Lucas 7
Common Language Bible (MYA) vs NVT
1 သခင်ယေရှုသည်လူတို့အားဤသို့ဟောပြော သွန်သင်ပြီးနောက်ကပေရနောင်မြို့သို့ကြွ တော်မူ၏။-
1 Quando Jesus terminou de dizer tudo isso à multidão, entrou em Cafarnaum.
2 ထိုမြို့တွင်တာဝန်ကျသောတပ်ခွဲမှူးတစ်ယောက် ၌အစေခံတစ်ယောက်ရှိ၏။ တပ်ခွဲမှူးသည်ထို အစေခံကိုအလွန်ချစ်မြတ်နိုး၏။ သူသည် ဖျားနာလျက်သေအံ့ဆဲဆဲဖြစ်၍နေ၏။-
2 Naquela ocasião, um escravo muito estimado de um oficial romano estava enfermo, à beira da morte.
3 တပ်ခွဲမှူးသည်သခင်ယေရှု၏သတင်းတော်ကို ကြားသောအခါ ယုဒအမျိုးသားခေါင်းဆောင် များကိုအထံတော်သို့စေလွှတ်ပြီးလျှင် ကိုယ် တော်ကြွ၍မိမိအစေခံအားကျန်းမာစေရန် လျှောက်စေ၏။-
3 Quando o oficial ouviu falar de Jesus, mandou alguns líderes judeus lhe pedirem que fosse curar seu escravo.
4 သခင်ယေရှုထံသို့ရောက်သောအခါခေါင်းဆောင် က ``ထိုတပ်ခွဲမှူးသည်အရှင်၏ကျေးဇူးပြုခြင်း ကိုခံထိုက်သူဖြစ်ပါ၏။-
4 Os líderes suplicaram insistentemente que Jesus socorresse o homem, dizendo: “Ele merece sua ajuda,
5 အကျွန်ုပ်တို့အမျိုးသားများကိုချစ်သောကြောင့် တရားဇရပ်တစ်ဆောင်ကိုဆောက်လုပ်ပေးသူ ဖြစ်ပါ၏'' ဟုလေးနက်စွာထောက်ခံလျှောက် ထားကြ၏။
5 pois ama o povo judeu e até nos construiu uma sinagoga”.
6 သခင်ယေရှုသည်ထိုသူတို့နှင့်အတူကြွတော် မူ၍ တပ်ခွဲမှူး၏အိမ်နှင့်မလှမ်းမကမ်းသို့ရောက် တော်မူ၏။ ထိုအခါတပ်ခွဲမှူးသည်မိတ်ဆွေများ ကိုကိုယ်တော်၏ထံသို့စေလွှတ်ကာ ``အရှင်၊ ဒုက္ခ ရှာတော်မမူပါနှင့်။ အကျွန်ုပ်သည်မထိုက်မတန် သူဖြစ်ပါ၏။ အကျွန်ုပ်၏အိမ်မိုးအောက်သို့အရှင် ဝင်တော်မူရန်မသင့်လျော်ပါ။ ထို့အတူအကျွန်ုပ် သည်အရှင်၏အထံတော်သို့လာထိုက်သူမဟုတ် ဟုယူဆပါ၏။-
6 Jesus foi com eles, mas, antes de chegarem à casa, o oficial mandou alguns amigos para dizer: “Senhor, não se incomode em vir à minha casa, pois não sou digno de tamanha honra.
