Lucas 20

Common Language Bible (MYA) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 တစ်​နေ့​သ​၌​ကိုယ်​တော်​သည်​ဗိ​မာန်​တော်​တွင် လူ​တို့​အား​ဆုံး​မ​သြ​ဝါ​ဒ​ပေး​၍ သ​တင်း ကောင်း​ကို​ဟော​ပြော​လျက်​နေ​တော်​မူ​စဉ်​ယဇ် ပု​ရော​ဟိတ်​ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည်​အ​ထံ တော်​ကို​လာ​ကြ​၏။-
1 E aconteceu, num daqueles dias, que, estando ele ensinando o povo no templo e anunciando o evangelho, sobrevieram os principais dos sacerdotes e os escribas com os anciãos
2 သူ​တို့​က ``အ​ရှင်​သည်​ဤ​အ​မှု​အ​ရာ​များ ကို အ​ဘယ်​အ​ခွင့်​အာ​ဏာ​အ​ရ​ပြု​တော်​မူ ပါ​သ​နည်း။ ထို​အ​ခွင့်​အာ​ဏာ​ကို​အ​ရှင့်​အား အ​ဘယ်​သူ​အပ်​နှင်း​ပါ​သ​နည်း'' ဟု​လျှောက် ထား​မေး​မြန်း​ကြ​၏။
2 e falaram-lhe, dizendo: Dize-nos: com que autoridade fazes essas coisas? Ou quem é que te deu esta autoridade?
3 ကိုယ်​တော်​က ``ငါ​သည်​လည်း​သင်​တို့​အား မေး​ခွန်း​တစ်​ခု​ကို​မေး​ဦး​မည်။-
3 E, respondendo ele, disse-lhes: Também eu vos farei uma pergunta: dizei-me, pois:
4 ယော​ဟန်​ဗတ္တိ​ဇံ​ပေး​သည်​မှာ​ဘု​ရား​သ​ခင် ၏​အ​ခွင့်​အာ​ဏာ​အ​ရ​လော၊ လူ​တို့​၏​အ​ခွင့် အာ​ဏာ​အ​ရ​လော၊ ငါ့​အား​ဖြေ​ကြား​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။
4 o batismo de João era do céu ou dos homens?
5 သူ​တို့​သည် ``အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​အ​ခွင့် အာ​ဏာ​အ​ရ​ဟု​ငါ​တို့​ဆို​လျှင်`ယော​ဟန်​ကို သင်​တို့​အ​ဘယ်​ကြောင့်​မ​ယုံ​ကြည်​ကြ​သ​နည်း' ဟု​မေး​လိမ့်​မည်။-
5 E eles arrazoavam entre si, dizendo: Se dissermos: do céu, ele nos dirá: Então, por que o não crestes?
6 သို့​ရာ​တွင်​လူ​တို့​အ​ခွင့်​အာ​ဏာ​အ​ရ​ဟု ငါ​တို့​ဆို​လျှင် လူ​အ​ပေါင်း​တို့​က​ယော​ဟန် ကို​ပ​ရော​ဖက်​တစ်​ပါး​ဟု​အ​မှန်​ပင်​ယုံ​ကြည် ကြ​သ​ဖြင့် ငါ​တို့​အား​ခဲ​နှင့်​ပေါက်​ကြ​လိမ့် မည်'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ကြ​၏။-
6 E, se dissermos: dos homens, todo o povo nos apedrejará, pois têm por certo que João era profeta.
7 ထို့​ကြောင့်​သူ​တို့​က ``မည်​သူ့​အ​ခွင့်​အာ​ဏာ အ​ရ​ပေး​သည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ'' ဟု ဖြေ​ကြား​ကြ​၏။
7 E responderam que não sabiam de onde era.
8 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က `ငါ​ပြု​သည့်​အ​မှု အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​အ​ရ ပြု​သည်​ကို​လည်း သင်​တို့​အား​ငါ​မ​ပြော' ဟု မိန့်​တော်​မူ​၏။
