Lucas 1

Common Language Bible (MYA) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 အ​ရှင်​သော်​ဖိ​လု၊ အ​ကျွန်ုပ်​တို့​သက်​ဝင်​ယုံ​ကြည် သော​ဘာ​သာ​၏​အ​ခြေ​အ​မြစ်​ဖြစ်​သည့်​အ​ကြောင်း အ​ရာ​များ​ကို​ရေး​သား​ပြု​စု​သူ​အ​များ​ပင်​ရှိ​ခဲ့ ပါ​သည်။-
1 Tendo, pois, muitos empreendido pôr em ordem a narração dos fatos que entre nós se cumpriram,
2 ထို​အ​ကြောင်း​အ​ရာ​များ​ကို​မျက်​မြင်​သက်​သေ များ​ဖြစ်​၍ သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း ကို​ဟော​ပြော​သူ​တို့​၏​ပြော​ကြား​ချက်​အ​ရ​ကျမ်း ပြု​ပ္ဂိုလ်​တို့​က​ရေး​သား​ပြု​စု​ခဲ့​ကြ​ပါ​သည်။-
2 segundo nos transmitiram os mesmos que os presenciaram desde o princípio e foram ministros da palavra,
3 အ​ကျွန်ုပ်​သည်​လည်း​ထို​အ​ကြောင်း​အ​ရာ​အ​ပေါင်း ကို​စ​တင်​ဖြစ်​ပျက်​ချိန်​မှ​စ​၍ သေ​ချာ​စွာ​လေ့​လာ ခဲ့​သူ​ဖြစ်​သည်​အ​လျောက်၊-
3 pareceu-me também a mim conveniente descrevê-los a ti, ó excelentíssimo Teófilo, por sua ordem, havendo-me já informado minuciosamente de tudo desde o princípio,
4 အ​ရှင်​ဖတ်​ရှု​နိုင်​ရန်​အ​စီ​အ​စဉ်​ညီ​ညွတ်​သည့် ကျမ်း​စောင်​ကို​ပြု​စု​ရ​သော်​ကောင်း​မည်​ဟု​ယူ​ဆ အပ်​ပါ​သည်။ အ​ရှင်​ကြား​သိ​ခဲ့​သော​အ​ကြောင်း အ​ရာ​များ​ကို​စုံ​လင်​စွာ​အ​ရှင့်​အား​သိ​စေ​လို သော​ကြောင့်​ဤ​ကျမ်း​ကို​ပြု​စု​ရ​ခြင်း​ဖြစ်​ပါ​သည်။
4 para que conheças a certeza das coisas de que já estás informado.
5 ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ရုဒ်​မင်း​လက်​ထက်​၌ ဇာ​ခ​ရိ နာ​မည်​ရှိ​သော​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ရှိ​၏။ သူ သည်​အ​ဘိ​ယ​ယဇ်​ပု​ရော​ဟိတ်​အ​ဖွဲ့​ဝင်​ဖြစ်​၏။ သူ​၏​ဇနီး​ကား​ဧ​လိ​ရှ​ဗက်​ဟု​နာ​မည်​တွင်​၏။ ဧ​လိ​ရှ​ဗက်​သည်​လည်း​ယဇ်​ပု​ရော​ဟိတ်​အ​နွယ် ဝင်​ဖြစ်​၏။-
5 Existiu, no tempo de Herodes, rei da Judeia, um sacerdote, chamado Zacarias, da ordem de Abias, e cuja mulher era das filhas de Arão; o nome dela era Isabel.
6 ထို​သူ​နှစ်​ဦး​လုံး​ပင်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​သူ​ကောင်း​များ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​ရှိ​သ​မျှ​နှင့်​ညွှန်​ကြား​တော်​မူ ချက်​များ​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ​၏။-
6 E eram ambos justos perante Deus, vivendo irrepreensivelmente em todos os mandamentos e preceitos do Senhor.
7 သို့​သော်​ဧလိ​ရှဗက်​သည်​အ​မြုံ​ဖြစ်​၍​သား​သ​မီး မ​ရ။ သူ​တို့​နှစ်​ဦး​လုံး​ပင်​အ​သက်​ကြီး​ရင့်​ကြ လေ​ပြီ။-
