Levítico 8
Common Language Bible (MYA) vs NVI
1 တစ်ဖန်ထာဝရဘုရားကမောရှေအား၊-
1 O Senhor disse a Moisés:
2 ``အာရုန်နှင့်သူ၏သားတို့ကိုငါစံတော်မူရာ တဲတော်တံခါးဝသို့ခေါ်ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်ဝတ်စုံများ၊ သိက္ခာတင်ဆီ၊ အပြစ်ဖြေ ရာယဇ်အတွက်နွားပျိုတစ်ကောင်၊ သိုးထီးနှစ် ကောင်၊ တဆေးမဲ့မုန့်တစ်တောင်းကိုယူခဲ့လော့။-
2 "Traga Arão e seus filhos, suas vestes, o óleo da unção, o novilho para a oferta pelo pecado, os dois carneiros e o cesto de pães sem fermento;
3 ထို့နောက်ဣသရေလအမျိုးသားအားလုံးကို ထိုနေရာ၌စုရုံးစေလော့'' ဟုမိန့်တော်မူသည်။
3 e reúna toda a comunidade à entrada da Tenda do Encontro".
4 မောရှေသည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်းဆောင်ရွက်၏။ လူတို့စုဝေး ရောက်ရှိလာသောအခါ၊-
4 Moisés fez como o Senhor lhe ordenou, e a comunidade reuniu-se à entrada da Tenda do Encontro.
5 မောရှေကသူတို့အား``ယခုငါပြုလုပ်မည့် အမှုသည် ထာဝရဘုရား၏အမိန့်တော်အရ ငါပြုလုပ်ခြင်းဖြစ်သည်'' ဟုဆိုလေ၏။
5 Então Moisés disse à comunidade: "Foi isto que o Senhor mandou fazer";
6 ထို့နောက်မောရှေသည် ထာဝရဘုရားမိန့်မှာ တော်မူသည်အတိုင်း အာရုန်နှင့်သူ၏သား တို့ကိုရှေ့သို့ထုတ်ဆောင်၍ရေဆေးကြော စေ၏။-
6 e levou Arão e seus filhos à frente e mandou-os banhar-se com água;
7 အာရုန်အားအင်္ကျီ၊ ဝတ်ရုံနှင့်ခါးပန်းကို ခါးတွင်ဝတ်ဆင်ပေး၏။ ထိုနောက်သင်တိုင်း ကိုဝတ်ပေး၍လှပစွာရက်ထားသောခါး စည်းဖြင့်သင်တိုင်းကိုချည်နှောင်ပေး၏။-
7 pôs a túnica em Arão, colocou-lhe o cinto e o manto, e pôs sobre ele o colete sacerdotal; depois a ele prendeu o manto sacerdotal com o cinturão;
8 ရင်ဖုံးကိုတပ်ဆင်ပေးပြီးလျှင်ရင်ဖုံးထဲ ၌ဥရိမ်နှင့်သုမိမ် ကိုထည့်ထား၏။-
8 colocou também o peitoral, e nele pôs o Urim e o Tumim;
9 အာရုန်၏ဦးခေါင်းပေါ်တွင်ဗောင်းထုပ်ကိုတင်၍ ထာဝရဘုရားအားဆက်ကပ်သည့်အထိမ်း အမှတ်ဖြစ်သောရွှေသင်းကျစ်ကိုထာဝရ ဘုရားမိန့်မှာတော်မူသည့်အတိုင်းဗောင်း ထုပ်ရှေ့တွင်တပ်ဆင်ပေး၏။
9 e colocou o turbante na cabeça de Arão com a lâmina de ouro, isto é, a coroa sagrada, na frente do turbante, conforme o Senhor tinha ordenado a Moisés.
10 ထိုနောက်မောရှေသည်သိက္ခာတင်ဆီကိုယူ ၍ ထာဝရဘုရားစံတော်မူရာတဲတော် နှင့်တဲတော်အတွင်းရှိပစ္စည်းတန်ဆာအား လုံးကိုလိမ်းလေ၏။ ဤနည်းအားဖြင့်ထာဝရ ဘုရားအားတဲတော်နှင့်တဲတော်ဆိုင်ရာ ပစ္စည်းရှိသမျှကိုဆက်ကပ်လေသည်။-
10 Depois Moisés pegou o óleo da unção e ungiu o tabernáculo e tudo o que nele havia, e assim os consagrou.
11 ထိုနောက်မောရှေသည်ဆီအနည်းငယ်ကို ယူပြီးလျှင် ယဇ်ပလ္လင်နှင့်ယဇ်ပလ္လင်ဆိုင်ရာပစ္စည်း တန်ဆာတို့ကိုလည်းကောင်း၊ အင်တုံနှင့်၎င်း ၏အောက်ခြေကိုလည်းကောင်းခုနစ်ကြိမ် ဖျန်း၍ထာဝရဘုရားအားဆက်ကပ် လေသည်။-
11 Aspergiu sete vezes o óleo sobre o altar, ungindo o altar e todos os seus utensílios e a bacia com o seu suporte, para consagrá-los.
