Lucas 9
Common Language Bible (MYA) vs NVT
1 သခင်ယေရှုသည်တမန်တော်တစ်ဆယ့်နှစ်ပါးတို့ ကိုအထံတော်သို့ခေါ်တော်မူပြီးလျှင် နတ်မိစ္ဆာ အပေါင်းကိုနှင်ထုတ်နိုင်သောတန်ခိုးအာဏာ နှင့် အနာရောဂါများကိုပျောက်ကင်းစေနိုင် သောတန်ခိုးအာဏာကိုပေးအပ်တော်မူ၏။-
1 Jesus reuniu os Doze e lhes deu poder e autoridade para expulsar todos os demônios e curar enfermidades.
2 ထိုနောက်ဘုရားသခင်၏နိုင်ငံတော်အကြောင်း ကိုဟောပြောရန်လည်းကောင်း၊ ဖျားနာသူများ ကိုကျန်းမာအောင်ကုသပေးရန်လည်းကောင်း စေလွှတ်တော်မူ၏။-
2 Depois, enviou-os para anunciar o reino de Deus e curar os enfermos.
3 ကိုယ်တော်က ``လမ်းခရီးအတွက်သင်တို့သည် အဘယ်အရာကိုမျှမယူကြနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ ရိက္ခာ၊ ကြေးငွေတို့ကိုမယူရကြ။ လူတစ်ကိုယ်လျှင်အင်္ကျီအပိုတစ်ထည်ပင် မပါရ။-
3 Ele os instruiu, dizendo: “Não levem coisa alguma em sua jornada. Não levem cajado, nem bolsa de viagem, nem comida, nem dinheiro, nem mesmo uma muda de roupa extra.
4 မည်သည့်အိမ်မဆိုသင်တို့ကိုဝင်ခွင့်ပြုလျှင် မြို့မှထွက်ခွာသည်တိုင်အောင်ထိုအိမ်မှာပင် တည်းခိုကြလော့။-
4 Aonde quer que forem, hospedem-se na mesma casa até partirem da cidade.
5 သင်တို့အားလက်မခံသူများကိုမူသတိ ပေးသည့်အနေဖြင့် ထိုမြို့မှထွက်ခွာချိန်၌ သင်တို့ခြေဖဝါးမှမြေမှုန့်ကိုခါချခဲ့ကြ လော့'' ဟုမိန့်တော်မူ၏။
5 E, se uma cidade se recusar a recebê-los, sacudam a poeira dos pés ao saírem, em sinal de reprovação”.
6 တမန်တော်တို့သည်အထံတော်မှထွက်သွား ပြီးလျှင် အရပ်ရပ်သို့လှည့်လည်လျက်သတင်း ကောင်းကိုဟောပြောကြေညာ၍အနာရောဂါ များကိုပျောက်ကင်းစေကြ၏။
6 Então começaram a percorrer os povoados, anunciando as boas-novas e curando os enfermos.
7 ဂါလိလဲဘုရင်ခံမင်းကြီးဟေရုဒ်မင်းသည် ကိုယ် တော်ပြုတော်မူသောအမှုအရာများအကြောင်း ကိုကြား၏။ လူအချို့က ``ဗတ္တိဇံဆရာယောဟန် သေရာမှရှင်ပြန်လေပြီ'' ဟူ၍လည်းကောင်း၊-
7 Quando Herodes Antipas ouviu falar de tudo que Jesus fazia, ficou perplexo, pois alguns diziam que João Batista havia ressuscitado dos mortos.
8 အချို့က ``ဧလိယကြွလာလေပြီ'' ဟူ၍ လည်းကောင်း၊ အချို့ကမူ ``ရှေးပရောဖက်တစ် ပါးအသက်ပြန်၍ရှင်လာလေပြီ'' ဟူ၍လည်း ကောင်းပြောဆိုနေကြသည်ကိုဟေရုဒ်သည် ကြားသဖြင့်စိတ်ရှုပ်ထွေးလျက်၊-
8 Outros acreditavam que Jesus era Elias, ou um dos antigos profetas que tinha voltado à vida.
9 ``ငါသည်ယောဟန်၏ဦးခေါင်းကိုဖြတ်ခဲ့၏။ ငါ သတင်းကြားနေရသောဤသူကားအဘယ်သူ နည်း'' ဟုဆို၍သခင်ယေရှုကိုတွေ့မြင်ရန်ကြိုး စားလျက်နေ၏။
9 “Eu decapitei João”, dizia Herodes. “Então quem é o homem sobre quem ouço essas histórias?” E procurava ver Jesus.
