Lucas 14
Common Language Bible (MYA) vs ARIB
1 ဥပုသ်နေ့တစ်နေ့၌ကိုယ်တော်သည်အစား အစာသုံးဆောင်တော်မူရန် ဖာရိရှဲအကြီး အကဲတစ်ဦး၏အိမ်သို့ဝင်တော်မူ၏။ ထို အခါသူတို့သည်ကိုယ်တော်ကိုချောင်း ကြည့်နေကြ၏။-
1 Tendo Jesus entrado, num sábado, em casa de um dos chefes dos fariseus para comer pão, eles o estavam observando.
2 ကိုယ်တော်၏ရှေ့တွင်ရေဖျင်းနာစွဲသူလူ တစ်ယောက်ရှိ၏။-
2 Achava-se ali diante dele certo homem hidrópico.
3 ကိုယ်တော်က ``ဥပုသ်နေ့၌အနာရောဂါကို ပျောက်ကင်းစေအပ်သလော'' ဟုကျမ်းတတ် ဆရာများနှင့်ဖာရိရှဲများအားမေးတော် မူ၏။
3 E Jesus, tomando a palavra, falou aos doutores da lei e aos fariseus, e perguntou: É lícito curar no sábado, ou não?
4 သို့ရာတွင်သူတို့သည်ဆိတ်ဆိတ်နေကြ၏။ ကိုယ်တော်သည်သူနာကိုခေါ်လျက်ရောဂါကို ပျောက်ကင်းစေပြီးလျှင်သူ့အားထွက်သွား စေတော်မူ၏။-
4 Eles, porém, ficaram calados. E Jesus, pegando no homem, o curou, e o despediu.
5 ကိုယ်တော်က ``သင်တို့အနက်အဘယ်သူသည် မိမိ၏သားဖြစ်စေ၊ နွားဖြစ်စေဥပုသ်နေ့၌ ရေတွင်းထဲသို့ကျခဲ့သော်ချက်ချင်းမဆွဲ မတင်ဘဲနေပါမည်နည်း'' ဟုမေးတော်မူ၏။
5 Então lhes perguntou: Qual de vós, se lhe cair num poço um filho, ou um boi, não o tirará logo, mesmo em dia de sábado?
6 သို့ရာတွင်သူတို့သည်အဘယ်သို့မျှအဖြေ မပေးတတ်ကြ။
6 A isto nada puderam responder.
7 စားသောက်ပွဲသို့ဖိတ်ခေါ်ထားသောသူတို့သည် အကောင်းဆုံးသောနေရာများကိုရွေးချယ်နေ ကြသည်ကိုကိုယ်တော်မြင်တော်မူလျှင် ထိုသူ တို့အားပုံဥပမာတစ်ခုကိုမိန့်ကြားတော်မူ၏။-
7 Ao notar como os convidados escolhiam os primeiros lugares, propôs-lhes esta parábola:
8 ကိုယ်တော်က ``သင်သည်မင်္ဂလာဆောင်ပွဲသို့ဖိတ် ခေါ်ခြင်းခံရသောအခါ အကောင်းဆုံးသော နေရာတွင်မထိုင်နှင့်။ အကယ်၍သင့်ထက်ဂုဏ် မြင့်သူတစ်ဦးအားလည်းဖိတ်ခေါ်ထားခဲ့သော်။-
8 Quando por alguém fores convidado às bodas, não te reclines no primeiro lugar; não aconteça que esteja convidado outro mais digno do que tu;
9 ပွဲရှင်သည်သင့်ထံသို့လာ၍ `ဤသူအားနေရာ ဖယ်ပေးလိုက်ပါ' ဟုဆိုပေအံ့။ ထိုအခါသင် သည်အရှက်ရလျက် နိမ့်ကျသည့်နေရာတွင် ထိုင်ရလိမ့်မည်။-
9 e vindo o que te convidou a ti e a ele, te diga: Dá o lugar a este; e então, com vergonha, tenhas de tomar o último lugar.
