Levítico 10
Common Language Bible (MYA) vs NVT
1 အာရုန်၏သားများဖြစ်ကြသောနာဒပ်နှင့် အဘိဟုတို့သည် မိမိတို့တစ်ဦးစီနှင့်ဆိုင်ရာ မီးကျီးခံလင်ပန်းကိုယူ၍မီးသွေးမီးထည့် ပြီးလျှင် နံ့သာကိုဖြူးလျက်ထာဝရဘုရား အားပူဇော်ကြ၏။ သို့ရာတွင်ယင်းသို့ပူဇော် ရန်ထာဝရဘုရားကသူတို့အားအမိန့် မပေးသောကြောင့် ထိုမီးသည်သန့်ရှင်းသော မီးမဟုတ်၊-
1 Nadabe e Abiú, filhos de Arão, colocaram brasas em seus incensários e as salpicaram com incenso. Com isso, trouxeram fogo estranho diante do S enhor , diferente do que ele havia ordenado.
2 ထို့ကြောင့်ချက်ချင်းပင်ထာဝရဘုရား ထံတော်မှ သူတို့အပေါ်သို့လောင်မီးကျ ၍သူတို့သည်ရှေ့တော်တွင်သေဆုံးကြ၏။-
2 Por isso, fogo saiu da presença do S enhor e os devorou, e eles morreram diante do S enhor .
3 ထိုအခါမောရှေကအာရုန်အား``ထာဝရ ဘုရားက`ငါ၏အမှုတော်ကိုဆောင်ရွက်သူ အပေါင်းတို့သည် ငါ၏သန့်ရှင်းခြင်းဂုဏ်တော် ကိုရိုသေလေးစားရကြမည်။ ငါ၏လူမျိုး တော်အားငါ့ဘုန်းအသရေကိုပေါ်လွင်ထင် ရှားစေမည်' ဟူ၍မိန့်တော်မူရာဤအမှုကို ရည်ဆောင်၍မိန့်တော်မူခြင်းဖြစ်သည်'' ဟု ဆိုလေ၏။ ထိုအခါအာရုန်သည်တိတ် ဆိတ်စွာနေလေ၏။
3 Então Moisés disse a Arão: “Foi isto que o S enhor declarou: ‘Mostrarei minha santidade entre aqueles que se aproximarem de mim. Mostrarei minha glória diante de todo o povo’”. E Arão ficou em silêncio.
4 မောရှေသည်အာရုန်၏ဦးရီးတော်သြဇေလ ၏သားများဖြစ်ကြသော မိရှေလနှင့်ဧလဇာ ဖန်တို့ကိုခေါ်၍``သင်တို့ညီအစ်ကိုများ၏ အလောင်းများကိုသန့်ရှင်းရာတဲတော်မှ စခန်းအပြင်သို့ထုတ်ဆောင်သွားကြ'' ဟု စေခိုင်းလေသည်။-
4 Moisés chamou Misael e Elzafã, primos de Arão e filhos de Uziel, tio de Arão, e lhes disse: “Venham cá e levem o corpo de seus parentes da frente do santuário para um lugar fora do acampamento”.
5 ထိုအခါသူတို့သည်မောရှေမိန့်မှာသည့်အတိုင်း အလောင်းများကိုလက်ဖြင့်မထိကိုင်မိစေရန် အဝတ်အင်္ကျီများမှဆွဲ၍စခန်းအပြင်သို့ ထုတ်ဆောင်သွားကြလေသည်။
5 Eles se aproximaram e os puxaram pelas roupas para fora do acampamento, conforme Moisés havia ordenado.
6 ထိုနောက်မောရှေကအာရုန်နှင့်သူ၏သား များဖြစ်ကြသော ဧလာဇာနှင့်ဣသမာတို့ အား``သင်တို့သည်သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲခြင်းကိုပြရန် ဆံပင်ကို မဖြီးဘဲမနေကြနှင့်။ အဝတ်အင်္ကျီများ ကိုလည်းမဆုတ်ဖြဲကြနှင့်။ ထိုသို့ပြုလျှင် သင်တို့၏အသက်ဆုံးရလိမ့်မည်။ ထာဝရ ဘုရားသည်လည်း ဣသရေလအမျိုးသား အပေါင်းတို့အားအမျက်တော်ထွက်လိမ့်မည်။ သို့သော်သင်တို့၏သွေးချင်းဖြစ်သော ဣသရေလအမျိုးသားအပေါင်းတို့မူ ကား ထာဝရဘုရားထံတော်မှလောင်မီး ကျ၍ သေဆုံးသူတို့အတွက်ဝမ်းနည်း ကြေကွဲကြောင်းပြနိုင်သည်။-
6 Então Moisés disse a Arão e a seus filhos Eleazar e Itamar: “Não deixem o cabelo despenteado nem rasguem suas roupas em sinal de luto. Se o fizerem, morrerão, e a ira do S enhor ferirá toda a comunidade de Israel. Mas outros israelitas, seus parentes, poderão ficar de luto porque o S enhor destruiu Nadabe e Abiú com fogo.
