Lucas 21
Common Language Bible (MYA) vs NTLH
1 ကိုယ်တော်သည်မော်၍ကြည့်လိုက်ရာချမ်းသာ ကြွယ်ဝသူများဗိမာန်တော်ဘဏ္ဍာတိုက်ထဲသို့ အလှူဒါနထည့်ဝင်နေကြသည်ကိုမြင်တော် မူ၏။-
1 Jesus estava no pátio do Templo, olhando o que estava acontecendo, e viu os ricos pondo dinheiro na caixa das ofertas.
2 ကြေးပြားနှစ်ပြားကိုဆင်းရဲသူမုဆိုးမ တစ်ယောက်ထည့်ဝင်လှူဒါန်းသည်ကိုလည်း မြင်တော်မူ၏။-
2 Viu também uma viúva pobre, que pôs ali duas moedinhas de pouco valor.
3 ကိုယ်တော်က ``အမှန်အကန်သင်တို့အား ငါဆိုသည်ကားဤဆင်းရဲသောမုဆိုးမ သည်ဤသူအပေါင်းတို့ထက်ပို၍ထည့်ဝင် လှူဒါန်းလေပြီ။-
3 Então ele disse:
4 ထိုသူတို့သည်မိမိတို့၏ငွေပိုငွေလျှံထဲမှ ပေးလှူကြ၏။ ဤအမျိုးသမီးမူကားဆင်းရဲ လျက်နှင့်မိမိ၏ချွေးနှဲစာရှိသမျှကိုပင် ပေးလှူပြီ'' ဟုမိန့်တော်မူ၏။
4 Porque os outros deram do que estava sobrando. Porém ela, que é tão pobre, deu tudo o que tinha para viver.
5 တပည့်တော်အချို့တို့က ဗိမာန်တော်သည်လှပ သောကျောက်တုံးများ၊ ပူဇော်ဆက်ကပ်ထားသည့် ဝတ္ထုပစ္စည်းများဖြင့်အလွန်တင့်တယ်လျက်ရှိ ကြောင်းပြောဆိုကြ၏။-
5 Algumas pessoas estavam falando de como o Templo era enfeitado com bonitas pedras e com as coisas que tinham sido dadas como ofertas. Então Jesus disse:
6 ထိုအခါကိုယ်တော်က ``သင်တို့မြင်ရကြသည့် အရာအားလုံးတို့သည်ပြိုကျရလိမ့်မည်။ ကျောက်တစ်လုံးမျှမူလနေရာတွင်တင်၍ မကျန်ရစ်သည့်တိုင်အောင်ပြိုပျက်ရသည့် အချိန်ကျရောက်လာပေအံ့'' ဟုမိန့်တော်မူ၏။
6 — Chegará o dia em que tudo isso que vocês estão vendo será destruído. E não ficará uma pedra em cima da outra.
7 ထိုသူတို့က ``အရှင်ဘုရား၊ ဤအမှုအရာ များသည်အဘယ်ကာလတွင်ဖြစ်ပျက်ပါ မည်နည်း။ ဤအမှုအရာများဖြစ်ပျက်ချိန်၌ အဘယ်ပုဗ္ဗနိမိတ်များပေါ်ထွန်းပါမည်နည်း'' ဟုမေးလျှောက်ကြ၏။