8 E Jesus lhes disse: Tampouco vos direi com que autoridade faço isto.
9 ထို့​နောက်​ကိုယ်​တော်​သည်​လူ​တို့​အား​ဤ​ပုံ ဥ​ပ​မာ​ကို​မိန့်​ကြား​တော်​မူ​၏။ ကိုယ်​တော် က ``လူ​တစ်​ယောက်​သည်​စ​ပျစ်​ဥ​ယျာဉ်​တစ် ခု​ကို​စိုက်​ပျိုး​၍​သီး​စား​ချ​၏။ ထို​နောက် နိုင်​ငံ​ရပ်​ခြား​သို့​ကာ​လ​အ​တော်​ကြာ သွား​၍​နေ​၏။-
9 E começou a dizer ao povo esta parábola: Certo homem plantou uma vinha, e arrendou-a a
10 အ​ချိန်​တန်​သော်​ကျွန်​တစ်​ယောက်​ကို​ခြံ​သမား များ​ထံ​သို့​စေ​လွှတ်​၍​သီး​စား​ခ​ကို​တောင်း​ခံ စေ​၏။ သို့​ရာ​တွင်​ခြံ​သ​မား​တို့​သည်​ထို​ကျွန် ကို​ရိုက်​၍ လက်​ချည်း​သက်​သက်​ပြန်​လွှတ်​လိုက် ကြ​၏။-
10 E, no devido tempo, mandou um servo aos lavradores, para que lhe dessem dos frutos da vinha; mas os lavradores, espancando-o, mandaram-no vazio.
11 ထို​နောက်​ဥ​ယျာဉ်​ရှင်​သည်​အ​ခြား​ကျွန်​တစ် ယောက်​ကို​စေ​လွှတ်​ပြန်​၏။ သို့​ရာ​တွင်​ခြံ​သ​မား တို့​သည်​သူ့​ကို​လည်း​ရိုက်​၍​အ​ရှက်​ခွဲ​ပြီး​လျှင် လက်​ချည်း​သက်​သက်​ပြန်​လွှတ်​လိုက်​ကြ​၏။-
11 E tornou ainda a mandar outro servo; mas eles, espancando também a este e afrontando-
12 နောက်​တစ်​ဖန်​ဥ​ယျာဉ်​ရှင်​သည်​တ​တိ​ယ​ကျွန် ကို​စေ​လွှတ်​၏။ သို့​ရာ​တွင်​ခြံ​သ​မား​တို့​သည် ထို​ကျွန်​ကို​လည်း​ဒဏ်​ရာ​များ​ရ​စေ​ပြီး​နောက် အ​ပြင်​သို့​နှင်​ထုတ်​လိုက်​ကြ​၏။-
12 E tornou ainda a mandar um terceiro; mas eles, ferindo também a este,
13 ဥ​ယျာဉ်​ရှင်​သည် `ငါ​အ​ဘယ်​သို့​ပြု​ရ​အံ့​နည်း။ ငါ​၏​တစ်​ဦး​တည်း​သော​သား​ကို​စေ​လွှတ်​မည်။ သူ့​ကို​တွေ့​လျှင်​ခြံ​သ​မား​တို့​လေး​စား​ကြ ရာ​၏' ဟု​ဆို​၏။-
13 E disse o senhor da vinha: Que farei? Mandarei o meu filho amado; talvez, vendo-o, o respeitem.
14 သို့​ရာ​တွင်​ဥ​ယျာဉ်​ရှင်​၏​သား​ရောက်​လာ​သော အ​ခါ​ခြံ​သ​မား​တို့​က `ဤ​သူ​သည်​ဥ​ယျာဉ်​ရှင် ၏​အ​မွေ​စား​အ​မွေ​ခံ​ဖြစ်​၏။ ငါ​တို့​ဥ​ယျာဉ် ကို​အ​မွေ​ခံ​ရ​အောင်​သူ့​အား​သတ်​ကြ​ကုန် အံ့' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ပြော​ဆို​လျက်။-
14 Mas, vendo-o os lavradores, arrazoaram entre si dizendo: Este é o herdeiro; vinde, matemo-lo, para que a herança seja nossa.
15 ဥ​ယျာဉ်​ရှင်​၏​သား​ကို​အ​ပြင်​သို့​ထုတ်​ပြီး လျှင်​သတ်​ပစ်​ကြ​၏။
15 E, lançando-o fora da vinha,
16 သူ​သည်​လာ​၍​ထို​သူ​တို့​ကို​သတ်​ပြီး​သော် စ​ပျစ်​ဥ​ယျာဉ်​ကို​အ​ခြား​သူ​များ​သို့​ပေး အပ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
16 Irá, e destruirá estes lavradores, e dará a outros a vinha. E, ouvindo eles isso, disseram: Não seja assim!
17 ကိုယ်​တော်​သည်​လူ​တို့​ကို​ကြည့်​ရှု​တော်​မူ​လျက်၊
17 Mas ele, olhando para eles, disse: Que é isto, pois, que está escrito? A pedra que os edificadores reprovaram, essa foi feita cabeça da esquina.
