Lucas 4

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 သ​ခင်​ယေ​ရှု​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့် ပြည့်​ဝ​လျက်​ယော်​ဒန်​မြစ်​မှ​ပြန်​လာ​တော်​မူ​စဉ် ဝိ​ညာဉ်​တော်​သည်​ကိုယ်​တော်​ကို​တော​ကန္တာ​ရ​သို့ ခေါ်​ဆောင်​သွား​တော်​မူ​၏။ ထို​အ​ရပ်​တွင်​အ​ရက် လေး​ဆယ်​ပတ်​လုံး​မာရ်​နတ်​၏​စုံ​စမ်း​သွေး​ဆောင် ခြင်း​ကို​ခံ​တော်​မူ​၏။-
1 Cheio do Espírito Santo, voltou Jesus do Jordão e foi levado pelo Espírito ao deserto,
2 ထို​နေ့​ရက်​များ​အ​တွင်း​မည်​သည့်​အ​စား​အ​စာ ကို​မျှ​သုံး​ဆောင်​တော်​မ​မူ။ ထို​နေ့​ရက်​များ ကုန်​လွန်​သွား​သော​အ​ခါ​ကိုယ်​တော်​သည် မွတ်​သိပ်​တော်​မူ​၏။
2 onde foi tentado pelo demônio durante quarenta dias. Durante este tempo ele nada comeu e, terminados estes dias, teve fome.
3 ထို​အ​ခါ​မာရ်​နတ်​က ``အ​ရှင်​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​ပါ​လျှင်​ဤ​ကျောက်​ခဲ​ကို​မုန့် ဖြစ်​စေ​ရန်​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။
3 Disse-lhe então o demônio: Se és o Filho de Deus, ordena a esta pedra que se torne pão.
4 သ​ခင်​ယေ​ရှု​က ``လူ​သည်​အ​စား​အ​စာ​အား​ဖြင့် သာ​အ​သက်​ရှင်​ရ​မည်​မ​ဟုတ်​ဟု​ကျမ်း​စာ​တော် တွင်​ပါ​ရှိ​၏'' ဟု​ပြန်​လည်​မိန့်​ကြား​တော်​မူ​၏။
4 Jesus respondeu: Está escrito: Não só de pão vive o homem, mas de toda a palavra de Deus {Dt 8,3}.
5 ထို​အ​ခါ​မာရ်​နတ်​သည်​ကိုယ်​တော်​ကို​တောင်​ထိပ် ပေါ်​သို့​ခေါ်​ဆောင်​သွား​ပြီး​နောက်​လော​က​နိုင်​ငံ ရှိ​သ​မျှ​ကို​တစ်​ခ​ဏ​ချင်း​တွင်​ညွှန်​ပြ​လျက်၊-
5 O demônio levou-o em seguida a um alto monte e mostrou-lhe num só momento todos os reinos da terra,
6 ``ဤ​တန်​ခိုး​အာ​ဏာ​ဘုန်း​စည်း​စိမ်​ရှိ​သ​မျှ တို့​ကို​ကိုယ်​တော်​အား​ငါ​ပေး​ပါ​အံ့။ ဤ​အ​ရာ များ​ကို​ငါ့​လက်​ဝယ်​အပ်​နှင်း​ထား​ပြီး​ဖြစ် သ​ဖြင့်​ငါ​ပေး​လို​သူ​အား​ပေး​နိုင်​၏။-
6 e disse-lhe: Dar-te-ei todo este poder e a glória desses reinos, porque me foram dados, e dou-os a quem quero.
