Lucas 5
Common Language Bible (MYA) vs ARIB
1 တစ်နေ့သ၌ကိုယ်တော်သည်ဂင်နေသရက် အိုင်ကမ်းခြေတွင်ရပ်လျက်နေတော်မူစဉ် လူ တို့သည်ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာရန်ကိုယ်တော်၏အနီးသို့တိုးကြိတ် လာကြ၏။-
1 Certa vez, quando a multidão apertava Jesus para ouvir a palavra de Deus, ele estava junto ao lago de Genezaré;
2 ထိုအခါကိုယ်တော်သည်ကမ်းနားမှာဆိုက်ထား သောလှေနှစ်စင်းကိုမြင်တော်မူ၏။ တံငါသည် တို့သည်ထိုလှေများပေါ်မှဆင်းပြီးနောက် မိမိ တို့၏ပိုက်ကွန်များကိုဆေးကြောလျက်နေ ကြ၏။-
2 e viu dois barcos junto à praia do lago; mas os pescadores haviam descido deles, e estavam lavando as redes.
3 ကိုယ်တော်သည်ထိုလှေနှစ်စင်းအနက်ရှိမုန်၏ လှေသို့တက်တော်မူပြီးလျှင်လှေကိုကမ်းမှ အနည်းငယ်ခွာစေရန်ရှိမုန်အားစေခိုင်းတော် မူ၏။ ထိုနောက်ထိုင်၍လူပရိသတ်တို့အား ဟောပြောသွန်သင်တော်မူ၏။
3 Entrando ele num dos barcos, que era o de Simão, pediu-lhe que o afastasse um pouco da terra; e, sentando-se, ensinava do barco as multidões.
4 ထိုသို့ဟောပြောသွန်သင်ပြီးသောအခါ ``ရေ နက်ရာသို့ခွာထွက်လော့။ ငါးများဖမ်းမိစေ ရန်သင်နှင့်သင်တို့အဖော်တို့၏ကွန်များ ကိုချလော့'' ဟုရှိမုန်အားမိန့်တော်မူ၏။
4 Quando acabou de falar, disse a Simão: Faze-te ao largo e lançai as vossas redes para a pesca.
5 ရှိမုန်က ``သခင်၊ အကျွန်ုပ်တို့သည်တစ်ညလုံး ကြိုးစား၍ငါးများကိုဖမ်းပါသော်လည်း ငါးတစ်ကောင်ကိုမျှမမိကြပါ။ သို့ရာတွင် ကိုယ်တော်၏အမိန့်တော်အရကွန်များကို အကျွန်ုပ်ချပါမည်'' ဟုလျှောက်ထား၏။-
5 Ao que disse Simão: Mestre, trabalhamos a noite toda, e nada apanhamos; mas, sobre tua palavra, lançarei as redes.
6 သူတို့သည်ကွန်များကိုချပြီးနောက်အုပ်မိ သောငါးများလှသဖြင့်ကွန်များပင်စုတ် လုမတတ်ရှိ၏။-
6 Feito isto, apanharam uma grande quantidade de peixes, de modo que as redes se rompiam.
7 သို့ဖြစ်၍လာရောက်ကူညီရန်အခြားလှေမှ မိမိတို့၏အဖော်တံငါသည်များကိုအချက် ပြ၍ခေါ်ကြ၏။ ထိုသူတို့သည်လာ၍လှေ နှစ်စင်းလုံးပြည့်အောင်ငါးများကိုထည့် ကြရာလှေများနစ်လုမတတ်ရှိတော့၏။-
7 Acenaram então aos companheiros que estavam no outro barco, para virem ajudá-los. Eles, pois, vieram, e encheram ambos os barcos, de maneira tal que quase iam a pique.