7 Aí eles perguntaram: — Mestre, quando será isso? Que sinal haverá para mostrar quando é que isso vai acontecer?
8 ကိုယ်တော်က ``သင်တို့သည်လှည့်စားခြင်းမခံရ ကြစေရန်သတိပြုကြလော့။ လူအများပင် ငါ၏အယောင်ဆောင်လျက်`ငါသည်မေရှိယဖြစ် သည်' ဟုဆို၍လည်းကောင်း၊ `ချိန်းချက်သတ်မှတ် တော်မူရာအချိန်ရောက်ပြီ' ဟုဆို၍လည်းကောင်း လူတို့ကိုလှည့်စားကြလိမ့်မည်။ ထိုသူတို့၏ နောက်သို့မလိုက်ကြနှင့်။-
8 Jesus respondeu:
9 သင်တို့သည်စစ်မက်သတင်းများနှင့်ပုန်ကန် တော်လှန်မှုသတင်းများကိုကြားကြသော အခါမထိတ်လန့်ကြနှင့်။ ဤအမှုအရာများ သည်ဦးစွာဖြစ်ပျက်ရမည်။ သို့သော်လည်းကပ် ကမ္ဘာကုန်ဆုံးချိန်ကားမရောက်သေး'' ဟုမိန့် တော်မူ၏။
9 Não tenham medo quando ouvirem falar de guerras e de revoluções. Pois é preciso que essas coisas aconteçam primeiro. Mas isso não quer dizer que o fim esteja perto.
10 ထိုနောက်ကိုယ်တော်က ``လူတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံစစ်ဖြစ်ကြလိမ့်မည်။-
10 E continuou:
11 နေရာအနှံ့အပြားတွင်မြေငလျင်ပြင်းထန် စွာလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ အနာရောဂါ ကပ်သင့်ခြင်းတို့ဖြစ်လိမ့်မည်။ ကောင်းကင်တွင် ကြောက်မက်ဖွယ်ကောင်းသောအရာများနှင့်ပုဗ္ဗ နိမိတ်များပေါ်ထွန်းကြလိမ့်မည်။-
11 Em vários lugares haverá grandes tremores de terra, falta de alimentos e epidemias. Acontecerão coisas terríveis, e grandes sinais serão vistos no céu.
12 သို့ရာတွင်ဤအမှုအရာများမဖြစ်မပျက် မီလူတို့သည်သင်တို့အားဖမ်းဆီးညှဉ်းဆဲကြ လိမ့်မည်။ သင်တို့အားတရားဇရပ်များတွင် တရားစီရင်ရန်အပ်နှံ၍ထောင်များတွင် အကျဉ်းချထားကြလိမ့်မည်။ သင်တို့သည် ငါ၏နာမကြောင့်ရှင်ဘုရင်များ၊ အာဏာပိုင် များ၏ရှေ့မှောက်သို့ရောက်ရကြလိမ့်မည်။-
12 — Mas, antes de acontecer tudo isso, vocês serão presos e perseguidos. Vocês serão entregues para serem julgados nas
13 ဤနည်းအားဖြင့်သင်တို့သည်သတင်းကောင်း ကိုကြေညာရန်အခွင့်ထူးရကြလိမ့်မည်။-
13 E isso dará oportunidade a vocês para anunciarem o
14 ထို့ကြောင့်မိမိတို့မည်သို့ချေပရမည်ကို မစိုးရိမ်ရန်ကြိုတင်၍စိတ်ပြဋ္ဌာန်းကြလော့။-
14 Resolvam desde já que não vão ficar preocupados, antes da hora, com o que dirão para se defender.
15 အဘယ်ကြောင့်ဆိုသော်သင်တို့၏ရန်သူများ မငြင်းခုံမခုခံနိုင်အောင်သင်တို့အားနှုတ် သတ္တိ၊ ဉာဏ်သတ္တိကိုငါပေးမည်ဖြစ်သောကြောင့် တည်း။-
15 Porque eu lhes darei palavras e sabedoria que os seus inimigos não poderão resistir, nem negar.
16 သင်တို့အားမိဘဆွေမျိုးမိတ်သင်္ဂဟများက ရန်သူ့လက်သို့အပ်ကြလိမ့်မည်။ သင်တို့အနက် အချို့သောသူတို့ကိုသတ်ကြလိမ့်မည်။-
16 Vocês serão entregues às autoridades pelos seus próprios pais, irmãos, parentes e amigos, e alguns de vocês serão mortos.
