Levítico 16
Common Language Bible (MYA) vs NAA
1 အာရုန်၏သားနှစ်ယောက်တို့သည် ထာဝရ ဘုရားအားမသန့်စင်သောမီးဖြင့်ပူဇော် သောကြောင့် သေဆုံးကြပြီးနောက်ကိုယ် တော်သည်မောရှေအား၊-
1 O Senhor falou a Moisés, depois da morte dos dois filhos de Arão, quando estes chegaram diante do Senhor e morreram.
2 ``သင်၏အစ်ကိုအာရုန်သည် ကန့်လန့်ကာ အတွင်းရှိအလွန်သန့်ရှင်းရာဌာနတော် ထဲသို့ သတ်မှတ်သည့်အချိန်၌သာဝင်ရမည် ဖြစ်ကြောင်းပြောကြားလော့။ အဘယ်ကြောင့် ဆိုသော် ငါသည်အလွန်သန့်ရှင်းရာဌာန တော်ရှိ ပဋိညာဉ်သေတ္တာအဖုံးအထက်မိုး တိမ်၌ထင်ရှားတော်မူမည်ဖြစ်သည်။ သူ သည်ဤပညတ်ကိုမနာခံလျှင်သေရ လိမ့်မည်။-
2 O Senhor disse a Moisés: — Diga a seu irmão Arão que não entre no santuário a qualquer hora, para dentro do véu, diante do propiciatório que está sobre a arca, para que não morra; porque aparecerei na nuvem sobre o propiciatório.
3 သူသည်အပြစ်ဖြေရာယဇ်အတွက် နွား ပျိုတစ်ကောင်နှင့် မီးရှို့ရာယဇ်အတွက်သိုး ထီးတစ်ကောင်ကိုယူဆောင်လာပြီးမှ အလွန် သန့်ရှင်းရာဌာနတော်ထဲသို့ဝင်ရမည်'' ဟု မိန့်တော်မူ၏။
3 Mas é assim que Arão deverá entrar no santuário: com um novilho, para oferta pelo pecado, e um carneiro, para holocausto.
4 ထိုနောက်ထာဝရဘုရားသည် အောက်ပါညွှန် ကြားချက်များကိုပေးတော်မူ၏။ အာရုန်သည် အလွန်သန့်ရှင်းရာဌာနတော်ထဲသို့မဝင်မီ ရေချိုး၍ယဇ်ပုရောဟိတ်ဝတ်စုံများဖြစ် သောပိတ်ချောဝတ်ရုံ၊ ဘောင်းဘီ၊ ခါးစည်း နှင့်ဗောင်းထုပ်များကိုဝတ်ဆင်ရမည်။
4 Ele vestirá a túnica sagrada de linho, terá as calças de linho sobre a pele, porá o cinto de linho na cintura e se cobrirá com a mitra de linho; são estas as vestes sagradas. Banhará o seu corpo em água e então porá essas vestes.
5 ဣသရေလအမျိုးသားတို့သည် အပြစ် ဖြေရာယဇ်အတွက်ဆိတ်ထီးနှစ်ကောင်နှင့် မီးရှို့ရာယဇ်အတွက်သိုးထီးတစ်ကောင် ကိုအာရုန်ထံသို့ယူဆောင်ခဲ့ရမည်။-
5 — Da congregação dos filhos de Israel pegará dois bodes, para a oferta pelo pecado, e um carneiro, para o holocausto.
6 သူသည်မိမိအပြစ်များနှင့် မိမိ၏ မိသားစုအပြစ်များဖြေရန် နွားထီး ကိုပူဇော်ရမည်။-
6 Arão trará o novilho da sua oferta pelo pecado e fará expiação por si e pela sua casa.
7 ထိုနောက်သူသည်ဆိတ်နှစ်ကောင်ကို ထာဝရ ဘုရားစံတော်မူရာတဲတော်တံခါးဝသို့ ယူဆောင်လာပြီးလျှင်၊-
