Lucas 17
Common Language Bible (MYA) vs NTLH
1 သခင်ယေရှုက ``မှောက်မှားလမ်းလွဲစေသည့် အရာများကားမုချရှိမည်။ သို့ရာတွင် မှောက်မှားလမ်းလွဲမှုကိုဖြစ်စေသောသူ သည်အမင်္ဂလာရှိ၏။-
1 Jesus disse aos seus discípulos:
2 ထိုသူသည်ဤသို့သောကလေးသူငယ်တစ်စုံ တစ်ယောက်ကိုမှောက်မှားလမ်းလွဲစေမည့်အစား မိမိ၏လည်တွင်ကြိတ်ဆုံကျောက်ကြီးကိုဆွဲ လျက်ပင်လယ်ထဲသို့အချခံရသော်မှသူ့ အဖို့ကောင်းသေး၏။-
2 Seria melhor para essa pessoa que ela fosse jogada no mar com uma grande pedra de moinho amarrada no pescoço do que fazer com que um destes pequeninos peque.
3 သို့ဖြစ်၍သတိထားလျက်ပြုမူကြလော့။
3 Tenham cuidado! Se o seu irmão pecar, repreenda-o; se ele se arrepender, perdoe.
4 တစ်နေ့တည်းတွင်ခုနစ်ကြိမ်တိုင်တိုင်သင့်ကို ပြစ်မှား၍ ခုနစ်ကြိမ်တိုင်တိုင်ပင်သင့်ထံသို့ လာလျက် `အကျွန်ုပ်နောင်တရပါပြီ' ဟုဆို လျှင် သင်သည်သူ၏အပြစ်ကိုဖြေလွှတ်ရမည်'' ဟုတပည့်တော်တို့အားမိန့်တော်မူ၏။
4 Se pecar contra você sete vezes num dia e cada vez vier e disser: “Me arrependo”, então perdoe.
5 တမန်တော်တို့ကသခင်ဘုရားအား ``အကျွန်ုပ် ၏ယုံကြည်ခြင်းကိုတိုးပွားစေတော်မူပါ'' ဟု လျှောက်ထားကြ၏။
5 Os apóstolos pediram ao Senhor: — Aumente a nossa fé.
6 သခင်ဘုရားက ``သင်တို့တွင်ယုံကြည်ခြင်း မုန်ညင်းစေ့မျှလောက်ရှိပါမူ ဤပိုးစာပင် အား `အမြစ်ပါကျွတ်၍ပင်လယ်ထဲမှာစိုက် လျက်နေလော့' ဟုဆိုလျှင် ထိုအပင်သည်သင် တို့ဆိုသည့်အတိုင်းပြုလိမ့်မည်။
6 E ele respondeu:
7 ``သင်တို့တွင်အဘယ်သူသည်မိမိ၏လယ်လုပ် သားအားသော်လည်းကောင်း၊ သိုးကျောင်းသားအား သော်လည်းကောင်းလယ်ကွင်းမှပြန်လာသောအခါ `ညစာစားရန်အလျင်အမြန်လာ၍ထိုင်လော့' ဟုဆိုမည်နည်း။-
7 Jesus disse:
8 ထိုသို့ဆိုမည့်အစား `ငါ၏အတွက်ညစာကို ပြင်လော့။ ငါစားသောက်စဉ်ခါးကိုစည်း၍ငါ့ အားလုပ်ကျွေးလော့။ ပြီးမှသင်စားသောက်လော့' ဟူ၍သာဆိုမည်မဟုတ်လော။-
8 Claro que não! Pelo contrário, você dirá: “Prepare o jantar para mim, ponha o avental e me sirva enquanto eu como e bebo. Depois você pode comer e beber.”
9 အစေခံသည်မိမိအရှင်စေခိုင်းသည့်အတိုင်း ဆောင်ရွက်သည့်အတွက်သူ့အားကျေးဇူးတင် စရာမရှိ။-
9 Por acaso o empregado merece agradecimento porque obedeceu às suas ordens?
10 ထိုနည်းတူသင်တို့သည်လည်းမိမိတို့အားစေ ခိုင်းသည့်အရာအားလုံးကိုဆောင်ရွက်ပြီးချိန် ၌ ငါတို့ကားသာမန်အစေခံများပင်ဖြစ်သည်။ ငါတို့ဆောင်ရွက်ရန်ရှိသည့်တာဝန်ဝတ္တရားကို သာလျှင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်ဟု' ဆို ကြလော့'' ဟူ၍မိန့်တော်မူ၏။
10 Assim deve ser com vocês. Depois de fazerem tudo o que foi mandado, digam: “Somos empregados que não valem nada porque fizemos somente o nosso dever.”
