Levítico 13

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား အောက်​ဖော်​ပြ​ပါ​ပ​ညတ်​များ​ကို​ချ မှတ်​ပေး​တော်​မူ​၏။-
1 O Senhor disse a Moisés e a Aarão:
2 တစ်​စုံ​တစ်​ယောက်​တွင်​အ​ရေ​ပြား​၌​အ​နာ​စိမ်း ဖြစ်​စေ၊ ဖူး​ယောင်​နာ​ဖြစ်​စေ၊ အ​နာ​ကွက်​ဖြစ်​စေ၊ ပေါ်​လာ​သ​ဖြင့် ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား​ရော​ဂါ စွဲ​မည့်​လက္ခ​ဏာ​ရှိ​လာ​လျှင် ထို​သူ​ကို​အာ​ရုန်​မှ ဆင်း​သက်​သော​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ခေါ် ဆောင်​ခဲ့​ရ​မည်။-
2 "Quando um homem tiver um tumor, uma inflamação ou uma mancha branca na pele de seu corpo, e esta se tornar em sua pele uma chaga de lepra, ele será levado a Aarão, o sacerdote, ou a um dos seus filhos sacerdotes.
3 ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို​စစ်​ဆေး​ပြီး လျှင် အ​နာ​ပေါ်​ရှိ​အ​မွေး​များ​ဖြူ​၍​အ​နာ တွင်း​နက်​နေ​လျှင် ထို​သူ​၌​ဆိုး​ဝါး​သော​ကိုယ် ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​နေ​ပြီ​ဖြစ်​သော​ကြောင့် မ​သန့်​ရှင်း​သူ​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး​ရ မည်။-
3 O sacerdote examinará o mal que houver na pele do corpo: se o cabelo se tornou branco naquele lugar, e a chaga parecer mais funda que a pele, será uma chaga de lepra. O sacerdote verificará o fato e declarará impuro o homem.
4 သို့​ရာ​တွင်​အ​နာ​ကွက်​ဖြူ​သော်​လည်း အ​မွေး မ​ဖြူ၊ အ​နာ​ကွက်​လည်း​ချိုင့်​နေ​ဟန်​မ​ရှိ​လျှင် ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အား​ခု​နစ်​ရက် ပတ်​လုံး​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-
4 Se houver na pele de seu corpo uma mancha branca que não parecer mais funda que a pele sã, e o cabelo não se tiver tornado branco, o sacerdote isolará o doente durante sete dias.
5 သတ္တ​မ​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အား ထပ်​မံ​စစ်​ဆေး​ပြီး​အ​နာ​သည် ပ​က​တိ​အ​တိုင်း ပြန့်​ပွား​မှု​မ​ရှိ​ဟု​ထင်​မြင်​လျှင် ထို​သူ​အား ခု​နစ်​ရက်​ထပ်​မံ​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-
5 No sétimo dia examinará: se a chaga parecer não ter progredido e não se tiver estendido pela pele, isolá-lo-á uma segunda vez durante sete dias.
6 တစ်​ဖန်​သတ္တ​မ​နေ့​၌​ထို​သူ​အား​ထပ်​မံ​စစ်​ဆေး ၍ အ​နာ​ညိုး​လျက်​မ​ပြန့်​ပွား​ကြောင်း​တွေ့​ရ​လျှင် ရိုး​ရိုး​အ​နာ​ဖြစ်​သ​ဖြင့်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​ရှင်း​သည်​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး​ရ မည်။ ထို​သူ​သည်​မိ​မိ​အ​ဝတ်​များ​ကို​လျှော်​ဖွပ် ပြီး​နောက် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း စင်​ကြယ်​လာ​လိမ့်​မည်။-
6 No sétimo dia o sacerdote o examinará novamente: se a parte afetada perdeu a sua cor e não se tiver estendido por sobre a pele, declará-lo-á puro; é dartro. O homem lavará suas vestes e será puro.
7 သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​၏ အ​နာ​ကို​စစ်​ဆေး​၍ သန့်​ရှင်း​သူ​ဟု​အ​ဆုံး အ​ဖြတ်​ပေး​ပြီး​နောက်​မှ​အ​နာ​ပြန့်​ပွား​လာ လျှင် ထို​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ​၌​တစ် ဖန်​အ​စစ်​ဆေး​ခံ​ရ​မည်။-
7 Mas se o dartro se tiver estendido por sobre a pele, depois de se ter mostrado ao sacerdote para ser declarado puro, se lhe mostrará uma segunda vez.