10 သို့ဖြစ်၍သင်သည်ဖိတ်ခေါ်ခြင်းခံရလျှင် ပွဲသို့သွား၍အနိမ့်ကျဆုံးသောနေရာတွင် ထိုင်လော့။ သို့မှသာပွဲရှင်သည်သင့်ထံလာ၍ `အဆွေသာ၍ကောင်းသောနေရာသို့ကြွပါ' ဟုသင့်အားဆိုလိမ့်မည်။ ထိုအခါသင်သည် ဧည့်ပရိသတ်တို့၏ရှေ့တွင်ဂုဏ်အသရေ ရှိလိမ့်မည်။-
10 Mas, quando fores convidado, vai e reclina-te no último lugar, para que, quando vier o que te convidou, te diga: Amigo, sobe mais para cima. Então terás honra diante de todos os que estiverem contigo à mesa.
11 မိမိကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်း ကိုခံရလိမ့်မည်။ မိမိကိုယ်ကိုနှိမ့်ချသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်'' ဟုမိန့်တော် မူ၏။
11 Porque todo o que a si mesmo se exaltar será humilhado, e aquele que a si mesmo se humilhar será exaltado.
12 ထိုနောက်ကိုယ်တော်ကအိမ်ရှင်အား ``သင်သည် နံနက်စာသော်လည်းကောင်း၊ ညစာသော်လည်း ကောင်းကျွေးမွေးဧည့်ခံမည်ပြုသောအခါ မိတ်ဆွေများ၊ ညီအစ်ကိုများ၊ ဆွေမျိုးများ၊ ချမ်းသာကြွယ်ဝသောအိမ်နီးချင်းများ အားမဖိတ်မခေါ်နှင့်။ ဖိတ်ခေါ်ခဲ့ပါမူသူ တို့သည်သင့်အားပြန်ဖိတ်ခေါ်ပြီးလျှင် ကျေးဇူးဆပ်ကြလိမ့်မည်။-
12 Disse também ao que o havia convidado: Quando deres um jantar, ou uma ceia, não convides teus amigos, nem teus irmãos, nem teus parentes, nem os vizinhos ricos, para que não suceda que também eles te tornem a convidar, e te seja isso retribuído.
13 သို့ဖြစ်၍ကျွေးမွေးဧည့်ခံပွဲကိုကျင်းပ သောအခါဆင်းရဲသူ၊ အင်္ဂါချို့တဲ့သူ၊ ခြေ မစွမ်းသူ၊ မျက်မမြင်သူများကိုဖိတ်ခေါ် လော့။-
13 Mas quando deres um banquete, convida os pobres, os aleijados, os mancos e os cegos;
14 သို့ဖိတ်ခေါ်လျှင်သင်သည်မင်္ဂလာရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့သည် သင့်အား ပြန်၍ကျေးဇူးဆပ်နိုင်စွမ်းမရှိကြသောကြောင့် ဖြစ်သည်။ သူတော်ကောင်းတို့သေခြင်းမှထမြောက် ရာကာလ၌ သင်သည်ကျေးဇူးဆပ်ခြင်းကိုခံရ လတ္တံ့'' ဟုမိန့်တော်မူ၏။
14 e serás bem-aventurado; porque eles não têm com que te retribuir; pois retribuído te será na ressurreição dos justos.
15 ကိုယ်တော်နှင့်အတူထိုင်နေသူလူတစ်ယောက် သည်ထိုစကားတော်ကိုကြားလျှင် ``ဘုရား သခင်၏နိုင်ငံတော်တွင်ပွဲဝင်ရမည့်သူသည် မင်္ဂလာရှိ၏'' ဟုလျှောက်၏။
15 Ao ouvir isso um dos que estavam com ele à mesa, disse-lhe: Bem-aventurado aquele que comer pão no reino de Deus.
16 ကိုယ်တော်က ``လူတစ်ယောက်သည်ကျွေးမွေး ဧည့်ခံပွဲကြီးတစ်ရပ်ကိုကျင်းပရန်ဧည့်သည် အမြောက်အမြားကိုဖိတ်ကြား၏။-
16 Jesus, porém, lhe disse: Certo homem dava uma grande ceia, e convidou a muitos.
17 အချိန်ရောက်သောအခါမိမိဖိတ်ခေါ်ထား သူများ၏ထံသို့အစေခံတစ်ယောက်အား စေလွှတ်၍ `ကြွကြပါ၊ အားလုံးအသင့်ရှိ ပြီ' ဟုပြောကြားစေ၏။-