7 E não tinham filhos, porque Isabel era estéril, e ambos eram avançados em idade.
8 တစ်​နေ့​သ​၌​ဇာ​ခ​ရိ​သည်​မိ​မိ​၏​အ​ဖွဲ့​တာ​ဝန် အ​လှည့်​ကျ​သ​ဖြင့် ဗိ​မာန်​တော်​တွင်​ယဇ်​ပု​ရော ဟိတ်​ဝတ္တ​ရား​ကို​ဆောင်​ရွက်​စဉ်၊-
8 E aconteceu que, exercendo ele o sacerdócio diante de Deus, na ordem da sua turma,
9 ယဇ်​ပု​ရော​ဟိတ်​တို့​၏​ထုံး​စံ​အ​ရ​မဲ​ကျ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​ဗိမာန်​တော်​အ​တွင်း​သို့​ဝင်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ရ​၏။-
9 segundo o costume sacerdotal, coube-lhe em sorte entrar no templo do Senhor para oferecer o incenso.
10 ထို​သို့​မီး​ရှို့​ပူ​ဇော်​နေ​ချိန်​၌​ကိုး​ကွယ်​ဝတ်​ပြု သူ​လူ​အ​ပေါင်း​တို့​သည် အ​ပြင်​မှာ​ဆု​တောင်း လျက်​နေ​ကြ​၏။-
10 E toda a multidão do povo estava fora, orando, à hora do incenso.
11 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် ဇာ​ခ​ရိ​၏​ရှေ့​တွင်​ပေါ်​လာ​၍​နံ့​သာ​ပေါင်း ကို မီး​ရှို့​ပူ​ဇော်​ရာ​ပလ္လင်​၏​လက်​ယာ​ဘက်​တွင် ရပ်​လျက်​နေ​၏။-
11 Então, um anjo do Senhor lhe apareceu, posto em pé, à direita do altar do incenso.
12 ဇာ​ခ​ရိ​သည်​ကောင်း​ကင်​တ​မန်​ကို​မြင်​သော အ​ခါ​စိတ်​တုန်​လှုပ်​ချောက်​ချား​သွား​၏။-
12 E Zacarias, vendo- o, turbou-se, e caiu temor sobre ele.
13 သို့​ရာ​တွင်​ကောင်း​ကင်​တ​မန်​က ``ဇာ​ခ​ရိ၊ မ​ကြောက်​နှင့်။ ဘု​ရား​သ​ခင်​သည်​သင်​တောင်း လျှောက်​သည့်​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပြီ။ သင်​၏​ဇ​နီး​ဧ​လိ​ရှ​ဗက်​သည်​သား​ရ​တ​နာ ကို​ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို​ယောဟန်​ဟု နာ​မည်​မှည့်​ရ​မည်။-
13 Mas o anjo lhe disse: Zacarias, não temas, porque a tua oração foi ouvida, e Isabel, tua mulher, dará à luz um filho, e lhe porás o nome de João.
14 သင်​သည်​ဝမ်း​မြောက်​ရွှင်​မြူး​လိမ့်​မည်။ ထို​သား ဖွား​မြင်​လာ​သည့်​အ​တွက်​လူ​အ​များ​ပင် ဝမ်း​မြောက်​ကြ​လိမ့်​မည်။-
14 E terás prazer e alegria, e muitos se alegrarão no seu nascimento,
15 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ကြီး မြတ်​သူ​ဖြစ်​လိမ့်​မည်။ သူ​သည်​စ​ပျစ်​ရည်​နှင့် သေ​ရည်​သေ​ရက်​ကို​သောက်​လိမ့်​မည်​မ​ဟုတ်။ မွေး​က​တည်း​က​ပင်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် နှင့်​ပြည့်​ဝ​လိမ့်​မည်။-
15 porque será grande diante do Senhor, e não beberá vinho, nem bebida forte, e será cheio do Espírito Santo, já desde o ventre de sua mãe.
