Lucas 19
Common Language Bible (MYA) vs NTLH
1 သခင်ယေရှုသည်ယေရိခေါမြို့ကိုဖြတ်၍ ကြွတော်မူ၏။-
1 Jesus entrou em Jericó e estava atravessando a cidade.
2 ထိုအရပ်တွင်ဇက္ခဲနာမည်ရှိသောအကောက်ခွန် မှူးတစ်ယောက်ရှိ၏။ သူသည်ချမ်းသာကြွယ်ဝသူ ဖြစ်၏။-
2 Morava ali um homem rico, chamado Zaqueu, que era chefe dos cobradores de impostos.
3 သခင်ယေရှုကားအဘယ်သူဖြစ်သည်ကိုတွေ့ မြင်လိုသဖြင့်ကြိုးစား၍ကြည့်၏။ သို့ရာတွင် အရပ်ပုသူဖြစ်သည့်အလျောက် လူပရိသတ် များကွယ်လျက်နေသဖြင့်ကိုယ်တော်ကိုမမြင် နိုင်။-
3 Ele estava tentando ver quem era Jesus, mas não podia, por causa da multidão, pois Zaqueu era muito baixo.
4 ထို့ကြောင့်ကိုယ်တော်ကိုတွေ့မြင်နိုင်ရန်ကြွတော် မူမည့်လမ်းအတိုင်းရှေ့သို့ပြေး၍ သဖန်းပိုး စာပင်ပေါ်ကိုတက်၏။-
4 Então correu adiante da multidão e subiu numa figueira brava para ver Jesus, que devia passar por ali.
5 ကိုယ်တော်သည်ထိုနေရာသို့ရောက်သောအခါ မော်၍ကြည့်တော်မူပြီးလျှင် ``ဇက္ခဲ၊ အမြန်ဆင်း ခဲ့လော့။ ယနေ့သင်၏အိမ်တွင်ငါတည်းခိုမည်'' ဟု မိန့်တော်မူ၏။
5 Quando Jesus chegou àquele lugar, olhou para cima e disse a Zaqueu:
6 ဇက္ခဲသည်သစ်ပင်ပေါ်မှအမြန်ဆင်း၍ ကိုယ်တော်အားဝမ်းမြောက်စွာကြိုဆို၏။-
6 Zaqueu desceu depressa e o recebeu na sua casa, com muita alegria.
7 ဤအခြင်းအရာကိုမြင်သောအခါလူတို့ က ``ထိုသူသည်အပြစ်ကူးသူတစ်ယောက်၏ အိမ်တွင်တည်းခိုရန်သွားလေပြီတကား'' ဟု ညည်းညူကြ၏။
7 Todos os que viram isso começaram a resmungar: — Este homem foi se hospedar na casa de um pecador!
8 ဇက္ခဲသည်ရပ်လျက်သခင်ဘုရားအား ``အရှင်၊ အကျွန်ုပ်၏ဥစ္စာပစ္စည်းတစ်ဝက်ကိုဆင်းရဲသူ တို့အားပေးကမ်းပါမည်။ အကယ်၍အကျွန်ုပ် သည်လူတစ်စုံတစ်ယောက်ထံမှ မတရား တောင်းယူထားမိသောငွေရှိပါလျှင် ထိုငွေ ၏လေးဆကိုပြန်၍ပေးပါမည်'' ဟုလျှောက်၏။
8 Zaqueu se levantou e disse ao Senhor: — Escute, Senhor, eu vou dar a metade dos meus bens aos pobres. E, se roubei alguém, vou devolver quatro vezes mais.
9 သခင်ယေရှုက ``ဤသူသည်လည်းအာဗြဟံ ၏သားမြေးဖြစ်သဖြင့်ကယ်တင်ခြင်းကျေးဇူး သည်ယနေ့ပင်ဤအိမ်ပေါ်သို့သက်ရောက်လေပြီ။-
9 Então Jesus disse:
10 လူသားသည်ပျောက်ဆုံးသူများကိုရှာရန် နှင့်ကယ်တင်ရန်ကြွလာသတည်း'' ဟုဇက္ခဲ အားမိန့်တော်မူ၏။
10 Porque o
11 — ausente —
11 Jesus contou uma parábola para os que ouviram o que ele tinha dito. Agora ele estava perto de Jerusalém, e por isso eles estavam pensando que o Reino de Deus ia aparecer logo.