7 Também pegará os dois bodes e os porá diante do Senhor , à porta da tenda do encontro.
8 ကျောက်တုံးနှစ်တုံးကိုယူလျက်၊ ကျောက်တုံး တစ်တုံးကို``ထာဝရဘုရားအတွက်'' ဟူ၍ လည်းကောင်း၊ အခြားကျောက်တုံးကို``အဇာ ဇယ်အတွက်'' ဟူ၍လည်းကောင်းမှတ်သားပြီးနောက် ဆိတ် နှစ်ကောင်ကိုစာရေးတံချရမည်။-
8 Lançará sortes sobre os dois bodes: uma sorte para o Senhor , e a outra para o bode emissário.
9 အာရုန်သည်ထာဝရဘုရားအတွက် စား ရေးတံကျသောဆိတ်ကိုအပြစ်ပြေရာ ပူဇော်သကာအဖြစ်ပူဇော်ရမည်။-
9 Arão fará chegar o bode sobre o qual cair a sorte para o Senhor e o oferecerá por oferta pelo pecado.
10 အဇာဇယ်အတွက်စာရေးတံကျသောဆိတ် အရှင်ကိုထာဝရဘုရားအားဆက်ကပ်၍ လူတို့၏အပြစ်များကိုယူဆောင်သွားစေ ရန် ထိုဆိတ်ကိုတောကန္တာရသို့စေလွှတ်လိုက် ရမည်။
10 Mas o bode sobre o qual cair a sorte para bode emissário será apresentado vivo diante do Senhor , para fazer expiação por meio dele e enviá-lo ao deserto como bode emissário.
11 အာရုန်သည်မိမိ၏မိသားစုအတွက် အပြစ် ဖြေရာပူဇော်သကာအဖြစ်နွားထီးကို ပူဇော်သောအခါ၊-
11 — Arão fará chegar o novilho da sua oferta pelo pecado e fará expiação por si e pela sua casa; matará o novilho da sua oferta pelo pecado.
12 ယဇ်ပလ္လင်မှမီးခဲများကိုမီးကျီးခံလင်ပန်း ၌ အပြည့်ထည့်၍နံ့သာမှုန့်လက်နှစ်ဆုပ်ကို ယူပြီးလျှင် အလွန်သန့်ရှင်းရာဌာနတော် ထဲသို့ဝင်ရမည်။-
12 Pegará também, de sobre o altar, o incensário cheio de brasas de fogo, diante do Senhor , e dois punhados de incenso aromático bem moído e o trará para dentro do véu.
13 ထိုနောက်ထာဝရဘုရား၏ရှေ့တော်တွင် နံ့သာကိုမီးခဲပေါ်၌ဖြူးရမည်။ နံ့သာ မှထွက်သောမီးခိုးသည်ပဋိညာဉ်သေတ္တာ ဖုံးကိုကွယ်ထားသဖြင့် သူသည်အဖုံးကို မမြင်နိုင်သောကြောင့်အသက်ချမ်းသာ ရာရလိမ့်မည်။-
13 Porá o incenso sobre o fogo, diante do Senhor , para que a nuvem do incenso cubra o propiciatório, que está sobre a arca do testemunho. Assim, Arão não correrá o risco de ser morto.
14 သူသည်နွား၏သွေးအနည်းငယ်ကိုယူ၍ လက် ညှိုးဖြင့်ပဋိညာဉ်သေတ္တာဖုံးအရှေ့ပိုင်းကို ဖျန်းရမည်။ ပဋိညာဉ်သေတ္တာအရှေ့၌လည်း ခုနစ်ကြိမ်ဖျန်းရမည်။
14 Ele pegará um pouco do sangue do novilho e, com o dedo, o aspergirá sobre a frente do propiciatório; e, diante do propiciatório, aspergirá sete vezes do sangue, com o dedo.