8 ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​အ​နာ​ကို​ထပ်​မံ စစ်​ဆေး​၍​အ​နာ​ပြန့်​ပွား​လျက်​ရှိ​ကြောင်း တွေ့​ရ​လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ် ရေ​ပြား​ရော​ဂါ​ဖြစ်​သော​ကြောင့် ထို​သူ​အား မ​သန့်​ရှင်း​သူ​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး ရ​မည်။
8 Se o sacerdote verificar a extensão do dartro por sobre a pele, declará-lo-á impuro: é lepra.
9 တစ်​စုံ​တစ်​ယောက်​သော​သူ​၌ ဆိုး​ရွား​သော​ကိုယ် ရေ​ပြား​ရော​ဂါ​စွဲ​လျှင် ထို​သူ​ကို​ယဇ်​ပု​ရော ဟိတ်​ထံ​သို့​ခေါ်​ဆောင်​ခဲ့​ရ​မည်။-
9 " Quando um homem for atingido pela lepra, será conduzido ao sacerdote, que o examinará.
10 ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​ကို​စစ်​ဆေး​၍ အ​ရေ ပြား​ပေါ်​တွင်​အ​ဖြူ​ကွက်​အ​နာ​ရှိ​ပြီး ထို​အ​ဖြူ ကွက်​ပေါ်​ရှိ​အ​မွေး​များ​ဖြူ​လျက်​အ​နာ​သည် လည်း​ပြည်​တည်​နေ​လျှင်၊-
10 Se houver na sua pele um tumor branco, e este tiver branqueado o cabelo, e aparecer a carne viva no tumor,
11 ထို​အ​နာ​သည်​ဆိုး​ရွား​သော​အ​ရေ​ပြား​ရော​ဂါ ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​မ​သန့် ရှင်း​ဟု​အ​ဆုံး​အ​ဖြတ်​ပေး​ရ​မည်။ ထို​သူ​၌ ရော​ဂါ​ဆိုး​စွဲ​လျက်​ရှိ​ကြောင်း သိ​သာ​ထင်​ရှား သ​ဖြင့်​သူ့​အား​သီး​ခြား​နေ​ထိုင်​စေ​ရန်​မ​လို။-
11 é lepra inveterada na pele de seu corpo; o sacerdote o declarará impuro; não o encerrará, porque é imundo.
12 အ​ကယ်​၍​သူ​၏​အ​ရေ​ပြား​ရော​ဂါ​သည် ဦး ခေါင်း​မှ​ခြေ​ထောက်​သို့​တိုင်​အောင်​ပြန့်​ပွား လာ​လျှင်၊-
12 Se a chaga se estendeu por toda a pele do doente, da cabeça aos pés, o sacerdote que o examinar, verificando, segundo o que viu,
13 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​ကို​ထပ်​မံ​၍​စစ် ဆေး​ရ​မည်။ သူ​၏​အ​နာ​သည် တစ်​ကိုယ်​လုံး​ပြန့် နှံ့​သွား​ကြောင်း​တွေ့​ရှိ​ရ​လျှင် ယဇ်​ပု​ရော​ဟိတ် သည်​သူ့​အား​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​ရှင်း​သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။ သူ​သည်​တစ် ကိုယ်​လုံး​ဖြူ​ဆွတ်​သွား​လျှင်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​သန့်​ရှင်း​စင်​ကြယ်​၏။-
13 que a lepra cobre toda a pele, o declarará puro. Como se tornou completamente branco, é puro.