12 — ausente —
12 Então Jesus disse:
13 ခရီးမပြုမီမိမိ၏အစေခံဆယ်ယောက်ကို ခေါ်ယူကာ `ငါပြန်လာသည်အထိကုန်သွယ် လျက်နေကြလော့' ဟုဆို၍ရွှေဒင်္ဂါးတစ်ပြား စီပေး၏။-
13 Antes de viajar, chamou dez dos seus empregados, deu a cada um uma moeda de ouro e disse: “Vejam o que vocês conseguem ganhar com este dinheiro, até a minha volta.”
14 သို့ရာတွင်သူ၏ပြည်သူပြည်သားတို့သည် သူ့ကိုမုန်းကြသဖြင့် `ထိုသူ၏အအုပ်အချုပ် ကိုငါတို့မခံလို' ဟုစေတမန်များကိုသူ့ နောက်သို့လွှတ်၍လျှောက်ထားစေ၏။
14 — Acontece que o povo do seu país o odiava e por isso mandou atrás dele uma comissão para dizer que não queriam que aquele homem fosse feito rei deles.
15 ထိုသူကားဘုရင်အရာကိုခံယူ၍ပြန်လာ၏။ သူသည်ချက်ချင်းပင်မိမိရင်းနှီးငွေပေးခဲ့သည့် အစေခံများကို ကုန်သွယ်၍အဘယ်မျှလောက် အမြတ်ရသည်ကိုသိလိုသဖြင့်သူတို့အား ဆင့်ခေါ်၏။-
15 — O homem foi feito rei e voltou para casa. Aí mandou chamar os empregados a quem tinha dado o dinheiro, para saber quanto haviam conseguido ganhar.
16 ပထမအစေခံသည်လာ၍`အရှင်၊ အရှင်ပေး ခဲ့သည့်ရွှေဒင်္ဂါးတစ်ပြားဖြင့်အမြတ်ဆယ်ပြား ရပါသည်' ဟုလျှောက်၏။-
16 O primeiro chegou e disse: “Patrão, com aquela moeda de ouro que o senhor me deu, eu ganhei dez.”
17 မင်းကြီးက `ကောင်းလေစွ၊ သင်သည်အစေခံ ကောင်းတစ်ယောက်ဖြစ်ပေ၏။ သေးငယ်သောအမှု တွင်သစ္စာရှိသူဖြစ်သဖြင့် သင့်အားငါသည်မြို့ ကြီးဆယ်မြို့ကိုအပိုင်စားပေး၏' ဟုမိန့်တော် မူ၏။-
17 — “Muito bem!” — respondeu ele. — “Você é um bom empregado! E, porque foi fiel em coisas pequenas, você vai ser o governador de dez cidades.”
18 ဒုတိယအစေခံသည်လည်းလာ၍ `အရှင်၊ အရှင် ပေးခဲ့သည့်ရွှေဒင်္ဂါးတစ်ပြားဖြင့်အမြတ်ငါးပြား ရပါသည်' ဟုလျှောက်၏။-
18 — O segundo empregado veio e disse: “Patrão, com aquela moeda de ouro que o senhor me deu, eu ganhei cinco.”
19 မင်းကြီးက `သင့်အားလည်းမြို့ကြီးငါးမြို့ ကိုအပိုင်စားပေး၏' ဟုဆို၏။-
19 — “Você vai ser o governador de cinco cidades!” — disse o patrão.
20 အခြားသောအစေခံသည်လာ၍ `အရှင်၊ အရှင် ပေးခဲ့သည့်ရွှေဒင်္ဂါးဤမှာရှိပါ၏။ ထိုငွေကို အကျွန်ုပ်သည်အဝတ်ဖြင့်ထုပ်၍သိမ်းဆည်း ထားပါ၏။-
20 — O outro empregado chegou e disse: “Patrão, aqui está a sua moeda. Eu a embrulhei num lenço e a escondi.