10 တမန်တော်တို့သည်ကိုယ်တော်ထံသို့ပြန်လာကြ လျက် မိမိတို့လုပ်ဆောင်ခဲ့သမျှတို့ကိုလျှောက် ထားကြ၏။ ကိုယ်တော်သည်သူတို့ကိုခေါ်၍ ဗက်ဇဲဒနာမည်တွင်သောမြို့သို့ကြွတော်မူ၏။-
10 Quando os apóstolos voltaram, contaram a Jesus tudo que tinham feito. Em seguida, Jesus se retirou para a cidade de Betsaida, a fim de estar a sós com eles.
11 လူပရိသတ်တို့သည်ထိုသို့ကြွသွားကြောင်းကို ကြားသိကြသောအခါနောက်တော်သို့လိုက် ကြ၏။ ကိုယ်တော်သည်ထိုသူတို့အားကြိုဆို လက်ခံပြီးလျှင် ဘုရားသခင်၏နိုင်ငံတော် အကြောင်းကိုဟောပြောသွန်သင်တော်မူ၏။ မကျန်းမာသူကိုလည်းကျန်းမာစေတော်မူ၏။
11 As multidões descobriram seu paradeiro e o seguiram. Ele as recebeu, ensinou-lhes a respeito do reino de Deus e curou os que estavam enfermos.
12 မိုးချုပ်စပြုသောအခါတစ်ကျိပ်နှစ်ပါးသော တမန်တော်တို့သည်ကိုယ်တော်၏ထံသို့လာ၍ ``ဤ လူပရိသတ်ကိုပတ်ဝန်းကျင်ကျေးလက်နှင့်တော ရွာများသို့သွား၍ တည်းခိုရန်နေရာနှင့်အစား အစာကိုရှာစေတော်မူပါ။ ဤအရပ်သည်လူ သူနှင့်ဝေးရာအရပ်ဖြစ်ပါ၏'' ဟုလျှောက် ထားကြ၏။
12 No fim da tarde, os Doze se aproximaram e lhe disseram: “Mande as multidões aos povoados e campos vizinhos, para que encontrem comida e abrigo para passar a noite, pois estamos num lugar isolado”.
13 ကိုယ်တော်က ``သင်တို့ပင်ထိုသူတို့အားစား စရာကိုကျွေးမွေးကြလော့'' ဟုမိန့်တော်မူ၏။
13 Jesus, porém, disse: “Providenciem vocês mesmos alimento para eles”. “Temos apenas cinco pães e dois peixes”, responderam. “Ou o senhor espera que compremos comida para todo esse povo?”
14 (အဘယ်ကြောင့်ဤသို့လျှောက်ထားရသနည်း ဆိုသော်လူပရိသတ်ဦးရေငါးထောင်ခန့်ရှိ သောကြောင့်ဖြစ်၏။)
14 Havia ali cerca de cinco mil homens. Jesus respondeu: “Digam a eles que se sentem em grupos de cinquenta”.
15 တပည့်တော်တို့သည်အမိန့်တော်အတိုင်း ဆောင်ရွက်ကြ၏။-
15 Os discípulos seguiram sua instrução, e todos se sentaram.
16 ကိုယ်တော်သည်မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကို ယူတော်မူ၏။ ထိုနောက်ကောင်းကင်သို့မျှော်ကြည့် လျက်ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း ၍ မုန့်နှင့်ငါးကိုဖဲ့တော်မူပြီးလျှင်လူတို့အား ဝေငှရန်အတွက်တပည့်တော်တို့အားပေးအပ် တော်မူ၏။-
16 Jesus tomou os cinco pães e os dois peixes, olhou para o céu e os abençoou. Então, partiu-os em pedaços e os entregou aos discípulos para que distribuíssem ao povo.