14 သို့​ရာ​တွင်​ထို​သူ​၏​ကိုယ်​ပေါ်​၌ အ​နာ​ပေါက်​လာ သည်​နှင့်​တစ်​ပြိုင်​နက်​သူ​သည်​မ​သန့်​ရှင်း​ချေ။-
14 Mas no dia em que se perceber nele a carne viva, será impuro;
15 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​အား​တစ်​ဖန် စစ်​ဆေး​၍ ကိုယ်​ပေါ်​၌​အ​နာ​ပေါက်​နေ​သည်​ကို တွေ့​ရှိ​ရ​လျှင် သူ့​ကို​မ​သန့်​ရှင်း​ဟု​ဆုံး​ဖြတ်​ရ မည်။ အ​နာ​ပေါက်​လာ​ခြင်း​သည်​ဆိုး​ရွား​သော ကိုယ်​ရေ​ပြား​ရော​ဂါ​စွဲ​ခြင်း​လက္ခ​ဏာ​ဖြစ်​၍ ထို​သူ​သည်​မ​သန့်​ရှင်း​ချေ။-
15 o sacerdote, vendo a carne viva, declará-lo-á impuro; a carne viva é impura; é a lepra.
16 အ​နာ​သည်​ပျောက်​ကင်း​၍​တစ်​ဖန်​ဖြူ​လာ လျှင် သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား ရ​မည်။-
16 Se a carne viva mudar e ficar de novo branca, o homem irá ao sacerdote, que o examinará;
17 ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​ကို​တစ်​ဖန်​စစ်​ဆေး ရ​မည်။ အ​နာ​သည်​ပြန်​၍​ဖြူ​လာ​လျှင် သူ​သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​စင်​ကြယ်​၏။ ယဇ် ပု​ရော​ဟိတ်​သည်​လည်း​သူ့​အား​စင်​ကြယ် သည်​ဟု​အ​ဆုံး​အ​ဖြတ်​ပေး​ရ​မည်။
17 se a chaga se tornou verdadeiramente branca, o sacerdote declará-lo-á puro: e ele o é.
18 တစ်​စုံ​တစ်​ယောက်​သော​သူ​၏​ကိုယ်​ရေ​ပြား​ပေါ် တွင် ပျောက်​ကင်း​သွား​သော​အ​နာ​စိမ်း​နေ​ရာ​၌၊-
18 Quando um homem tiver tido na pele de seu corpo uma úlcera que foi curada,
19 ဖြူ​သော​အ​ဖု​ဖြစ်​စေ၊ နီ​ဖျော့​ဖျော့​အ​ကွက်​ဖြစ် စေ​ပေါ်​လာ​လျှင် သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ သို့​သွား​ရ​မည်။-
19 e no lugar da úlcera aparecer um tumor branco ou uma mancha de um branco-avermelhado, esse homem se apresentará ao sacerdote para ser examinado.
20 ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို​စစ်​ဆေး​ပြီး​နောက် အ​နာ​တွင်း​နက်​လျက် အ​နာ​ပေါ်​ရှိ​အ​မွေး​များ ဖြူ​လာ​ကြောင်း​တွေ့​ရှိ​ရ​လျှင် ထို​သူ​အား​မ​သန့် ရှင်း​ဟု​ဆုံး​ဖြတ်​ရ​မည်။ ထို​အ​နာ​သည်​အ​နာ စိမ်း​နေ​ရာ​မှ​ဖြစ်​ပေါ်​လာ​သော​ဆိုး​ရွား​သည့် ကိုယ်​ရေ​ပြား​ရော​ဂါ​ဖြစ်​သည်။-
20 Se a mancha parecer mais funda que a pele, e o cabelo se tiver tornado branco, o sacerdote declará-lo-á impuro: é uma chaga de lepra que nasceu na úlcera.
21 ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို​စစ်​ဆေး​၍ အ​နာ​နေ​ရာ​တွင်​အ​မွေး​များ​မ​ဖြူ၊ အ​နာ တွင်း​လည်း​မ​နက်၊ အ​နာ​၏​အ​ရောင်​လည်း ဖျော့​နေ​လျှင်​ထို​သူ​အား​ခု​နစ်​ရက်​ပတ်​လုံး သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-
21 Mas, se o sacerdote verificar que não há cabelo branco na mancha, e ela não parecer mais funda que a pele, e se tiver tornado de uma cor pálida, isolará esse homem durante sete dias.