7 အမိန့်တော်ကိုသာပေးတော်မူပါလျှင် အကျွန်ုပ် ၏အစေခံသည်ကျန်းမာလာပါလိမ့်မည်။-
7 Não sou digno sequer de ir ao seu encontro. Basta uma ordem sua, e meu servo será curado.
8 အကျွန်ုပ်ကိုယ်တိုင်ပင်အထက်အရာရှိအောက် တွင်အမှုထမ်းသူဖြစ်၍ အကျွန်ုပ်၏လက်အောက် တွင်လည်းစစ်သားများရှိပါ၏။ စစ်သားတစ် ယောက်အား `သွားလော့' ဟုဆိုလျှင်သူသည်သွား ပါ၏။ အခြားတစ်ယောက်အား `လာခဲ့' ဟုဆိုလျှင် လာပါ၏။ အကျွန်ုပ်၏ကျွန်အား `ဤအမှုကိုပြု လော့' ဟုဆိုလျှင်သူသည်ပြုပါ၏'' ဟုလျှောက် ထားစေ၏။ ဤစကားကိုသခင်ယေရှုကြား တော်မူလျှင်အံ့သြတော်မူ၏။
8 Sei disso porque estou sob a autoridade de meus superiores e tenho autoridade sobre meus soldados. Só preciso dizer ‘Vão’, e eles vão, ou ‘Venham’, e eles vêm. E, se digo a meus escravos: ‘Façam isto’, eles fazem”.
9 ကိုယ်တော်သည်နောက်တော်ကလိုက်လာကြ သော လူပရိသတ်တို့ကိုလှည့်ကြည့်တော်မူ လျက် ``ငါဆိုသည်ကားဤကဲ့သို့သောယုံကြည် ခြင်းကို ဣသရေလအမျိုးသားတို့အထဲမှာ ပင် ငါမတွေ့မကြုံဖူးသေး'' ဟုမိန့်တော်မူ၏။
9 Quando Jesus ouviu isso, ficou admirado. Voltou-se para a multidão que o seguia e disse: “Eu lhes digo a verdade: jamais vi fé como esta em Israel!”.
10 တပ်ခွဲမှူးစေလွှတ်လိုက်သောသူများသည်အိမ် သို့ပြန်ရောက်ကြသောအခါထိုအစေခံသည် ကျန်းမာလျက်ရှိသည်ကိုတွေ့ကြ၏။
10 E, quando os amigos do oficial voltaram para a casa dele, encontraram o escravo em perfeita saúde.
11 ထိုနောက်ကိုယ်တော်သည်နာဣနမြို့သို့ကြွတော် မူသောအခါ တပည့်တော်တို့နှင့်လူပရိသတ် ကြီးသည်လိုက်ပါလာကြ၏။-
11 Logo depois, Jesus foi com seus discípulos à cidade de Naim, e uma grande multidão o seguiu.
12 မြို့တံခါးအနီးသို့ကိုယ်တော်ရောက်ချိန်၌ လူတို့ သည်မုဆိုးမတစ်ယောက်၏တစ်ဦးတည်းသော သား၏အလောင်းကိုသင်္ဂြိုဟ်ရန် မြို့ပြင်သို့ထုတ် ဆောင်လာကြ၏။ ထိုမုဆိုးမနှင့်အတူမြို့သူ မြို့သားတို့သည်လိုက်ပို့ကြ၏။-
12 Quando ele se aproximou da porta da cidade, estava saindo o enterro do único filho de uma viúva, e uma grande multidão da cidade a acompanhava.
13 ကိုယ်တော်သည်ထိုအမျိုးသမီးကိုမြင်သော အခါသနားတော်မူသဖြင့် ``မငိုနှင့်'' ဟု သူ့အားမိန့်တော်မူ၏။-
13 Quando o Senhor a viu, sentiu profunda compaixão por ela. “Não chore!”, disse ele.
14 ထို့နောက်အနီးသို့ကြွတော်မူပြီးလျှင် အလောင်း စင်ကိုလက်တော်ဖြင့်တို့ထိတော်မူ၏။ ထိုအခါ အလောင်းစင်ထမ်းသူတို့သည်ရပ်တန့်ကြ၏။ ကိုယ် တော်က ``အချင်းလူငယ်၊ ထလော့၊ သင့်အားငါ အမိန့်ပေး၏'' ဟုမိန့်တော်မူရာ၊-