16 များ​စွာ​သော​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ပြန်​လည်​ပို့​ဆောင်​ပေး​လိမ့်​မည်။-
16 E converterá muitos dos filhos de Israel ao Senhor, seu Deus,
17 ကိုယ်​တော်​၏​ရှေ့​တော်​ပြေး​ဖြစ်​၍​ဧ​လိ​ယ​ကဲ့ သို့​ခွန်​အား​တန်​ခိုး​ကြီး​လိမ့်​မည်။ သူ​သည်​အ​ဖ တို့​ကို​သား​တို့​နှင့်​ပြန်​လည်​သင့်​မြတ်​စေ​လိမ့် မည်။ မ​နာ​ခံ​သော​သူ​တို့​အား​သူ​တော်​ကောင်း တို့​၏​အ​သိ​ပ​ညာ​ကို​ပြန်​လည်​ရ​ရှိ​စေ​လိမ့် မည်။ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ဆင်​သင့် ဖြစ်​စေ​ရန် ကိုယ်​တော်​၏​လူ​စု​တော်​ကို​ပြင် ဆင်​ပေး​လိမ့်​မည်'' ဟု​ဇာ​ခ​ရိ​အား​ပြော​၏။
17 e irá adiante dele no espírito e virtude de Elias, para converter o coração dos pais aos filhos e os rebeldes, à prudência dos justos, com o fim de preparar ao Senhor um povo bem disposto.
18 ဇာ​ခ​ရိ​က ``ဤ​သို့​ဖြစ်​မည်​ကို​အ​ဘယ်​သို့​သိ နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည်​အို​မင်း​သူ​ဖြစ် ပါ​၏။ အ​ကျွန်ုပ်​၏​ဇ​နီး​မှာ​လည်း​အ​သက်​ကြီး ရင့်​ပါ​ပြီ'' ဟု​ကောင်း​ကင်​တ​မန်​အား​ပြန် ပြော​၏။
18 Disse, então, Zacarias ao anjo: Como saberei isso? Pois eu já sou velho, e minha mulher, avançada em idade.
19 ကောင်း​ကင်​တ​မန်​က ``ငါ​သည်​ဘု​ရား​သ​ခင် ၏​ရှေ့​တော်​တွင်​ခ​စား​ရ​သော​ဂါ​ဗြေ​လ​ဖြစ်​၏။ သင့်​အား​ဤ​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။-
19 E, respondendo o anjo, disse-lhe: Eu sou Gabriel, que assisto diante de Deus, e fui enviado a falar-te e dar-te estas alegres novas.
20 နား​ထောင်​လော့။ သင်​သည်​ငါ့​စ​ကား​ကို​မ​ယုံ ကြည်​သော​ကြောင့် ဤ​အ​မှု​အ​ရာ​ဖြစ်​ပွား​လာ သည့်​နေ့​တိုင်​အောင်​စ​ကား​မ​ပြော​နိုင်​ဘဲ အ​လျက်​နေ​လိမ့်​မည်။ အ​ချိန်​တန်​လျှင်​ငါ ၏​စကား​မှန်​ကန်​လာ​လိမ့်​မည်'' ဟု​ဆို​၏။
20 Todavia ficarás mudo e não poderás falar até ao dia em que estas coisas aconteçam, porquanto não creste nas minhas palavras, que a seu tempo se hão de cumprir.
21 လူ​တို့​သည်​ဇာ​ခ​ရိ​ကို​စောင့်​မျှော်​လျက်​နေ ကြ​၏။ ဇာ​ခ​ရိ​သည်​ဗိ​မာန်​တော်​ထဲ​တွင် ကြန့်​ကြာ​နေ​သည်​ကို​အံ့​သြ​ကြ​၏။-
21 E o povo estava esperando a Zacarias e maravilhava-se de que tanto se demorasse no templo.
22 ဇာ​ခ​ရိ​သည်​ဗိ​မာန်​တော်​က​ထွက်​လာ​သော​အ​ခါ စ​ကား​မ​ပြော​နိုင်​တော့​သ​ဖြင့် ဗိ​မာန်​တော်​ထဲ တွင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ခဲ့​ကြောင်း​သူ​တို့ ရိပ်​မိ​ကြ​၏။ ဇာ​ခ​ရိ​သည်​စ​ကား​အ​၍​လက် ရိပ်​ခြေ​ရိပ်​ပြ​လျက်​သာ​နေ​၏။
22 E, saindo ele, não lhes podia falar; e entenderam que tivera alguma visão no templo. E falava por acenos e ficou mudo.