18 ထို​ကျောက်​အ​ပေါ်​သို့​ကျ​သော​သူ​သည်​အ​ပိုင်း ပိုင်း​ကျိုး​လိမ့်​မည်။ ထို​ကျောက်​အ​ကျ​ခံ​ရ​သော သူ​သည်​ညက်​ညက်​ကြေ​၍​သွား​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
18 Qualquer que cair sobre aquela pedra ficará em pedaços, e aquele sobre quem ela cair será feito em pó.
19 ကျမ်း​တတ်​ဆ​ရာ​နှင့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ သည် မိ​မိ​တို့​ကို​ရည်​စူး​၍​ဤ​ပုံ​ဥ​ပ​မာ​ကို မိန့်​တော်​မူ​ကြောင်း​သိ​ကြ​သ​ဖြင့် ချက်​ချင်း ပင်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန်​ကြံ​စည်​ကြ​၏။ သို့​ရာ​တွင်​လူ​တို့​ကို​ကြောက်​ကြ​၏။-
19 E os principais dos sacerdotes e os escribas procuravam lançar mão dele naquela mesma hora; mas temeram o povo, porque entenderam que contra eles dissera esta parábola.
20 ထို့​ကြောင့်​အ​ခွင့်​ကောင်း​ကို​စောင့်​နေ​ကြ​၏။ သူ​တို့ သည်​ကိုယ်​တော်​၏​စ​ကား​တွင်​အ​မှား​ကို​ရှာ​ပြီး လျှင် ကိုယ်​တော်​အား​ဘု​ရင်​ခံ​မင်း​၏​လက်​သို့ အပ်​နိုင်​ရန်​သူ​တော်​ကောင်း​ဖြစ်​ယောင်​ဆောင်​သော သူ​လျှို​များ​ကို​အ​ထံ​တော်​သို့​စေ​လွှတ်​ကြ​၏။-
20 E, trazendo- o debaixo de olho, mandaram espias que se fingiam de justos, para o apanharem em alguma palavra e o entregarem à jurisdição e poder do governador.
21 သူ​လျှို​တို့​က ``ဆ​ရာ​တော်၊ အ​ရှင်​ဟော​ပြော သွန်​သင်​တော်​မူ​သော​အ​ရာ​များ​မှန်​ကန်​ကြောင်း ကို​အ​ကျွန်ုပ်​တို့​သိ​ပါ​၏။ အ​ရှင်​သည်​မျက်​နှာ ကြီး​ငယ်​မ​လိုက်၊ ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း ကို​သာ​ဟုတ်​မှန်​သည်​အ​တိုင်း​သွန်​သင်​တော် မူ​ပါ​၏။-
21 E perguntaram-lhe, dizendo: Mestre, nós sabemos que falas e ensinas bem e retamente e que não consideras a aparência da pessoa, mas ensinas com verdade o caminho de Deus.
22 အ​ကျွန်ုပ်​တို့​သည်​ကဲ​သာ​ဘု​ရင်​အား​အ​ခွန် ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော'' ဟု မေး​လျှောက်​ကြ​၏။
22 É-nos lícito dar tributo a César ou não?
23 ကိုယ်​တော်​သည်​ထို​သူ​တို့​၏​ပ​ရိ​ယာယ်​ကို သိ​မြင်​တော်​မူ​သ​ဖြင့်။-
23 E, entendendo ele a sua astúcia, disse-lhes: Por que me tentais?
24 ``ဒင်္ဂါး​တစ်​ပြား​ကို​ငါ့​အား​ပြ​ကြ​လော့။ ဤ ဒင်္ဂါး​တွင်​မည်​သူ့​ရုပ်​ပုံ၊ မည်​သူ့​ကမ္ပည်း​လိပ်​စာ ပါ​ရှိ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
24 Mostrai-me uma moeda. De quem tem a imagem e a inscrição? E, respondendo eles, disseram: De César.
25 ကိုယ်​တော်​က ``ကဲ​သာ​ဘု​ရင်​ပိုင်​သည့်​အ​ရာ​ကို ကဲ​သာ​ဘု​ရင်​အား​ဆက်​ကြ​လော့။ ဘု​ရား​သ​ခင် ပိုင်​သည့်​အ​ရာ​ကို​ဘု​ရား​သ​ခင်​အား​ဆက်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။
25 Disse-lhes, então: Dai, pois, a César o que
26 သူ​တို့​သည်​လူ​တို့​ရှေ့​၌​ကိုယ်​တော်​၏​စ​ကား တွင်​အ​မှား​ရှာ​၍​မ​ရ​သ​ဖြင့် ကိုယ်​တော်​ဖြေ ကြား​တော်​မူ​ပုံ​ကို​အံ့​သြ​လျက်​ဆိတ်​ဆိတ် နေ​ကြ​၏။