14 Então foi até o caixão, tocou nele e os carregadores pararam. E disse: “Jovem, eu lhe digo: levante-se!”.
15 သူသေသည်ထိုင်ပြီးလျှင်စကားပြောလေ၏။ ထိုနောက်ကိုယ်တော်သည်သူ့ကိုမိခင်အားအပ် ပေးတော်မူ၏။
15 O jovem que estava morto se levantou e começou a conversar, e Jesus o devolveu à sua mãe.
16 လူအပေါင်းတို့သည်ကြောက်ရွံ့လျက်ဘုရားသခင် ၏ဂုဏ်ကျေးဇူးတော်ကိုချီးကူးကြ၏။ သူတို့ က ``ငါတို့တွင်ပရောဖက်ကြီးတစ်ပါးပေါ်ထွန်း လေပြီ။ ဘုရားသခင်သည်မိမိလူစုတော်အား ကယ်တင်ရန်ကြွလာတော်မူပြီ'' ဟုဂုဏ်ကျေးဇူး တော်ကိုချီးကူးကြ၏။
16 Grande temor tomou conta da multidão, que louvava a Deus, dizendo: “Um profeta poderoso se levantou entre nós!” e “Hoje Deus visitou seu povo!”.
17 ကိုယ်တော်၏သတင်းတော်သည်ယုဒပြည်တစ် လျှောက်လုံးနှင့်ပတ်ဝန်းကျင်တွင်ပျံ့နှံ့သွားတော့ ၏။
17 Essa notícia sobre Jesus se espalhou por toda a Judeia e seus arredores.
18 ယောဟန်အားတပည့်များကဤအကြောင်း အရာအလုံးစုံတို့ကိုပြောကြားကြ၏။ ထို အခါသူသည်တပည့်နှစ်ယောက်ကိုခေါ်ပြီး လျှင်သခင်ယေရှုထံသို့စေလွှတ်လျက်၊-
18 Os discípulos de João Batista lhe contaram tudo que Jesus estava fazendo. Então João chamou dois de seus discípulos
19 ``ကိုယ်တော်သည်ကြွလာတော်မူမည်ဟုဆို သောအရှင်ပေလော။ သို့တည်းမဟုတ်အခြား ပ္ဂိုလ်တစ်ဦးကိုစောင့်မျှော်ရပါမည်လော'' ဟု မေးလျှောက်စေ၏။
19 e os enviou ao Senhor, para lhe perguntar: “O senhor é aquele que haveria de vir, ou devemos esperar algum outro?”.
20 ထိုသူနှစ်ယောက်တို့သည်ကိုယ်တော်၏ထံသို့လာ ကြပြီးနောက် ``ကိုယ်တော်သည်ကြွလာတော်မူ မည်ဟုဆိုသောအရှင်ပေလော။ သို့တည်းမဟုတ် အခြားပ္ဂိုလ်တစ်ဦးကိုစောင့်မျှော်ရပါမည် လော။ ဤသို့မေးလျှောက်ရန်ဗတ္တိဇံဆရာယောဟန် ကအကျွန်ုပ်တို့ကိုစေလွှတ်လိုက်ပါသည်'' ဟု လျှောက်ထားကြ၏။
20 Os dois discípulos de João encontraram Jesus e lhe disseram: “João Batista nos enviou para lhe perguntar: ‘O senhor é aquele que haveria de vir, ou devemos esperar algum outro?’”.
21 ထိုအခါ၌ကိုယ်တော်သည်လူတို့၏ရောဂါ ဝေဒနာများကိုပျောက်ကင်းစေတော်မူ၏။ နတ် မိစ္ဆာများကိုနှင်ထုတ်၍မျက်မမြင်များကို မျက်စိမြင်စေတော်မူ၏။-
21 Naquela mesma hora, Jesus curou muitas pessoas de suas doenças, enfermidades e espíritos impuros, e restaurou a visão a muitos cegos.