21 အရှင်သည်ခက်ထန်သူဖြစ်သဖြင့်အရှင့် အားကျွန်ုပ်ကြောက်ရွံ့ပါ၏။ အရှင်သည်မိမိ မပိုင်သည့်အရာကိုသိမ်းယူတတ်ပါ၏။ မိမိ မစိုက်မပျိုးသည့်အသီးအနှံကိုရိတ်သိမ်း တတ်ပါ၏' ဟုလျှောက်၏။-
21 Tive medo do senhor, porque sei que é um homem duro, que tira dos outros o que não é seu e colhe o que não plantou.”
22 မင်းကြီးက `အချင်းအစေခံဆိုး၊ သင့်နှုတ်ထွက် စကားအတိုင်းသင့်ကိုငါစီရင်မည်။ ငါသည် ခက်ထန်သူဖြစ်၍မိမိမပိုင်သည့်အရာကို သိမ်းယူတတ်သည်ကိုလည်းကောင်း၊ မိမိမစိုက် မပျိုးသည့်အသီးအနှံကိုရိတ်သိမ်းတတ် သည်ကိုလည်းကောင်းသိပါလျက်နှင့်။-
22 — Ele respondeu: “Você é um mau empregado! Vou usar as suas próprias palavras para julgá-lo. Você sabia que sou um homem duro, que tiro dos outros o que não é meu e colho o que não plantei.
23 ငါပေးသည့်ငွေကိုငါပြန်လာချိန်အတိုးနှင့် တကွပြန်လည်ပေးဆပ်နိုင်ရန်အဘယ်ကြောင့် ဘဏ်တွင်အပ်နှံ၍မထားသနည်း' ဟုမေး၏။-
23 Então por que você não pôs o meu dinheiro no banco? Assim, quando eu voltasse da viagem, receberia o dinheiro com juros.”
24 အနီးတွင်ရပ်နေသူများအားမင်းကြီးက `ထို သူထံမှရွှေဒင်္ဂါးကိုယူ၍ရွှေဒင်္ဂါးဆယ်ပြား ရှိသူအားပေးကြလော့' ဟုမိန့်တော်မူလျှင်။-
24 — E disse para os que estavam ali: “Tirem dele a moeda e deem ao que tem dez.”
25 လူတို့က `အရှင်ထိုသူထံတွင်ရွှေဒင်္ဂါးဆယ် ပြားရှိပြီးဖြစ်ပါ၏' ဟုလျှောက်ကြ၏။-
25 Eles responderam:
26 မင်းကြီးက `သင်တို့အားငါဆိုသည်ကား ကြွယ်ဝချမ်းသာသောသူအားထပ်၍ပေးဦး မည်။ ဆင်းရဲသောသူထံမှရှိသမျှကိုပင် သိမ်းယူမည်။-
26 — E o patrão disse:
27 ထိုမှတစ်ပါးငါ၏အအုပ်အချုပ်ကိုမခံ လိုသောငါ၏ရန်သူများအားခေါ်၍ ငါ၏ရှေ့ မှောက်တွင်ကွပ်မျက်လော့' ဟုစီရင်တော်မူသည်'' ဟုမိန့်တော်မူ၏။
27 E agora tragam aqui os meus inimigos, que não queriam que eu fosse o rei deles, e os matem na minha frente.”
28 ထိုသို့မိန့်တော်မူပြီးနောက်ကိုယ်တော်သည် ယေရုရှလင်မြို့သို့တပည့်တော်တို့၏ရှေ့ ကကြွတော်မူ၏။-