7 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ့​အား​ဦး​ညွှတ် ရှိ​ခိုး​လျှင် ဤ​တန်​ခိုး​အာ​ဏာ​အ​လုံး​စုံ​တို့ ကို​ကိုယ်​တော်​အား​ပေး​မည်'' ဟု​လျှောက်​၏။
7 Portanto, se te prostrares diante de mim, tudo será teu.
8 သ​ခင်​ယေ​ရှု​က ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​သာ​လျှင် ဦး​ညွှတ်​ရှိ​ခိုး​ရ​မည်​ဟု ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​၏'' ဟု​ပြန် လည်​မိန့်​တော်​မူ​၏။
8 Jesus disse-lhe: Está escrito: Adorarás o Senhor teu Deus, e a ele só servirás {Dt 6,13}.
9 မာရ်​နတ်​သည်​သ​ခင်​ယေ​ရှု​ကို​ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​ဆောင်​၍​သွား​ပြီး​လျှင် ဗိ​မာန်​တော်​ထိပ်​ဖျား​တွင် နေ​စေ​ပြီး​လျှင် ``ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏ သား​တော်​ဖြစ်​လျှင်​ဤ​နေ​ရာ​မှ​အောက်​သို့​ခုန်​ချ ပါ​လော့။-
9 O demônio levou-o ainda a Jerusalém, ao ponto mais alto do templo, e disse-lhe: Se és o Filho de Deus, lança-te daqui abaixo;
10 ကျမ်း​စာ​တော်​တွင် `သင့်​ကို​စောင့်​ရှောက်​စေ​ရန် ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​တမန်​များ​အား အ​မိန့်​ပေး​တော်​မူ​မည်' ဟူ​၍​လည်း​ကောင်း၊-
10 porque está escrito: Ordenou aos seus anjos a teu respeito que te guardassem.
11 `သင်​၏​ခြေ​သည်​ကျောက်​နှင့်​မ​ထိ​ခိုက်​စေ​ခြင်း ငှာ ကောင်း​ကင်​တ​မန်​တို့​သည်​လက်​ဖြင့်​သင့်​ကို ပွေ့​ချီ​ကြ​လိမ့်​မည်' ဟူ​၍​လည်း​ကောင်း​ပါ​ရှိ​၏'' ဟု​လျှောက်​၏။
11 E que te sustivessem em suas mãos, para não ferires o teu pé nalguma pedra {Sl 90,11s.}.
12 သ​ခင်​ယေ​ရှု​က ``သင်​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​စစ်​ဆေး​စမ်း​သပ်​မှု​မ​ပြု​ရ​ဟု ကျမ်း​စာ​လာ​၏'' ဟု​ပြန်​လည်​ဖြေ​ကြား​တော် မူ​၏။
12 Jesus disse: Foi dito: Não tentarás o Senhor teu Deus {Dt 6,16}.
13 မာရ်​နတ်​သည်​ဤ​သို့​စုံ​စမ်း​သွေး​ဆောင်​မှု​အ​လုံး​စုံ ကို​ပြု​ပြီး​သော​အ​ခါ ကိုယ်​တော်​၏​ထံ​တော်​မှ ထွက်​ခွာ​၍​အ​ခါ​အ​ခွင့်​ကောင်း​ကို​စောင့်​နေ​၏။
13 Depois de tê-lo assim tentado de todos os modos, o demônio apartou-se dele até outra ocasião.
14 သ​ခင်​ယေ​ရှု​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် တန်​ခိုး​နှင့်​ပြည့်​ဝ​လျက်​ဂါ​လိ​လဲ​ပြည်​သို့​ပြန် လာ​တော်​မူ​၏။ သ​တင်း​တော်​သည်​ထို​ဒေ​သ တစ်​လျှောက်​လုံး​တွင်​ပျံ့​နှံ့​သွား​၏။-
14 Jesus então, cheio da força do Espírito, voltou para a Galiléia. E a sua fama divulgou-se por toda a região.
15 ကိုယ်​တော်​သည်​တ​ရား​ဇ​ရပ်​များ​မှာ​ဟော​ပြော သွန်​သင်​တော်​မူ​ရာ​လူ​အ​ပေါင်း​တို့​သည်​ကိုယ် တော်​ကို​ချီး​မွမ်း​ကြ​၏။