17 လူအပေါင်းတို့သည်အဝစားရကြ၏။ သူတို့ ၏စားကြွင်းစားကျန်များကိုကောက်သိမ်းရာ တောင်းတစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။
17 Todos comeram à vontade, e os discípulos encheram ainda doze cestos com as sobras.
18 အခါတစ်ပါး၌ကိုယ်တော်သည်တစ်ကိုယ်တည်း ဆုတောင်းပတ္ထနာပြုလျက်နေတော်မူသောအခါ တပည့်တော်တို့သည်ကိုယ်တော်၏ထံတော်သို့လာ ကြ၏။ ကိုယ်တော်က ``လူတို့သည်ငါ့ကိုအဘယ် သူဟုဆိုကြသနည်း'' ဟုမေးတော်မူ၏။
18 Certo dia, Jesus orava em particular, acompanhado apenas dos discípulos. Ele lhes perguntou: “Quem as multidões dizem que eu sou?”.
19 တပည့်တော်တို့က ``ဗတ္တိဇံဆရာယောဟန်ဟု အချို့ဆိုကြပါသည်။ အချို့ကဧလိယဟူ၍ လည်းကောင်း၊ အချို့ကမူပြန်လည်အသက်ရှင်လာ သောရှေးပရောဖက်တစ်ပါးဟူ၍လည်းကောင်း ပြောဆိုကြပါသည်'' ဟုလျှောက်ထားကြ၏။
19 Os discípulos responderam: “Alguns dizem que o senhor é João Batista; outros, que é Elias; e outros ainda, que é um dos profetas antigos que ressuscitou”.
20 ထိုအခါကိုယ်တော်က ``သင်တို့ကမူငါ့ကို အဘယ်သူဟုဆိုကြသနည်း'' ဟုမေးတော် မူ၏။
20 “E vocês?”, perguntou ele. “Quem vocês dizem que eu sou?” Pedro respondeu: “O senhor é o Cristo enviado por Deus!”.
21 ကိုယ်တော်က ``ဤအကြောင်းကိုမည်သူမျှ မသိစေနှင့်'' ဟုကြပ်တည်းစွာပညတ်တော် မူ၏။-
21 Jesus advertiu severamente seus discípulos de que não dissessem a ninguém quem ele era.
22 ထိုနောက်ဆက်လက်၍ ``လူသားသည်ဝေဒနာများ စွာခံတော်မူရမည်။ ဘာသာရေးခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်သူ့ကိုပစ်ပယ်ကြလိမ့်မည်။ လူသား သည်အသေခံရမည်။ သုံးရက်မြောက်သောနေ့ ၌ရှင်ပြန်ထမြောက်လိမ့်မည်'' ဟုတပည့်တော် တို့အားမိန့်တော်မူ၏။
22 “É necessário que o Filho do Homem sofra muitas coisas”, disse. “Ele será rejeitado pelos líderes do povo, pelos principais sacerdotes e pelos mestres da lei. Será morto, mas no terceiro dia ressuscitará.”
23 ထိုနောက်ကိုယ်တော်ကလူအပေါင်းတို့အား ``ငါ့ တပည့်ဖြစ်လိုသူသည်ကိုယ်ကျိုးကိုစွန့်ရမည်။ ကိုယ့်လက်ဝါးကပ်တိုင်ကိုနေ့စဉ်ထမ်း၍ငါ့ နောက်သို့လိုက်ရမည်။-
23 Disse ele à multidão: “Se alguém quer ser meu seguidor, negue a si mesmo, tome diariamente sua cruz e siga-me.
24 မိမိအသက်ကိုကယ်ဆယ်လိုသူသည်အသက် ဆုံးရှုံးရလိမ့်မည်။ ငါ့ကြောင့်အသက်ဆုံးရှုံး သူသည်မိမိအသက်ကိုကယ်ဆယ်လိမ့်မည်။-
24 Se tentar se apegar à sua vida, a perderá. Mas, se abrir mão de sua vida por minha causa, a salvará.
25 လူသည်တစ်လောကလုံးကိုစိုးပိုင်ခွင့်ရသော် လည်း မိမိ၏အသက်ဆုံးရှုံးလျှင်အဘယ် အကျိုးရှိမည်နည်း။-
25 Que vantagem há em ganhar o mundo inteiro, mas perder ou destruir a própria vida?
26 မည်သူမဆိုငါနှင့်ငါ၏သြဝါဒကြောင့်ရှက် လျှင်လူသားသည်မိမိ၏ဘုန်းအသရေ၊ ခမည်း တော်၏ဘုန်းအသရေ၊ သန့်ရှင်းသောကောင်းကင် တမန်များ၏ဘုန်းအသရေကိုဆောင်လျက် ကြွလာသောအခါထိုသူကြောင့်ရှက်တော်မူ လတ္တံ့။-
26 Se alguém se envergonhar de mim e de minha mensagem, o Filho do Homem se envergonhará dele quando vier em sua glória e na glória do Pai e dos santos anjos.