22 အ​နာ​ကွက်​ပြန့်​ပွား​လာ​ကြောင်း​ကို​တွေ့​ရှိ​ရ လျှင် ထို​သူ​၌​ရော​ဂါ​စွဲ​ကပ်​ပြီး​ဖြစ်​၍​သူ အား​မသန့်​ရှင်း​ဟု​ဆုံး​ဖြတ်​ရ​မည်။-
22 Se a mancha se estender por sobre a pele, o sacerdote declarará o homem impuro: é uma chaga de lepra.
23 သို့​ရာ​တွင်​အ​နာ​ကွက်​သည်​မ​ပြန့်​ပွား​ဘဲ န​ဂို​မူ​လ​အ​တိုင်း​ရှိ​နေ​လျှင် အ​နာ​စိမ်း​၏ အ​မာ​ရွတ်​မျှ​သာ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော ဟိတ်​က​ထို​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​ရှင်း​သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။
23 Mas, se a mancha ficou no seu lugar sem se estender, é a cicatriz da úlcera; o sacerdote declará-lo-á puro.
24 တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​မီး​လောင်​ခံ​ရ​၍ မီး​လောင်​သော​နေ​ရာ​တွင်​အ​ရေ​ပြား​ဖြူ​လာ လျှင်​ဖြစ်​စေ၊ နီ​ဖျော့​ဖျော့​ဖြစ်​လာ​လျှင်​ဖြစ်​စေ၊-
24 Quando um homem tiver na pele uma queimadura de fogo, e a cicatriz dessa queimadura apresentar uma mancha branca ou de um branco-avermelhado, o sacerdote o examinará.
25 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အ​နာ​ကို​စစ်​ဆေး​ရ မည်။ အ​နာ​ကွက်​တွင်​ရှိ​သော​အ​မွေး​များ​သည် ဖြူ​၍​အ​နာ​တွင်း​နက်​ကြောင်း​တွေ့​ရှိ​ရ​လျှင် မီး လောင်​သော​အ​နာ​မှ​ဖြစ်​ပေါ်​လာ​သော​ဆိုး​ရွား သည့်​ကိုယ်​ရေ​ပြား​ရော​ဂါ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​မ​သန့်​ရှင်း ဟု​ဆုံး​ဖြတ်​ရ​မည်။-
25 Se o cabelo se tornou branco na mancha, e esta parecer mais funda que a pele, é a lepra que nasceu na queimadura; o sacerdote declará-lo-á impuro: é uma chaga de lepra.
26 သို့​ရာ​တွင်​အ​နာ​ကွက်​၌​ရှိ​သော​အ​မွေး​သည် မ​ဖြူ၊ အ​နာ​တွင်း​မ​နက်၊ အ​နာ​၏​အ​ရောင်​လည်း ဖျော့​နေ​ကြောင်း​တွေ့​ရှိ​ရ​လျှင် ထို​သူ​အား​ခု​နစ် ရက်​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-
26 Se o sacerdote verificar que não há cabelo branco na mancha, e que ela não parece mais funda que a pele, e se tiver tornado de uma cor pálida, isolará esse homem durante sete dias.
27 သတ္တ​မ​နေ့​တွင်​ယဇ်​ပု​ရော​ဟိတ်​သည် သူ့​ကို​ထပ်​မံ စစ်​ဆေး​၍​အ​နာ​သည်​ပြန့်​ပွား​နေ​ကြောင်း​တွေ့​ရ လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား ရော​ဂါ​ဖြစ်​သော​ကြောင့် ထို​သူ​ကို​မ​သန့်​ရှင်း ဟု​ဆုံး​ဖြတ်​ရ​မည်။-
27 Depois disso o examinará. Se a mancha tiver se estendido por sobre a pele, o sacerdote declará-lo-á impuro; é uma chaga de lepra.
28 သို့​သော်​အ​နာ​ကွက်​သည်​မူ​လ​အ​ခြေ​အ​နေ​၌ ရှိ​၍ မ​ပြန့်​ပွား​ကြောင်း​ကို​လည်း​ကောင်း၊ အ​ရောင် ဖျော့​နေ​ကြောင်း​ကို​လည်း​ကောင်း​တွေ့​ရှိ​ရ​လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား​ရော ဂါ​မ​ဟုတ်။ ထို​အ​နာ​သည်​မီး​လောင်​သည့်​အ​မာ ရွတ်​မျှ​သာ​ဖြစ်​ခြင်း​ကြောင့် ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။
28 Mas, se a mancha ficou no mesmo lugar sem se estender por sobre a pele, e se tiver tornado de uma cor pálida, é o tumor da queimadura. O sacerdote declará-lo-á puro, pois é a cicatriz da queimadura.