23 ထို​နောက်​သူ​၏​တာ​ဝန်​ကုန်​ဆုံး​ချိန်​၌​အိမ်​ကို ပြန်​လေ​၏။-
23 E sucedeu que, terminados os dias de seu ministério, voltou para sua casa.
24 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​သူ​၏​ဇ​နီး ဧ​လိ​ရှ​ဗက်​သည် ကိုယ်​ဝန်​ရှိ​၍​ငါးလ​ပတ်​လုံး အိမ်​တွင်း​အောင်း​လျက်​နေ​၏။-
24 E, depois daqueles dias, Isabel, sua mulher, concebeu e, por cinco meses, se ocultou, dizendo:
25 ဧ​လိ​ရှ​ဗက်​က ``ယ​ခု​ငါ့​အား​ထာ​ဝ​ရ​ဘု​ရား ကျေး​ဇူး​ပြု​တော်​မူ​ပြီ။ ငါ့​အား​လူ​တို့​ကဲ့​ရဲ့​ရှုတ် ချ​ခြင်း​ကို​ကိုယ်​တော်​ပ​ပျောက်​စေ​တော်​မူ​ပြီ'' ဟု​ဆို​၏။
25 Assim me fez o Senhor, nos dias em que atentou em mim, para destruir o meu opróbrio entre os homens.
26 ဧ​လိ​ရှ​ဗက်​ကိုယ်​ဝန်​ဆ​ဋ္ဌ​မ​လ​သို့​ရောက်​သော​အ​ခါ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ဂါ​ဗြေ​လ​အား ဂါ​လိ​လဲ​ပြည်၊ နာ​ဇ​ရက်​မြို့​ရှိ​မိန်း​မ​ပျို​တစ်​ဦး​ထံ သို့​စေ​လွှတ်​တော်​မူ​၏။-
26 E, no sexto mês, foi o anjo Gabriel enviado por Deus a uma cidade da Galileia, chamada Nazaré,
27 ထို​မိန်း​မ​ပျို​သည်​ဒါ​ဝိဒ်​မင်း​မှ​ဆင်း​သက်​သူ ယော​သပ်​နာ​မည်​ရှိ​အ​မျိုး​သား​တစ်​ဦး​နှင့် ထိမ်း​မြား​ရန်​စေ့​စပ်​ကြောင်း​လမ်း​ထား​သူ ဖြစ်​၏။-
27 a uma virgem desposada com um varão cujo nome era José, da casa de Davi; e o nome da virgem era Maria.
28 သူ​၏​နာ​မည်​မှာ​မာ​ရိ​ဖြစ်​၏။ ကောင်း​ကင်​တ​မန် သည်​မာ​ရိ​ထံ​သို့​လာ​၍ ``ထူး​ကဲ​သော​ကျေးဇူး တော်​ကို​ခံ​စား​ရ​သည့်​အ​မျိုး​သ​မီး၊ သင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်'' ဟု​ဆို​၏။
28 E, entrando o anjo onde ela estava, disse: Salve, agraciada; o Senhor é contigo; bendita és tu entre as mulheres.
29 ထို​စ​ကား​ကို​ကြား​လျှင်​မာ​ရိ​သည်​စိတ်​မ​ငြိမ် မ​သက်​ဖြစ်​ကာ ဤ​နှုတ်​ဆက်​စ​ကား​ကား​အ​ဘယ် သို့​နည်း​ဟု​တွေး​တော​ဆင်​ခြင်​လျက်​နေ​၏။-
29 E, vendo- o ela, turbou-se muito com aquelas palavras e considerava que saudação seria esta.
30 ကောင်း​ကင်​တ​မန်​က ``မာ​ရိ၊ မ​ကြောက်​နှင့်၊ သင်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​မှာ​မျက်​နှာ​ပွင့်​လန်း​ပြီ။-
30 Disse-lhe, então, o anjo: Maria, não temas, porque achaste graça diante de Deus,
31 သင်​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ရ​တ​နာ​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို​ယေ​ရှု​နာ​မည် ဖြင့်​မှည့်​ရ​မည်။-
31 E eis que em teu ventre conceberás, e darás à luz um filho, e pôr-lhe-ás o nome de Jesus.
32 ထို​သား​သည်​ကြီး​မြတ်​လိမ့်​မည်။ အ​မြင့်​မြတ် ဆုံး​သော​ဘု​ရား​၏​သား​တော်​ဟု​အ​ခေါ်​ခံ​ရ လိမ့်​မည်။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သူ့​အ​ဖ​ဒါ​ဝိဒ်​မင်း​၏​နန်း​မွေ​ကို​သူ့​အား​ပေး တော်​မူ​လိမ့်​မည်။-
32 Este será grande e será chamado Filho do Altíssimo; e o Senhor Deus lhe dará o trono de Davi, seu pai,
33 သူ​သည်​ယာ​ကုပ်​အ​မျိုး​အ​နွယ်​များ​ကို​အ​စဉ် မ​ပြတ်​အုပ်​စိုး​တော်​မူ​လိမ့်​မည်။ သူ​၏​နန်း​သက် သည်​အ​ဘယ်​အ​ခါ​မျှ​ကုန်​ဆုံး​လိမ့်​မည်​မ​ဟုတ်'' ဟု​မာ​ရိ​အား​ပြော​၏။
33 e reinará eternamente na casa de Jacó, e o seu Reino não terá fim.