12 တစ်ဖန်သူသည်ဆီအနည်းငယ်ကိုအာရုန် ၏ဦးခေါင်းပေါ်တွင်လောင်းလျက် ယဇ်ပုရော ဟိတ်အဖြစ်သိက္ခာတင်သည်။-
12 Derramou o óleo da unção sobre a cabeça de Arão para ungi-lo e consagrá-lo.
13 ထိုနောက်မောရှေသည်ထာဝရဘုရားမိန့်မှာ တော်မူသည့်အတိုင်းအာရုန်၏သားများကို ရှေ့သို့ခေါ်ဆောင်၍ အင်္ကျီများကိုဝတ်ဆင်ပေး ပြီးနောက်ခါးပန်းကိုခါးတွင်စည်းပေး၏။ ဦး ခေါင်းများပေါ်တွင်လည်းဦးထုပ်များကို ဆောင်းပေး၏။
13 Trouxe então os filhos de Arão à frente, vestiu-os com suas túnicas e cintos, e colocou-lhes gorros, conforme o Senhor lhe havia ordenado.
14 ထိုနောက်မောရှေသည်ထာဝရဘုရားမိန့် မှာတော်မူသည့်အတိုင်း အပြစ်ဖြေရာယဇ် ပူဇော်ရန်နွားပျိုကိုထုတ်ဆောင်ခဲ့၍ အာရုန် နှင့်သူ၏သားတို့အားနွား၏ဦးခေါင်းပေါ် တွင်လက်ကိုတင်စေသည်။-
14 Em seguida trouxe o novilho para a oferta pelo pecado, e Arão e seus filhos puseram-lhe as mãos sobre a cabeça.
15 မောရှေသည်နွားကိုသတ်ပြီးလျှင်လက်ချောင်း ဖြင့်သွေးအနည်းငယ်ကိုယူ၍ ယဇ်ပလ္လင်ထောင့် များ၌ရှိသောအတက်များကိုသုတ်လိမ်း ခြင်း၊ ကျန်သောသွေးကိုယဇ်ပလ္လင်၏အောက် ခြေတွင်သွန်းလောင်းခြင်းဖြင့်ပလ္လင်ကိုဆက် ကပ်၍အပြစ်ဖြေရာယဇ်ပူဇော်နိုင်ရန် သန့်ရှင်းစေ၏။-
15 Moisés sacrificou o novilho, e com o dedo pôs um pouco do sangue em todas as pontas do altar para purificá-lo. Derramou o restante do sangue na base do altar e assim o consagrou para fazer propiciação por ele.
16 မောရှေသည်ဝမ်းတွင်းသားမှအဆီအား လုံး၊ အသည်းမှအဆီ၊ ကျောက်ကပ်နှင့် ကျောက်ကပ်အဆီတို့ကိုထုတ်ယူ၍ယဇ် ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သည်။-
16 Moisés pegou também toda a gordura que cobre as vísceras, o lóbulo do fígado e os dois rins com a gordura que os cobre, e os queimou no altar.
17 သူသည်နွားသားရေအသားနှင့်အူများ အပါအဝင်ကျန်သောအပိုင်းတို့ကို ထာ ဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း စခန်းအပြင်ဘက်၌မီးရှို့လေသည်။
17 Mas o novilho com o seu couro, a sua carne e o seu excremento, ele os queimou fora do acampamento, conforme o Senhor lhe havia ordenado.
18 ထို့နောက်မောရှေသည်မီးရှို့ရာယဇ်ကိုပူဇော် ရန်သိုးထီးကိုထုတ်ဆောင်ခဲ့၍ အာရုန်နှင့်သူ ၏သားတို့အားသိုး၏ဦးခေါင်းပေါ်တွင် လက်ကိုတင်စေ၏။-
18 Mandou trazer então o carneiro para o holocausto, e Arão e seus filhos puseram as mãos sobre a cabeça do carneiro.
19 မောရှေသည်သိုးကိုသတ်ပြီးလျှင် သွေးကို ယဇ်ပလ္လင်လေးဘက်ပေါ်သို့ပက်ဖျန်းလေ သည်။-
19 A seguir Moisés sacrificou o carneiro e derramou o sangue nos lados do altar.
20 — ausente —
20 Depois, cortou o carneiro em pedaços; queimou a cabeça, os pedaços e a gordura.
21 — ausente —
21 Lavou as vísceras e as pernas, e queimou o carneiro inteiro sobre o altar, como holocausto, oferta de aroma agradável ao Senhor, preparado no fogo, conforme o Senhor lhe havia ordenado.