22 ကိုယ်တော်က ``သင်တို့မြင်ရကြားရသည့်အရာ များကိုယောဟန်ထံသွား၍ပြောကြားလော့။ မျက်မမြင်များမျက်စိအလင်းကိုပြန်လည် ရရှိကြ၏။ ခြေကျိုးသူများလမ်းလျှောက်ကြ၏။ အရေပြားရောဂါသည်များသန့်စင်သွားကြ ၏။ နားပင်းသူများနားကြားရကြ၏။ သေ သူများအသက်ပြန်၍ရှင်ကြ၏။ ဆင်းရဲ သူတို့သတင်းကောင်းကိုကြားရကြ၏။-
22 Em seguida, disse aos discípulos de João: “Voltem a João e contem a ele o que vocês viram e ouviram: os cegos veem, os aleijados andam, os leprosos são purificados, os surdos ouvem, os mortos são ressuscitados e as boas-novas são anunciadas aos pobres”.
23 ငါ့အပေါ်၌ယုံမှားခြင်းကင်းသူသည်မင်္ဂ လာရှိ၏'' ဟုယောဟန်၏တပည့်များအား ဖြေကြားတော်မူ၏။
23 E disse ainda: “Felizes são aqueles que não se sentem ofendidos por minha causa”.
24 ယောဟန်တပည့်များအထံတော်မှထွက်သွား ကြသောအခါ သခင်ယေရှုသည်ယောဟန် အကြောင်းနှင့်ပတ်သက်၍လူပရိသတ်တို့ အား ``သင်တို့သည်အဘယ်အရာကိုကြည့်ရှု ရန်တောကန္တာရသို့သွားကြသနည်း။ လေတိုက် ၍လှုပ်သောကူပင်ကိုကြည့်ရှုကြရန်လော။-
24 Depois que os discípulos de João saíram, Jesus começou a falar a respeito dele para as multidões: “Que tipo de homem vocês foram ver no deserto? Um caniço que qualquer brisa agita?
25 ထိုသို့မဟုတ်ပါမူဝတ်ကောင်းစားလှဝတ်ဆင် ထားသူကိုကြည့်ရှုကြရန်လော။ ဝတ်ကောင်းစား လှဝတ်ဆင်ကာစည်းစိမ်ခံသူများကားမင်း အိမ်စိုးအိမ်များတွင်နေထိုင်ကြ၏။-
25 Afinal, o que esperavam ver? Um homem vestido com roupas caras? Não, quem veste roupas caras e vive no luxo mora em palácios.
26 ထိုသို့မဟုတ်ပါမူပရောဖက်ကိုကြည့်ရှုရန် လော။ မှန်ပေ၏။ ပရောဖက်ထက်ကြီးမြတ်သူ ကိုကြည့်ရှုရန်ဖြစ်၏။-
26 Acaso procuravam um profeta? Sim, ele é mais que profeta.
27 ကျမ်းစာတော်တွင် `နားထောင်လော့၊ သင်၏လမ်း ကိုအသင့်ဖြစ်စေရန် ငါ၏စေတမန်ကိုသင့် အလျင်စေလွှတ်မည်' ဟုဖော်ပြထား၏။ ယောဟန်ကားထိုစေတမန်ပင်ဖြစ်၏။-
27 João é o homem ao qual as Escrituras se referem quando dizem: ‘Envio meu mensageiro adiante de ti, e ele preparará teu caminho à tua frente’.
28 အမျိုးသမီးများမှဖွားမြင်သူများအနက် ယောဟန်ထက်ကြီးမြတ်သူတစ်ယောက်မျှမရှိ ဟုသင်တို့အားငါဆို၏။ သို့ရာတွင်ဘုရား သခင်၏အုပ်စိုးခြင်းကိုဝန်ခံသူတို့တွင် အသိမ်ငယ်ဆုံးသောသူသည်ယောဟန်ထက် ကြီးမြတ်၏'' ဟုမိန့်တော်မူ၏။
28 Eu lhes digo: de todos que nasceram de mulher, nenhum é maior que João Batista. E, no entanto, até o menor no reino de Deus é maior que ele”.