34 မာ​ရိ​က ``ကျွန်​မ​သည်​သ​တို့​သ​မီး​က​ညာ​ဖြစ် သ​ဖြင့်​အ​ဘယ်​သို့​လျှင်​ကိုယ်​ဝန်​ဆောင်​၍​သား ဖွား​နိုင်​ပါ​မည်​နည်း'' ဟု​ကောင်း​ကင်​တ​မန်​အား မေး​၏။
34 E disse Maria ao anjo: Como se fará isso, visto que não conheço varão?
35 ကောင်း​ကင်​တ​မန်​က ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် သည်​သင်​၏​အ​ပေါ်​သို့​သက်​ရောက်​လိမ့်​မည်။ အ​မြင့် မြတ်​ဆုံး​သော​ဘု​ရား​ရှင်​၏​တန်​ခိုး​တော်​သည် သင့်​ကို​လွှမ်း​ခြုံ​လိမ့်​မည်။ ထို​ကြောင့်​သင်​မွေး​ဖွား လတ္တံ့​သော​သန့်​ရှင်း​မြင့်​မြတ်​သည့်​သူ​ငယ်​ကို သန့်​ရှင်း​မြင့်​မြတ်​သော​အ​ရှင်​ဘု​ရား​သ​ခင်​၏ သား​တော်​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​လိမ့်​မည်။-
35 E, respondendo o anjo, disse-lhe: Descerá sobre ti o Espírito Santo, e a virtude do Altíssimo te cobrirá com a sua sombra; pelo que também o Santo, que de ti há de nascer, será chamado Filho de Deus.
36 သင့်​ဆွေ​မျိုး​ဖြစ်​သော​ဧ​လိ​ရှ​ဗက်​သည်​လည်း အို​မင်း​ခါ​မှ သား​ရ​တ​နာ​ကို​ကိုယ်​ဝန်​ဆောင် လျက်​ရှိ​၏။ အ​မြုံ​မ​ဟု​အ​ခေါ်​ခံ​ရ​သူ​သည် ကိုယ်​ဝန်​ဆောင်​၍​ဆ​ဋ္ဌ​မ​လ​သို့​ရောက်​လေ​ပြီ။-
36 E eis que também Isabel, tua prima, concebeu um filho em sua velhice; e é este o sexto mês para aquela que era chamada estéril.
37 ဘုရား​သ​ခင်​တတ်​နိုင်​တော်​မ​မူ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ'' ဟု​ဆို​၏။
37 Porque para Deus nada é impossível.
38 မာ​ရိ​က ``ကျွန်​မ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ အ​စေ​ခံ​ဖြစ်​ပါ​၏။ အ​ရှင်​ဖော်​ပြ​သည့်​အ​တိုင်း ပင်​ဖြစ်​ပါ​စေ​သော'' ဟု​ကောင်း​ကင်​တ​မန်​အား ပြန်​ပြော​၏။ ထို​အ​ခါ​ကောင်း​ကင်​တ​မန်​သည် မာ​ရိ​ထံ​မှ​ထွက်​ခွာ​သွား​၏။
38 Disse, então, Maria: Eis aqui a serva do Senhor; cumpra-se em mim segundo a tua palavra. E o anjo ausentou-se dela.
39 များ​မ​ကြာ​မီ​မာ​ရိ​သည်​အ​သင့်​ပြင်​၍​တောင်​ပေါ် ဒေ​သ​ရှိ​ယု​ဒ​ပြည်​မြို့​တစ်​မြို့​သို့​အ​လျင်​အ​မြန် သွား​၏။-
39 E, naqueles dias, levantando-se Maria, foi apressada às montanhas, a uma cidade de Judá,
40 သူ​သည်​ဇာ​ခ​ရိ​၏​အိမ်​သို့​ဝင်​ပြီး​လျှင်​ဧ​လိ ရှ​ဗက်​ကို​နှုတ်​ဆက်​၏။ မာ​ရိ​၏​နှုတ်​ဆက်​စ​ကား ကို​ကြား​သော​ဧ​လိ​ရှ​ဗက်​၏​ဝမ်း​မှ​က​လေး သည်​လှုပ်​လေ​၏။-
40 e entrou em casa de Zacarias, e saudou a Isabel.