15 Ele ensinava nas sinagogas e era aclamado por todos.
16 ကိုယ်​တော်​သည်​နာ​ဇ​ရက်​မြို့​သို့​ကြွ​တော်​မူ​၏။ နာ​ဇ​ရက်​မြို့​ကား​ကိုယ်​တော်​ကြီး​ပြင်း​ရာ​မြို့ ဖြစ်​၏။ ဥ​ပုသ်​နေ့​၌​ကိုယ်​တော်​သည်​အ​လေ့​တော် ရှိ​သည်​အ​တိုင်း​တ​ရား​ဇ​ရပ်​သို့​ဝင်​တော်​မူ​၏။ ကျမ်း​စာ​ကို​ဖတ်​ရန်​ထ​တော်​မူ​လျှင်၊-
16 Dirigiu-se a Nazaré, onde se havia criado. Entrou na sinagoga em dia de sábado, segundo o seu costume, e levantou-se para ler.
17 တ​ရား​ဇ​ရပ်​မှူး​သည်​ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း ကို​ကိုယ်​တော်​အား​လှမ်း​၍​ပေး​၏။ ကိုယ်​တော်​သည် ကျမ်း​စာ​လိပ်​ကို​ဖွင့်​၍၊
17 Foi-lhe dado o livro do profeta Isaías. Desenrolando o livro, escolheu a passagem onde está escrito {61,1s.}:
18 ``ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​သို့​ဆင်း​သက်​တော်​မူ​၏။
18 O Espírito do Senhor está sobre mim, porque me ungiu; e enviou-me para anunciar a boa nova aos pobres, para sarar os contritos de coração,
19 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​စု​တော်​အား
19 para anunciar aos cativos a redenção, aos cegos a restauração da vista, para pôr em liberdade os cativos, para publicar o ano da graça do Senhor.
20 ထို​နောက်​ကျမ်း​စာ​တော်​ကို​လိပ်​၍​ဇ​ရပ်​မှူး​အား ပြန်​ပေး​ပြီး​နောက်​ထိုင်​တော်​မူ​၏။ တ​ရား​ဇ​ရပ် ထဲ​မှာ​ရှိ​သော​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား​စိုက်​ကြည့်​နေ​ကြ​၏။-
20 E enrolando o livro, deu-o ao ministro e sentou-se; todos quantos estavam na sinagoga tinham os olhos fixos nele.
21 ကိုယ်​တော်​က ``ဤ​ကျမ်း​စာ​ပါ​အ​မှု​အ​ရာ​များ သည်​သင်​တို့​ကြား​နာ​ရ​သည့်​အ​တိုင်း​ယ​နေ့ အ​ကောင်​အ​ထည်​ပေါ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။
21 Ele começou a dizer-lhes: Hoje se cumpriu este oráculo que vós acabais de ouvir.
22 လူ​အ​ပေါင်း​တို့​က​ကိုယ်​တော်​၏​အ​ကြောင်း​ကို ချီး​ကူး​ပြော​ဆို​ကြ​၏။ နှုတ်​တော်​ထွက်​စ​ကား များ​ကို​အံ့​သြ​လျက် ``ဤ​သူ​သည်​ယော​သပ် ၏​သား​မ​ဟုတ်​လော'' ဟု​ဆို​ကြ​၏။
22 Todos lhe davam testemunho e se admiravam das palavras de graça, que procediam da sua boca, e diziam: Não é este o filho de José?
23 ကိုယ်​တော်​က ``သင်​တို့​သည် `အ​ချင်း​ဆ​ရာ​ဝန်၊ သင့်​ရော​ဂါ​ကို​သင်​ပျောက်​အောင်​ကု​လော့' ဟူ သော​ဆို​ရိုး​စ​ကား​ကို​အ​သုံး​ပြု​ကာ​ငါ့ အား​ဆို​လိမ့်​မည်။ က​ပေ​ရ​နောင်​မြို့​တွင်​အ​ရှင် ပြု​ခဲ့​သည်​ဟု​အ​ကျွန်ုပ်​တို့​ကြား​သိ​ရ​သည့် အ​မှု​အ​ရာ​များ​ကို အ​ရှင့်​နေ​ရင်း​မြို့​တွင် လည်း​ပြု​တော်​မူ​ပါ​ဟု​ငါ့​အား​မု​ချ​ပြော ဆို​ကြ​လိမ့်​မည်။-
23 Então lhes disse: Sem dúvida me citareis este provérbio: Médico, cura-te a ti mesmo; todas as maravilhas que fizeste em Cafarnaum, segundo ouvimos dizer, faze-o também aqui na tua pátria.