22 ထိုနောက်မောရှေသည်ယဇ်ပုရောဟိတ်များ ကိုသိက္ခာတင်ရာ၌ပူဇော်ရန် ဒုတိယသိုး ထီးကိုယူဆောင်ခဲ့၍ အာရုန်နှင့်သူ၏သား တို့ကသိုး၏ဦးခေါင်းပေါ်တွင်လက်ကို တင်ကြသည်။-
22 Depois mandou trazer o outro carneiro, o carneiro para a oferta de ordenação, e Arão e seus filhos colocaram as mãos sobre a cabeça do carneiro.
23 မောရှေသည်သိုးကိုသတ်ပြီးလျှင်သွေး အနည်းငယ်ကိုယူ၍ အာရုန်၏လက်ယာ နားပျဉ်းကိုလည်းကောင်း၊ လက်ယာလက်မ နှင့်လက်ယာခြေမတို့ကိုလည်းကောင်း သုတ်လေသည်။-
23 Moisés sacrificou o carneiro e pôs um pouco do sangue na ponta da orelha direita de Arão, no polegar da sua mão direita e no polegar do seu pé direito.
24 ထို့နောက်အာရုန်၏သားတို့ကိုခေါ်ပြီးလျှင် သူတို့၏လက်ယာနားပျဉ်းများ၊ လက်ယာ လက်မများနှင့်လက်ယာခြေမများကို သိုးသွေးဖြင့်သုတ်လေသည်။ မောရှေသည် ကျန်သောသွေးကိုယဇ်ပလ္လင်လေးဘက်ပေါ် သို့ပက်ဖျန်းလေသည်။-
24 Moisés também mandou que os filhos de Arão se aproximassem, e sobre cada um pôs um pouco do sangue na ponta da orelha direita, no polegar da mão direita e no polegar do pé direito; e derramou o restante do sangue nos lados do altar.
25 သူသည်သိုး၏အဆီ၊ ဆူဖြိုးသောအမြီး၊ ဝမ်းတွင်းသားမှအဆုံးအပိုင်း၊ အသည်း မှအဆီ၊ ကျောက်ကပ်နှင့်ကျောက်ကပ်အဆီ၊ လက်ယာပေါင်တို့ကိုထုတ်ယူသည်။-
25 Apanhou a gordura, a cauda gorda, toda a gordura que cobre as vísceras, o lóbulo do fígado, os dois rins e a gordura que os cobre e a coxa direita.
26 ထို့နောက်သူသည်ထာဝရဘုရားအားဆက် ကပ်ထားသောတဆေးမဲ့မုန့်တောင်းထဲမှမုန့်၊ ဆီနှင့်လုပ်သောမုန့်၊ မုန့်ကြွပ်တို့ကိုတစ်ခု စီယူ၍သိုးအဆီနှင့်လက်ယာပေါင်အပေါ် တွင်တင်သည်။-
26 Então, do cesto de pães sem fermento, que estava perante o Senhor, apanhou um pão comum, outro feito com óleo e um pão fino, colocando-os sobre as porções de gordura e sobre a coxa direita.
27 သူသည်၎င်းတို့ကိုအာရုန်နှင့်သူ၏သားတို့ လက်သို့ပေးအပ်သဖြင့် သူတို့သည်ထာဝရ ဘုရားအားအထူးပူဇော်သကာအဖြစ် ဆက်သကြသည်။-
27 Pôs tudo nas mãos de Arão e de seus filhos e os moveu perante o Senhor como gesto ritual de apresentação.
28 ထို့နောက်မောရှေသည်ထိုပူဇော်သကာများ ကိုသူတို့ထံမှပြန်ယူသဖြင့် သူသည် သိက္ခာ တင်ရာပူဇော်သကာအဖြစ်ယဇ်ပလ္လင်ပေါ် ရှိမီးရှို့ရာယဇ်ကောင်အပေါ်သို့တင်လျက် မီးရှို့လေသည်။ ထိုပူဇော်သကာသည်ထာဝရ ဘုရားအားပူဇော်သောပူဇော်သကာဖြစ်၍ ၎င်း၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။-
28 Depois Moisés pegou de volta das mãos deles e queimou tudo no altar, em cima do holocausto, como uma oferta de ordenação, preparada no fogo, de aroma agradável ao Senhor.