41 ဧ​လိ​ရှ​ဗက်​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဖြင့်​ပြည့်​ဝ​လျက်၊-
41 E aconteceu que, ao ouvir Isabel a saudação de Maria, a criancinha saltou no seu ventre; e Isabel foi cheia do Espírito Santo,
42 ``သင်​သည်​အ​မျိုး​သ​မီး​တ​ကာ​တို့​ထက်​မင်္ဂ​လာ ရှိ​၏။ သင်​ဖွား​အံ့​သော​သား​သည်​မင်္ဂ​လာ​ရှိ​၏။-
42 e exclamou com grande voz, e disse: Bendita és tu entre as mulheres, e é bendito o fruto do teu ventre!
43 အ​ကျွန်ုပ်​အ​ရှင်​၏​မယ်​တော်​သည်​အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ထံ​သို့​ကြွ​လာ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​ဤ​အ​ခွင့်​ထူး​ကို​အ​ကျွန်ုပ်​ခံ​စား​ရ​ပါ​သ​နည်း။-
43 E de onde me provém isso a mim, que venha visitar-me a mãe do meu Senhor?
44 သင်​၏​နှုတ်​ဆက်​စ​ကား​ကို​အ​ကျွန်ုပ်​ကြား သော​အ​ခါ​အ​ကျွန်ုပ်​၏​ဝမ်း​မှ​သူ​ငယ်​သည် ဝမ်း​မြောက်​ရွှင်​မြူး​သ​ဖြင့်​ခုန်​ပါ​၏။-
44 Pois eis que, ao chegar aos meus ouvidos a voz da tua saudação, a criancinha saltou de alegria no meu ventre.
45 ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော် အ​တိုင်း​ဖြစ်​လိမ့်​မည်​ဟု​သင်​သည်​ယုံ​ကြည်​သ​ဖြင့် မင်္ဂ​လာ​ရှိ​၏'' ဟု​ကျယ်​စွာ​မြွက်​ဆို​၏။
45 Bem-aventurada a que creu, pois hão de cumprir-se as coisas que da parte do Senhor lhe foram ditas!
46 မာ​ရိ​က၊
46 Disse, então, Maria: A minha alma engrandece ao Senhor,
47 ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​ကြောင့်
47 e o meu espírito se alegra em Deus, meu Salvador,
48 ကိုယ်​တော်​သည်​မိ​မိ​အ​စေ​ခံ​၏​သိမ်​ငယ်​သော အ​ဖြစ်​ကို သ​တိ​ရ​တော်​မူ​ပြီ။
48 porque atentou na humildade de sua serva; pois eis que, desde agora, todas as gerações me chamarão bem-aventurada.
49 အ​ဘယ်​ကြောင့်​ဆို​သော်​တန်​ခိုး​ရှင်​သည်
49 Porque me fez grandes coisas o Poderoso; e Santo é o seu nome.
50 ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ​အ​ပေါင်း​တို့​အား သား​စဉ်​မြေး​ဆက်​က​ရု​ဏာ​ထား​တော်​မူ​၏။
50 E a sua misericórdia é de geração em geração sobre os que o temem.
51 မ​ဟာ​လက်​ရုံး​တော်​ဖြင့်​မာ​န​ကြီး​သူ​များ​ကို ဖ​ရို​ဖ​ရဲ​ကွဲ​လွင့်​စေ​တော်​မူ​၏။
51 Com o seu braço, agiu valorosamente, dissipou os soberbos no pensamento de seu coração,
52 ရှင်​ဘု​ရင်​များ​ကို​နန်း​ချ​၍​သိမ်​ငယ်​သူ​များ​ကို ချီး​မြှင့်​တော်​မူ​ပြီ။
52 depôs dos tronos os poderosos e elevou os humildes;
53 ငတ်​မွတ်​သူ​အား​ချို​မြိန်​သော​အ​စား​အ​စာ​ကို ကျွေး​မွေး​၍၊
53 encheu de bens os famintos, despediu vazios os ricos,
54 ကိုယ်​တော်​သည်​ငါ​တို့​၏​ဘိုး​ဘေး​များ​အား ပေး​ခဲ့​သည့်​က​တိ​တော်​နှင့်​အ​ညီ၊
54 e auxiliou a Israel, seu servo, recordando-se da sua misericórdia
55 အာ​ဗြ​ဟံ​နှင့်​အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ်​များ အ​ပေါ် ထား​တော်​မူ​သော​က​ရု​ဏာ​တော်​ကို၊
55 (como falou a nossos pais) para com Abraão e sua posteridade, para sempre.