24 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား အ​ဘယ်​ပ​ရော​ဖက်​မျှ​မိ​မိ​နေ​ရင်း​မြို့​တွင် မျက်​နှာ​မ​ရ​တတ်။-
24 E acrescentou: Em verdade vos digo: nenhum profeta é bem aceito na sua pátria.
25 ဧ​လိ​ယ​လက်​ထက်​၌​ဣသ​ရေ​လ​နိုင်​ငံ​တွင် သုံး နှစ်​နှင့်​ခြောက်​လ​ပတ်​လုံး​မိုး​ခေါင်​၍​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ခဲ့​၏။-
25 Em verdade vos digo: muitas viúvas havia em Israel, no tempo de Elias, quando se fechou o céu por três anos e meio e houve grande fome por toda a terra;
26 ဣသ​ရေ​လ​အ​မျိုး​ဖြစ်​သော​မု​ဆိုး​မ​အ​များ​ရှိ သော်​လည်း မည်​သူ့​ထံ​သို့​မျှ​ဘု​ရား​သ​ခင်​သည် ပ​ရော​ဖက်​ဧ​လိ​ယ​ကို​စေ​လွှတ်​တော်​မ​မူ။ ဇိ​ဒုံ ပြည်၊ ဇရတ္တ​မြို့​သူ​မု​ဆိုး​မ​ထံ​သို့​သာ​လျှင်​စေ လွှတ်​တော်​မူ​၏။-
26 mas a nenhuma delas foi mandado Elias, senão a uma viúva em Sarepta, na Sidônia.
27 ပ​ရော​ဖက်​ဧ​လိ​ရှဲ​လက်​ထက်​၌​လည်း​ဣသ​ရေ​လ အ​မျိုး​သား​တို့​တွင် အ​ရေ​ဖျား​ရော​ဂါ​သည် အ​များ​ရှိ​သော်​လည်း​မည်​သူ​မျှ​သန့်​စင်​ခွင့် မ​ရ။ ရှု​ရိ​ပြည်​သား​နေ​မန်​သာ​လျှင်​ရ​၏'' ဟု​မိန့်​တော်​မူ​၏။
27 Igualmente havia muitos leprosos em Israel, no tempo do profeta Eliseu; mas nenhum deles foi limpo, senão o sírio Naamã.
28 တ​ရား​ဇ​ရပ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ထို​စ​ကား ကို​ကြား​သော​အ​ခါ​ပြင်း​စွာ​အ​မျက်​ထွက်​ကြ​၏။-
28 A estas palavras, encheram-se todos de cólera na sinagoga.
29 ထို​နောက်​ကိုယ်​တော်​အား​တောင်​ကမ်း​ပါး​မှ​တွန်း​ချ အံ့​သော​ငှာ​မြို့​တည်​ရာ​တောင်​ထိပ်​စွန်း​သို့​ခေါ် ဆောင်​သွား​ကြ​၏။-
29 Levantaram-se e lançaram-no fora da cidade; e conduziram-no até o alto do monte sobre o qual estava construída a sua cidade, e queriam precipitá-lo dali abaixo.