15 ထိုနောက်သူသည် လူတို့အပြစ်ဖြေရာပူဇော် သကာဖြစ်သောဆိတ်ကိုသတ်၍ သွေးကိုအလွန် သန့်ရှင်းရာဌာနတော်ထဲသို့ယူခဲ့ရမည်။ နွား ၏သွေးကိုဖျန်းသည့်နည်းတူဆိတ်၏သွေးကို ပဋိညာဉ်သေတ္တာဖုံးပေါ်တွင်လည်းကောင်း၊ သေတ္တာအရှေ့တွင်လည်းကောင်းဖျန်းရ မည်။-
15 — Depois, matará o bode da oferta pelo pecado, que será para o povo. Trará o sangue do bode para dentro do véu e fará com esse sangue como fez com o sangue do novilho; ele o aspergirá no propiciatório e também diante dele.
16 ဤနည်းအားဖြင့်အာရုန်သည် ဣသရေလ အမျိုးသားတို့၏မသန့်စင်ခြင်းနှင့်အပြစ် အမျိုးမျိုးတို့ကြောင့် အလွန်သန့်ရှင်းရာဌာန တော်အတွက် သန့်စင်ခြင်းဝတ်ကိုဆောင်ရွက်ရ မည်။ တဲတော်သည်မသန့်စင်သောစခန်းအလယ် တွင်တည်ရှိသဖြင့် တဲတော်အတွက်သန့်စင် ခြင်းဝတ်ကိုဆောင်ရွက်ရမည်။-
16 Assim, fará expiação pelo santuário por causa das impurezas dos filhos de Israel e por causa das suas transgressões e de todos os seus pecados. Fará o mesmo pela tenda do encontro, que está com eles no meio das suas impurezas.
17 အာရုန်သည်အလွန်သန့်ရှင်းရာဌာနတော် ထဲသို့ဝင်၍ သန့်စင်ခြင်းဝတ်ကိုဆောင်ရွက် သည့်အချိန်မှစ၍ ပြန်ထွက်လာသည့်အချိန် အထိတဲတော်အတွင်း၌မည်သူမျှမရှိ စေရ။ သူသည်မိမိနှင့်မိမိ၏မိသားစု အတွက်လည်းကောင်း၊ ဣသရေလတစ်မျိုး သားလုံးအတွက်လည်းကောင်း အပြစ်ပြေ ခြင်းဝတ်ကိုဆောင်ရွက်ပြီးသောအခါ၊-
17 Ninguém poderá estar na tenda do encontro quando Arão entrar para fazer propiciação no santuário, até que ele saia depois de feita a expiação por si mesmo, pela sua casa e por toda a congregação de Israel.
18 မီးရှို့ရာယဇ်ပလ္လင်သို့ထွက်လာ၍ ထိုပလ္လင် အတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။ သူ သည်နွား၏သွေးနှင့်ဆိတ်၏သွေးအနည်း ငယ်စီကိုယူ၍ ယဇ်ပလ္လင်ထောင့်အတက် များတွင်သုတ်လိမ်းရမည်။-
18 Então sairá para junto do altar, que está diante do Senhor , e fará expiação pelo altar. Pegará um pouco do sangue do novilho e do sangue do bode e o porá sobre os chifres do altar, ao redor.
19 ယဇ်ပလ္လင်အပေါ်သို့လည်းသွေးကိုလက်ညှိုး ဖြင့်ခုနစ်ကြိမ်ဖြန်းရမည်။ ဤနည်းအား ဖြင့်သူသည် ဣသရေလအမျိုးသားတို့ ၏အပြစ်များအတွက် ယဇ်ပလ္လင်ကိုသန့်စင် စေပြီးသန့်စင်ခြင်းဝတ်ကိုပြုလေသည်။
19 Do sangue aspergirá, com o dedo, sete vezes sobre o altar, o purificará e o santificará das impurezas dos filhos de Israel.
20 အာရုန်သည်အလွန်သန့်ရှင်းရာဌာနတော်၊ ထာဝရဘုရားစံတော်မူရာတဲတော်နှင့် ယဇ်ပလ္လင်အတွက် သန့်စင်ခြင်းဝတ်ကိုဆောင် ရွက်ပြီးသောအခါ အဇာဇယ်အတွက်ရွေး ချယ်ထားသောဆိတ်အရှင်ကို ထာဝရ ဘုရားထံဆက်ကပ်ရမည်။-
20 — Depois de fazer expiação pelo santuário, pela tenda do encontro e pelo altar, Arão fará chegar o bode vivo.