56 ထို​နောက်​မာ​ရိ​သည်​ဧ​လိ​ရှ​ဗက်​ထံ​တွင်​သုံး​လ ခန့်​နေ​ပြီး​နောက်​မိ​မိ​အိမ်​သို့​ပြန်​လေ​၏။
56 E Maria ficou com ela quase três meses e depois voltou para sua casa.
57 ဧ​လိ​ရှ​ဗက်​သည်​နေ့​လ​စေ့​သော​အ​ခါ သား​ရ​တ​နာ​ကို​ဖွား​မြင်​၏။-
57 E completou-se para Isabel o tempo de dar à luz, e teve um filho.
58 ဤ​သို့​သူ့​အား​ထာ​ဝ​ရ​ဘု​ရား​သည်​အံ့​သြ​ဖွယ် ကောင်း​အောင်​ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကြား​ကြ သော​အ​ခါ အိမ်​နီး​ချင်း​တို့​နှင့်​ဆွေ​မျိုး​သား​ချင်း တို့​သည်​သူ​နှင့်​အ​တူ​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​၏။
58 E os seus vizinhos e parentes ouviram que tinha Deus usado para com ela de grande misericórdia e alegraram-se com ela.
59 ထို​နောက်​ရှစ်​ရက်​မြောက်​သော​နေ့​၌​သူ​တို့​သည် သူ​ငယ်​၏​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ပွဲ​သို့​လာ​ကြ ၏။ သူ့​အား​ဇာ​ခ​ရိ​ဟူ​၍​အ​ဖ​၏​နာ​မည်​ကို​ပင် မှည့်​လို​ကြ​၏။-
59 E aconteceu que, ao oitavo dia, vieram circuncidar o menino e lhe chamavam Zacarias, o nome de seu pai.
60 သို့​ရာ​တွင်​သူ​ငယ်​၏​မိ​ခင်​က ``ထို​နာ​မည်​ကို မ​မှည့်​ပါ​နှင့်။ ယော​ဟန်​ဟု​မှည့်​ခေါ်​ကြ​ပါ'' ဟု ဆို​၏။
60 E, respondendo sua mãe, disse: Não, porém será chamado João.
61 လူ​တို့​က ``သင်​၏​မျိုး​ရိုး​တွင်​ယော​ဟန်​ဟု နာ​မည်​တွင်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ'' ဟု ဧ​လိ​ရှ​ဗက်​အား​ပြန်​ပြော​ကြ​၏။-
61 E disseram-lhe: Ninguém há na tua parentela que se chame por este nome.
62 ထို​နောက်​ဖ​ခင်​၏​ဆန္ဒ​ကို​လက်​ရိပ်​ပြ​၍​စုံ​စမ်း​ကြ​၏။
62 E perguntaram, por acenos, ao pai como queria que lhe chamassem.
63 ဇာ​ခ​ရိ​သည်​သင်​ပုံး​တစ်​ချပ်​ကို​တောင်း​ယူ​ပြီး လျှင် ``သူ​ငယ်​၏​နာ​မည်​ကား​ယော​ဟန်​ဖြစ်​၏'' ဟု ရေး​၏။-
63 E, pedindo ele uma tabuinha de escrever, escreveu, dizendo: O seu nome é João. E todos se maravilharam.
64 ထို​အ​ခါ​ထို​သူ​အ​ပေါင်း​တို့​သည်​အံ့​သြ​ကြ​၏။ ချက်​ချင်း​ပင်​ဇာ​ခ​ရိ​ပြန်​လည်​စ​ကား​ပြော​နိုင် သ​ဖြင့် ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း လေ​၏။-