29 အ​မျိုး​သား​သို့​မ​ဟုတ်​အ​မျိုး​သ​မီး​တစ် ယောက်​၏​ခေါင်း​ပေါ်​တွင်​ဖြစ်​စေ၊ မေး​ပေါ်​တွင် ဖြစ်​စေ​အ​နာ​ပေါက်​လျှင်၊-
29 Quando um homem ou uma mulher tiver uma chaga na cabeça ou no queixo, o sacerdote o examinará.
30 ယဇ်​ပု​ရော​ဟိတ်​က​ထို​အ​နာ​ကို​စစ်​ဆေး​ရ မည်။ အ​နာ​တွင်း​သည်​နက်​ဟန်​ရှိ​၍​အ​နာ​ပေါ် ရှိ​အ​မွေး​များ​ပါး​လျက် ဝါ​ကြန့်​ကြန့်​အ​ရောင် ရှိ​လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ်​ရေ ပြား​ရော​ဂါ​ဖြစ်​သော​ကြောင့် ထို​သူ​အား မ​သန့်​ရှင်း​ဟု​ဆုံး​ဖြတ်​ရ​မည်။-
30 Se ela parecer mais funda que a pele, e nela houver os cabelos finos e amarelados, o sacerdote declarará impuro o enfermo: esta é a tinha, a lepra da cabeça ou do queixo
31 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​စစ်​ဆေး သည့်​အ​ခါ အ​နာ​တွင်း​သည်​မ​နက်​သော်​လည်း အ​နာ​ပေါ်​ရှိ​အ​မွေး​များ​သည် ပ​က​တိ​အ​သွေး အ​ရောင်​အ​တိုင်း​မ​ရှိ​ခဲ့​လျှင် သူ့​ကို​ခု​နစ်​ရက် သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-
31 Se o sacerdote averiguar que a chaga da tinha não parece mais funda que a pele, e nela não houver cabelos negros, o sacerdote isolará durante sete dias aquele que tem a chaga da tinha.
32 သတ္တ​မ​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ ကို​တစ်​ဖန်​စစ်​ဆေး​၍ အ​နာ​သည်​မ​ပြန့်​မ​ပွား အ​မွေး​များ​သည်​လည်း​မ​ဝါ၊ အ​နာ​တွင်း သည်​လည်း​မ​နက်​ကြောင်း​တွေ့​ရှိ​ရ​လျှင်၊-
32 No sétimo dia o examinará. Se a tinha não se espalhou, nela não houver cabelo amarelado algum, e a chaga não parecer mais funda do que a pele,
33 အ​နာ​ပတ်​လည်​ရှိ​အ​မွေး​များ​ကို​ရိတ်​ရ မည်။ ထို့​နောက်​သူ​အား​ခု​နစ်​ရက်​တိုး​၍​သီး ခြား​နေ​ထိုင်​စေ​ရ​မည်။-
33 o enfermo cortará a barba, exceto no lugar da chaga, e o sacerdote o isolará de novo durante sete dias.
34 သတ္တ​မ​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို တစ်​ဖန်​စစ်​ဆေး​၍ အ​နာ​သည်​မ​ပြန့်​မ​ပွား၊ အ​နာ​တွင်း​သည်​လည်း​မ​နက်​ကြောင်း​တွေ့​ရှိ ရ​လျှင် ထို​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​ရှင်း​သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။ ထို​သူ​သည် မိ​မိ​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​ရ​မည်။ ထို့ နောက်​သူ​သည်​သန့်​ရှင်း​လိမ့်​မည်။-
34 No sétimo dia o examinará. Se a tinha não se espalhou por sobre a pele, e a chaga não parecer mais funda que a pele, o sacerdote declará-lo-á puro; ele levará suas vestes e será puro.
