Levítico 20
Common Language Bible (MYA) vs ARA
1 ထာဝရဘုရားသည်မောရှေမှတစ်ဆင့်၊-
1 Disse mais o Senhor a Moisés:
2 ဣသရေလအမျိုးသားတို့အားအောက်ပါအတိုင်းမိန့်တော်မူ၏။ ``သင်တို့အထဲကဖြစ်စေ၊ သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြားထဲကဖြစ်စေ၊ တစ်ဦးဦးကမိမိ၏သားသမီးကိုမောလုတ်ဘုရားအားမီးရှို့ပူဇော်လျှင်တစ်မျိုးသားလုံးကထိုသူကိုခဲနှင့်ပစ်သတ်ရမည်။-
2 Também dirás aos filhos de Israel: Qualquer dos filhos de Israel, ou dos estrangeiros que peregrinam em Israel, que der de seus filhos a Moloque será morto; o povo da terra o apedrejará.
3 မည်သူမဆိုမိမိ၏သားသမီးကိုမောလုတ်ဘုရားအားကိုးကွယ်ရာတွင်ပေးအပ်ခြင်းအားဖြင့်ငါ၏တဲတော်ကိုညစ်ညမ်းစေ၍ငါ၏နာမတော်ကိုရှုတ်ချလျှင် ငါသည်ထိုသူကိုမျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။-
3 Voltar-me-ei contra esse homem, e o eliminarei do meio do seu povo, porquanto deu de seus filhos a Moloque, contaminando, assim, o meu santuário e profanando o meu santo nome.
4 အကယ်၍လူထုတစ်ရပ်လုံးက ထိုသူအားအရေးမယူသေဒဏ်မစီရင်လျှင်၊-
4 Se o povo da terra fechar os olhos para não ver esse homem, quando der de seus filhos a Moloque, e o não matar,
5 သူနှင့်သူ၏မိသားစုကိုလည်းကောင်း၊ ထိုသူနည်းတူငါ့အားသစ္စာဖောက်၍မောလုတ်ဘုရားအားကိုးကွယ်သူရှိသမျှကိုလည်းကောင်း ငါသည်မျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။
5 então, eu me voltarei contra esse homem e contra a sua família e o eliminarei do meio do seu povo, com todos os que após ele se prostituem com Moloque.
6 ``သေသူတို့၏ဝိညာဉ်နှင့်ဆက်သွယ်သောသူတို့ထံမှ အကြံဉာဏ်တောင်းခံသူကိုငါသည်မျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။-
6 Quando alguém se virar para os necromantes e feiticeiros, para se prostituir com eles, eu me voltarei contra ele e o eliminarei do meio do seu povo.
7 ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်သောကြောင့် သင်တို့သည်သန့်ရှင်းရကြမည်။-
7 Portanto, santificai-vos e sede santos, pois eu sou o Senhor , vosso Deus.
8 ငါ၏ပညတ်များကိုစောင့်ထိန်းကြလော့။ ငါသည်သင်တို့အားသန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။''
8 Guardai os meus estatutos e cumpri-os. Eu sou o Senhor , que vos santifico.
9 ထာဝရဘုရားသည် အောက်ပါပညတ်များကိုပြဋ္ဌာန်းပေးတော်မူ၏။ မိမိ၏မိဘတို့ကိုကျိန်ဆဲသောသူအားသေဒဏ်စီရင်ရမည်။ သူသည်မိဘကိုကျိန်ဆဲသောကြောင့်သေဒဏ်ကိုခံထိုက်၏။
9 Se um homem amaldiçoar a seu pai ou a sua mãe, será morto; amaldiçoou a seu pai ou a sua mãe; o seu sangue cairá sobre ele.
10 တစ်စုံတစ်ယောက်သည် ဣသရေလအမျိုးသားချင်း၏မယားနှင့်ဖောက်ပြန်လျှင် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။-
10 Se um homem adulterar com a mulher do seu próximo, será morto o adúltero e a adúltera.
11 ဖခင်၏မယားတစ်ဦးဦးနှင့်ဖောက်ပြန်သူသည် မိမိဖခင်၏အသရေကိုဖျက်သဖြင့် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။-
11 O homem que se deitar com a mulher de seu pai terá descoberto a nudez de seu pai; ambos serão mortos; o seu sangue cairá sobre eles.