17 E à hora da ceia mandou o seu servo dizer aos convidados: vinde, porque tudo já está preparado.
18 သူတို့အားလုံးတစ်ယောက်ပြီးတစ်ယောက်ခွင့်ပန် ကြ၏။ ပထမလူက`အကျွန်ုပ်သည်လယ်တစ်ကွက် ကိုဝယ်ထားသဖြင့်သွား၍ကြည့်ရပါမည်။ အကျွန်ုပ်အားခွင့်လွှတ်ရန်တောင်းပန်ပါ၏' ဟု ဆို၏။-
18 Mas todos à uma começaram a escusar-se. Disse-lhe o primeiro: Comprei um campo, e preciso ir vê-lo; rogo-te que me dês por escusado.
19 အခြားတစ်ယောက်က `အကျွန်ုပ်သည်နွားငါးရှဉ်း ကိုဝယ်ထားသဖြင့် သွား၍စမ်းသပ်ရပါမည်။ အကျွန်ုပ်အားခွင့်လွှတ်ရန်တောင်းပန်ပါ၏' ဟု ဆို၏။-
19 Outro disse: Comprei cinco juntas de bois, e vou experimentá-los; rogo-te que me dês por escusado.
20 အခြားတစ်ယောက်က `အကျွန်ုပ်သည်ယခုပင် အိမ်ထောင်ကျသဖြင့်မလာနိုင်ပါ' ဟုဆို၏။-
20 Ainda outro disse: Casei-me e portanto não posso ir.
21 အစေခံသည်မိမိ၏အရှင်ထံသို့ပြန်လာ၍ ထိုအကြောင်းများကိုလျှောက်လေ၏။ ထိုအခါ အိမ်ရှင်အမျက်ထွက်၍ `လမ်းမလမ်းကြားသို့ အမြန်သွား၍ဆင်းရဲသူ၊ အင်္ဂါချို့တဲ့သူ၊ ခြေ မစွမ်းသူ၊ မျက်မမြင်သူများကိုခေါ်ခဲ့လော့' ဟုအစေခံအားစေခိုင်း၏။-
21 Voltou o servo e contou tudo isto a seu senhor: Então o dono da casa, indignado, disse a seu servo: Sai depressa para as ruas e becos da cidade e traze aqui os pobres, os aleijados, os cegos e os coxos.
22 မကြာမီအစေခံပြန်ရောက်လာ၍`အရှင်စေ ခိုင်းသည့်အတိုင်းဆောင်ရွက်ပြီးပါပြီ။ သို့ရာ တွင်နေရာလပ်ရှိပါသေးသည်' ဟုလျှောက်၏။-
22 Depois disse o servo: Senhor, feito está como o ordenaste, e ainda há lugar.
23 အိမ်ရှင်က `ကျေးလက်တောရွာလမ်းများကို သွား၍အိမ်ပြည့်အောင်လူများကိုအနိုင် အထက်ခေါ်ခဲ့လော့။-
23 Respondeu o senhor ao servo: Sai pelos caminhos e valados, e obriga-os a entrar, para que a minha casa se encha.
24 ယခင်ကငါဖိတ်ခေါ်ထားသူတစ်ယောက်မျှ ငါ၏ကျွေးမွေးဧည့်ခံပွဲသို့မဝင်ရဟု သင်တို့အားငါဆိုသည်'' ဟုမိန့်တော်မူ၏။
24 Pois eu vos digo que nenhum daqueles homens que foram convidados provará a minha ceia.
25 တစ်နေ့သ၌လူပရိသတ်ကြီးများသည် ကိုယ်တော်နှင့်အတူလိုက်လာကြ၏။ ကိုယ်တော် သည်သူတို့အားလှည့်ကြည့်တော်မူပြီးလျှင်၊-
25 Ora, iam com ele grandes multidões; e, voltando-se, disse-lhes:
26 ``ငါ့ထံကိုလာသော်လည်းငါ့ကိုချစ်သည် ထက် မိဘ၊ သားမယား၊ ညီအစ်ကိုမောင်နှမ နှင့်မိမိကိုယ်ကိုပို၍ချစ်သောသူသည် ငါ ၏တပည့်မဖြစ်နိုင်။-
26 Se alguém vier a mim, e não aborrecer a pai e mãe, a mulher e filhos, a irmãos e irmãs, e ainda também à própria vida, não pode ser meu discípulo.