8 ထိုအခြင်းအရာကိုရှိမုန်ပေတရုမြင်လျှင် သခင်ယေရှု၏ခြေတော်ရင်းမှာပျပ်ဝပ် လျက် ``အရှင်ဘုရား၊ အကျွန်ုပ်သည်အြုပစ် သားဖြစ်သောကြောင့်အကျွန်ုပ်၏ထံမှ ကြွသွားတော်မူပါ'' ဟုလျှောက်၏။
8 Vendo isso Simão Pedro, prostrou-se aos pés de Jesus, dizendo: Retira-te de mim, Senhor, porque sou um homem pecador.
9 ရှိမုန်နှင့်တကွပါလာသူအပေါင်းတို့သည် မိမိ တို့ဖမ်းမိသောငါးအရေအတွက်ကိုကြည့်၍ တအံ့တသြဖြစ်ကြ၏။-
9 Pois, à vista da pesca que haviam feito, o espanto se apoderara dele e de todos os que com ele estavam,
10 ရှိမုန်နှင့်ငါးဖမ်းဘက်ဖြစ်ကြသောဇေဗေဒဲ ၏သားနှစ်ယောက်၊ ယာကုပ်နှင့်ယောဟန်တို့သည် လည်းထိုနည်းတူအံ့သြကြ၏။ သခင်ယေရှု ကရှိမုန်အား ``မကြောက်နှင့်၊ ယခုမှစ၍သင် တို့သည်လူဖမ်းတံငါများဖြစ်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
10 bem como de Tiago e João, filhos de Zebedeu, que eram sócios de Simão. Disse Jesus a Simão: Não temas; de agora em diante serás pescador de homens.
11 ထိုသူတို့သည်လှေများကိုကမ်းတွင်ဆိုက်ကပ် ပြီးနောက် ရှိသမျှတို့ကိုစွန့်၍နောက်တော် သို့လိုက်ကြ၏။
11 E, levando eles os barcos para a terra, deixaram tudo e o seguiram.
12 တစ်နေ့သ၌ကိုယ်တော်သည်မြို့ကြီးတစ်မြို့တွင် ရှိနေတော်မူ၏။ ထိုမြို့တွင်တစ်ကိုယ်လုံးအရေ ပြားရောဂါစွဲကပ်နေသူတစ်ယောက်ရှိ၏။ သူ သည်သခင်ယေရှုကိုမြင်လျှင်ပျပ်ဝပ်လျက် ``အရှင် အလိုတော်ရှိလျှင်အကျွန်ုပ်ကိုသန့်စင်စေနိုင် ပါသည်'' ဟုလျှောက်၏။
12 Estando ele numa das cidades, apareceu um homem cheio de lepra que, vendo a Jesus, prostrou-se com o rosto em terra e suplicou-lhe: Senhor, se quiseres, bem podes tornar-me limpo.
13 ကိုယ်တော်သည်လက်တော်ကိုဆန့်၍ထိုသူ့ကို တို့ထိတော်မူ၏။ ထိုနောက် ``ငါအလိုရှိ၏။ သန့် စင်စေ'' ဟုမိန့်တော်မူ၏။ ထိုခဏ၌ထိုသူ သည်ရောဂါပျောက်လေ၏။-
13 Jesus, pois, estendendo a mão, tocou-lhe, dizendo: Quero; sê limpo. No mesmo instante desapareceu dele a lepra.
14 ``ဤအကြောင်းကိုမည်သူ့အားမျှမပြောနှင့်'' ဟု ထိုသူအားတားမြစ်တော်မူပြီးသော်ကိုယ်တော် က ``သင်သည်ယဇ်ပုရောဟိတ်ထံသို့သွား၍ကိုယ် ကိုပြလော့။ သင့်ရောဂါပျောက်ကင်းကြောင်းလူတို့ ရှေ့၌သက်သေခံအထောက်အထားဖြစ်စေရန် မောရှေမိန့်မှာသည့်ပူဇော်သကာကိုဆက်သ လော့'' ဟုမိန့်တော်မူ၏။
14 Ordenou-lhe, então, que a ninguém contasse isto. Mas vai, disse ele, mostra-te ao sacerdote e faze a oferta pela tua purificação, conforme Moisés determinou, para lhes servir de testemunho.