21 သူသည်ဆိတ်၏ဦးခေါင်းပေါ်တွင်လက် နှစ်ဘက်ကိုတင်လျက် ဣသရေလအမျိုး သားတို့၏ဒုစရိုက်အပြစ်နှင့်ပုန်ကန်မှု ရှိသမျှကိုဝန်ချသောအားဖြင့် ထိုဒုစရိုက် အပြစ်များကိုဆိတ်၏ဦးခေါင်းပေါ်သို့ ကျရောက်စေသည်။ ထိုနောက်တာဝန်ကျ သောသူသည် ဆိတ်ကိုတောကန္တာရထဲ သို့မောင်းနှင်ရမည်။-
21 Porá as duas mãos sobre a cabeça do bode vivo e sobre ele confessará todas as iniquidades dos filhos de Israel, todas as suas transgressões e todos os seus pecados; e os porá sobre a cabeça do bode. Depois, enviará o bode ao deserto, pela mão de um homem à disposição para isso.
22 ဤနည်းအားဖြင့်ဆိတ်သည်လူသူကင်းမဲ့သော အရပ်သို့ လူ၏ဒုစရိုက်အပြစ်ရှိသမျှတို့ ကိုသယ်ဆောင်သွားလိမ့်မည်။
22 Assim, aquele bode levará sobre si todas as iniquidades deles para terra solitária; e o homem soltará o bode no deserto.
23 ထိုနောက်အာရုန်သည်တဲတော်ထဲသို့ဝင်၍ အလွန်သန့်ရှင်းရာဌာနတော်သို့မဝင်မီက ဝတ်ဆင်ခဲ့သောယဇ်ပုရောဟိတ်ဝတ်စုံကို ချွတ်ထားခဲ့ရမည်။-
23 — Depois, Arão virá à tenda do encontro, despirá as vestes de linho que havia usado quando tinha entrado no santuário e ali as deixará.
24 သူသည်သီးသန့်နေရာတွင်ရေချိုးပြီးနောက် မိမိ၏အဝတ်အင်္ကျီများကိုဝတ်ဆင်ရမည်။ ထို့နောက်သူသည်ယဇ်ပလ္လင်သို့ထွက်သွား၍ မိမိ၏အပြစ်နှင့်ဣသရေလအမျိုးသား တို့၏အပြစ်များအတွက် မီးရှို့ရာယဇ်ကို ပူဇော်ရမည်။-
24 Banhará o seu corpo em água no lugar santo e porá as suas roupas. Então sairá, e oferecerá o seu holocausto e o holocausto do povo, e fará expiação por si e pelo povo.
25 သူသည်ယဇ်ပလ္လင်ပေါ်တွင်အပြစ်ဖြေရာ ယဇ်ကောင်၏အဆီကိုမီးရှို့ပူဇော်ရမည်။-
25 Também queimará a gordura da oferta pelo pecado sobre o altar.
26 တောကန္တာရထဲသို့အဇာဇယ်ကိုမောင်းနှင် သွားရသူသည် မိမိ၏အဝတ်များကိုဖွပ် လျှော်၍ရေချိုးပြီးမှ စခန်းအတွင်းသို့ ပြန်ဝင်ရမည်။-
26 E aquele que tiver levado o bode emissário lavará as suas roupas, banhará o seu corpo em água e, depois, entrará no arraial.
27 အပြစ်ဖြေရာယဇ်ကောင်များဖြစ်သည့်နွား နှင့်ဆိတ်သွေးကို အလွန်သန့်ရှင်းရာဌာန တော်ထဲသို့ယူဆောင်ပြီးနောက် ယဇ်ကောင် များ၏အသား၊ သားရေ၊ ဝမ်းတွင်းသားရှိ သမျှကိုစခန်းအပြင်သို့ထုတ်ဆောင်၍ မီးရှို့ပစ်ရမည်။-
27 Mas o novilho e o bode da oferta pelo pecado, cujo sangue foi trazido para fazer expiação no santuário, serão levados para fora do arraial; o couro, a carne e o excremento deles serão queimados.