11 ယေရုရှလင်မြို့သို့ခရီးပြုတော်မူစဉ်ကိုယ်တော် သည်ရှမာရိပြည်နှင့်ဂါလိလဲပြည်စပ်ကြားတွင် လျှောက်၍ကြွတော်မူ၏။-
11 Jesus continuava viajando para Jerusalém e passou entre as regiões da Samaria e da Galileia.
12 ရွာတစ်ရွာသို့ဝင်တော်မူသောအခါအရေပြား ရောဂါသည်ဆယ်ယောက်တို့သည် ကိုယ်တော်ကို ခရီးဦးကြိုပြုကြ၏။ ခပ်လှမ်းလှမ်းတွင်ရပ် လျက်။-
12 Quando estava entrando num povoado, dez leprosos foram se encontrar com ele. Eles pararam de longe
13 ``သခင်ယေရှုအရှင်မြတ်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ'' ဟုဟစ်အော်လျှောက်ထား ကြ၏။
13 e gritaram: — Jesus, Mestre, tenha pena de nós!
14 ထိုသူတို့ကိုမြင်သောအခါကိုယ်တော် က ``သင်တို့သွား၍မိမိတို့ကိုယ်ကိုယဇ် ပုရောဟိတ်များအားပြလော့'' ဟုမိန့်တော်မူ၏။
14 Jesus os viu e disse: Quando iam pelo caminho, eles foram curados.
15 သူတို့အနက်လူတစ်ယောက်သည်မိမိရောဂါ ပျောက်ကင်းသွားကြောင်းကိုသိသောအခါ ဘုရားသခင်၏ဘုန်းအသရေတော်ကိုအသံ ကျယ်စွာချီးကူးလျက်ကိုယ်တော်၏ထံသို့ ပြန်လာ၏။-
15 E, quando um deles, que era samaritano , viu que estava curado, voltou louvando a Deus em voz alta.
16 ထိုနောက်ခြေတော်ရင်းမှာပျပ်ဝပ်လျက် ကိုယ်တော် ၏ကျေးဇူးတော်ကြီးလှကြောင်းကိုလျှောက်ထား၏။ ထိုသူကားရှမာရိအမျိုးသားဖြစ်သတည်း။-
16 Ajoelhou-se aos pés de Jesus e lhe agradeceu.
17 သခင်ယေရှုက ``လူတစ်ကျိပ်တို့သည် အရေပြားရောဂါသန့်စင်သွားကြသည် မဟုတ်လော။ အခြားလူကိုးယောက်ကား အဘယ်မှာနည်း။-
17 Jesus disse:
18 ဘုရားသခင်၏ဘုန်းအသရေတော်ကိုချီးကူးရန် ဤလူမျိုးခြားတစ်ဦးမှတစ်ပါးပြန်လာသူ တစ်ယောက်မျှမရှိသလော'' ဟုမေးတော်မူ၏။-
18 Por que somente este estrangeiro voltou para louvar a Deus?
19 ထိုနောက်ထိုသူအား ``သင်ထ၍သွားလော့။ သင် ၏ယုံကြည်ခြင်းသည်သင့်ရောဂါကိုပျောက်စေ ပြီ'' ဟုမိန့်တော်မူ၏။
19 E Jesus disse a ele:
20 ဖာရိရှဲအချို့တို့က ``ဘုရားသခင်၏နိုင်ငံ တော်သည်အဘယ်အခါ၌တည်ပါမည်နည်း'' ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။ ထိုအခါ ကိုယ်တော်က ``ဘုရားသခင်၏နိုင်ငံတော်တည် ခြင်းသည်မြင်သာအောင်တည်သည်မဟုတ်။-
20 Alguns fariseus perguntaram a Jesus quando ia chegar o Reino de Deus . Ele respondeu:
21 `ကြည့်လော့၊ နိုင်ငံတော်သည်ဤအရပ်တွင်တည် ပြီ။ ထိုအရပ်တွင်တည်ပြီဟူ၍မပြောနိုင်။ အမှန် စင်စစ်သော်ကားဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲတွင်တည်လျက်ရှိသည်'' ဟုမိန့် တော်မူ၏။
21 Ninguém vai dizer: “Vejam! Está aqui” ou “Está ali”. Porque o Reino de Deus está dentro de vocês.
22 ကိုယ်တော်ကတပည့်တော်တို့အား ``သင်တို့တွေ့ မြင်လိုသောလူသား၏နေ့တစ်ရက်ရောက်ပေအံ့။ သို့ရာတွင်သင်တို့တွေ့မြင်ရလိမ့်မည်မဟုတ်။-
22 Então ele disse aos discípulos:
23 လူတို့က `လူသားသည်ဤအရပ်မှာရှိသည်။ ထိုအရပ်မှာရှိသည်' ဟုဆိုသော်လည်းသင်တို့ လိုက်၍မရှာကြနှင့်။-
23 Alguns vão dizer a vocês: “Olhem aqui” ou “Olhem ali”; porém não saiam para procurá-lo.
24 လျှပ်စစ်ပြက်သောအခါလျှပ်စစ်ရောင်သည် မိုးကုတ်စက်ဝိုင်းတစ်ခုမှအခြားတစ်ခုသို့ တိုင်အောင် မိုးကောင်းကင်ကိုထွန်းတောက်စေ သကဲ့သို့ လူသားလောကသို့ကြွလာတော် မူသောနေ့၌ဖြစ်လိမ့်မည်။-
24 Porque, assim como o relâmpago brilha de uma ponta do céu até a outra, assim será no dia em que o Filho do Homem vier.