29 ထို့နောက်မောရှေသည်သိုး၏ရင်ပုံသားကို အထူးပူဇော်သကာအဖြစ် ထာဝရဘုရား အားဆက်ကပ်လေသည်။ ထိုရင်ပုံသားမှာ သိက္ခာတင်ရာယဇ်ကောင်မှမောရှေပိုင်ဝေစု ဖြစ်သည်။ မောရှေသည်ထာဝရဘုရားမိန့် မှာတော်မူသမျှအတိုင်းဆောင်ရွက်လေ သည်။
29 Moisés também pegou o peito e a sua própria porção do carneiro da ordenação, e o moveu perante o Senhor como gesto ritual de apresentação, como o Senhor lhe havia ordenado.
30 ထို့နောက်မောရှေသည်သိက္ခာတင်ဆီအနည်း ငယ်နှင့်ယဇ်ပလ္လင်ပေါ်တွင်ရှိသောသွေးအနည်း ငယ်ကိုယူ၍ အာရုန်နှင့်သူ၏သားများအပေါ် သို့လည်းကောင်း၊ သူတို့၏အဝတ်များအပေါ် သို့လည်းကောင်းပက်ဖျန်းလေသည်။ ယင်းသို့ ပြုလုပ်ခြင်းအားဖြင့်သူသည် အာရုန်နှင့် သူ၏သားများနှင့်တကွသူတို့ဝတ်ဆင် သောအဝတ်များကို ထာဝရဘုရားထံ ဆက်ကပ်လေသည်။
30 Então pegou um pouco do óleo da unção e um pouco do sangue que estava no altar e os aspergiu sobre Arão e suas vestes, bem como sobre seus filhos e suas vestes. Assim consagrou Arão e suas vestes, e seus filhos e suas vestes.
31 ထို့နောက်မောရှေကအာရုန်နှင့်သူ၏သား တို့အား``ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်း သိုး၏အသားကိုထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝအနီးတွင် ပြုတ်၍ ထိုအသားကိုသိက္ခာတင်ရာမုန့် တောင်းထဲမှမုန့်နှင့်စားကြလော့။-
31 Moisés então disse a Arão e a seus filhos: "Cozinhem a carne na entrada da Tenda do Encontro, onde a deverão comer com o pão do cesto das ofertas de ordenação, conforme me foi ordenado: ‘Arão e seus filhos deverão comê-la’.
32 ကြွင်းကျန်သောအသားနှင့်မုန့်ကိုမီးရှို့ ရမည်။
32 Depois queimem o restante da carne e do pão.
33 သင်တို့သည်သိက္ခာတင်မင်္ဂလာကာလခုနစ် ရက်မစေ့မီ တဲတော်တံခါးအပြင်သို့မ ထွက်ရ။-
33 Não saiam da entrada da Tenda do Encontro por sete dias, até que se completem os dias da ordenação de vocês, pois essa cerimônia de ordenação durará sete dias.
34 သင်တို့အပြစ်ပြေစေရန်အတွက်ငါတို့ ယနေ့ပြုသောအမှုသည် ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်းဖြစ်သည်။-
34 O que se fez hoje foi ordenado pelo Senhor para fazer propiciação por vocês.
35 သင်တို့သည်တဲတော်တံခါးဝတွင်ထာဝရ ဘုရားမိန့်မှာတော်မူသမျှကို ခုနစ်ရက် ပတ်လုံးနေ့ညမပြတ်ဆောင်ရွက်လျက်နေ ရမည်။ သင်တို့သည်မိန့်မှာတော်မူသည် အတိုင်းမဆောင်ရွက်လျှင် သေရလိမ့်မည် ဟုထာဝရဘုရားကငါ့အားမိန့်တော် မူပြီ'' ဟူ၍ဆင့်ဆိုလေသည်။-
35 Vocês terão que permanecer dia e noite à entrada da Tenda do Encontro por sete dias e obedecer às exigências do Senhor, para que não morram; pois isso me foi ordenado".
36 သို့ဖြစ်၍အာရုန်နှင့်သူ၏သားတို့သည် မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာ တော်မူချက်တို့ကိုဆောင်ရွက်ကြလေ သည်။
36 Arão e seus filhos fizeram tudo o que o Senhor tinha ordenado por meio de Moisés.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Levítico 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.