17 ငါ၏နာမကြောင့်သင်တို့ကိုလူအပေါင်းတို့ မုန်းကြလိမ့်မည်။-
17 Todos odiarão vocês por serem meus seguidores.
18 သို့ရာတွင်သင်တို့ဦးခေါင်းကဆံပင်တစ်ပင် မျှပျက်စီးရလိမ့်မည်မဟုတ်။-
18 Mas nem um fio de cabelo de vocês será perdido.
19 သင်တို့သည်ကြံ့ကြံ့ခံနိုင်ရည်ရှိကြလော့။ သို့ပြုလျှင်ကယ်တင်ခြင်းခံရကြလိမ့်မည်။
19 Fiquem firmes, pois assim vocês serão salvos.
20 ယေရုရှလင်မြို့ကိုစစ်တပ်များဝိုင်းရံလျက်ရှိ သည်ကို သင်တို့မြင်သောအခါ ထိုမြို့ပျက်ခါ နီးပြီဟုသိမှတ်ကြလော့။-
20 Jesus disse ainda:
21 ထိုအခါ၌ယုဒပြည်ရှိလူတို့သည်တောင်များ ပေါ်သို့ပြေးကြစေ။ မြို့ထဲမှာရှိလူတို့မြို့ပြင် သို့ထွက်ကြစေ။ ကျေးလက်တောရွာမှာရှိသော သူတို့ကိုမြို့ထဲသို့မဝင်ကြစေနှင့်။-
21 Então, os que estiverem na região da Judeia, que fujam para os montes. Quem estiver na cidade, que saia logo. E quem estiver no campo, que não entre na cidade.
22 အဘယ်ကြောင့်ဆိုသော်ထိုနေ့ရက်ကာလသည် အပြစ်ဒဏ်စီရင်ရာနေ့ရက်ကာလဖြစ်သော ကြောင့်တည်း။ ကျမ်းစာတော်တွင်ဖော်ပြခဲ့သည့် အမှုအရာများဖြစ်ပျက်ရာကာလပင်ဖြစ်၏။-
22 Porque aqueles dias serão os “Dias do Castigo”, e neles acontecerá tudo o que as
23 ထိုကာလ၌ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် သားသည် မိခင်တို့အတွက်အကျိုးနည်းပေ တော့မည်။ ယုဒပြည်သည်အတိဒုက္ခရောက်၍ ပြည်သူတို့သည်အမျက်တော်သင့်ကြလိမ့် မည်။-
23 Ai das mulheres grávidas e das mães que ainda estiverem amamentando naqueles dias! Porque virá sobre a terra uma grande aflição, e cairá sobre esta gente um terrível castigo de Deus.
24 အချို့သောသူတို့သည်ဋ္ဌားဘေးဖြင့်ကျဆုံး ကြလိမ့်မည်။ ကျန်သူတို့သည်သုံ့ပန်းများအဖြစ် ဖြင့် အတိုင်းတိုင်းအပြည်ပြည်သို့ဖမ်းသွားခြင်းခံ ရကြလိမ့်မည်။ လူမျိုးခြားတို့သည် မိမိတို့ကြီး စိုးသည့်ခေတ်မကုန်မချင်း ယေရုရှလင်မြို့ ကိုခြေဖြင့်နင်းကြလိမ့်မည်။
24 Muitos serão mortos à espada, e outros serão levados como prisioneiros para todos os países do mundo. E os não judeus conquistarão Jerusalém, até que termine o tempo de eles fazerem isso.
25 ``နေလကြယ်နက္ခတ်များ၌ပုဗ္ဗနိမိတ်များပေါ်ထွန်း လာလိမ့်မည်။ ကမ္ဘာပေါ်တွင်လူမျိုးအပေါင်းတို့သည် ပင်လယ်လှိုင်းတံပိုးမြည်ဟီးသံကြောင့်စိတ်ပျက် အားလျော့ကြောက်ရွံ့ကြလိမ့်မည်။-
25 E Jesus continuou:
26 လူတို့သည်ကမ္ဘာပေါ်တွင်ဆိုက်ရောက်လတ္တံ့သော ဘေးများကိုမြော်မြင်၍ကြောက်လန့်ကာမူး မော်လိမ့်မည်။ ကောင်းကင်နက္ခတ်တာရာတို့သည် တုန်လှုပ်ကြလိမ့်မည်။-
26 Em todo o mundo muitas pessoas desmaiarão de terror ao pensarem no que vai acontecer, pois os poderes do espaço serão abalados.
