Lucas 23
Common Language Bible (MYA) vs NVI
1 တရားလွှတ်တော်တစ်ဖွဲ့လုံးသည်ထ၍ကိုယ်တော် အား ပိလတ်မင်းထံသို့ခေါ်ဆောင်သွားကြ၏။-
1 Então toda a assembléia levantou-se e o levou a Pilatos.
2 ထိုနောက်သူတို့က ``ဤသူသည်ပြည်သူတို့အား လမ်းလွဲစေရန် ကဲသာဘုရင်အားအခွန်တော် မပေးမဆက်နှင့်ဟုတားမြစ်သည်ကိုလည်း ကောင်း၊ မိမိကိုယ်ကိုမေရှိယတည်းဟူသော ဘုရင်တစ်ပါးဖြစ်ကြောင်းပြောဆိုသည်ကို လည်းကောင်း အကျွန်ုပ်တို့တွေ့ရှိရပါ၏'' ဟု ဆို၍ကိုယ်တော်ကိုစွပ်စွဲကြ၏။
2 E começaram a acusá-lo, dizendo: "Encontramos este homem subvertendo a nossa nação. Ele proíbe o pagamento de imposto a César e se declara ele próprio o Cristo, um rei".
3 ပိလတ်မင်းကကိုယ်တော်အား ``သင်သည်ယုဒ ဘုရင်ပေလော'' ဟုမေး၏။
3 Pilatos perguntou a Jesus: "Você é o rei dos judeus? " "Tu o dizes", respondeu Jesus.
4 ထိုနောက်ပိလတ်မင်းက ``ဤသူအားစွဲချက် တင်ရန်အကြောင်းတစ်စုံတစ်ရာမျှငါမတွေ့'' ဟုယဇ်ပုရောဟိတ်ကြီးများနှင့်လူအပေါင်း တို့အားဆို၏။
4 Então Pilatos disse aos chefes dos sacerdotes e à multidão: "Não encontro motivo para acusar este homem".
5 သို့ရာတွင်သူတို့က ``ဤသူသည်ဂါလိလဲပြည် ကစ၍ ယခုဤအရပ်ဒေသတိုင်အောင်ယုဒ ပြည်အနှံ့အပြားဟောပြောလျက် ပြည်သူတို့ အားရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပါ၏'' ဟုပို၍ပင်အသံကျယ်စွာစွပ်စွဲကြ၏။
5 Mas eles insistiam: "Ele está subvertendo o povo em toda a Judéia com os seus ensinamentos. Começou na Galiléia e chegou até aqui".
6 ပိလတ်မင်းသည်ဂါလိလဲဟူသောစကားကို ကြားလျှင် ``ဤသူသည်ဂါလိပြည်သားပေ လော'' ဟုမေး၏။-
6 Ouvindo isso, Pilatos perguntou se Jesus era galileu.
7 ဟေရုဒ်အုပ်စိုးသောဂါလိလဲပြည်သားဖြစ် ကြောင်းကိုသိလျှင် ကိုယ်တော်အားဟေရုဒ်မင်း ထံသို့ပို့၏။ ထိုအချိန်အခါသည်ဟေရုဒ်မင်း ယေရုရှလင်မြို့မှာရောက်ရှိနေသည့်အချိန် ဖြစ်သတည်း။-
7 Quando ficou sabendo que ele era da jurisdição de Herodes, enviou-o a Herodes, que também estava em Jerusalém naqueles dias.
8 ဟေရုဒ်မင်းသည်သခင်ယေရှုကိုမြင်သော အခါလွန်စွာဝမ်းမြောက်၏။ ကိုယ်တော်၏သတင်း ကိုများစွာကြားခဲ့ရသဖြင့် ကိုယ်တော်အား တွေ့မြင်လိုသည်မှာကြာပေပြီ။ ကိုယ်တော်ပြ သည့်နိမိတ်လက္ခဏာတစ်စုံတစ်ရာကိုတွေ့ မြင်ရလိမ့်မည်ဟုမျှော်လင့်လျက်နေ၏။-
8 Quando Herodes viu Jesus, ficou muito alegre, porque havia muito tempo queria vê-lo. Pelo que ouvira falar dele, esperava vê-lo realizar algum milagre.