27 သင်တို့အားအမှန်အကန်ငါဆိုသည်ကား ဤ အရပ်ရှိလူအချို့တို့သည်ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်မီမသေရကြ'' ဟု မိန့်တော်မူ၏။
27 Eu lhes digo a verdade: alguns que aqui estão não morrerão antes de ver o reino de Deus!”.
28 ဤသို့မိန့်တော်မူပြီးနောက်ရှစ်ရက်ခန့်ကြာသော အခါကိုယ်တော်သည်ပေတရု၊ ယောဟန်၊ ယာကုပ် တို့ကိုခေါ်၍ဆုတောင်းပတ္ထနာပြုရန်တောင်ပေါ် သို့ကြွတော်မူ၏။-
28 Cerca de oito dias depois, Jesus levou consigo Pedro, João e Tiago a um monte para orar.
29 ဆုတောင်းပတ္ထနာပြုလျက်နေတော်မူစဉ်မျက်နှာ တော်၏အဆင်းအရောင်သည်ထူးခြားလာလျက်၊ အဝတ်တော်သည်ဖြူဖွေးတောက်ပလာ၏။-
29 Enquanto ele orava, a aparência de seu rosto foi transformada, e suas roupas se tornaram brancas e resplandecentes.
30 လူနှစ်ယောက်တို့သည်ရုတ်တရက်ပေါ်လာ၍ ကိုယ်တော်နှင့်စကားပြောလျက်နေ၏။ ထိုသူ တို့သည်ကားမောရှေနှင့်ဧလိယဖြစ်ကြ၏။-
30 De repente, Moisés e Elias apareceram e começaram a falar com Jesus.
31 သူတို့သည်ဘုန်းအသရေနှင့်တကွပေါ်လာ ၍ဘုရားသခင်၏အလိုတော်အရမကြာမီ ယေရုရှလင်မြို့တွင်ကိုယ်တော်အသေခံတော် မူရမည့်အကြောင်းကိုကိုယ်တော်နှင့်ပြောဆို နေကြသတည်း။-
31 Tinham um aspecto glorioso e falavam sobre a partida de Jesus, que estava para se cumprir em Jerusalém.
32 ပေတရုနှင့်အဖော်များသည်ငိုက်မြည်း အိပ်ပျော်လျက်နေကြ၏။ သို့ရာတွင်သူတို့ နိုးလာသောအခါကိုယ်တော်၏ဘုန်းအသ ရေတော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့်အတူ ရပ်နေသူနှစ်ဦးကိုလည်းကောင်းမြင်ကြ၏။-
32 Pedro e os outros lutavam contra o sono, mas acabaram despertando e viram a glória de Jesus e os dois homens que estavam com ele.
33 ထိုသူနှစ်ဦးတို့ကိုယ်တော်၏ထံမှထွက်ခွာသွား နေကြစဉ်ပေတရုက ``အရှင်ဘုရား၊ ဤအရပ် တွင်နေဖွယ်ကောင်းပါ၏။ ကိုယ်တော်အတွက်တဲ တစ်ဆောင်၊ မောရှေအတွက်တဲတစ်ဆောင်၊ ဧလိယ အတွက်တဲတစ်ဆောင်၊ တဲသုံးဆောင်ကိုအကျွန်ုပ် တို့ဆောက်ပါရစေ'' ဟုပြောမိပြောရာပြောဆို လျှောက်ထား၏။
33 Quando Moisés e Elias iam se retirando, Pedro, sem saber o que dizia, falou: “Mestre, é maravilhoso estarmos aqui! Vamos fazer três tendas: uma será sua, uma de Moisés e outra de Elias”.