26 E não puderam apanhá-lo em palavra alguma diante do povo; e, maravilhados da sua resposta, calaram-se.
27 ထို့​နောက်​ဇဒ္ဒု​ကဲ​အ​ချို့​တို့​သည်​အ​ထံ​တော် သို့​ချဉ်း​ကပ်​ကြ​၏။ သူ​တို့​ကား​သေ​ခြင်း​မှ လူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ဟု​ယုံ ကြည်​သူ​များ​ဖြစ်​ကြ​၏။-
27 E, chegando-se alguns dos saduceus, que dizem não haver ressurreição, perguntaram-lhe,
28 သူ​တို့​က ``ဆ​ရာ​တော် `တစ်​စုံ​တစ်​ယောက်​သည် သား​သ​မီး​မ​ရ​ဘဲ​သေ​ဆုံး​သွား​လျှင် ကျန်​ခဲ့ သည့်​ဇနီး​ကို​ညီ​ဖြစ်​သူ​က​ဆက်​ခံ​ထိမ်း​မြား ရ​မည်။ အစ်​ကို​၏​အ​မျိုး​အ​နွယ်​ကို​သူ​၏ ကိုယ်​စား​တိုး​ပွား​စေ​ရ​မည်' ဟု​အ​ကျွန်ုပ်​တို့ အား​မော​ရှေ​မိန့်​မှာ​ခဲ့​ပါ​သည်။-
28 dizendo: Mestre, Moisés nos deixou escrito que, se o irmão de alguém falecer, tendo mulher e não deixar filhos, o irmão dele tome a mulher e suscite posteridade a seu irmão.
29 အခါ​တစ်​ပါး​၌​ညီ​အစ်​ကို​ခု​နစ်​ယောက်​ရှိ ပါ​၏။ အစ်​ကို​ကြီး​သည်​အိမ်​ထောင်​ကျ​သော် လည်း​သား​သ​မီး​မ​ရ။-
29 Houve, pois, sete irmãos, e o primeiro tomou mulher e morreu sem filhos;
30 ထို​သူ​သေ​သွား​သော​အ​ခါ​သူ့​ညီ​အ​ကြီး​ဆုံး သည်​မ​ရီး​ဖြစ်​သူ​ကို​ဆက်​ခံ​သိမ်း​ပိုက်​၏။ ထို ညီ​သည်​သား​သ​မီး​မ​ရ​ဘဲ​သေ​ပြန်​၏။-
30 e o segundo
31 ဒု​တိ​ယ​ညီ​သည်​လည်း​ထို​အ​မျိုး​သ​မီး​ကို သိမ်း​ပိုက်​၏။ ထို​နည်း​တူ​စွာ​ညီ​အစ်​ကို​ခု​နစ် ယောက်​စ​လုံး​သား​သ​မီး​မ​ရ​ဘဲ​သေ​သွား ကြ​၏။-
31 e o terceiro também a tomaram, e, igualmente, os sete. Todos eles morreram e não deixaram filhos.
32 နောက်​ဆုံး​၌​အ​မျိုး​သ​မီး​သည်​လည်း​သေ​၏။-
32 E, por último, depois de todos, morreu também a mulher.
33 ညီ​အစ်​ကို​ခုနစ်​ယောက်​စ​လုံး​ပင်​သူ​နှင့်​စုံ​ဖက်​ခဲ့ ကြ​သည်​ဖြစ်​၍​သေ​ခြင်း​မှ​ထ​မြောက်​ရာ​နေ့​တွင် ထို​အ​မျိုး​သ​မီး​သည်​မည်​သူ​၏​ဇ​နီး​ဖြစ်​ပါ မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
33 Portanto, na ressurreição, de qual deles será a mulher, pois que os sete por mulher a tiveram?
34 သ​ခင်​ယေ​ရှု​က ``ဤ​ဘ​ဝ​၌​လူ​တို့​သည် ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​ပြု​တတ်​ကြ​၏။-
34 E, respondendo Jesus, disse-lhes: Os filhos deste mundo casam-se e dão-se em casamento,
35 သို့​ရာ​တွင်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​၍ တ​မ​လွန်​သို့​ဝင်​ထိုက်​သော​သူ​တို့​မူ​ကား ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​မ​ပြု​ကြ​ကုန်။-
35 mas os que forem havidos por dignos de alcançar o mundo vindouro e a ressurreição dos mortos nem hão de casar, nem ser dados em casamento;
36 သူ​တို့​သည်​ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့​ဖြစ် သ​ဖြင့်​သေ​နိုင်​ကြ​မည်​မ​ဟုတ်။ သူ​တို့​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​သူ​များ​ဖြစ် သော​ကြောင့်​ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ် ကြ​၏။
36 porque já não podem mais morrer, pois são iguais aos anjos e são filhos de Deus, sendo filhos da ressurreição.
