Levítico 5

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 အောက်​ဖော်​ပြ​ပါ​ကူး​လွန်​မူ​များ​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​ရန်​လို​အပ်​သည်။ တစ် စုံ​တစ်​ယောက်​သော​သူ​အား​တ​ရား​ရုံး​မှ​သက် သေ​ခံ​ရန်​ဆင့်​ခေါ်​သည့်​အ​ခါ သူ​သည်​မိ​မိ မြင်​ရ​ကြား​ရ​သည့်​အ​တိုင်း​ထုတ်​ဖော်​ပြော​ဆို ခြင်း​မ​ပြု​လျှင် အ​ပြစ်​ကူး​လွန်​ရာ​ရောက်​သည်။
1 "Se algum, chamado como testemunha, após ter ouvido a adjuração do juiz, peca por não declarar o que viu ou o que soube, levará o peso de sua falta.
2 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် တိ​ရစ္ဆာန်​အ​သေ ကောင်​အ​စ​ရှိ​သော​ဘာ​သာ​ထုံး​နည်း​အ​ရ မ​စင် ကြယ်​သော​အ​ရာ​ကို​မ​သိ​ဘဲ​နှင့်​ကိုင်​မိ​လျှင် ကိုင်​မိ​ကြောင်း​သိ​လျှင်​သိ​ချင်း သူ​သည်​အ​ပြစ် ကူး​လွန်​ရာ​ရောက်​သည်။
2 Se alguém tocar, por inadvertência, uma coisa impura, como o cadáver de um animal impuro, de uma fera ou de um réptil impuro, ficará manchado e culpado.
3 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် လူ့​ကိုယ်​ခန္ဓာ​၏ အ​ညစ်​အ​ကြေး​တစ်​မျိုး​မျိုး​ကို အ​မှတ်​မ​ထင် ထိ​ကိုင်​မိ​လျှင် ထိ​ကိုင်​မိ​ကြောင်း​သိ​လျှင်​သိ ချင်း သူ​သည်​အ​ပြစ်​ကူး​လွန်​ရာ​ရောက်​သည်။
3 Da mesma forma, se, por descuido, tocar uma imundície humana qualquer, e logo se der conta disso, será réu de culpa.
4 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မည်​သည့်​ကိစ္စ မျိုး​၌​မ​ဆို​အ​ကျိုး​အ​ပြစ်​ကို​မ​ဆင်​ခြင်​ဘဲ ကျိန်​ဆို​မိ​လျှင် ယင်း​သို့​ကျိန်​ဆို​မိ​ကြောင်း သိ​လျှင်​သိ​ချင်း​သူ​သည်​အ​ပြစ်​ကူး​လွန် ရာ​ရောက်​သည်။
4 Se alguém, por descuido ou irreflexão, jurar fazer qualquer coisa de bem ou de mal, logo que se der conta disso, será culpado, qualquer que seja o juramento inconsiderado.
5 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​ပြစ်​ကူး လွန်​လျှင် အ​ပြစ်​ကူး​လွန်​ကြောင်း​ဝန်​ခံ​ရ မည်။-
5 Aquele, pois, que for culpado de uma dessas coisas, confessará aquilo em que faltou.
6 အ​ပြစ်​ဒဏ်​အ​တွက်​သူ​သည် ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​သိုး​မ​သို့​မ​ဟုတ်​ဆိတ်​မ​ကို​ယဇ် ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​ရ​မည်။ ယဇ်​ပု​ရော​ဟိတ် သည် ထို​သူ​၏​အ​ပြစ်​အ​တွက်​ယဇ်​ကောင်​ကို ပူ​ဇော်​ရ​မည်။
6 Apresentará ao Senhor em expiação pelo pecado cometido uma fêmea de seu rebanho miúdo, uma ovelha ou uma cabra em sacrifício pelo pecado, e o sacerdote fará por ele a expiação de seu pecado.
7 ထို​သူ​သည်​သိုး​ကို​ဖြစ်​စေ၊ ဆိတ်​ကို​ဖြစ်​စေ ပူ​ဇော်​ရန်​မ​တတ်​နိုင်​လျှင် သူ​၏​အ​ပြစ်​အ​တွက် ချိုး​နှစ်​ကောင်​သို့​မ​ဟုတ်​ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ငှက်​တစ် ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​လည်း ကောင်း၊ အ​ခြား​တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-
7 Se não houver meio de se obter uma ovelha ou uma cabra, oferecerá ao Senhor em expiação pelo seu pecado duas rolas ou dois pombinhos, um em sacrifício pelo pecado e o outro em holocausto.