15 သို့ရာတွင်ကိုယ်တော်၏သတင်းတော်သည်ပို၍ ပျံ့နှံ့သွားသဖြင့် လူပရိသတ်ကြီးများသည် ကိုယ်တော်၏တရားတော်ကိုကြားနာရန်နှင့် မိမိတို့၏အနာရောဂါများအကုအသ ခံရန်လာကြကုန်၏။-
15 A sua fama, porém, se divulgava cada vez mais, e grandes multidões se ajuntavam para ouvi-lo e serem curadas das suas enfermidades.
16 သို့ရာတွင်ကိုယ်တော်သည်အလေ့တော်ရှိသည် အတိုင်းတောကန္တာရသို့ထွက်ခွာ၍ဆုတောင်း တော်မူ၏။
16 Mas ele se retirava para os desertos, e ali orava.
17 တစ်နေ့သ၌ကိုယ်တော်ဟောပြောသွန်သင်လျက် နေတော်မူစဉ် ဂါလိလဲပြည်နှင့်ယုဒပြည်ရှိ ကျေးရွာအပေါင်းမှလည်းကောင်း၊ ယေရုရှလင် မြို့မှလည်းကောင်းလာရောက်သောဖာရိရှဲများ နှင့်ကျမ်းတတ်ဆရာများသည်အနီးတွင်ထိုင် လျက်ရှိကြ၏။ ရောဂါများကိုပျောက်ကင်း စေရန်ထာဝရဘုရား၏တန်ခိုးတော်သည် ကိုယ်တော်၌ရှိ၏။-
17 Um dia, quando ele estava ensinando, achavam-se ali sentados fariseus e doutores da lei, que tinham vindo de todas as aldeias da Galiléia e da Judéia, e de Jerusalém; e o poder do Senhor estava com ele para curar.
18 ထိုအခါလူတို့သည်လေဖြတ်သူတစ်ယောက် ကိုထမ်းစင်နှင့်တင်၍ဆောင်ခဲ့ကြ၏။ ထိုသူနာ ကိုအိမ်ထဲသို့သယ်ဆောင်ကာသခင်ယေရှု၏ ရှေ့တော်တွင်ချထားရန်ကြိုးစားကြ၏။-
18 E eis que uns homens, trazendo num leito um paralítico, procuravam introduzi-lo e pô-lo diante dele.
19 သို့ရာတွင်လူပရိသတ်တိုးမပေါက်သဖြင့် အိမ်အမိုးပေါ်သို့တက်ပြီးလျှင်အုတ်ကြွပ် များကိုဖောက်၍ သူနာကိုထမ်းစင်နှင့်တကွ လူတို့အလယ်သခင်ယေရှု၏ရှေ့တော်သို့ လျောချကြ၏။-
19 Mas, não achando por onde o pudessem introduzir por causa da multidão, subiram ao eirado e, por entre as telhas, o baixaram com o leito, para o meio de todos, diante de Jesus.
20 ကိုယ်တော်သည်ထိုသူတို့၌ယုံကြည်ခြင်းရှိပုံ ကိုမြင်တော်မူလျှင်လေဖြတ်သူအား ``အချင်း လူ၊ သင်၏အပြစ်ကိုဖြေလွှတ်ပြီ'' ဟုမိန့်တော် မူ၏။
20 E vendo-lhes a fé, disse ele: Homem, são-te perdoados os teus pecados.
21 ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများက ``ဤ သူကားအဘယ်သူနည်း။ သူသည်ဘုရားသခင် အားပြစ်မှားပြောဆိုပါသည်တကား။ ဘုရား သခင်မှတစ်ပါးအဘယ်သူသည်အပြစ်ကို ဖြေလွှတ်နိုင်ပါမည်နည်း'' ဟုတွေးတောကြ၏။
21 Então os escribas e os fariseus começaram a arrazoar, dizendo: Quem é este que profere blasfêmias? Quem é este que profere blasfêmias? Quem pode perdoar pecados, senão só Deus?