34 ဤသို့လျှောက်ထားစဉ်မိုးတိမ်တိုက်တစ်ခုသည် ပေါ်လာ၍သူတို့အပေါ်မှာတိမ်ရိပ်ကျလေ၏။-
34 Enquanto ele ainda falava, uma nuvem surgiu e os envolveu, enchendo-os de medo.
35 မိုးတိမ်တိုက်သူတို့အပေါ်သို့ရောက်လာသော အခါသူတို့သည်ကြောက်လန့်ကြ၏။ မိုးတိမ် ထဲက ``ဤသူကားငါ၏သားတော်ဖြစ်၏။ သူ့ အားငါရွေးကောက်တော်မူပြီ။ သူ၏စကား ကိုနားထောင်ကြလော့'' ဟုအသံတော်ထွက် ပေါ်လာ၏။
35 Então uma voz que vinha da nuvem disse: “Este é meu Filho, meu Escolhido. Ouçam-no!”.
36 အသံတော်ထွက်ပေါ်ပြီးသည့်နောက်သခင်ယေရှု တစ်ပါးတည်းကိုသာလျှင်တပည့်တော်တို့မြင် ရကြ၏။ သူတို့သည်မိမိတို့တွေ့မြင်ရသည့် အကြောင်းအရာကိုထိုစဉ်အခါကမည်သူ့ ကိုမျှမပြောဘဲဆိတ်ဆိတ်နေကြ၏။
36 Quando a voz silenciou, só Jesus estava ali. Naquela ocasião, os discípulos não contaram a ninguém o que tinham visto.
37 နောက်တစ်နေ့၌ကိုယ်တော်နှင့်တပည့်တော်တို့သည် တောင်ပေါ်မှဆင်းလာကြ၏။ ထိုအခါများစွာ သောလူပရိသတ်တို့သည်ကိုယ်တော်ကိုခရီးဦး ကြိုဆိုကြ၏။-
37 No dia seguinte, quando desceram do monte, uma grande multidão veio ao encontro de Jesus.
38 ပရိသတ်ထဲမှလူတစ်ယောက်က ``ဆရာတော်၊ အကျွန်ုပ်၏သားကိုကြည့်ရှုတော်မူရန်တောင်း ပန်ပါ၏။ သူသည်အကျွန်ုပ်၏တစ်ဦးတည်းသော သားဖြစ်ပါ၏။-
38 Um homem na multidão gritou: “Mestre, suplico-lhe que veja meu filho, o único que tenho!
39 နတ်ပူးဝင်သဖြင့်ရုတ်တရက်အော်ဟစ်တတ် ပါ၏။ နတ်သည်သူ့ကိုတုန်တက်စေသဖြင့်သူ့ ပါးစပ်မှအမြှုပ်ထွက်တတ်ပါ၏။ နတ်သည် သူ့အားပင်ပန်းမောဟိုက်နာကျင်စေပြီးမှ ခက်ခက်ခဲခဲနှင့်သာလျှင်ထွက်ခွာတတ်ပါ၏။-
39 Um espírito impuro se apodera dele e o faz gritar. Lança-o em convulsões e o faz espumar pela boca. Sacode-o violentamente e quase nunca o deixa em paz.
40 အကျွန်ုပ်သည်အရှင်၏တပည့်များအားထို နတ်ကိုနှင်ထုတ်ပေးရန်တောင်းပန်ပါသော် လည်းသူတို့သည်မတတ်နိုင်ကြပါ'' ဟု လျှောက်ထား၏။
40 Supliquei a seus discípulos que o expulsassem, mas eles não conseguiram”.
41 သခင်ယေရှုက ``ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန် တတ်သောခေတ်လူတို့၊ ငါသည်သင်တို့နှင့်အတူ မည်မျှကြာအောင်နေ၍သည်းခံရမည်နည်း'' ဟု မိန့်တော်မူ၏။ ထိုနောက်ထိုသူအား ``သင်၏သား ကိုခေါ်ခဲ့လော့'' ဟုမိန့်တော်မူ၏။
41 Jesus disse: “Geração incrédula e corrompida! Até quando estarei com vocês e terei de suportá-los?”. Então disse ao homem: “Traga-me seu filho”.
42 သူငယ်လာနေစဉ်ပင်နတ်မိစ္ဆာသည်သူ့အားမြေ ပေါ်သို့လှဲ၍တုန်တက်စေ၏။ သခင်ယေရှုသည် နတ်မိစ္ဆာအားအမိန့်ပေး၍သူငယ်ကိုကျန်းမာ စေတော်မူပြီးနောက်ဖခင်အားပြန်လည်ပေး အပ်တော်မူ၏။-
42 Quando o menino se aproximou, o demônio o derrubou no chão, numa convulsão violenta. Jesus, porém, repreendeu o espírito impuro, curou o menino e o devolveu ao pai.