29 လူအပေါင်းတို့သည်ကိုယ်တော်၏စကားတော် ကိုကြားကြ၏။ ထိုသူတို့အနက်အထူးသဖြင့် အခွန်ခံသူများသည်ဘုရားသခင်၏ဖြောင့်မှန် သောပြဋ္ဌာန်းချက်များကိုလိုက်နာ၍ ယောဟန် ထံမှဗတ္တိဇံမင်္ဂလာကိုခံယူခဲ့သူများဖြစ် ကြ၏။-
29 Todos que ouviram as palavras de Jesus, até mesmo os cobradores de impostos, concordaram que o caminho de Deus era justo, pois tinham sido batizados por João.
30 သို့ရာတွင်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာများမူ ကား မိမိတို့အတွက်ဘုရားသခင်ထားရှိတော် မူသောအကြံအစည်တော်ကိုပစ်ပယ်သူများ ဖြစ်ကြသဖြင့် ယောဟန်ထံတွင်ဗတ္တိဇံကို မခံမယူကြ။
30 Os fariseus e mestres da lei, no entanto, rejeitaram o propósito de Deus para eles, pois recusaram o batismo de João.
31 ကိုယ်တော်က ``ဤခေတ်လူတို့ကိုအဘယ်သို့ပုံ ဥပမာခိုင်းနှိုင်းရမည်နည်း။ သူတို့သည်အဘယ် သူများနှင့်တူကြသနည်း။-
31 “Assim, a que posso comparar o povo desta geração?”, perguntou Jesus.
32 သူတို့ကားစျေးရပ်ကွက်တွင်ထိုင်လျက် `ငါတို့ သာယာစွာတီးမှုတ်သော်လည်းသင်တို့သည် မကမခုန်။ ငါတို့ငိုချင်းကိုဆိုသော်လည်း သင်တို့သည်မငိုမကြွေး' ဟုအချင်းချင်း အော်ဟစ်ပြောဆိုသောကလေးသူငယ်များ နှင့်တူ၏။-
32 “Como posso descrevê-los? São como crianças que brincam na praça. Queixam-se a seus amigos: ‘Tocamos flauta, e vocês não dançaram, entoamos lamentos, e vocês não choraram’.
33 အဘယ်ကြောင့်ဆိုသော်ဗတ္တိဇံဆရာယောဟန် သည်အစားအစာကိုမစား၊ စပျစ်ရည်ကို မသောက်ဘဲလာသောအခါသင်တို့က `ဤ သူသည်နတ်မိစ္ဆာပူးဝင်သူ' ဟုဆိုကြ၏။-
33 Quando João Batista apareceu, não costumava comer e beber em público, e vocês disseram: ‘Está possuído por demônio’.
34 လူသားသည်စားလျက်သောက်လျက်လာသော အခါသင်တို့က `ကြည့်လော့၊' ဤသူသည်စား ကြူးသူဖြစ်သည်။ အခွန်ခံသူများနှင့်အခြား အပယ်ခံသူများနှင့်မိတ်ဖွဲ့သူဖြစ်သည်' ဟု ဆိုကြ၏။-
34 O Filho do Homem, por sua vez, come e bebe, e vocês dizem: ‘É comilão e beberrão, amigo de cobradores de impostos e pecadores’.
35 သို့ရာတွင်ဘုရားသခင်၏ရွှေဉာဏ်တော်ကို လက်ခံသူအပေါင်းတို့က ထိုရွှေဉာဏ်တော် သည်မှန်ကန်ကြောင်းကိုပြသကြ၏'' ဟု မိန့်တော်မူ၏။