22 သခင်ယေရှုသည်ထိုသူတို့ယင်းသို့တွေးတော နေကြသည်ကိုသိတော်မူသဖြင့် ``သင်တို့သည် အဘယ်ကြောင့်တွေးတောနေကြသနည်း။-
22 Jesus, porém, percebendo os seus pensamentos, respondeu, e disse-lhes: Por que arrazoais em vossos corações?
23 `သင်၏အပြစ်ကိုဖြေလွှတ်ပြီ' ဟုပြောရန်ပို၍ လွယ်ကူသလော။ သို့တည်းမဟုတ်`နေရာမှထ ၍လှမ်းသွားလော့' ဟုပြောရန်ပို၍လွယ်ကူ သလော။-
23 Qual é mais fácil? dizer: São-te perdoados os teus pecados; ou dizer: Levanta-te, e anda?
24 သို့ရာတွင်လူသားသည်လောကတွင်အပြစ် ဖြေလွှတ်ပိုင်သည်ကိုသင်တို့အားသိစေအံ့'' ဟုဆိုလျက်လေဖြတ်သူအား ``သင့်အားငါ ဆိုသည်ကားထလော့။ သင့်ထမ်းစင်ကိုထမ်း ၍အိမ်ပြန်လော့'' ဟုမိန့်တော်မူ၏။
24 Ora, para que saibais que o Filho do homem tem sobre a terra autoridade para perdoar pecados {disse ao paralítico}, a ti te digo: Levanta-te, toma o teu leito e vai para tua casa.
25 ချက်ချင်းပင်ထိုသူသည်လူတို့ရှေ့တွင်ထ၍ မိမိလဲလျောင်းနေခဲ့သောထမ်းစင်ကိုထမ်း ပြီးလျှင် ဘုရားသခင်၏ဂုဏ်ကျေးဇူးတော် ကိုချီးကူးလျက်အိမ်သို့ပြန်လေ၏။-
25 Imediatamente se levantou diante deles, tomou o leito em que estivera deitado e foi para sua casa, glorificando a Deus.
26 လူအပေါင်းတို့သည်လွန်စွာအံ့သြကြောက်ရွံ့ လျက် ``အံ့ဖွယ်သောအရာများကိုငါတို့ ယနေ့တွေ့မြင်ရလေပြီ'' ဟုပြောဆို၍ဘုရား သခင်၏ဂုဏ်တော်ကိုချီးကူးကြ၏။
26 E, tomados de pasmo, todos glorificavam a Deus; e diziam, cheios de temor: Hoje vimos coisas extraordinárias.
27 ထိုနောက်ကိုယ်တော်သည်ကပေရနောင်မြို့မှ ထွက်ကြွတော်မူ၍ အကောက်ခွန်ရုံးခန်းတွင် လေဝိနာမည်ရှိသူအခွန်ခံထိုင်နေသည်ကို မြင်တော်မူလျှင် ``ငါ့နောက်သို့လိုက်လော့'' ဟု မိန့်တော်မူ၏။-
27 Depois disso saiu e, vendo um publicano chamado Levi, sentado na coletoria, disse-lhe: Segue-me.
28 ထိုသူသည်ရှိသမျှတို့ကိုစွန့်ပြီးလျှင်ထ ၍နောက်တော်သို့လိုက်လေ၏။
28 Este, deixando tudo, levantou-se e o seguiu.
29 ထိုနောက်လေဝိသည်မိမိ၏အိမ်တွင်ကိုယ်တော် အတွက်ဧည့်ခံပွဲကြီးကျင်းပ၏။ ဧည့်သည်များ တွင်အခွန်ခံသူနှင့်အခြားသူအမြောက်အမြား ပါဝင်ကြ၏။-
29 Deu-lhe então Levi um lauto banquete em sua casa; havia ali grande número de publicanos e outros que estavam com eles à mesa.
30 ဖာရိရှဲများနှင့်သူတို့၏အပေါင်းအဖော်ဖြစ် ကြသောကျမ်းတတ်ဆရာများက ``အဘယ် ကြောင့်သင်တို့သည်အခွန်ခံသူများ၊ အခြား အပယ်ခံသူများနှင့်စားသောက်ကြပါသနည်း'' ဟုတပည့်တော်တို့အားကဲ့ရဲ့ပြစ်တင်ကြ၏။
30 Murmuravam, pois, os fariseus e seus escribas contra os discípulos, perguntando: Por que comeis e bebeis com publicanos e pecadores?