7 သင်တို့ကားထာဝရဘုရား၏သိက္ခာတင် ဆီလောင်း၍ ဆက်ကပ်ထားသူများဖြစ်သော ကြောင့် သင်တို့သည်တဲတော်တံခါးမှထွက် ခွာမသွားရ။ ထွက်ခွာသွားလျှင်သင်တို့သေ ရမည်'' ဟုဆိုလေ၏။ သူတို့သည်မောရှေ မှာကြားသည့်အတိုင်းလိုက်နာကြလေသည်။
7 Não saiam da entrada da tenda do encontro, ou morrerão, pois foram ungidos com o óleo da unção do S enhor ”. E fizeram conforme Moisés ordenou. Instruções para a conduta sacerdotal
8 ထာဝရဘုရားကအာရုန်အား၊-
8 Então o S enhor disse a Arão:
9 ``သင်နှင့်သင်၏သားတို့သည်စပျစ်ရည် သို့ မဟုတ်သေရည်သေရက်ကိုသောက်၍တဲတော် ထဲသို့မဝင်ရ။ ထိုသို့ပြုလျှင်သင်တို့သေရ မည်။ ဤပညတ်ကိုသင်တို့၏အဆက်အနွယ် အားလုံးစောင့်ထိန်းရကြမည်။-
9 “Você e seus descendentes jamais deverão beber vinho ou qualquer outra bebida fermentada antes de entrar na tenda do encontro. Se o fizerem, morrerão. Essa é uma lei permanente para vocês e deve ser cumprida de geração em geração.
10 သင်တို့သည်ဘုရားသခင်နှင့်ဆိုင်သောအရာ၊ မဆိုင်သောအရာ၊ ဘာသာရေးထုံးနည်းအရ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာ တို့ကိုခွဲခြားတတ်ရမည်။-
10 Façam distinção entre o que é santo e o que é comum, entre o que é impuro e o que é puro,
11 မောရှေအားဖြင့်ငါပေးသောပညတ်ရှိသမျှ တို့ကို သင်တို့သည်ဣသရေလအမျိုးသား တို့အားသွန်သင်ရမည်'' ဟုမိန့်တော်မူ၏။
11 e ensinem aos israelitas todos os decretos que o S enhor lhes deu por meio de Moisés”.
12 မောရှေသည်အာရုန်နှင့်အသက်ရှင်လျက် ကျန်သောသားဧလာဇာနှင့်ဣသမာတို့ အား``ထာဝရဘုရားအားပူဇော်သော ဘောဇဉ်ပူဇော်သကာမှ ကြွင်းကျန်သော မုန့်ညက်ဖြင့်တဆေးမဲ့မုန့်ပြုလုပ်၍ ယဇ် ပလ္လင်နားတွင်စားကြလော့။ အဘယ်ကြောင့် ဆိုသော်ဤပူဇော်သကာသည်အလွန် သန့်ရှင်း၏။-
12 Moisés disse a Arão e aos filhos que lhe restaram, Eleazar e Itamar: “Peguem o que sobrar da oferta de cereal depois que uma porção tiver sido apresentada como oferta especial para o S enhor e comam-na junto do altar. Não deverá conter fermento, pois é santíssima.
13 ထိုမုန့်ကိုသန့်ရှင်းရာဌာနတွင်စားရမည်။ ထိုမုန့်သည်ထာဝရဘုရားအားပူဇော် သောပူဇော်သကာထဲမှ သင်နှင့်သင်၏သား တို့ရသောဝေစုဖြစ်သည်။ ဤပညတ်သည် ထာဝရဘုရားကငါ့အားဆင့်ဆိုသော ပညတ်ဖြစ်သည်။-
13 Comam-na num lugar sagrado, pois foi dada a vocês e a seus descendentes como sua porção das ofertas especiais apresentadas ao S enhor . Foram essas as ordens que recebi.