9 ဟေရုဒ်မင်းသည်ကိုယ်တော်အားမေးခွန်းများ စွာမေးသော်လည်း ကိုယ်တော်ကဖြေကြားတော် မမူ။-
9 Interrogou-o com muitas perguntas, mas Jesus não lhe deu resposta.
10 ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်ရှေ့သို့လာ၍ ကိုယ်တော်အားအပြင်း အထန်စွပ်စွဲပြောဆိုကြ၏။-
10 Os chefes dos sacerdotes e os mestres da lei estavam ali, acusando-o com veemência.
11 ဟေရုဒ်မင်းနှင့်သူ၏စစ်သားများသည်ကိုယ် တော်အားမထီမဲ့မြင်ပြု၍ပြောင်လှောင် ကြ၏။ ထိုနောက်တင့်တယ်သောဝတ်လုံကို ဝတ်ပေးပြီးလျှင် ကိုယ်တော်အားပိလတ် မင်းထံပြန်ပို့လိုက်၏။-
11 Então Herodes e os seus soldados ridicularizaram-no e zombaram dele. Vestindo-o com um manto esplêndido, mandaram-no de volta a Pilatos.
12 ယခင်ကရန်သူဖြစ်ခဲ့ကြသည့်ပိလတ် မင်းနှင့်ဟေရုဒ်မင်းတို့သည် ထိုနေ့၌ပြန်၍ သင့်မြတ်သွားကြသတည်း။
12 Herodes e Pilatos, que até ali eram inimigos, naquele dia tornaram-se amigos.
13 ပိလတ်မင်းသည်ယဇ်ပုရောဟိတ်ကြီးများ၊ ယုဒခေါင်းဆောင်များနှင့်ယုဒအမျိုးသား များအားစုဝေးစေ၏။-
13 Pilatos reuniu os chefes dos sacerdotes, as autoridades e o povo,
14 ထိုနောက် ``ဤသူသည်ပုန်ကန်ရန်ပြည်သူတို့ အားလှုံ့ဆော်သူဖြစ်သည်ဟုဆို၍ သူ့အား သင်တို့ငါ့ထံသို့ခေါ်ခဲ့ကြ၏။ သင်တို့ရှေ့ မှာပင်ငါစစ်ဆေးခဲ့၏။ သို့ရာတွင်သင်တို့ ဆိုသည့်အတိုင်းထိုသူအားစွပ်စွဲနိုင်ရန် အကြောင်းတစ်စုံတစ်ရာကိုမျှငါမတွေ့။-
14 dizendo-lhes: "Vocês me trouxeram este homem como alguém que estava incitando o povo à rebelião. Eu o examinei na presença de vocês e não achei nenhuma base para as acusações que fazem contra ele.
15 ဟေရုဒ်မင်းသည်လည်းမတွေ့။ ထို့ကြောင့်သူ့ ကိုငါ့ထံသို့ပြန်၍ပို့၏။ ဤသူသည်သေ ဒဏ်ခံထိုက်သောအပြစ်တစ်စုံတစ်ရာကို မျှမကူးမလွန်ခဲ့ပေ။-
15 Nem Herodes, pois ele o mandou de volta para nós. Como podem ver, ele nada fez que mereça a morte.
16 သို့ဖြစ်၍သူ့ကိုကြိမ်ဒဏ်ဖြင့်ဆုံးမ၍လွှတ် လိုက်မည်'' ဟုဆို၏။-
16 Portanto, eu o castigarei e depois o soltarei.
17 (ပိလတ်မင်းသည်ပသခါပွဲ၌လူတို့အတွက် အကျဉ်းသားတစ်ယောက်ကိုလွတ်ငြိမ်းချမ်း သာခွင့်ပေးရမြဲဖြစ်သတည်း။)