28 ထိုယဇ်ကောင်များကိုမီးရှို့ရသူသည် မိမိ ၏အဝတ်များကိုဖွပ်လျှော်၍ရေချိုးပြီး မှ စခန်းအတွင်းသို့ပြန်ဝင်ရမည်။
28 Aquele que o queimar lavará as suas roupas, banhará o seu corpo em água e, depois, entrará no arraial.
29 သင်တို့သည်အောက်တွင်ဖော်ပြပါပညတ်ကို ထာဝစဉ်လိုက်နာစောင့်ထိန်းရမည်။ သတ္တမလ၊ ဆယ်ရက်နေ့တွင်ဣသရေလအမျိုးသား တို့နှင့် သူတို့ထံ၌နေထိုင်သောလူမျိုးခြား တို့သည် အစာရှောင်၍မည်သည့်အလုပ်ကို မျှမလုပ်ရ။-
29 — Isso lhes será por estatuto perpétuo: no sétimo mês, aos dez dias do mês, vocês se humilharão e não farão nenhum trabalho, nem o natural da terra nem o estrangeiro que peregrina entre vocês.
30 ထိုနေ့တွင်သူတို့သည်ဘာသာရေးထုံးနည်း အရ သန့်စင်စေခြင်းငှာအပြစ်ဖြေခြင်း ဝတ်ကိုပြုရမည်။-
30 Porque, naquele dia, se fará expiação por vocês, para purificá-los; e vocês serão purificados de todos os seus pecados, diante do Senhor .
31 ထိုနေ့သည်အလွန်သန့်ရှင်းသောနေ့ဖြစ်သည်။ ထိုနေ့၌မည်သည့်အလုပ်ကိုမျှမလုပ်ရ။ ဤ ပညတ်ကိုသားစဉ်မြေးဆက်စောင့်ထိန်းရမည်။-
31 É sábado de descanso solene para vocês, e vocês se humilharão; é estatuto perpétuo.
32 ဖခင်၏အရိုက်အရာကိုဆက်ခံရန် သိက္ခာ တင်ဆက်ကပ်ပြီးသောယဇ်ပုရောဟိတ်မင်းက သန့်စင်ခြင်းဝတ်ကိုပြုရမည်။ ထိုယဇ်ပုရော ဟိတ်မင်းသည်ယဇ်ပုရောဟိတ်ဝတ်စုံကို ဝတ်ဆင်၍၊-
32 Aquele que for ungido e consagrado para oficiar como sacerdote no lugar de seu pai é que fará a expiação, havendo posto as vestes de linho, as vestes santas;
33 အလွန်သန့်ရှင်းရာဌာနတော်အပါအဝင် ထာဝရဘုရားစံတော်မူရာတဲတော်၊ ယဇ် ပလ္လင်၊ ယဇ်ပုရောဟိတ်များနှင့်ဣသရေလ အမျိုးသားအပေါင်းတို့အတွက် သန့်စင် ခြင်းဝတ်ကိုဆောင်ရွက်ရမည်။-
33 fará expiação pelo santuário, pela tenda do encontro e pelo altar; também a fará pelos sacerdotes e por todo o povo da congregação.
34 သင်တို့သည်ဤပညတ်ချက်များကိုထာဝ စဉ်စောင့်ထိန်းရကြမည်။ ဣသရေလအမျိုး သားတို့ပြုမိသမျှသောအပြစ်မှပြေစေ အံ့သောငှာ ဤဝတ်ကိုတစ်နှစ်လျှင်တစ်ကြိမ် ပြုရမည်။
34 Isto lhes será por estatuto perpétuo, para fazer expiação uma vez por ano pelos filhos de Israel, por causa dos seus pecados. E Arão fez como o
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Levítico 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.