35 Mas a sabedoria é comprovada pela vida daqueles que a seguem.”
36 ဖာရိရှဲတစ်ယောက်သည်ကိုယ်တော်အားမိမိ နှင့်အတူညစာသုံးဆောင်တော်မူရန်ပင့်ဖိတ် ၏။ ကိုယ်တော်သည်ဖာရိရှဲ၏အိမ်သို့ဝင်၍စား ပွဲတွင်ထိုင်တော်မူ၏။-
36 Um dos fariseus convidou Jesus para jantar. Jesus foi à casa dele e tomou lugar à mesa.
37 ထိုမြို့တွင်အပြစ်ကူးသူအမျိုးသမီးတစ် ယောက်ရှိ၏။ သူသည်ဖာရိရှဲ၏အိမ်တွင်ကိုယ်တော် ညစာသုံးဆောင်တော်မူကြောင်းကိုသိသောအခါ ဆီမွှေးကျောက်ဖြူဘူးတစ်လုံးကိုယူဆောင်ပြီး လျှင် ကိုယ်တော်၏နောက်၌ခြေတော်ရင်းတွင် ရပ်လျက်ငိုယိုကာနေ၏။-
37 Quando uma mulher daquela cidade, uma pecadora, soube que ele estava jantando ali, trouxe um frasco de alabastro contendo um perfume caro.
38 သူ၏မျက်ရည်သည်ကိုယ်တော်၏ခြေများ အပေါ်သို့ကျသည်ရှိသော်မိမိ၏ဆံပင် ဖြင့်သုတ်၏။ ထိုနောက်ထိုအမျိုးသမီးသည် ကိုယ်တော်၏ခြေများကိုနမ်းရှုပ်ပြီးလျှင် ဆီမွှေးဖြင့်သုတ်လိမ်းလျက်နေ၏။-
38 Em seguida, ajoelhou-se aos pés de Jesus, chorando. As lágrimas caíram sobre os pés dele, e ela os secou com seu cabelo; e continuou a beijá-los e a derramar perfume sobre eles.
39 ကိုယ်တော်အားပင့်ဖိတ်သူဖာရိရှဲသည်ဤ အခြင်းအရာကိုမြင်လျှင် ``ဤသူသည်ပရော ဖက်ဖြစ်ပါမူ သူ၏ခြေကိုကိုင်သောအမျိုး သမီးသည်အဘယ်သူဖြစ်သည်ကိုလည်း ကောင်း၊ အဘယ်သို့သောအပြစ်ကူးလွန်သည့် အမျိုးသမီးဖြစ်သည်ကိုလည်းကောင်း သိလိမ့်မည်'' ဟုတွေးတောလျက်နေ၏။
39 Quando o fariseu que havia convidado Jesus viu isso, disse consigo: “Se este homem fosse profeta, saberia que tipo de mulher está tocando nele. Ela é uma pecadora!”.
40 ထိုအခါသခင်ယေရှုကထိုသူအား ``ရှိမုန်၊ သင့်အားငါပြောစရာတစ်ခုရှိ၏'' ဟုမိန့် တော်မူ၏။
40 Jesus disse ao fariseu: “Simão, tenho algo a lhe dizer”. “Diga, mestre”, respondeu Simão.
41 သခင်ယေရှုက ``ငွေချေးစားသူတစ်ဦးတွင် အကြွေးတင်သူနှစ်ဦးရှိ၏။ တစ်ဦးကငွေဒင်္ဂါး ငါးရာ၊ အခြားတစ်ဦးကငါးဆယ်အကြွေး တင်၏။-
41 Então Jesus lhe contou a seguinte história: “Um homem emprestou dinheiro a duas pessoas: quinhentas moedas de prata a uma delas e cinquenta à outra.
42 သူတို့သည်အကြွေးမဆပ်နိုင်သဖြင့်ကြွေးရှင် သည် ထိုသူနှစ်ဦးလုံး၏အကြွေးအားလုံးကို လျှော်ပစ်လိုက်၏။ ထိုသူနှစ်ဦးအနက်အဘယ် သူသည် ကြွေးရှင်ကိုပို၍မေတ္တာရှိလိမ့်မည် နည်း'' ဟုမေးတော်မူ၏။
42 Como nenhum dos devedores conseguiu lhe pagar, ele generosamente perdoou ambos e cancelou suas dívidas. Qual deles o amou mais depois disso?”.