43 လူအပေါင်းတို့သည်ဘုရားသခင်၏မဟာ တန်ခိုးတော်ကိုမြင်ရ၍အံ့သြကြကုန်၏။
43 Todos se espantaram com a grandiosidade do poder de Deus. Enquanto todos se maravilhavam com seus feitos, Jesus disse aos discípulos:
44 ``လူသားသည်လူတို့၏လက်သို့အပ်နှံခြင်းကို ခံရလိမ့်မည်။ ဤစကားကိုသင်တို့သတိပြု၍ မှတ်ထားကြလော့'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။-
44 “Ouçam-me e lembrem-se do que lhes digo: o Filho do Homem será traído e entregue em mãos humanas”.
45 သို့ရာတွင်တပည့်တော်တို့သည်ထိုစကားကို နားမလည်ကြ။ ယင်းသို့နားမလည်ကြစေရန် အနက်အဋ္ဌိပ္ပါယ်ကွယ်ဝှက်လျက်ရှိသတည်း။ သူ တို့သည်လည်းကိုယ်တော်အားမမေးမလျှောက် ဝံ့ကြ။
45 Eles, porém, não entendiam essas coisas. O significado estava escondido deles, de modo que não eram capazes de compreender e tinham medo de perguntar.
46 တပည့်တော်တို့သည်မိမိတို့တွင်အဘယ်သူ သည်အကြီးမြတ်ဆုံးနည်းဟုအချင်းချင်း အခြေအတင်ပြောဆိုနေကြ၏။-
46 Os discípulos começaram a discutir sobre qual deles seria o maior.
47 သခင်ယေရှုသည်ထိုသို့ငြင်းခုံနေကြသည် ကိုသိတော်မူသဖြင့် ကလေးသူငယ်တစ်ယောက် ကိုခေါ်၍မိမိအနီးတွင်ရပ်စေတော်မူ၏။-
47 Jesus, conhecendo seus pensamentos, trouxe para junto de si uma criança pequena
48 ထိုနောက်ကိုယ်တော်က ``ငါ၏နာမကိုထောက် ၍ဤကလေးသူငယ်ကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလက်ခံ ၏။ သင်တို့တွင်အသိမ်ငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးဖြစ်၏'' ဟုမိန့်တော်မူ၏။
48 e disse: “Quem recebe uma criança como esta em meu nome recebe a mim, e quem me recebe também recebe aquele que me enviou. Portanto, o menor entre vocês será o maior”.
49 ယောဟန်က ``အရှင်ဘုရား၊ လူတစ်ယောက်သည် အရှင်၏နာမတော်ကိုအမှီပြု၍နတ်မိစ္ဆာတို့ ကိုနှင်ထုတ်နေသည်ကိုအကျွန်ုပ်တို့တွေ့မြင် ခဲ့ပါသည်။ သူသည်အကျွန်ုပ်တို့ဘက်သား မဟုတ်။ ထို့ကြောင့်အကျွန်ုပ်တို့သည်သူ့အား အရှင်၏နာမတော်ကိုအသုံးမပြုရန် တားမြစ်ခဲ့ပါ၏'' ဟုလျှောက်ထား၏။
49 João disse a Jesus: “Mestre, vimos alguém usar seu nome para expulsar demônios; nós o proibimos, pois ele não era do nosso grupo”.
50 သခင်ယေရှုက ``ထိုသူကိုမတားမြစ်ကြ နှင့်။ သင်တို့ကိုမဆန့်ကျင်သူသည်သင်တို့ ဘက်သားဖြစ်၏'' ဟုမိန့်တော်မူ၏။
50 “Não o proíbam!”, disse Jesus. “Quem não é contra vocês é a favor de vocês.”