28 Depois de dizer isso, Jesus foi adiante deles para Jerusalém.
29 သံလွင်နာမည်တွင်သောတောင်အနီးရှိဗက်ဖာ ဂေနှင့်ဗေသနိရွာများအနီးသို့ရောက်တော်မူ သောအခါ တပည့်တော်နှစ်ယောက်တို့အား``သင် တို့ရှေ့တွင်ရှိသောရွာသို့သွားကြလော့။-
29 Quando iam chegando aos povoados de Betfagé e Betânia, que ficam perto do monte das Oliveiras, enviou dois discípulos na frente,
30 ရွာကိုဝင်လျှင်ဝင်ချင်းမည်သူမျှမစီးဘူးသေး သောမြည်းကလေးတစ်ကောင်ကိုတွေ့လိမ့်မည်။ ထိုမြည်းကိုကြိုးဖြင့်လှန်ထား၏။ ကြိုးဖြေ၍ မြည်းကိုယူခဲ့လော့။-
30 com a seguinte ordem:
31 အကယ်၍လူတစ်စုံတစ်ယောက်ကသင်တို့ အား `အဘယ်ကြောင့်မြည်းကိုဖြေသနည်း' ဟု မေးလျှင် `ထိုမြည်းကိုအကျွန်ုပ်တို့သခင် အသုံးပြုလိုပါသည်' ဟုဖြေကြလော့'' ဟုမှာကြားစေလွှတ်တော်မူ၏။
31 Se alguém perguntar por que vocês estão fazendo isso, digam que o Mestre precisa dele.
32 စေလွှတ်ခြင်းခံရသူတို့သည်လည်းသွားကြ သောအခါ ကိုယ်တော်မိန့်ကြားတော်မူသည့် အတိုင်းအရာခပ်သိမ်းကိုတွေ့မြင်ကြ၏။ -
32 Eles foram e acharam tudo como Jesus tinha dito.
33 သူတို့သည်မြည်းကြိုးကိုဖြေနေစဉ်မြည်းရှင် က ``သင်တို့အဘယ်ကြောင့်မြည်းကြိုးကိုဖြေ သနည်း'' ဟုမေး၏။
33 Quando estavam desamarrando o jumentinho, os donos perguntaram: — Por que é que vocês estão desamarrando o animal?
34 သူတို့က ``ထိုမြည်းကိုအကျွန်ုပ်တို့သခင် အသုံးပြုလိုပါသည်'' ဟုဖြေကြား၏။-
34 Eles responderam: — O Mestre precisa dele.
35 ထိုနောက်မြည်းကိုသခင်ယေရှုထံတော်သို့ ဆောင်ခဲ့ကြ၏။ မြည်း၏ကျောပေါ်မှာမိမိတို့ ၏အဝတ်များကိုလွှမ်းတင်ကာ သခင်ယေရှု အားထိုမြည်းကိုစီးစေကြ၏။-
35 Então eles levaram o jumentinho para Jesus, puseram as suas capas sobre o animal e ajudaram Jesus a montar.
36 ကိုယ်တော်မြည်းစီး၍ကြွတော်မူစဉ်လူတို့ သည် မိမိတို့၏အဝတ်များကိုလမ်းပေါ်မှာ ဖြန့်ခင်းကြ၏။
36 Conforme ele ia passando, o povo estendia as suas capas no caminho.
37 ယေရုရှလင်မြို့သို့ကိုယ်တော်ချဉ်းကပ်လာ စဉ်သံလွင်တောင်အဆင်းလမ်းတွင်တပည့် နောက်လိုက်ပရိသတ်ကြီးသည် မိမိတို့တွေ့ မြင်ခဲ့ရသည့်အံ့သြဖွယ်အမှုအရာအပေါင်း အတွက်ဝမ်းမြောက်ရွှင်လန်းလျက် ဘုရားသခင် ၏ဂုဏ်တော်ကိုအသံကျယ်စွာချီးကူးကြ ၏။-
37 Quando Jesus chegou perto de Jerusalém, na descida do monte das Oliveiras, uma grande multidão de seguidores ia com ele. E eles, cheios de alegria, começaram a louvar a Deus em voz alta por tudo o que tinham visto.