30 သို့​ရာ​တွင်​ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​အ​လယ် မှ​လျှောက်​၍​ကြွ​သွား​တော်​မူ​၏။
30 Ele, porém, passou por entre eles e retirou-se.
31 ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်၊ က​ပေ​ရ​နောင်​မြို့ သို့​ရောက်​တော်​မူ​၏။ ဥ​ပုသ်​နေ့​၌​တ​ရား​ဇ​ရပ် တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​၏။-
31 Desceu a Cafarnaum, cidade da Galiléia, e ali ensinava-os aos sábados.
32 ကိုယ်​တော်​၏​သွန်​သင်​ချက်​တွင်​တန်​ခိုး​အာ​ဏာ ပါ​သ​ဖြင့်​လူ​တို့​သည်​အံ့​သြ​ကြ​၏။-
32 Maravilharam-se da sua doutrina, porque ele ensinava com autoridade.
33 တ​ရား​ဇ​ရပ်​ထဲ​တွင်​ညစ်​ညမ်း​သော​နတ်​ပူး​ဝင် နေ​သူ​တစ်​ယောက်​ရှိ​၏။-
33 Estava na sinagoga um homem que tinha um demônio imundo, e exclamou em alta voz:
34 ညစ်​ညမ်း​သော​နတ်​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ အ​ရှင်​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​ဘယ်​သို့​သက်​ဆိုင် တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ်​တို့​အား​သေ​ကြေ ပျက်​စီး​စေ​ရန်​ကြွ​လာ​တော်​မူ​ပါ​သ​လော။ အ​ရှင် သည်​မည်​သူ​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​သိ​ပါ​၏။ အ​ရှင် ကား​ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​တော်​မူ​သော သန့်​ရှင်း​မြင့်​မြတ်​သူ​ဖြစ်​ပါ​သည်'' ဟု​ကျယ်​စွာ ဟစ်​အော်​၏။
34 Deixa-nos! Que temos nós contigo, Jesus de Nazaré? Vieste para nos perder? Sei quem és: o Santo de Deus!
35 သ​ခင်​ယေ​ရှု​က ``တိတ်​တိတ်​နေ​လော့။ သူ့​အ​ထဲ​မှ ထွက်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ နတ်​မိစ္ဆာ​သည်​ထို သူ​ကို​လူ​အ​များ​ရှေ့​မှာ​လှဲ​ချ​လိုက်​၏။ ထို​နောက် ဘေး​အန္တ​ရာယ်​မ​ပြု​ဘဲ​သူ့​အ​ထဲ​မှ​ထွက်​သွား​၏။
35 Mas Jesus replicou severamente: Cala-te e sai deste homem. O demônio lançou-o por terra no meio de todos e saiu dele, sem lhe fazer mal algum.
36 လူ​အ​ပေါင်း​တို့​သည်​အံ့​သြ​လျက် ``ဤ​သူ​၏ အ​မိန့်​စ​ကား​ကား​အ​ဘယ်​သို့​နည်း။ သူ​သည် ညစ်​ညမ်း​သော​နတ်​များ​အား​ထွက်​သွား​ရန် တန်​ခိုး​အာ​ဏာ​ဖြင့်​အ​မိန့်​ပေး​၍ သူ​တို့​သည် ထွက်​သွား​ကြ​ပါ​သည်​တ​ကား'' ဟု​အ​ချင်း ချင်း​ပြော​ဆို​ကြ​၏။-
36 Todos ficaram cheios de pavor e falavam uns com os outros: Que significa isso? Manda com poder e autoridade aos espíritos imundos, e eles saem?
37 ကိုယ်​တော်​၏​သ​တင်း​တော်​သည်​ပတ်​ဝန်း​ကျင် ဒေ​သ​တွင်​ပျံ့​နှံ့​သွား​တော့​၏။
37 E corria a sua fama por todos os lugares da circunvizinhança.
38 ကိုယ်​တော်​သည်​တ​ရား​ဇ​ရပ်​မှ​ထွက်​ခွာ​၍​ရှိ​မုန် ၏​အိမ်​သို့​ဝင်​တော်​မူ​၏။ ရှိ​မုန်​၏​ယောက္ခ​မ​ဖြစ်​သူ သည်​ပြင်း​စွာ​ဖျား​နေ​၏။-