51 ကောင်းကင်ဘုံသို့တက်ကြွရန်အချိန်နီးလာ သောအခါ ကိုယ်တော်သည်ယေရုရှလင်မြို့သို့ ကြွတော်မူရန်စိတ်ပိုင်းဖြတ်လျက်-
51 Como se aproximava o tempo de ser elevado ao céu, Jesus partiu com determinação para Jerusalém.
52 စေတမန်များကိုကြိုတင်စေလွှတ်တော်မူ၏။ သူတို့သည်သွား၍ကိုယ်တော်၏အတွက်ပြင် ဆင်မှုများကိုပြုရန်ရှမာရိရွာတစ်ရွာသို့ ဝင်ကြ၏။-
52 Enviou mensageiros adiante até um povoado samaritano, a fim de fazerem os preparativos para sua chegada.
53 သို့ရာတွင်ကိုယ်တော်သည်ယေရုရှလင်မြို့သို့ ခရီးပြုလျက်နေတော်မူသည်ကိုထောက်၍ ရွာသားတို့သည်ကိုယ်တော်ကိုလက်မခံကြ။-
53 Contudo, os habitantes do povoado não receberam Jesus, porque parecia evidente que ele estava a caminho de Jerusalém.
54 ဤအခြင်းအရာကိုကိုယ်တော်၏တပည့်တော် များဖြစ်ကြသောယာကုပ်နှင့်ယောဟန်တို့မြင် ကြသောအခါ ``အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျ၍ထိုသူတို့အားလောင် ကျွမ်းစေရန်အလိုရှိတော်မူသလော'' ဟုမေး လျှောက်ကြ၏။
54 Percebendo isso, Tiago e João disseram a Jesus: “Senhor, quer que mandemos cair fogo do céu para consumi-los?”.
55 ကိုယ်တော်သည်လှည့်၍သူတို့အားဆုံးမတော် မူ၏။-
55 Jesus, porém, se voltou para eles e os repreendeu.
56 ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် အခြားရွာတစ်ရွာသို့ထွက်သွားကြ၏။
56 E seguiram para outro povoado.
57 ယင်းသို့ခရီးပြုနေကြစဉ်လူတစ်ယောက် က ``အကျွန်ုပ်သည်အရှင်ကြွတော်မူရာသို့ လိုက်ပါမည်'' ဟုသခင်ယေရှုအားလျှောက် ထား၏။
57 Quando andavam pelo caminho, alguém disse a Jesus: “Eu o seguirei aonde quer que vá”.
58 သခင်ယေရှုက ``မြေခွေးမှာတွင်းရှိ၏။ ငှက်မှာ အသိုက်ရှိ၏။ လူသားမှာမူကားခေါင်းချစရာ နေရာမျှမရှိ'' ဟုမိန့်တော်မူ၏။
58 Jesus respondeu: “As raposas têm tocas onde morar e as aves têm ninhos, mas o Filho do Homem não tem sequer um lugar para recostar a cabeça”.
59 ကိုယ်တော်သည်အခြားလူတစ်ယောက်အား ``ငါ့ နောက်သို့လိုက်လော့'' ဟုမိန့်တော်မူ၏။
59 E a outra pessoa ele disse: “Siga-me”. O homem, porém, respondeu: “Senhor, deixe-me primeiro sepultar meu pai”.
60 ကိုယ်တော်က ``လူသေတို့သည်အချင်းချင်း သင်္ဂြိုဟ်ကြပါစေ။ သင်မူကားသွား၍ဘုရား သခင်၏နိုင်ငံတော်အကြောင်းဟောပြော လော့'' ဟုမိန့်တော်မူ၏။
60 Jesus respondeu: “Deixe que os mortos sepultem seus próprios mortos. Você, porém, deve ir e anunciar o reino de Deus”.
61 အခြားသောသူတစ်ယောက်က ``အရှင်၊ အကျွန်ုပ် သည်နောက်တော်သို့လိုက်ပါမည်။ သို့ရာတွင် အကျွန်ုပ်၏အိမ်သူအိမ်သားများအားဦး စွာသွား၍နှုတ်ဆက်ခွင့်ပြုတော်မူပါ'' ဟု လျှောက်၏။
61 Outro, ainda, disse: “Senhor, eu o seguirei, mas deixe que antes me despeça de minha família”.
62 သခင်ယေရှုက ``ထွန်ကိုင်းကိုကိုင်လျက်နောက် သို့လှည့်ကြည့်သူသည်ဘုရားသခင်၏နိုင်ငံ တော်အတွက်အသုံးမဝင်'' ဟုမိန့်တော်မူ၏။
62 Mas Jesus lhe disse: “Quem põe a mão no arado e olha para trás não está apto para o reino de Deus”.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.