35 သို့​ရာ​တွင်​သူ့​အား​သန့်​ရှင်း​သည်​ဟု​ဆုံး ဖြတ်​ပြီး​နောက် အ​နာ​သည်​ပြန့်​ပွား​လာ​လျှင်၊-
35 Se, entretanto, depois que o tiver declarado puro, a tinha se estender por sobre a pele, o sacerdote o examinará.
36 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​ကို​ထပ်​မံ​စစ်​ဆေး ရ​မည်။ အ​နာ​သည်​ပြန့်​ပွား​လျက်​ရှိ​ကြောင်း တွေ့​ရ​လျှင် အ​မွေး​ဝါ​သည်​မ​ဝါ​သည်​ကို​စစ် ဆေး​ကြည့်​ရန်​မ​လို။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည်​မ​သန့်​ရှင်း​ကြောင်း​ထင်​ရှား​နေ​ပြီ ဖြစ်​သည်။-
36 Se a tinha se tiver espalhado na pele, o sacerdote não procurará o cabelo amarelo, porque o homem é impuro
37 သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​မ​ပြန့် မ​ပွား၊ အ​နာ​ပေါ်​ရှိ​အ​မွေး​နက်​များ​သည် ပ​က​တိ​အ​သွေး​အ​ရောင်​ရှိ​၍ ပျောက်​ကင်း သွား​ပြီ​ဟု​ထင်​မြင်​ယူ​ဆ​လျှင် ထို​သူ​အား ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​သည် ဟူ​၍​ဆုံး​ဖြတ်​ရ​မည်။
37 Se a tinha lhe parece estacionária, e nela houver crescido cabelos negros, ele sarou; o homem está puro e o sacerdote declará-lo-á como tal.
38 အ​မျိုး​သား​သို့​မ​ဟုတ်​အ​မျိုး​သ​မီး​တစ် ယောက်​၏​အ​ရေ​ပြား​ပေါ်​တွင်​အ​ဖြူ​ကွက် များ​ပေါ်​လျှင်၊-
38 Quando o homem ou mulher tiver na pele manchas brancas, o sacerdote o examinará.
39 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​စစ်​ဆေး ရ​မည်။ အ​ကွက်​များ​သည်​ဖြူ​မွဲ​မွဲ​ဖြစ်​လျှင် အ​ရေ​ပြား​ပေါ်​တွင်​ဖြစ်​ပေါ်​တတ်​သော​ညှင်း ကွက်​များ​ဖြစ်​၍​သူ​သည်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​သန့်​ရှင်း​သည်။
39 Se essas manchas na pele são de um branco pálido, é uma mancha branca superficial: ele é puro.
40 — ausente —
40 Quando um homem perder os seus cabelos, ele será simplesmente calvo, mas será puro.
41 — ausente —
41 Se lhe caírem os cabelos da fronte, ele terá a fronte calva, mas será puro.
42 သို့​ရာ​တွင်​ဆံ​ပင်​ပြောင်​သော​နေ​ရာ​၌​နီ ဖျော့​ဖျော့​အ​နာ​ပေါက်​လျှင် ထို​အ​နာ​သည် ဆိုး​ရွား​သော​အ​ရေ​ပြား​ရော​ဂါ​ဖြစ်​သည်။-
42 Mas se na parte calva, posterior ou dianteira, se encontrar uma chaga de um branco-avermelhado, é a lepra que se declarou na parte calva posterior ou dianteira.
43 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​စစ်​ဆေး​၍ အ​နာ​သည်​နီ​ဖျော့​ဖျော့​ဖြစ်​လျှင်၊-
43 O sacerdote o examinará. Se o tumor da chaga for de um branco-avermelhado na parte calva posterior ou dianteira, tendo o aspecto da lepra da pele do corpo, esse homem é leproso,
44 သူ​၏​ဦး​ခေါင်း​ပေါ်​၌​ဆိုး​ရွား​သော​အ​ရေ ပြား​ရော​ဂါ​စွဲ​သည်​ဖြစ်​သော​ကြောင့် မ​သန့် ရှင်း​သူ​ဟု​ဆုံး​ဖြတ်​ရ​မည်။-
44 é impuro; a sua lepra está na cabeça.