27 မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ငါ့နောက်သို့ မလိုက်သောသူသည် ငါ၏တပည့်မဖြစ်နိုင်။-
27 Quem não leva a sua cruz e não me segue, não pode ser meu discípulo.
28 သင်တို့အနက်အဘယ်သူသည်မျှော်စင်တစ်ခု ကိုတည်ဆောက်မည်ကြံပြီးနောက်မျှော်စင်ပြီး အောင်တည်ဆောက်ရန် မိမိ၌ငွေအလုံအလောက် ရှိမရှိကိုသိရန်ဦးစွာထိုင်၍တွက်ချက်မ ကြည့်ဘဲနေပါမည်နည်း။-
28 Pois qual de vós, querendo edificar uma torre, não se senta primeiro a calcular as despesas, para ver se tem com que a acabar?
29 ထိုသို့တွက်ချက်မကြည့်ဘဲမျှော်စင်ကိုအုတ် မြစ်ချ၍အဆုံးမသတ်နိုင်ရှိချေသော် ကြည့် မြင်သူအပေါင်းတို့သည်ထိုသူအားပြောင် လှောင်ကြလိမ့်မည်။-
29 Para não acontecer que, depois de haver posto os alicerces, e não a podendo acabar, todos os que a virem comecem a zombar dele,
30 `ဤသူကားတည်ဆောက်မှုကိုအစပြု၏။ သို့ရာတွင်အဆုံးမသတ်နိုင်ပါတကား' ဟုဆိုကြလိမ့်မည်။-
30 dizendo: Este homem começou a edificar e não pode acabar.
31 အခြားတစ်နည်းဆိုသော်၊ အဘယ်မည်သော ဘုရင်သည်အခြားဘုရင်တစ်ပါးနှင့်စစ်ပြိုင် ရန်ထွက်မည်ပြုသောအခါ မိမိ၏စစ်သည် တစ်သောင်းဖြင့် စစ်သည်နှစ်သောင်းနှင့်ချီလာ သောဘုရင်အားခုခံနိုင်ပါမည်လောဟု ဦး စွာထိုင်၍မစဉ်းစားဘဲနေပါမည်လော။-
31 Ou qual é o rei que, indo entrar em guerra contra outro rei, não se senta primeiro a consultar se com dez mil pode sair ao encontro do que vem contra ele com vinte mil?
32 အကယ်၍မခုခံနိုင်ပါလျှင်သူသည်စစ်ချီ လာသောဘုရင်အဝေး၌ရှိနေသေးစဉ် သံ တမန်များကိုစေလွှတ်၍စစ်ပြေငြိမ်းရေး စကားကမ်းလှမ်းရပေလိမ့်မည်။-
32 No caso contrário, enquanto o outro ainda está longe, manda embaixadores, e pede condições de paz.
33 ထိုနည်းတူစွာသင်တို့အနက် မည်သူမဆို မိမိ၌ရှိသမျှကိုမစွန့်လျှင်ငါ၏တပည့် မဖြစ်နိုင်။
33 Assim, pois, todo aquele dentre vós que não renuncia a tudo quanto possui, não pode ser meu discípulo.
34 ``ဆားသည်ကောင်းပေ၏။ သို့ရာတွင်ဆားမှ အငန်ကင်းပျောက်လျှင် အဘယ်သို့မျှငန်သော အရသာကိုပြန်၍မရနိုင်။-
34 Bom é o sal; mas se o sal se tornar insípido, com que se há de restaurar-lhe o sabor?
35 လယ်မြေအတွက်သော်လည်းကောင်း၊ မြေသြဇာ အတွက်သော်လည်းကောင်းအသုံးမဝင်တော့ ပေ။ ထို့ကြောင့်ထိုဆားကိုလူတို့စွန့်ပစ်လိုက် တတ်၏။ ကြားတတ်သောနားရှိသူတို့ကြား ကြကုန်လော့'' ဟုမိန့်တော်မူ၏။
35 Não presta nem para terra, nem para adubo; lançam-no fora. Quem tem ouvidos para ouvir, ouça.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.