25 သို့ရာတွင်လူသားသည်ပြင်းပြသောဝေဒနာ ကိုလည်းကောင်း၊ ဤခေတ်လူတို့၏ပစ်ပယ် ခြင်းကိုလည်းကောင်းဦးစွာခံရလိမ့်မည်။-
25 Mas primeiro ele precisa sofrer e ser rejeitado pelo povo de hoje.
26 နောဧလက်ထက်၌ဖြစ်ပျက်သကဲ့သို့လူ သားကြွလာရာကာလ၌ဖြစ်ပျက်လိမ့်မည်။-
26 Como foi no tempo de Noé, assim também será nos dias de antes da vinda do Filho do Homem.
27 သင်္ဘောထဲကိုနောဧဝင်ပြီးနောက်ရေလွှမ်းမိုး သဖြင့် လူခပ်သိမ်းတို့သေကျေပျက်စီးကြ သည့်နေ့မတိုင်မီလူတို့သည်စားသောက် လျက်၊ ထိမ်းမြားစုံဖက်လျက်နေခဲ့ကြ၏။-
27 Todos comiam e bebiam, e os homens e as mulheres casavam, até o dia em que Noé entrou na barca. Depois veio o dilúvio e matou todos.
28 ထိုနည်းတူလောတ၏လက်ထက်၌လူတို့သည် စားသောက်ရောင်းဝယ်လျက်စိုက်ပျိုးတည်ဆောက် လျက်နေခဲ့ကြ၏။-
28 A mesma coisa aconteceu no tempo de Ló. Todos comiam e bebiam, compravam e vendiam, plantavam e construíam.
29 သောဒုံမြို့မှလောတထွက်ခွာသွားသောနေ့ ၌ကောင်းကင်မှမီးမိုးရွာ၍ လူခပ်သိမ်းတို့ သေကျေပျက်စီးကြကုန်၏။-
29 No dia em que Ló saiu de Sodoma, choveu do céu fogo e enxofre e matou todos.
30 လူသားပေါ်ထွန်းတော်မူသောနေ့၌လည်းဤ ကဲ့သို့ပင်ဖြစ်လိမ့်မည်။''
30 Assim será o dia em que o Filho do Homem aparecer.
31 ``ထိုနေ့ရက်၌အိမ်မိုးပေါ်တွင်ရှိသောသူသည် မိမိအိမ်ထဲမှာရှိသည့်ဥစ္စာပစ္စည်းကိုယူရန် မဆင်းစေနှင့်။ ထိုနည်းတူလယ်ကွင်းသို့ရောက် နေသူသည်လည်းအိမ်ကိုမပြန်စေနှင့်။-
31 Aí quem estiver em cima da sua casa, no terraço, desça, e fuja logo, e não perca tempo entrando na casa para pegar as suas coisas. E quem estiver no campo não volte para casa.
32 လောတ၏ဇနီးကိုသတိရကြလော့။
32 Lembrem da mulher de Ló.
33 မိမိအသက်ကိုကယ်ဆယ်လိုသောသူသည် အသက်ရှုံးလိမ့်မည်။ မိမိအသက်ကိုရှုံးစေ သောသူသည်အသက်ကိုကယ်ဆယ်လိမ့်မည်။-
33 A pessoa que procura os seus próprios interesses nunca terá a vida verdadeira; mas quem esquece a si mesmo terá a vida verdadeira.
34 သင်တို့အားငါဆိုသည်ကားထိုညတွင်အိပ်ရာ တစ်ခုမှာအိပ်နေသူ လူနှစ်ယောက်အနက်တစ် ယောက်ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့ လတ္တံ့။-
34 Naquela noite duas pessoas estarão dormindo numa mesma cama. Eu afirmo a vocês que uma será levada, e a outra, deixada.
35 ကြိတ်ဆုံလှည့်နေသူအမျိုးသမီးနှစ်ယောက် အနက်တစ်ယောက်ကိုသိမ်းယူ၍တစ်ယောက် ကိုထားခဲ့လတ္တံ့။-
35 Duas mulheres estarão moendo trigo juntas: uma será levada, e a outra, deixada.
36 လယ်ထဲတွင်ရှိသူနှစ်ယောက်အနက်တစ်ယောက် ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့လတ္တံ့'' ဟု မိန့်တော်မူ၏။
36 [Naquele dia, dois homens estarão trabalhando na fazenda: um será levado, e o outro, deixado.]
37 တပည့်တော်တို့က ``အရှင်၊ အဘယ်အရပ်တွင် ဤအရာများဖြစ်ပျက်ပါမည်နည်း'' ဟုမေး လျှောက်ကြ၏။
37 Então os discípulos perguntaram: — Senhor, onde vai ser isso? Ele respondeu:
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.