64 E logo a boca se lhe abriu, e a língua se lhe soltou; e falava, louvando a Deus.
65 အိမ်​နီး​ချင်း​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​ကြ ကုန်​၏။ ဤ​အ​ဖြစ်​အ​ပျက်​သ​တင်း​သည်​ယု​ဒ ပြည်​တောင်​ကုန်း​ဒေ​သ​တစ်​လျှောက်​လုံး​သို့ ပျံ့​နှံ့​၍​သွား​၏။-
65 E veio temor sobre todos os seus vizinhos, e em todas as montanhas da Judeia foram divulgadas todas essas coisas.
66 ကြား​ကြ​သူ​အ​ပေါင်း​တို့​သည် ``ဤ​သူ​ငယ် ကား​အ​ဘယ်​သို့​သော​သူ​ဖြစ်​လိမ့်​မည်​နည်း'' ဟု​ပြော​ဆို​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး တော်​သည်​ထို​သူ​ငယ်​အ​ပေါ်​သက်​ရောက်​လျက် နေ​တော်​မူ​၏။
66 E todos os que as ouviam as conservavam em seu coração, dizendo: Quem será, pois, este menino? E a mão do Senhor estava com ele.
67 ယော​ဟန်​၏​အ​ဖ​ဇာ​ခ​ရိ​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ​လျက်​ဟော​သည်​မှာ၊
67 E Zacarias, seu pai, foi cheio do Espírito Santo e profetizou, dizendo:
68 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ထာ​ဝ​ရ​အ​ရှင်
68 Bendito o Senhor, Deus de Israel, porque visitou e remiu o seu povo!
69 ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အ​မျိုး​အ​နွယ်​တွင်
69 E nos levantou uma salvação poderosa na casa de Davi, seu servo,
70 ရှေး​သန့်​ရှင်း​မြင့်​မြတ်​သူ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊
70 como falou pela boca dos seus santos profetas, desde o princípio do mundo,
71 ကိုယ်​တော်​သည်​ငါ​တို့​အား​ရန်​သူ​များ​၏ လက်​မှ​လည်း​ကောင်း၊
71 para nos livrar dos nossos inimigos e das mãos de todos os que nos aborrecem
72 ငါ​တို့​၏​ဘိုး​ဘေး​များ​အ​ပေါ်​ဝယ်​က​ရု​ဏာ ထား​တော်​မူ​မည်​ဖြစ်​ကြောင်း​နှင့်၊
72 e para manifestar misericórdia a nossos pais, e para lembrar-se do seu santo concerto
73 — ausente —
73 e do juramento que jurou a Abraão, nosso pai,
74 — ausente —
74 de conceder-nos que, libertados das mãos de nossos inimigos, o servíssemos sem temor,
75 — ausente —
75 em santidade e justiça perante ele, todos os dias da nossa vida.
76 အ​ချင်း​သူ​ငယ်၊သင်​သည်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​၏ ပ​ရော​ဖက်​ဟု​အ​ခေါ်​ခံ​ရ​လိမ့်​မည်။
76 E tu, ó menino, serás chamado profeta do Altíssimo, porque hás de ir ante a face do Senhor, a preparar os seus caminhos,
77 ကိုယ်​တော်​၏​လူ​စု​တော်​အား​အ​ပြစ်​ဖြေ​လွှတ်​၍
77 para dar ao seu povo conhecimento da salvação, na remissão dos seus pecados,
78 ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​သ​နား​ခြင်း​က​ရု​ဏာ​နှင့် ကြွယ်​ဝ​တော်​မူ​၏။
78 pelas entranhas da misericórdia do nosso Deus, com que o oriente do alto nos visitou,
79 သေ​မင်း​၏​အ​ရိပ်​တွင်​နေ​ထိုင်​သူ​များ​အ​ပေါ် ထွန်း​လင်း​စေ​လိမ့်​မည်။
79 para alumiar os que estão assentados em trevas e sombra de morte, a fim de dirigir os nossos pés pelo caminho da paz.
80 သူ​ငယ်​သည်​ကြီး​ပြင်း​လျက်​အ​သိ​ဉာဏ်​ရင့်​သန် လာ​၏။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ရှေ့​တွင် ထင်​ထင်​ပေါ်​ပေါ်​အ​မှု​တော်​ကို​စ​၍ မ​ဆောင်​မီ​တော​ကန္တာ​ရ​တွင်​နေ​၏။
80 E o menino crescia, e se robustecia em espírito, e esteve nos desertos até ao dia em que havia de mostrar-se a Israel.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.