14 သင်နှင့်သင်တို့၏မိသားစုများသည်ယဇ် ပုရောဟိတ်များအတွက် ထာဝရဘုရား အားအထူးဆက်သသောရင်ဒူးသားနှင့် ပေါင်တို့ကို ဘာသာရေးထုံးနည်းအရသန့် ရှင်းသောအရပ်တွင်စားရမည်။ ဤဝေစု များသည်ဣသရေလအမျိုးသားတို့၏ မိတ်သဟာယပူဇော်သကာများထဲမှ သင်နှင့်သင်၏သားသမီးများအတွက် ဝေစုများဖြစ်သည်။-
14 Quanto ao peito e à coxa que foram movidos para o alto como oferta especial, poderão comê-los em qualquer lugar cerimonialmente puro. Essas são as partes que foram dadas a você e a seus descendentes como sua porção das ofertas de paz apresentadas pelos israelitas.
15 သူတို့သည်ထာဝရဘုရားအား ပူဇော် သကာအဖြစ်ယဇ်ကောင်အဆီကိုပူဇော် သောအခါ ရင်ဒူးနှင့်ပေါင်တို့ကိုယူဆောင် ခဲ့ရမည်။ ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်း ဤယဇ်ကောင်ပိုင်းများသည် သင်နှင့် သင်၏သားစဉ်မြေးဆက်အတွက်ဝေစု ဖြစ်ရမည်'' ဟုဆိုလေသည်။
15 Movam para o alto o peito e a coxa como oferta especial para o S enhor , junto com a gordura das ofertas especiais. Essas partes pertencerão a vocês e a seus descendentes como direito permanente, conforme o S enhor ordenou”.
16 ထို့နောက်မောရှေသည် အပြစ်ဖြေရာယဇ်ဖြစ် သောဆိတ်အကြောင်းကိုစုံစမ်းမေးမြန်းသော အခါ ထိုယဇ်ကိုမီးရှို့ပူဇော်ပြီးကြောင်းသိ ရ၏။ ထို့ကြောင့်သူသည်ဧလာဇာနှင့်ဣသမာ တို့အားအမျက်ထွက်၍၊-
16 Depois, Moisés procurou cuidadosamente pelo bode da oferta pelo pecado. Quando descobriu que tinha sido queimado, ficou furioso com Eleazar e Itamar, os filhos que restaram a Arão, e lhes disse:
17 ``သင်တို့သည်အဘယ်ကြောင့်ထိုယဇ်ကောင်၏ အသားကို သန့်ရှင်းရာဌာနတွင်မစားကြ သနည်း။ အပြစ်ဖြေရာယဇ်သည်အထူးပူ ဇော်သောပူဇော်သကာဖြစ်၍ ထာဝရဘုရား သည်ဣသရေလအမျိုးသားတို့၏အပြစ် ကိုဖြေရန်အတွက် သင်တို့အားထိုယဇ် ကောင်အသားကိုပေးတော်မူပြီ။-
17 “Por que não comeram a oferta pelo pecado no lugar sagrado? É uma oferta santíssima! O S enhor a deu a vocês para remover a culpa da comunidade e fazer expiação por ela.
18 ယဇ်ကောင်၏သွေးကိုတဲတော်ထဲသို့မယူခဲ့ ပါတကား။ သင်တို့သည်ငါမိန့်မှာသည့်အတိုင်း ထိုယဇ်ကောင်၏အသားကိုတဲတော်တွင်စား ရမည်'' ဟုဆိုလေ၏။
18 Uma vez que o sangue do animal não foi levado ao lugar santo, vocês tinham a obrigação de comer a carne no lugar sagrado, conforme eu ordenei!”.
19 ထိုအခါအာရုန်ကမောရှေအား``အကယ်၍ အကျွန်ုပ်သည်အပြစ်ဖြေရာယဇ်ကောင်၏ အသားကို ယနေ့စားခဲ့သော်ထာဝရဘုရား နှစ်သက်တော်မူပါမည်လော။ ဣသရေလ အမျိုးသားတို့သည် ယနေ့ထာဝရဘုရား အားအပြစ်ဖြေရာယဇ်နှင့် မီးရှို့ရာယဇ်တို့ ကိုပူဇော်ကြပါပြီ။ သို့ဖြစ်ပါလျက်နှင့် အကျွန်ုပ်၌ ဤအဖြစ်ဆိုးနှင့်တွေ့ကြုံရ ပါသည်တကား'' ဟုဖြေကြားလေ၏။-
19 Arão respondeu a Moisés: “Hoje meus filhos apresentaram ao S enhor sua oferta pelo pecado e seu holocausto. E, no entanto, esta tragédia aconteceu comigo. Será que o S enhor teria se agradado se eu tivesse comido a oferta pelo pecado do povo num dia como este?”.
20 မောရှေသည်အာရုန်၏အဖြေကိုကြားရ လျှင်ကျေနပ်လေ၏။
20 Quando Moisés ouviu isso, deu-se por satisfeito.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Levítico 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.