37 ``မီး​လျှံ​ထွက်​သည့်​ချုံ​အ​ကြောင်း​ကို​ဖော်​ပြ​ရာ တွင်​မော​ရှေ​က `ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြ​ဟံ ၏​ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား ဖြစ်​သည်' ဟု​ဆို​၏။ သို့​ဆို​ရာ​၌​သေ​လွန်​သော သူ​တို့​ရှင်​ပြန်​ထ​မြောက်​ကြောင်း​ကို​ဖော်​ပြ ခြင်း​ပင်​ဖြစ်​၏။-
37 E que os mortos hão de ressuscitar também o mostrou Moisés junto da sarça, quando chama ao Senhor Deus de Abraão, e Deus de Isaque, e Deus de Jacó.
38 ထို​သူ​တို့​သည်​ကိုယ်​တော်​ရှေ့​တော်​၌ ထာ​ဝ​ရ ကာ​လ​ပတ်​လုံး​အ​သက်​ရှင်​သူ​များ​ဖြစ်​ကြ သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​သေ​လွန်​သူ​တို့ ၏​ဘု​ရား​မ​ဟုတ်။ အ​သက်​ရှင်​နေ​သူ​တို့​၏ ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။
38 Ora, ele vivem todos.
39 — ausente —
39 E, respondendo alguns dos escribas, disseram: Mestre, disseste bem.
40 — ausente —
40 E não ousavam perguntar-lhe mais coisa alguma.
41 ကိုယ်​တော်​သည်​ထို​သူ​တို့​အား ``မေ​ရှိ​ယ​သည် ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​သည်​ဟု​အ​ဘယ်​ကြောင့် ဆို​ကြ​သ​နည်း။-
41 E ele lhes disse: Como dizem que o Cristo é Filho de Davi?
42 — ausente —
42 Visto como o mesmo Davi diz no livro dos Salmos: Disse o
43 — ausente —
43 até que eu ponha os teus inimigos por escabelo de teus pés.
44 ဒါ​ဝိဒ်​မင်း​သည်​မေ​ရှိ​ယ​ကို `အ​ရှင်' ဟု​ခေါ်​သည် ဖြစ်​ရာ​အ​သို့​လျှင်​မေ​ရှိ​ယ​သည်​ဒါ​ဝိဒ်​၏​သား မြေး​ဖြစ်​နိုင်​မည်​နည်း'' ဟု​မေး​တော်​မူ​၏။
44 Se Davi lhe chama Senhor, como é ele seu filho?
45 ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​များ​နား​ထောင် နေ​စဉ်​တ​ပည့်​တော်​တို့​အား။-
45 E, ouvindo-o todo o povo, disse Jesus aos seus discípulos:
46 ``ကျမ်း​တတ်​ဆ​ရာ​တို့​ကို​သ​တိ​နှင့်​ရှောင်​ကြ လော့။ သူ​တို့​သည်​ဝတ်​လုံ​များ​ကို​ဝတ်​၍​ပ​လွှား သွား​လာ​လို​ကြ​၏။ စျေး​ရပ်​ကွက်​တွင်​အ​လေး ပြု​ခြင်း​ကို​ခံ​လို​ကြ​၏။ တ​ရား​ဇ​ရပ်​များ​တွင် သီး​သန့်​ထား​သော​နေ​ရာ​များ​ကို​လည်း​ကောင်း၊ ပွဲ​သ​ဘင်​များ​တွင်​အ​ကောင်း​ဆုံး​သော​နေ​ရာ ထိုင်​ခင်း​များ​ကို​လည်း​ကောင်း​နှစ်​သက်​ကြ​၏။-
46 Guardai-vos dos escribas, que querem andar com vestes compridas e amam as saudações nas praças, e as principais cadeiras nas sinagogas, e os primeiros lugares nos banquetes;
47 မု​ဆိုး​မ​များ​၏​အိမ်​များ​ကို​မ​တ​ရား​သိမ်း ယူ​ပြီး​လျှင်​လူ​အ​ထင်​ကြီး​စေ​ရန်​ရှည်​လျား စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ်​ကြ​၏။ သူ​တို့ သည်​ပို​၍​ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ကို​ခံ ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။
47 que devoram as casas das viúvas, fazendo, por pretexto, largas orações. Estes receberão maior condenação.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.