17 Ele era obrigado a soltar-lhes um preso durante a festa".
18 လူပရိသတ်အားလုံးက ``ဤသူကိုသေဒဏ် ပေးပါ။ အကျွန်ုပ်တို့အတွက်ဗာရဗ္ဗကိုလွတ် ငြိမ်းချမ်းသာခွင့်ပေးပါ'' ဟုတစ်ပြိုင်နက် ဟစ်အော်ကြ၏။-
18 A uma só voz eles gritaram: "Acaba com ele! Solta-nos Barrabás! "
19 (ဗာရဗ္ဗကားမြို့ထဲတွင်ပုန်ကန်ထကြွမှုနှင့် လူသတ်မှုတို့ဖြင့်ထောင်ကျခံနေရသူဖြစ်၏။)
19 ( Barrabás havia sido lançado na prisão por causa de uma insurreição na cidade e por assassinato. )
20 ပိလတ်မင်းသည်သခင်ယေရှုအားလွတ်ငြိမ်း ချမ်းသာခွင့်ပေးလို၍လူတို့အားတစ်ဖန် တင်ပြ၏။-
20 Desejando soltar a Jesus, Pilatos dirigiu-se a eles novamente.
21 သို့ရာတွင်လူတို့သည် ``သူ့ကိုလက်ဝါးကပ်တိုင် မှာတင်၍သတ်ပါ၊ လက်ဝါးကပ်တိုင်မှာတင်၍ သတ်ပါ'' ဟုဟစ်အော်ကြ၏။
21 Mas eles continuaram gritando: "Crucifica-o! Crucifica-o! "
22 ပိလတ်မင်းက ``သူသည်အဘယ်ပြစ်မှုကို ကူးလွန်သနည်း။ သူ့အားသေဒဏ်ပေးထိုက် သောအကြောင်းတစ်စုံတစ်ရာကိုမျှငါမတွေ့၊ သို့ဖြစ်၍သူ့ကိုကြိမ်ဒဏ်ဖြင့်ဆုံးမ၍လွှတ် လိုက်မည်'' ဟုတတိယအကြိမ်ဆို၏။
22 Pela terceira vez ele lhes falou: "Por quê? Que crime este homem cometeu? Não encontrei nele nada digno de morte. Vou mandar castigá-lo e depois o soltarei".
23 သို့ရာတွင်လူတို့သည်ကိုယ်တော်အားလက်ဝါး ကပ်တိုင်မှာတင်၍သတ်ရန် အသံကုန်အော်ဟစ် တောင်းဆိုကြသဖြင့်နောက်ဆုံး၌တောင်းဆို ချက်ရသွား၏။-
23 Eles, porém, pediam insistentemente, com fortes gritos, que ele fosse crucificado; e a gritaria prevaleceu.
24 ပိလတ်မင်းသည်သူတို့တောင်းဆိုသည့်အတိုင်း စီရင်ချက်ချမှတ်လိုက်၏။-
24 Então Pilatos decidiu fazer a vontade deles.
25 ပုန်ကန်ထကြွမှုနှင့်လူသတ်မှုတို့အတွက် ထောင်ကျသူအား သူတို့တောင်းဆိုသည့်အတိုင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်၏။ သခင်ယေရှု ကိုမူသူတို့ပြုလိုသည့်အတိုင်းပြုစေရန်အပ် လိုက်၏။
25 Libertou o homem que havia sido lançado na prisão por insurreição e assassinato, aquele que eles haviam pedido, e entregou Jesus à vontade deles.
26 စစ်သားတို့သည်ကိုယ်တော်ကိုထုတ်ဆောင်သွား ကြစဉ် ကျေးလက်တောရွာမှလာသောကုရေနေ ပြည်သားရှိမုန်ကိုဖမ်းဆီး၍ သူ၏ပခုံးပေါ် တွင်လက်ဝါးကပ်တိုင်ကိုတင်ကြ၏။ ထိုနောက် လက်ဝါးကပ်တိုင်ကိုထမ်းစေလျက်သခင် ယေရှု၏နောက်တော်မှလိုက်စေကြ၏။
26 Enquanto o levavam, agarraram Simão de Cirene, que estava chegando do campo, e lhe colocaram a cruz às costas, fazendo-o carregá-la atrás de Jesus.
