ဖျန်း သည်။-
18 Arão matou o touro e o carneiro a serem apresentados como a oferta de paz do povo. Os filhos lhe levaram o sangue, e ele o borrifou nos quatro lados do altar.
19 သို့​ရာ​တွင်​နွား​နှင့်​သိုး​၏​ဆူ​ဖြိုး​သော​အ​မြီး၊ ဝမ်း​တွင်း​သား​မှ​အ​ဆီ၊ အ​ဆီ​ပိုင်း​များ၊ ကျောက် ကပ်​များ​နှင့်​အ​သည်း​မှ​အ​ကောင်း​ဆုံး​အ​ပိုင်း တို့​ကို၊-
19 Eles lhe levaram também a gordura dos dois animais, o rabo, a gordura que cobre os miúdos, os rins e a melhor parte dos fígados,
20 အာ​ရုန်​သည်​နွား​နှင့်​သိုး​တို့​၏​ရင်​ဒူး​များ အ​ပေါ်​တွင် အ​ဆီ​ပိုင်း​များ​ကို​ယဇ်​ပလ္လင်​ပေါ် တွင်​မီး​ရှို့​ပူ​ဇော်​၏။-
20 e Arão colocou tudo isso em cima do peito dos animais e levou ao altar. Queimou a gordura no altar,
21 သူ​သည်​မော​ရှေ​မှာ​ထား​သည့်​အ​တိုင်း​ရင်​ဒူး များ​နှင့် နောက်​ပေါင်​များ​ကို​ယဇ်​ပု​ရော​ဟိတ် အ​တွက်​ထာ​ဝ​ရ​ဘု​ရား​အား​အ​ထူး​လှူ​ဖွယ် အ​ဖြစ်​ဝှေ့​ရမ်း​လျက်​ဆက်​ကပ်​လေ​သည်။
21 mas o peito e as coxas direitas dos animais Arão apresentou a Deus, o Senhor , como uma oferta especial reservada para os sacerdotes, conforme Moisés tinha mandado.
22 အာ​ရုန်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို​ပူ​ဇော်​သည့် အ​မှု​ကိစ္စ​အား​လုံး​ကို​ဆောင်​ရွက်​ပြီး​စီး သော​အ​ခါ မိ​မိ​၏​လက်​များ​ကို​မြှောက် လျက်​လူ​တို့​အား​ကောင်း​ချီး​ပေး​ပြီး​လျှင် ယဇ်​ပလ္လင်​ပေါ်​မှ​ဆင်း​လာ​လေ​သည်။-
22 Depois que Arão ofereceu todos esses sacrifícios, ele estendeu as mãos sobre o povo, e o abençoou, e então desceu os degraus do altar.
23 မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​ထဲ​သို့​ဝင်​ကြ​၏။ ပြန်​၍ ထွက်​လာ​ကြ​သော​အ​ခါ သူ​တို့​သည်​လူ​တို့ ကို​ကောင်း​ချီး​ပေး​လေ​သည်။ ထို​အ​ခါ​လူ အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ သော​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ရ​ကြ​၏။-
23 Ele e Moisés entraram na Tenda Sagrada; quando saíram para abençoar o povo, a glória do Senhor apareceu a todo o povo.
24 ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မီး​လျှံ​ကို ရုတ်​တ​ရက်​ကျ​ရောက်​စေ​ပြီး​လျှင် ယဇ်​ပလ္လင် ပေါ်​ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင်​နှင့်​အ​ဆီ​များ​ကို လောင်​ကျွမ်း​စေ​သည်။ လူ​အ​ပေါင်း​တို့​သည် ထို အ​ခြင်း​အ​ရာ​ကို​မြင်​ကြ​သော​အ​ခါ​ကြွေး ကြော်​၍​ပျပ်​ဝပ်​ကြ​၏။
24 De repente, saiu fogo da presença de Deus, o Senhor , e devorou a oferta queimada e a gordura que estavam no altar. Ao verem isso, os israelitas deram gritos de alegria, ajoelharam-se e encostaram o rosto no chão.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Levítico 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.