12 တစ်စုံတစ်ယောက်သည်မိမိ၏ချွေးမနှင့်ဖောက်ပြန်လျှင် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သွေးနီးစပ်သူခြင်းဖောက်ပြန်ခြင်းကြောင့်သေဒဏ်ကိုခံထိုက်၏။-
12 Se um homem se deitar com a nora, ambos serão mortos; fizeram confusão; o seu sangue cairá sobre eles.
13 ယောကျာ်းချင်းကာမဆက်ဆံသူတို့သည်စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုလုပ်သဖြင့် နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။-
13 Se também um homem se deitar com outro homem, como se fosse mulher, ambos praticaram coisa abominável; serão mortos; o seu sangue cairá sobre eles.
14 တစ်စုံတစ်ယောက်သည်သမီးနှင့်သူ၏မိခင်ကိုမယားအဖြစ်သိမ်းပိုက်လျှင် ရှက်ဖွယ်သောအမှုကိုပြုလုပ်ခြင်းဖြစ်သောကြောင့် သူတို့သုံးဦးစလုံးကိုမီးရှို့၍သတ်ရမည်။ သင်တို့တွင်ထိုကဲ့သို့ရှက်ဖွယ်သောအမှုမျိုးမရှိစေရ။-
14 Se um homem tomar uma mulher e sua mãe, maldade é; a ele e a elas queimarão, para que não haja maldade no meio de vós.
15 တစ်စုံတစ်ယောက်သည်တိရစ္ဆာန်နှင့်ကာမစပ်ယှက်လျှင် ထိုသူနှင့်တကွတိရစ္ဆာန်ကိုလည်းသေဒဏ်စီရင်ရမည်။-
15 Se também um homem se ajuntar com um animal, será morto; e matarás o animal.
16 မိန်းမတစ်ဦးသည်တိရစ္ဆာန်နှင့်ကာမစပ်ယှက်လျှင် ထိုမိန်းမနှင့်တကွတိရစ္ဆာန်ကိုလည်းသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။
16 Se uma mulher se achegar a algum animal e se ajuntar com ele, matarás tanto a mulher como o animal; o seu sangue cairá sobre eles.
17 တစ်စုံတစ်ယောက်သည် မိမိ၏နှမအရင်းသို့မဟုတ်ဖအေတူမအေကွဲနှမနှင့်ထိမ်းမြားလျှင် သူတို့ကိုလူထုရှေ့မှောက်တွင်ရှုတ်ချ၍ ဣသရေလအမျိုးမှထုတ်ပယ်ရမည်။ သူသည်မိမိ၏နှမနှင့်ကာမစပ်ယှက်သောကြောင့်အပြစ်ကိုခံရမည်။-
17 Se um homem tomar a sua irmã, filha de seu pai ou filha de sua mãe, e vir a nudez dela, e ela vir a dele, torpeza é; portanto, serão eliminados na presença dos filhos do seu povo; descobriu a nudez de sua irmã; levará sobre si a sua iniquidade.
18 တစ်စုံတစ်ယောက်သည်ရာသီသွေးပေါ်လျက်ရှိသောမိန်းမနှင့်ကာမစပ်ယှက်လျှင် သူတို့နှစ်ဦးသည်သန့်စင်မှုဆိုင်ရာပညတ်ကိုချိုးဖောက်သဖြင့်ဣသရေလအမျိုးမှနှင်ထုတ်ရမည်။-
18 Se um homem se deitar com mulher no tempo da enfermidade dela e lhe descobrir a nudez, descobrindo a sua fonte, e ela descobrir a fonte do seu sangue, ambos serão eliminados do meio do seu povo.
19 တစ်စုံတစ်ယောက်သည်မိမိအဒေါ်နှင့်ကာမစပ်ယှက်လျှင် သွေးနီးစပ်သူချင်းဖောက်ပြန်သဖြင့်နှစ်ဦးစလုံးအပြစ်ခံရမည်။-
19 Também a nudez da irmã de tua mãe ou da irmã de teu pai não descobrirás; porquanto descobriu a nudez da sua parenta, sobre si levarão a sua iniquidade.
20 တစ်စုံတစ်ယောက်သည်မိမိ၏ဘကြီး၊ ဘထွေး၏မယားနှင့်ကာမစပ်ယှက်လျှင်သူသည်ဘကြီး၊ ဘထွေး၏အသရေကိုဖျက်သောကြောင့်သူတို့သည်အပြစ်ဒဏ်ကိုခံရမည်။ နှစ်ဦးစလုံးသားသမီးများမရဘဲနေလိမ့်မည်။-
20 Também se um homem se deitar com a sua tia, descobriu a nudez de seu tio; seu pecado sobre si levarão; morrerão sem filhos.