45 ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား​ရော​ဂါ​စွဲ​သော သူ​သည် စုတ်​သော​အ​ဝတ်​ကို​ဝတ်​ရ​မည်။ ဆံ​ပင် ကို​မ​ဖြီး​ရ။ မျက်​နှာ​အောက်​ပိုင်း​ကို​ဖုံး​လျက် မ​သန့်​ရှင်း၊ မ​သန့်​ရှင်း​ဟု​အော်​ရ​မည်။-
45 Todo homem atingido pela lepra terá suas vestes rasgadas e a cabeça descoberta. Cobrirá a barba e clamará: Impuro! Impuro!
46 သူ​၏​ကိုယ်​၌​ထို​ရော​ဂါ​စွဲ​နေ​သည့်​ကာ​လ ပတ်​လုံး သူ​သည်​မ​သန့်​ရှင်း​သ​ဖြင့် လူ​သူ​နှင့် ဝေး​ရာ​စ​ခန်း​အ​ပြင်​၌​ထွက်​၍​နေ​ထိုင်​ရ​မည်။
46 Enquanto durar o seu mal, ele será impuro. É impuro; habitará só, e a sua habitação será fora do acampamento."
47 သိုး​မွေး​အ​ဝတ်​အ​ထည်​သို့​မ​ဟုတ်​ပိတ်​ချော အ​ဝတ်​အ​ထည်​တွင်​ဖြစ်​စေ၊-
47 "Quando a lepra aparecer numa veste de lã ou de linho,
48 သိုး​မွေး​အ​ထည်​စ​သို့​မ​ဟုတ်​ပိတ်​ချော အ​ထည်​စ​တွင်​ဖြစ်​စေ၊ သား​ရေ​သို့​မ​ဟုတ် သား​ရေ​ထည်​ပစ္စည်း​တွင်​ဖြစ်​စေ၊-
48 num tecido de tela ou de trama, quer seja de lã quer de linho, numa pele ou num objeto qualquer de pele,
49 စိမ်း​ဖန့်​ဖန့်​သို့​မ​ဟုတ်​နီ​ကြန့်​ကြန့်​ဖား​ဥ ကွက်​များ​ကို​တွေ့​ရ​လျှင် ပြန့်​ပွား​တက်​သော ဖား​ဥ​မျိုး​ဖြစ်​သ​ဖြင့် ထို​ပစ္စည်း​များ​ကို​ယဇ် ပု​ရော​ဟိတ်​ထံ​ပြ​သ​ရ​မည်။-
49 se a mancha na veste, na pele, no tecido de tela ou de trama ou no objeto de pele, for esverdeada ou avermelhada, é uma lepra: será mostrada ao sacerdote.
50 ယဇ်​ပု​ရော​ဟိတ်​သည်​ပစ္စည်း​ကို​စစ်​ဆေး​ပြီး ခု​နစ်​ရက်​သိမ်း​ထား​ရ​မည်။-
50 O sacerdote examinará a mancha e isolará durante sete dias o objeto atingido pelo mal.
51 သတ္တ​မ​နေ့​၌​ထို​ပစ္စည်း​ကို​ထပ်​မံ​စစ်​ဆေး​၍ ဖား​ဥ​ကွက်​ပြန့်​ပွား​လာ​လျှင် ထို​ပစ္စည်း​သည် မ​သန့်​ရှင်း​ချေ။-
51 No sétimo dia examinará a chaga. Se ela se tiver espalhado pela veste, pelo tecido de tela ou de trama, pela pele ou pelo objeto de pele, seja qual for, é uma lepra roedora; o objeto é impuro.
52 ထို​ဖား​ဥ​ကွက်​သည်​ကူး​စက်​တတ်​သော​ဖား​ဥ မျိုး​ဖြစ်​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​သည်​ပစ္စည်း ကို​မီး​ရှို့​ဖျက်​ဆီး​ရ​မည်။
52 Queimará a veste, o tecido de tela ou de trama de linho ou de lã, o objeto de pele, seja qual for, em que se encontre a mancha, porque é uma lepra roedora; o objeto será queimado no fogo.