8 သူ​သည်​ငှက်​များ​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ယူ​ဆောင်​ခဲ့​၍ ယဇ်​ပု​ရော​ဟိတ်​သည်​အ​ပြစ် ဖြေ​ရာ​ယဇ်​ကို​ဦး​စွာ​ပူ​ဇော်​ရ​မည်။ ယဇ်​ပု ရော​ဟိတ်​သည်​ထို​ငှက်​ဦး​ခေါင်း​ကို​မ​ပြတ် စေ​ဘဲ​လည်​ကို​လိမ်​ချိုး​ရ​မည်။-
8 Levá-los-á ao sacerdote, que oferecerá primeiro a vítima pelo pecado, quebrando-lhe a cabeça, perto da nuca, sem desprendê-la.
9 ထို့​နောက်​ငှက်​သွေး​အ​ချို့​ကို​ပလ္လင်​ဘေး​ဘက် သို့​ပက်​ဖျန်း​၍ ကျန်​သော​သွေး​ကို​ပလ္လင်​ခြေ ရင်း​သို့​ညှစ်​ချ​ရ​မည်။ ဤ​သည်​ကား​အ​ပြစ် ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။-
9 Aspergirá a parede do altar com o sangue da vítima pelo pecado, e o resto do sangue será espremido ao pé do altar; este é um sacrifício pelo pecado.
10 ဒု​တိ​ယ​ငှက်​ကို​ပြ​ဋ္ဌာန်း​ချက်​များ​အ​ရ မီး​ရှို့​ပူ​ဇော်​ရ​မည်။ ထို​နည်း​အား​ဖြင့်​ယဇ် ပု​ရော​ဟိတ်​သည် ထို​သူ​၏​အ​ပြစ်​ကို​ဖြေ​ရန် ယဇ်​ပူ​ဇော်​ရ​မည်။ ထို​သူ​သည်​လည်း​အ​ပြစ် လွတ်​လိမ့်​မည်။
10 Fará da outra ave um holocausto segundo os ritos. É assim que o sacerdote fará por esse homem a expiação do pecado que ele cometeu, e ele ser perdoado.
11 သူ​သည်​ချိုး​နှစ်​ကောင် သို့​မ​ဟုတ်​ခို​နှစ်​ကောင် ပူ​ဇော်​ရန်​မ​တတ်​နိုင်​လျှင် အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​မုန့်​ညက်​နှစ်​ပေါင်​ကို ယဇ်​ပု​ရော​ဟိတ် ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ယင်း​ပူ​ဇော်​ခြင်း သည်​ဘော​ဇဉ်​သ​ကာ​ပူ​ဇော်​ခြင်း​မ​ဟုတ်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ခြင်း​ဖြစ် သော​ကြောင့် မုန့်​ညက်​ပေါ်​တွင်​သံ​လွင်​ဆီ သို့​မ​ဟုတ်၊ အ​မွှေး​နံ့​သာ​ကို​မ​လောင်း​ရ။-
11 Se não houver meio de se encontrarem duas rolas ou dois pombinhos, trará como oferta, pelo pecado cometido, o décimo de um efá de flor de farinha em sacrifício pelo pecado. Não lhe deitará azeite nem lhe porá incenso, porque é um sacrifício pelo pecado.
12 ယဇ်​ပု​ရော​ဟိတ်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့ မုန့်​ညက်​အ​ကုန်​အ​စင်​ပူ​ဇော်​ဆက်​သ သည့်​အ​ထိမ်း​အ​မှတ်​အ​ဖြစ် မုန့်​ညက်​လက် တစ်​ဆုပ်​စာ​ကို​ယူ​၍​ပူ​ဇော်​သ​ကာ​အ​ဖြစ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ယင်း​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။-
12 Trará ao sacerdote, que dela tomará um punhado como memorial, e a queimará sobre o altar, entre os sacrifícios feitos pelo fogo ao Senhor; este é um sacrifício pelo pecado.