38 Saindo Jesus da sinagoga, entrou na casa de Simão. A sogra de Simão estava com febre alta; e pediram-lhe por ela.
39 သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည်​ထို​အ​ကြောင်း ကို​ကိုယ်​တော်​အား​လျှောက်​ထား​ကြ​၏။ ကိုယ်​တော် သည်​ထို​အ​မျိုး​သ​မီး​ကြီး​၏​အ​နား​တွင်​ရပ် လျက် ``အ​ဖျား​ပျောက်​စေ'' ဟု​အ​မိန့်​ပေး​တော် မူ​၏။ အ​မျိုး​သ​မီး​ကြီး​သည်​အ​ဖျား​ပျောက် သ​ဖြင့် ချက်​ချင်း​ထ​၍​ကိုယ်​တော်​နှင့်​တ​ပည့် တော်​တို့​အား​ဧည့်​သည်​ဝတ်​ကို​ပြု​လေ​၏။
39 Inclinando-se sobre ela, ordenou ele à febre, e a febre deixou-a. Ela levantou-se imediatamente e pôs-se a servi-los.
40 နေ​ဝင်​ချိန်​၌​ရော​ဂါ​အ​မျိုး​မျိုး​စွဲ​ကပ်​သူ အ​ပေါင်း​တို့​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့ ကြ​၏။ ကိုယ်​တော်​သည်​ထို​လူ​နာ​အ​သီး​သီး တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​၍​သူ​တို့​၏ ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​၏။-
40 Depois do pôr-do-sol, todos os que tinham enfermos de diversas moléstias lhos traziam. Impondo-lhes a mão, os sarava.
41 နတ်​မိစ္ဆာ​များ​သည် ``အ​ရှင်​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​၏'' ဟု​ဟစ်​အော်​လျက်​မိ​မိ​တို့ ပူး​ဝင်​နေ​သူ​များ​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။ ကိုယ်​တော်​သည်​နတ်​မိစ္ဆာ​များ​ထို​သို့​ဟစ်​အော် သည်​ကို​ဟန့်​တား​တော်​မူ​ပြီး​လျှင် သူ​တို့​အား စ​ကား​ပြော​ခွင့်​ပေး​တော်​မ​မူ။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​တို့​သည်​ကိုယ်​တော်​မေ​ရှိ​ယ​ဖြစ် ကြောင်း​ကို​သိ​ကြ​သော​ကြောင့်​ဖြစ်​သည်။
41 De muitos saíam os demônios, aos gritos, dizendo: Tu és o Filho de Deus. Mas ele repreendia-os severamente, não lhes permitindo falar, porque sabiam que ele era o Cristo.
42 မိုး​လင်း​သော​အ​ခါ​က​ပေ​ရ​နောင်​မြို့​မှ​ထွက်​ခွာ ၍​ဆိတ်​ငြိမ်​ရာ​အ​ရပ်​သို့​ကြွ​တော်​မူ​၏။ လူ​တို့​သည် ကိုယ်​တော်​ကို​ရှာ​ကြ​၏။ ရှာ​၍​တွေ့​သော​အ​ခါ​မိ​မိ တို့​ထံ​မှ​ထွက်​ခွာ​သွား​တော်​မ​မူ​စေ​ရန်​ကြိုး​စား ကြ​၏။-
42 Ao amanhecer, ele saiu e retirou-se para um lugar afastado. As multidões o procuravam e foram até onde ele estava e queriam detê-lo, para que não as deixasse.
43 သို့​ရာ​တွင်​ကိုယ်​တော်​က ``ငါ​သည်​အ​ခြား​မြို့ များ​တွင်​လည်း​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ ရ​မည်။ ထို​သို့​ဟော​ပြော​ကြေ​ညာ​ရန်​အ​တွက်​ငါ့ ကို​ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သည်'' ဟု မိန့်​တော်​မူ​၏။
43 Mas ele disse-lhes: É necessário que eu anuncie a boa nova do Reino de Deus também às outras cidades, pois essa é a minha missão.
44 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ယု​ဒ​ပြည်​တ​ရား ဇ​ရပ်​များ​တွင်​ဟော​တော်​မူ​၏။
44 E andava pregando nas sinagogas da Galiléia.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.