27 လူပရိသတ်ကြီးသည်နောက်တော်မှလိုက်ကြ၏။ အမျိုးသမီးအချို့တို့သည်မိမိတို့ရင်ကို တီးခတ်ငိုကြွေးလျက်လိုက်ကြ၏။-
27 Um grande número de pessoas o seguia, inclusive mulheres que lamentavam e choravam por ele.
28 သခင်ယေရှုသည်ထိုအမျိုးသမီးများ၏ဘက် သို့လှည့်၍ ``ယေရုရှလင်မြို့သူတို့၊ ငါ့အတွက် မငိုကြွေးကြနှင့်။ သင်တို့နှင့်သင်တို့၏သား သမီးများအတွက်သာလျှင်ငိုကြွေးကြလော့။-
28 Jesus voltou-se e disse-lhes: "Filhas de Jerusalém, não chorem por mim; chorem por vocês mesmas e por seus filhos!
29 `ကလေးမရှိခဲ့၊ နို့မတိုက်ခဲ့သောအမျိုးသမီး များသည်မင်္ဂလာရှိ၏' ဟုဆိုရသည့်အချိန် ကျရောက်လာလိမ့်မည်။-
29 Pois chegará a hora em que vocês dirão: ‘Felizes as estéreis, os ventres que nunca geraram e os seios que nunca amamentaram! ’
30 ထိုအချိန်၌လူတို့ကတောင်များအား `ငါတို့ အပေါ်သို့ပြိုလဲကြပါ' ဟူ၍လည်းကောင်း၊ တောင်ကုန်းများအား `ငါတို့ကိုဖုံးအုပ်ကြ ပါ' ဟူ၍လည်းကောင်းဆိုကြလိမ့်မည်။-
30 "Então dirão às montanhas: ‘Caiam sobre nós! ’ e às colinas: ‘Cubram-nos! ’
31 စိမ်းစိုသောအပင်ကိုဤသို့ပြုကြပါမူ အပင်သည်ခြောက်သွေ့သောအခါမည်သို့ ဖြစ်လိမ့်မည်နည်း'' ဟုမိန့်တော်မူ၏။
31 Pois, se fazem isto com a árvore verde, o que acontecerá quando ela estiver seca? "
32 လူတို့သည်ရာဇဝတ်သင့်သူလူနှစ်ယောက်ကို လည်းကိုယ်တော်နှင့်အတူသတ်ရန်ထုတ်ဆောင် သွားကြ၏။-
32 Dois outros homens, ambos criminosos, também foram levados com ele, para serem executados.
33 ``ဦးခေါင်းခွံ'' ဟုနာမည်တွင်သောအရပ်သို့ရောက် သောအခါကိုယ်တော်နှင့်ရာဇဝတ်သင့်သူများ ကိုလက်ဝါးကပ်တိုင်မှာတင်၍သတ်ကြ၏။ ရာ ဇဝတ်သင့်သူတစ်ယောက်ကိုလက်ယာတော်ဘက် တွင်လည်းကောင်း၊ အခြားတစ်ယောက်ကိုလက်ဝဲ တော်ဘက်တွင်လည်းကောင်းထား၍သတ်ကြ၏။-
33 Quando chegaram ao lugar chamado Caveira, ali o crucificaram com os criminosos, um à sua direita e o outro à sua esquerda.
34 သခင်ယေရှုက ``အို အဖ၊ ထိုသူတို့၏အပြစ် ကိုဖြေလွှတ်တော်မူပါ။ သူတို့သည်မိမိတို့ပြု နေသည့်အမှုကိုမသိကြပါ'' ဟုမြွက်ဆို တော်မူ၏။
34 Jesus disse: "Pai, perdoa-lhes, pois não sabem o que estão fazendo". Então eles dividiram as roupas dele, tirando sortes.
35 လူပရိသတ်သည်ရပ်လျက်ကြည့်နေကြ၏။ ယုဒခေါင်းဆောင်များသည် ``ဤသူသည်အခြား သူများအားကယ်တင်၏။ အကယ်၍ဘုရားသခင် ရွေးချယ်တော်မူသောမေရှိယဖြစ်ပါမူ မိမိကိုယ် ကိုကယ်တင်ပါလေစေ'' ဟုဆို၍ပြောင်လှောင် ကြ၏။-
35 O povo ficou observando, e as autoridades o ridicularizavam. "Salvou os outros", diziam; "salve-se a si mesmo, se é o Cristo de Deus, o Escolhido".