27 ထိုအခါတိမ်ကိုစီး၍ကြီးစွာသောဘုန်း အသရေတော်ဆောင်လျက်လူသားကြွ လာတော်မူသည်ကိုမြင်ရကြလိမ့်မည်။-
27 Então o
28 ဤအမှုအရာများဖြစ်ပျက်လာသောအခါ သင်တို့အားကယ်တင်တော်မူမည့်အချိန်သည် နီးကပ်လျက်ရှိသည်ဖြစ်၍ သင်တို့၏ဦးခေါင်း ကိုကြွ၍မျှော်ကြည့်ကြလော့'' ဟုမိန့်တော်မူ၏။
28 Quando essas coisas começarem a acontecer, fiquem firmes e de cabeça erguida, pois logo vocês serão salvos.
29 ထိုနောက်ကိုယ်တော်သည် သူတို့အားပုံဥပမာ ဆောင်၍ ``သင်္ဘောသဖန်းပင်နှင့် အခြားသစ်ပင် တို့ကိုကြည့်ကြလော့။-
29 Em seguida Jesus fez esta comparação:
30 ထိုအပင်များရွက်နုပေါက်သောအခါ သင်တို့ သည်ကြည့်၍နွေရာသီနီးကြောင်းသိကြ၏။-
30 Quando vocês veem que as suas folhas começam a brotar, vocês já sabem que está chegando o verão.
31 ထိုနည်းတူစွာဖော်ပြခဲ့သည့်အမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကိုတွေ့မြင်ရသောအခါ ဘုရားသခင်၏နိုင်ငံတော်တည်ချိန်နီးပြီဟု သိမှတ်ကြလော့။
31 Assim também, quando virem acontecer aquelas coisas, fiquem sabendo que o
32 ``ငါအမှန်ဆိုသည်ကားဤအမှုအရာအလုံးစုံ တို့မဖြစ်မပျက်မီ ယခုအသက်ရှင်နေသူတို့ သေလွန်ရလိမ့်မည်မဟုတ်။-
32 Eu afirmo a vocês que isto é verdade: essas coisas vão acontecer antes de morrerem todos os que agora estão vivos.
33 ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ၏စကားတည်လိမ့်မည်။
33 O céu e a terra desaparecerão, mas as minhas palavras ficarão para sempre.
34 — ausente —
34 E Jesus terminou, dizendo:
35 — ausente —
35 como se fosse uma armadilha. Pois ele cairá sobre todos no mundo inteiro.
36 နိုးနိုးကြားကြားရှိကြလော့။ ကျရောက်လတ္တံ့ သောဘေးများကိုခံရပ်၍ လူသား၏ရှေ့တော် တွင်မတ်မတ်ရပ်၍တရားစီရင်ခြင်းကိုခံနိုင် ကြရန်အမြဲဆုတောင်းပတ္ထနာပြုကြလော့'' ဟုမိန့်တော်၏။
36 Portanto, fiquem vigiando e orem sempre, a fim de poderem escapar de tudo o que vai acontecer e poderem estar de pé na presença do
37 ကိုယ်တော်သည်နေ့အခါများ၌ဗိမာန်တော် တွင်ဟောပြောသွန်သင်တော်မူပြီးလျှင် ညအခါ များ၌သံလွင်နာမည်တွင်သောတောင်ပေါ်သို့ သွား၍ညဥ့်ကိုလွန်စေတော်မူ၏။-
37 Jesus ensinava no pátio do Templo todos os dias. Mas à noite ia para o monte das Oliveiras e ficava ali até de manhã.
38 လူအပေါင်းတို့သည်ဗိမာန်တော်တွင်တရား တော်ကိုကြားနာရန် နံနက်စောစောထ၍ အထံတော်သို့လာကြ၏။
38 E todo o povo ia de madrugada para o Templo a fim de ouvi-lo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.