21 တစ်စုံတစ်ယောက်သည်မိမိညီအစ်ကို၏မယားနှင့်ထိမ်းမြားလျှင် သူတို့သည်သားသမီးမထွန်းကားဘဲရှိကြလိမ့်မည်။ သူသည်ဘာသာတရားထုံးနည်းအရမသန့်ရှင်းသောအမှုကိုပြု၍မိမိညီအစ်ကို၏အသရေကိုဖျက်၏။
21 Se um homem tomar a mulher de seu irmão, imundícia é; descobriu a nudez de seu irmão; ficarão sem filhos.
22 တစ်ဖန်ထာဝရဘုရားက``ငါပို့ဆောင်၍သင်တို့ရောက်ရှိမည့်ခါနာန်ပြည်မှသင်တို့နှင်ထုတ်ခြင်းမခံရစေရန် ငါ၏ပညတ်အားလုံးတို့ကိုစောင့်ထိန်းရမည်။-
22 Guardai, pois, todos os meus estatutos e todos os meus juízos e cumpri-os, para que vos não vomite a terra para a qual vos levo para habitardes nela.
23 ထိုပြည်တွင်နေထိုင်သူတို့၏ဋ္ဌလေ့ထုံးစံများကိုမကျင့်သုံးနှင့်။ ထိုပြည်သို့သင်တို့ဝင်ရောက်နိုင်ရန် ငါသည်ထိုပြည်သားများကိုနှင်ထုတ်မည်။ ငါသည်သူတို့၏ဆိုးယုတ်သောအလေ့အကျင့်များကိုစက်ဆုပ်ရွံရှာ၏။-
23 Não andeis nos costumes da gente que eu lanço de diante de vós, porque fizeram todas estas coisas; por isso, me aborreci deles.
24 အစာရေစာပေါကြွယ်ဝ၍မြေသြဇာထက်သန်သောထိုပြည်ကို သင်တို့ပိုင်ဆိုင်ရန်ငါပေးမည်ဟုကတိထားသည့်အတိုင်းငါပြုမည်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၍ သင်တို့သည်အခြားလူမျိုးများနှင့်မတူငါသီးသန့်ရွေးချယ်ထားသောလူမျိုးဖြစ်၏။-
24 Mas a vós outros vos tenho dito: em herança possuireis a sua terra, e eu vo-la darei para a possuirdes, terra que mana leite e mel. Eu sou o Senhor , vosso Deus, que vos separei dos povos.
25 သို့ဖြစ်၍သင်တို့သည်စားနိုင်သောတိရစ္ဆာန်နှင့်ငှက်၊ မစားနိုင်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုသေချာစွာခွဲခြားသတ်မှတ်ရမည်။ မသန့်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုမစားရ။ ငါသည်ယင်းတို့ကိုမသန့်ဟုသတ်မှတ်ထားသဖြင့်ထိုသတ္တဝါတို့၏အသားကိုစားလျှင်သင်တို့သည်ညစ်ညမ်းလိမ့်မည်။-
25 Fareis, pois, distinção entre os animais limpos e os imundos e entre as aves imundas e as limpas; não vos façais abomináveis por causa dos animais, ou das aves, ou de tudo o que se arrasta sobre a terra, as quais coisas apartei de vós, para tê-las por imundas.
26 ငါသည်ထာဝရဘုရားဖြစ်၍သန့်ရှင်းသောကြောင့် သင်တို့သည်သန့်ရှင်းရကြမည်။ သင်တို့အားငါရွေးချယ်သဖြင့်ငါပိုင်၏။ ငါသာလျှင်သင်တို့ကိုပိုင်ရန်အတွက် သင်တို့အားလူမျိုးတကာမှငါသီးသန့်ရွေးချယ်တော်မူပြီ။
26 Ser-me-eis santos, porque eu, o Senhor , sou santo e separei-vos dos povos, para serdes meus.
27 ``သေလွန်သူတို့၏ဝိညာဉ်များနှင့်တိုင်ပင်သောအမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေကျောက်ခဲနှင့်ပစ်သတ်ရမည်။ သူသည်သေထိုက်သောအပြစ်ကိုကူးလွန်၏'' ဟုမိန့်တော်မူ၏။
27 O homem ou mulher que sejam necromantes ou sejam feiticeiros serão mortos; serão apedrejados; o seu sangue cairá sobre eles.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Levítico 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.