43 ရှိမုန်က ``ငွေပို၍လျှော်ပစ်ခြင်းခံရသူသည် ပို၍မေတ္တာရှိမည်ထင်ပါသည်'' ဟုလျှောက်၏။
43 Simão respondeu: “Suponho que aquele de quem ele perdoou a dívida maior”. “Você está certo”, disse Jesus.
44 ထိုနောက်အမျိုးသမီး၏ဘက်ကိုလှည့်၍ ရှိမုန်အား ``သင်သည်ဤအမျိုးသမီးကို မြင်သလော။ ငါသည်သင်၏အိမ်သို့ဝင်သော အခါ သင်သည်ခြေဆေးရေကိုမပေး။ သို့ ရာတွင်သူသည်မျက်ရည်ဖြင့် ငါ့ခြေကို ဆေး၍ဆံပင်ဖြင့်သုတ်လေပြီ။-
44 Então voltou-se para a mulher e disse a Simão: “Veja esta mulher ajoelhada aqui. Quando entrei em sua casa, você não ofereceu água para eu lavar os pés, mas ela os lavou com suas lágrimas e os secou com seus cabelos.
45 သင်သည်ငါ့ကိုမနမ်း။ ထိုအမျိုးသမီး သည်ဤအိမ်သို့ဝင်ချိန်မှစ၍ငါ၏ခြေ ကိုအဆက်မပြတ်နမ်းလေပြီ။-
45 Você não me cumprimentou com um beijo, mas, desde a hora em que entrei, ela não parou de beijar meus pés.
46 သင်သည်ငါ၏ခေါင်းကိုဆီဖြင့်မလိမ်း။ သူမူကား ငါ၏ခြေကိုဆီမွှေးဖြင့်လိမ်းလေပြီ။ ထိုကြောင့်သင့် အားငါဆိုသည်ကား ဤအမျိုးသမီးသည်များစွာ သောအပြစ်တို့မှပြေလွတ်လေပြီ။-
46 Você não me ofereceu óleo para ungir minha cabeça, mas ela ungiu meus pés com um perfume raro.
47 ထိုသို့ပြေလွတ်ကြောင်းကိုသူ၏ကြီးမားသော မေတ္တာကသက်သေခံ၏။ အပြစ်အနည်းငယ်သာ ပြေလွတ်သူမူကားအနည်းငယ်သာလျှင်ချစ် တတ်၏'' ဟုမိန့်တော်မူ၏။
47 “Eu lhe digo: os pecados dela, que são muitos, foram perdoados e, por isso, ela demonstrou muito amor por mim. Mas a pessoa a quem pouco foi perdoado demonstra pouco amor”.
48 ထိုနောက်ကိုယ်တော်က ``သင်၏အပြစ်ကိုဖြေ လွှတ်ပြီ'' ဟုအမျိုးသမီးအားမိန့်တော်မူ၏။
48 Então Jesus disse à mulher: “Seus pecados estão perdoados”.
49 ကိုယ်တော်နှင့်အတူညစာစားနေကြသူတို့ သည် ``အပြစ်ကိုပင်ဖြေလွှတ်သောဤသူကား အဘယ်သူနည်း'' ဟုအချင်းချင်းပြောဆိုကြ၏။
49 Os homens que estavam à mesa diziam entre si: “Quem é esse que anda por aí perdoando pecados?”.
50 သို့ရာတွင်ကိုယ်တော်ကထိုအမျိုးသမီး အား ``သင်၏ယုံကြည်ခြင်းသည်သင့်ကိုကယ် တင်ပြီ။ စိတ်ချမ်းသာစွာသွားလော့'' ဟုမိန့် တော်မူ၏။
50 E Jesus disse à mulher: “Sua fé a salvou. Vá em paz”.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.