53 ယဇ်​ပု​ရော​ဟိတ်​သည် ပစ္စည်း​ကို​စစ်​ဆေး​၍​ဖား​ဥ ကွက်​သည်​မ​ကျယ်​ပြန့်​လျှင်၊-
53 Mas se o sacerdote verificar que mancha não se espalhou pela veste, pelo tecido de tela ou de trama, ou pelo objeto de pele,
54 ထို​ပစ္စည်း​ကို​ဖွပ်​လျှော်​စေ​ပြီး​နောက် ခု​နစ်​ရက် ထပ်​မံ​၍​သိမ်း​ထား​ရ​မည်။-
54 mandará lavar o objeto afetado e o isolará uma segunda vez durante sete dias.
55 ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ပစ္စည်း​ကို​စစ် ဆေး​ရ​မည်။ ဖား​ဥ​ကွက်​သည်​မ​ပြန့်​ပွား​သော် လည်း​အ​ရောင်​မ​ပြောင်း​လဲ​လျှင် ထို​ပစ္စည်း​သည် မ​သန့်​ရှင်း​ချေ။ ထို​ပစ္စည်း​သည်​အ​တွင်း​အ​ပြင် ဆွေး​မြေ့​နေ​ကြောင်း​တွေ့​ရှိ​ရ​လျှင် ယင်း​ကို မီး​ရှို့​ဖျက်​ဆီး​ရ​မည်။-
55 Em seguida examinará a mancha, depois que ela tiver sido lavada. Se não mudou de aspecto nem se espalhou, o objeto é impuro. Tu o queimarás no fogo: a mancha roeu o objeto de um lado a outro.
56 သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​သည်​ထပ်​မံ​စစ် ဆေး​သည့်​အ​ခါ ဖား​ဥ​ကွက်​သည်​အ​ရောင်​ညှိုး သွား​ကြောင်း​ကို​တွေ့​ရှိ​ရ​လျှင် အ​ဝတ်​အ​ထည် သို့​မ​ဟုတ်​သား​ရေ​ထည်​ပစ္စည်း​မှ​ထို​အ​ကွက် ကို​ဆုတ်​ထုတ်​ရ​မည်။-
56 Mas se o sacerdote verificar que a mancha lavada tomou uma cor pálida, arrancá-la-á da veste, da pele ou do tecido de tela ou de trama.
57 ထို့​နောက်​ဖား​ဥ​ကွက်​တစ်​ဖန်​ပြန်​ပေါ်​လာ လျှင် ဖား​ဥ​ပြန့်​ပွား​လာ​ခြင်း​ကြောင့် ပိုင်​ရှင် သည်​ပစ္စည်း​ကို​မီး​ရှို့​ဖျက်​ဆီး​ရ​မည်။-
57 Se ela voltar novamente à veste, ao tecido de tela ou de trama ou ao objeto de pele, é uma erupção de lepra. Tu queimarás no fogo o objeto atingido pela mancha.
58 သူ​သည်​ပစ္စည်း​ကို​ဖွပ်​လျှော်​သ​ဖြင့်​ဖား​ဥ ကွက်​ပျောက်​လျှင် နောက်​တစ်​ကြိမ်​ထပ်​မံ​ဖွပ် လျှော်​ရ​မည်။ ထို့​နောက်​ပစ္စည်း​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​လိမ့်​မည်။
58 Mas a veste, o tecido de tela ou de trama, o objeto de pele, seja o que for, que tiveres lavado e do qual a mancha tiver desaparecido, será lavado uma segunda vez e será puro.
59 ဤ​ပ​ညတ်​သည်​ကား သိုး​မွေး​အဝတ်​အ​ထည် သို့​မ​ဟုတ်​ပိတ်​ချော​အ​ဝတ်​အ​ထည်​တွင်​ဖြစ် စေ၊ သိုး​မွေး​အ​ထည်​စ၊ သို့​မ​ဟုတ်​ပိတ်​ချော အ​ထည်​စ​တွင်​ဖြစ်​စေ၊ သား​ရေ​ထည်​ပစ္စည်း တွင်​ဖြစ်​စေ၊ ဖား​ဥ​ကွက်​ပေါ်​ခြင်း​နှင့်​ဆိုင်​သော ပ​ညတ်​ဖြစ်​သ​တည်း။
59 Tal é a lei relativa à mancha de lepra que atacar as vestes de lã ou de linho, os tecidos de tela ou de trama, ou qualquer objeto de pele; é segundo ela que se declararão esses objetos puros ou impuros."

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Levítico 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.