36 စစ်သားများသည်လည်းကိုယ်တော်အားပုံး ရည်ကိုတိုက်လျက်၊-
36 Os soldados, aproximando-se, também zombavam dele. Oferecendo-lhe vinagre,
37 ``သင်သည်ယုဒရှင်ဘုရင်ဖြစ်ပါမူသင့်ကိုယ် ကိုကယ်တင်ပါလော့'' ဟုဆို၍ပြောင်လှောင် ကြ၏။
37 diziam: "Se você é o rei dos judeus, salve-se a si mesmo".
38 ကိုယ်တော်၏ဦးခေါင်းအထက်တွင် ``ဤသူကား ယုဒရှင်ဘုရင်ပေတည်း'' ဟုကမ္ပည်းရေးထိုး ထားကြ၏။
38 Havia uma inscrição acima dele, que dizia: ESTE É O REI DOS JUDEUS.
39 လက်ဝါးကပ်တိုင်မှာရိုက်ဆွဲထားသောရာဇ ဝတ်သင့်သူနှစ်ယောက်အနက် တစ်ယောက်က ``သင် သည်မေရှိယပင်မဟုတ်ပါလော။ သင့်ကိုယ်ကို လည်းကောင်း၊ ငါတို့ကိုလည်းကောင်းကယ်တင် ပါလော့'' ဟုကိုယ်တော်အားကဲ့ရဲ့ပြောဆို၏။
39 Um dos criminosos que ali estavam dependurados lançava-lhe insultos: "Você não é o Cristo? Salve-se a si mesmo e a nós! "
40 အခြားရာဇဝတ်သင့်သူကထိုသူ့အား ``သင် သည်ဘုရားသခင်ကိုမကြောက်ပါသလော။ ငါ တို့သည်ဤသူကဲ့သို့ပင်ဒဏ်စီရင်ခြင်းကို ခံရသော်လည်း၊-
40 Mas o outro criminoso o repreendeu, dizendo: "Você não teme a Deus, nem estando sob a mesma sentença?
41 ငါတို့သည်အပြစ်အလျောက် ထိုက်သင့်သော အပြစ်ဒဏ်ကိုခံရကြ၏။ ဤအရှင်မှာမူကား အဘယ်အပြစ်ကိုမျှမကူးလွန်ခဲ့'' ဟုပြော ဆိုဆုံးမ၏။-
41 Nós estamos sendo punidos com justiça, porque estamos recebendo o que os nossos atos merecem. Mas este homem não cometeu nenhum mal".
42 ထိုနောက်သခင်ယေရှုအား ``အရှင်အုပ်စိုးရန် ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုသတိ ရတော်မူပါ'' ဟုလျှောက်၏။-
42 Então ele disse: "Jesus, lembra-te de mim quando entrares no teu Reino".
43 ကိုယ်တော်က ``အမှန်အကန်သင့်အားငါဆို သည်ကား ယနေ့ပင်သင်သည်ငါနှင့်အတူ ပရဒိသုဘုံတွင်ရှိမည်'' ဟုမိန့်တော်မူ၏။
43 Jesus lhe respondeu: "Eu lhe garanto: Hoje você estará comigo no paraíso".
44 အချိန်ကားမွန်းတည့်ချိန်လောက်ဖြစ်၏။ ထို အချိန်မှစ၍မွန်းလွဲသုံးနာရီအထိ မြေတစ် ပြင်လုံးတွင်နေရောင်အလင်းကွယ်၍မှောင် အတိကျလေ၏။-
44 Já era quase meio dia, e trevas cobriram toda a terra até às três horas da tarde;
45 ဗိမာန်တော်ကန့်လန့်ကာသည်လည်းနှစ်ခြမ်း ကွဲလေ၏။-
45 o sol deixara de brilhar. E o véu do santuário rasgou-se ao meio.