31 ထိုအခါသခင်ယေရှုက ``ကျန်းမာသူသည် ဆရာဝန်ကိုမလို။ ဖျားနာသူသာလျှင်လို၏။-
31 Respondeu-lhes Jesus: Não necessitam de médico os sãos, mas sim os enfermos;
32 ငါသည်ဂုဏ်အသရေရှိသူများနောင်တရ စေခြင်းငှာခေါ်ဖိတ်ရန်လာသည်မဟုတ်။ အပယ် ခံသူများကိုနောင်တရစေခြင်းငှာခေါ်ဖိတ် ရန်လာသတည်း'' ဟုမိန့်တော်မူ၏။
32 eu não vim chamar justos, mas pecadores, ao arrependimento.
33 လူအချို့က ``ယောဟန်၏တပည့်များနှင့်ဖာရိရှဲ တို့၏တပည့်များသည်အစာရှောင်ခြင်းနှင့် ဆု တောင်းခြင်းတို့ကိုမကြာခဏပြုလေ့ရှိကြ၏။ သို့ရာတွင်ကိုယ်တော်၏တပည့်များမူကားစား လျက်သောက်လျက်နေကြပါသည်တကား'' ဟု လျှောက်ထားကြ၏။
33 Disseram-lhe eles: Os discípulos de João jejuam freqüentemente e fazem orações, como também os dos fariseus, mas os teus comem e bebem.
34 ကိုယ်တော်က ``မင်္ဂလာဆောင်ပွဲတွင်သတို့သား ရှိနေသည့်ကာလဧည့်သည်များအားအစာ ရှောင်ခိုင်းနိုင်ပါမည်လော။-
34 Respondeu-lhes Jesus: Podeis, porventura, fazer jejuar os convidados às núpcias enquanto o noivo está com eles?
35 သို့ရာတွင်မင်္ဂလာဆောင်သတို့သားကိုသူတို့ ထံမှဆောင်ယူသွားမည့်နေ့ရက်ကာလရောက် ရှိလာပေအံ့။ ထိုအခါ၌သူတို့သည်အစာ ရှောင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
35 Dias virão, porém, em que lhes será tirado o noivo; naqueles dias, sim hão de jejuar.
36 ကိုယ်တော်သည်ပုံဥပမာဆောင်လျက် ``မည်သူမျှ အထည်သစ်မှအစတစ်စကိုဆုတ်၍အထည် ဟောင်းကိုဖာရိုးမရှိ။ ယင်းသို့ဖာခဲ့ပါမူ အထည်သစ်ပျက်စီးသွားသည်သာမက၊ အစသစ်နှင့်အထည်ဟောင်းတို့အဆင် အသွေးမတူဘဲရှိလိမ့်မည်။-
36 Propôs-lhes também uma parábola: Ninguém tira um pedaço de um vestido novo para o coser em vestido velho; do contrário, não somente rasgará o novo, mas também o pedaço do novo não condirá com o velho.
37 ထိုမှတစ်ပါးစပျစ်ရည်သစ်ကိုသားရေဘူး ဟောင်းတွင်ထည့်ရိုးမရှိ။ ထည့်ခဲ့ပါမူသား ရေဘူးသည်ပေါက်ကွဲ၍စပျစ်ရည်ယိုထွက် လိမ့်မည်။ သားရေဘူးလည်းပျက်စီးသွားလိမ့် မည်။-
37 E ninguém deita vinho novo em odres velhos; do contrário, o vinho novo romperá os odres e se derramará, e os odres se perderão;
38 စပျစ်ရည်သစ်ကိုသားရေဘူးသစ်တွင်သာ ထည့်ရာ၏။-
38 mas vinho novo deve ser deitado em odres novos.
39 ထို့အပြင်စပျစ်ရည်ဟောင်းကိုသောက်ပြီး သူသည်စပျစ်ရည်သစ်ကိုမသောက်လို။ စပျစ် ရည်ဟောင်းကသာ၍ကောင်းသည်ဟုဆိုတတ် ၏'' ဟုမိန့်တော်မူ၏။
39 E ninguém, tendo bebido o velho, quer o novo; porque diz: O velho é bom.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.