13 ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို သူ​အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​သ​ဖြင့် ထို​သူ​သည်​အ​ပြစ်​လွတ်​လိမ့်​မည်။ ဘော​ဇဉ် သ​ကာ​ပူ​ဇော်​သည့်​နည်း​ကဲ့​သို့​ကျန်​သော မုန့်​ညက်​သည် ယဇ်​ပု​ရော​ဟိတ်​သုံး​ဆောင် ရန်​အ​တွက်​ဖြစ်​သည်။
13 É assim que o sacerdote fará a expiação pelo pecado cometido por esse homem, em uma dessas coisas; e ele será perdoado. O que sobrar será do sacerdote, como na oblação."
14 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အောက်​ပါ ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ​မှတ်​ပေး​တော်​မူ​၏။-
14 O Senhor disse a Moisés:
15 တစ်​စုံ​တစ်​ယောက်​သည်​ထာ​ဝ​ရ​ဘု​ရား​၏ သန့်​ရှင်း​မြင့်​မြတ်​မှု​ကို အ​မှတ်​မ​ထင်​ထိ​ခိုက် အ​ပြစ်​ကူး​လွန်​မိ​သော်​အ​ပြစ်​အ​နာ​ကင်း သော​သိုး​ထီး၊ သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​သိုး သို့​မ​ဟုတ်​ဆိတ်​၏​တန်​ဖိုး​ကို ကျပ်​ချိန်​တော် အ​ရ​အ​ဖိုး​ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ ရ​မည်။-
15 "Se alguém cometer involuntariamente uma infidelidade, retendo ofertas consagradas ao Senhor, oferecerá ao Senhor em sacrifício de reparação um carneiro sem defeito, tomado do rebanho, segundo a tua avaliação em siclos de prata, conforme o siclo do santuário; este é um sacrifício de reparação.
16 သူ​သည်​ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ် မှု​အ​တွက် မ​ဆောင်​ရွက်​ခဲ့​မိ​သည့်​လျော်​ငွေ တန်​ဖိုး​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​အ​ပို ဆောင်း​၍​ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။ ထို နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​၏​အ​ပြစ် အ​တွက် သိုး​ထီး​သို့​မ​ဟုတ်​ဆိတ်​ကို​ပူ​ဇော် သ​ဖြင့်​ထို​သူ​သည်​အ​ပြစ်​လွတ်​လိမ့်​မည်။
16 Restituirá o que tirou do santuário, com um quinto a mais, que entregará ao sacerdote. O sacerdote fará a expiação por esse homem com o carneiro oferecido em sacrifício de reparação, e ele será perdoado.
17 တစ်​စုံ​တစ်​ယောက်​သည် ထာ​ဝ​ရ​ဘု​ရား​၏ ပ​ညတ်​တော်​တစ်​ပါး​ပါး​ကို​အ​မှတ်​မ​ထင် ချိုး​ဖောက်​မိ​လျှင် သူ​သည်​အ​ပြစ်​ကူး​လွန် သ​ဖြင့်​အ​ပြစ်​ဒဏ်​ကို​ပေး​ဆောင်​ရ​မည်။-
17 "Se alguém pecar, fazendo, sem saber, uma ação proibida por um mandamento do Senhor, será culpado e levará o peso de sua falta.
18 သူ​သည်​အ​ပြစ်​အ​နာ​ကင်း​သော​သိုး​ထီး သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​သိုး​သို့​မ​ဟုတ် ဆိတ်​၏​တန်​ဖိုး​ကို​ကျပ်​ချိန်​တော်​အ​ရ​အ​ဖိုး ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ​ရ​မည်။ ထို​နောက် ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​၏​အ​ပြစ်​အ​တွက် ယဇ်​ပူ​ဇော်​သ​ဖြင့်​သူ​သည်​အ​ပြစ်​လွတ်​လိမ့် မည်။-
18 Levará ao sacerdote, em sacrifício de reparação, um carneiro sem defeito tomado do rebanho, segundo sua avaliação. O sacerdote fará por ele a expiação da falta cometida por inadvertência, sem saber; e ele ser perdoado.
19 ယင်း​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား ကူး​လွန်​မိ​သည့်​အ​တွက် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။
19 Este é um sacrifício de reparação, porque esse homem era certamente culpado aos olhos do Senhor."

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Levítico 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.