46 သခင်ယေရှုသည် ``အို အဖ၊ ကိုယ်တော်ရှင်၏ လက်တော်သို့အကျွန်ုပ်၏ဝိညာဉ်ကိုအပ်ပါ၏'' ဟုကျယ်စွာကြွေးကြော်ပြီးနောက်အသက်ချုပ် တော်မူ၏။
46 Jesus bradou em alta voz: "Pai, nas tuas mãos entrego o meu espírito". Tendo dito isso, expirou.
47 ဤအဖြစ်အပျက်ကိုတပ်မှူးသည်တွေ့မြင် လျှင် ``ဤသူကားအကယ်ပင်သူတော်ကောင်း ဖြစ်၏'' ဟုဆို၍ဘုရားသခင်၏ဂုဏ်တော် ကိုချီးကူးလေ၏။
47 O centurião, vendo o que havia acontecido, louvou a Deus, dizendo: "Certamente este homem era justo".
48 ဤအမှုအရာကိုကြည့်ရှုရန်လာကြကုန်သော လူပရိသတ်တို့သည် ထိုအဖြစ်အပျက်များကို မြင်သဖြင့် မိမိတို့ရင်ကိုတီးခတ်လျက်ပြန် ကြ၏။-
48 E todo o povo que se havia juntado para presenciar o que estava acontecendo, ao ver isso, começou a bater no peito e a afastar-se.
49 ဂါလိလဲပြည်မှကိုယ်တော်၏နောက်သို့လိုက် လာကြသောအမျိုးသမီးများအပါအဝင် ကိုယ်တော်ကိုသိကျွမ်းသူအပေါင်းတို့သည် အဝေးမှာရပ်လျက်ကြည့်ရှုနေကြ၏။
49 Mas todos os que o conheciam, inclusive as mulheres que o haviam seguido desde a Galiléia, ficaram de longe, observando essas coisas.
50 — ausente —
50 Havia um homem chamado José, membro do Conselho, homem bom e justo,
51 — ausente —
51 que não tinha consentido na decisão e no procedimento dos outros. Ele era da cidade de Arimatéia, na Judéia, e esperava o Reino de Deus.
52 သူသည်ပိလတ်မင်း၏ထံသို့သွား၍သခင်ယေရှု ၏အလောင်းတော်ကိုတောင်း၏။-
52 Dirigindo-se a Pilatos, pediu o corpo de Jesus.
53 အလောင်းတော်ကိုလက်ဝါးကပ်တိုင်မှချပြီး လျှင်ပိတ်ဖြင့်ပတ်၏။ ထိုနောက်ကျောက်ဆောင်ကို ထွင်းထားသည့်တစ်ခါမျှအသုံးမပြုရသေး သောသင်္ချိုင်းဂူသစ်တွင်သင်္ဂြိုဟ်၏။-
53 Então, desceu-o, envolveu-o num lençol de linho e o colocou num sepulcro cavado na rocha, no qual ninguém ainda fora colocado.
54 ထိုနေ့ကားသောကြာနေ့ဖြစ်၍ဥပုသ်နေ့သို့ ကူးရန်အချိန်နီးပေပြီ။-
54 Era o Dia da Preparação, e estava para começar o sábado.
55 ဂါလိလဲပြည်မှကိုယ်တော်နှင့်လိုက်ခဲ့ကြသော အမျိုးသမီးများလည်းလိုက်ပို့၍သင်္ချိုင်းတော် ကိုလည်းကောင်း၊ အလောင်းတော်ကိုအဘယ်သို့ ထားသည်ကိုလည်းကောင်းတွေ့မြင်ကြ၏။-
55 As mulheres que haviam acompanhado Jesus desde a Galiléia, seguiram José e viram o sepulcro, e como o corpo de Jesus fora colocado nele.
56 ထိုနောက်သူတို့သည်အိမ်သို့ပြန်၍ဆီမွှေး နှင့်နံ့သာပေါင်းကိုအသင့်ပြင်ဆင်ကြ၏။
56 Então, foram para casa e prepararam perfumes e especiarias aromáticas. E descansaram no sábado, em obediência ao mandamento.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 23, comparar traduções ou montar um estudo — tudo direto pelo WhatsApp.