38 ထိုသူတို့က ``ထာဝရဘုရား၏နာမတော်နှင့် ကြွလာသောဘုရင်သည်မင်္ဂလာရှိတော်မူစေ သတည်း။ ကောင်းကင်ဘုံတွင်ငြိမ်သက်ခြင်းရှိ စေသတည်း။ ဘုရားသခင်သည်ဘုန်းကြီးတော်မူ စေသတည်း'' ဟုကြွေးကြော်ကြ၏။
38 Eles diziam: — Que Deus abençoe o Rei que vem em nome do Senhor! Paz no céu e
39 ထိုအခါလူပရိသတ်အထဲမှဖာရိရှဲအချို့ တို့က ``ဆရာတော်၊ ကိုယ်တော်၏တပည့်တော် များအားတိတ်ဆိတ်စေရန်ဆုံးမတော်မူပါ'' ဟု ကိုယ်တော်အားလျှောက်ထားကြ၏။
39 Aí alguns fariseus que estavam no meio da multidão disseram a Jesus: — Mestre, mande que os seus seguidores calem a boca!
40 ကိုယ်တော်က ``သင်တို့အားငါဆိုသည်ကား ဤသူတို့တိတ်ဆိတ်စွာနေကြလျှင်ကျောက် ခဲများကကြွေးကြော်ကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
40 Jesus respondeu:
41 ကိုယ်တော်သည်ယေရုရှလင်မြို့အနီးသို့ရောက် ၍ ထိုမြို့ကိုမြင်တော်မူလျှင်ငိုကြွေးတော်မူ၏။-
41 Quando Jesus chegou perto de Jerusalém e viu a cidade, chorou com pena dela
42 ကိုယ်တော်က ``အချင်းမြို့၊ သင်သည်ငြိမ်းချမ်း သာယာမှုကိုရစေသည့်လမ်းကိုယနေ့သိ မြင်လျှင်မင်္ဂလာရှိ၏။ သို့ရာတွင်ထိုလမ်းကို သင်သည်မသိမမြင်နိုင်။-
42 e disse:
43 ရန်သူများသည်သင့်အားရင်တားဖြင့်ကာဆီး လျက် အဘက်ဘက်မှဝိုင်းရံပိတ်ဆို့နေသည့် အချိန်ကာလကျရောက်လာလိမ့်မည်။-
43 Pois chegarão os dias em que os inimigos vão cercá-la com rampas de ataque, e vão rodeá-la, e apertá-la de todos os lados.
44 သူတို့သည်သင့်ကိုလည်းကောင်း၊ သင်၏မြို့ရိုး အတွင်းရှိလူအပေါင်းတို့ကိုလည်းကောင်း ဖျက် ဆီးသုတ်သင်ကြလိမ့်မည်။ ကျောက်တစ်ချပ် ပေါ်တစ်ချပ်မျှတင်၍နေလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်သင်သည်မိမိအား ကယ်တင်ရန် ဘုရားသခင်ကြွလာသည့် အချိန်ကာလကိုမသိမမြင်သောကြောင့် ဖြစ်၏'' ဟုမိန့်တော်မူ၏။
44 Eles destruirão completamente você e todos os seus moradores. Não ficará uma pedra em cima da outra, porque você não reconheceu o tempo em que Deus veio para salvá-la.
45 — ausente —
45 Jesus entrou no pátio do Templo e começou a expulsar dali os vendedores.
46 — ausente —
46 Ele lhes disse:
47 ကိုယ်တော်သည်နေ့စဉ်နေ့တိုင်းဗိမာန်တော်၌ ဟောပြောသွန်သင်တော်မူ၏။ ယဇ်ပုရောဟိတ် ကြီးများကျမ်းတတ်ဆရာများနှင့်ယုဒ အမျိုးသားခေါင်းဆောင်များသည် ကိုယ်တော် ကိုသတ်ရန်အခွင့်ရှာလျက်နေကြ၏။-
47 Jesus ensinava no pátio do Templo todos os dias. Os chefes dos sacerdotes, os mestres da Lei e os líderes do povo queriam matá-lo.
48 သို့ရာတွင်လူအပေါင်းတို့ကကိုယ်တော်၏ တရားစကားများကိုအထူးအာရုံစိုက်၍ နာယူနေကြသောကြောင့်ကိုယ်တော်အား အဘယ်နည်းဖြင့်သတ်ရမည်ကိုမသိကြ။
48 Mas não achavam jeito de fazer isso, pois todos o escutavam com muita atenção.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 19, comparar traduções ou montar um estudo — tudo direto pelo WhatsApp.