Lucas 10

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ထို​နောက်​သ​ခင်​ဘု​ရား​သည်​အ​ခြား​သော တ​ပည့်​တော်​ခု​နစ်​ဆယ့်​နှစ်​ဦး​တို့​ကို​ရွေး​ချယ် ၍​နှစ်​ယောက်​စီ​တွဲ​ဖက်​စေ​လျက် ကိုယ်​တော်​တိုင် ကြွ​တော်​မူ​မည့်​မြို့​ရွာ​အ​သီး​သီး​သို့​သွား နှင့်​ရန်​စေ​လွှတ်​တော်​မူ​၏။-
1 Depois disso o Senhor designou outros setenta e dois e os enviou dois a dois, adiante dele, a todas as cidades e lugares para onde ele estava prestes a ir.
2 ကိုယ်​တော်​က ``ရိတ်​သိမ်း​ရန်​စ​ပါး​များ​စွာ​ရှိ​၏။ သို့​ရာ​တွင်​ကောက်​ရိတ်​သူ​များ​ကား​နည်း​လှ​၏။ သို့​ဖြစ်​၍​ကောက်​ရိတ်​သ​မား​များ​ပို​မို​စေ​လွှတ် ပေး​ရန်​စ​ပါး​ရှင်​အား​ဆု​တောင်း​ကြ​လော့။-
2 E lhes disse: "A colheita é grande, mas os trabalhadores são poucos. Portanto, peçam ao Senhor da colheita que mande trabalhadores para a sua colheita.
3 သွား​ကြ၊ ဝံ​ပု​လွေ​စု​ထဲ​သို့​သိုး​သူ​ငယ်​များ​အား စေ​လွှတ်​သ​ကဲ့​သို့​သင်​တို့​အား​ငါ​စေ​လွှတ်​၏။-
3 Vão! Eu os estou enviando como cordeiros entre lobos.
4 သင်​တို့​သည်​ပိုက်​ဆံ​အိတ်၊ လွယ်​အိတ်၊ ဖိ​နပ်​တို့​ကို ယူ​မ​သွား​ကြ​နှင့်။ လမ်း​မှာ​ရပ်​၍​မည်​သူ့​ကို​မျှ နှုတ်​မ​ဆက်​ကြ​နှင့်။-
4 Não levem bolsa nem saco de viagem nem sandálias; e não saúdem ninguém pelo caminho.
5 သင်​တို့​မည်​သည့်​အိမ်​သို့​မ​ဆို​ဝင်​သော​အ​ခါ ``ဤ အိမ်​၌​ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ'' ဟု​ဦး​စွာ​မေတ္တာ ပို့​ကြ​လော့။-
5 "Quando entrarem numa casa, digam primeiro: ‘Paz a esta casa’.
6 ထို​အိမ်​တွင်​ငြိမ်​သက်​မှု​ကို​လို​လား​သူ​ရှိ​လျှင် သင်​တို့​ပို့​သ​သည့်​မေတ္တာ​ကို​ထို​သူ​ခံ​စား​ရ လိမ့်​မည်။ ထို​သို့​သော​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​ပါ​မူ​သင်​တို့​ပို့​သည့်​မေတ္တာ​သည်​သင်​တို့ ၏​ထံ​သို့​ပြန်​လာ​လိမ့်​မည်။-
6 Se houver ali um homem de paz, a paz de vocês repousará sobre ele; se não, ela voltará para vocês.
7 သင်​တို့​သည်​ထို​အိမ်​မှာ​နေ​၍​အိမ်​ရှင်​ကျွေး​မွေး သည်​တို့​ကို​စား​သောက်​ကြ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​အ​လုပ်​သ​မား​သည်​အ​ခ​ကို​ခံ​စား ထိုက်​သော​ကြောင့်​ဖြစ်​၏။ အိမ်​တစ်​အိမ်​မှ​အ​ခြား တစ်​အိမ်​သို့​မ​ပြောင်း​မ​ရွှေ့​ကြ​နှင့်။-
7 Fiquem naquela casa, e comam e bebam o que lhes derem, pois o trabalhador merece o seu salário. Não fiquem mudando de casa em casa.
8 သင်​တို့​အား​ကြို​ဆို​လက်​ခံ​သော​မြို့​တွင်​သင် တို့​အား​ကျွေး​မွေး​သ​မျှ​တို့​ကို​စား​ကြ​လော့။-
8 "Quando entrarem numa cidade e forem bem recebidos, comam o que for posto diante de vocês.
9 ထို​မြို့​ရှိ​သူ​နာ​များ​ကို​ရော​ဂါ​ပျောက်​ကင်း​စေ ကြ​လော့။ ထို​နောက်​သူ​တို့​တွင်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​တည်​ချိန်​နီး​ပြီ​ဖြစ်​ကြောင်း​ပြော ကြား​ကြ​လော့။-
9 Curem os doentes que ali houver e digam-lhes: ‘O Reino de Deus está próximo de vocês’.
10 သင်​တို့​ကို​မ​ကြို​ဆို​လက်​မ​ခံ​သော​မြို့​တွင် လမ်း​များ​ပေါ်​သို့​ထွက်​၍ ဤ​သို့​ပြော​ကြ​လော့၊-
10 Mas quando entrarem numa cidade e não forem bem recebidos, saiam por suas ruas e digam:
11 `သင်​တို့​အား​သ​တိ​ပေး​သည့်​အ​နေ​ဖြင့်​ငါ​တို့ ခြေ​တွင်​ကပ်​သည့်​သင်​တို့​မြို့​က​မြေ​မှုန့်​ကို​ငါ တို့​ခါ​ချ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သည်​သင်​တို့​၏​အ​နီး​သို့​ရောက်​ရှိ​ပြီ​ဖြစ် ကြောင်း​ကို​သိ​မှတ်​ကြ​လော့၊-'
11 ‘Até o pó da sua cidade, que se apegou aos nossos pés, sacudimos contra vocês. Fiquem certos disto: O Reino de Deus está próximo’.
12 ငါ​ဆို​သည်​ကား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ ဘု​ရား​သ​ခင်​သည်​ထို​မြို့​ထက်​ပို​၍​သော​ဒုံ မြို့​အား​က​ရု​ဏာ​ထား​တော်​မူ​လိမ့်​မည်။''
12 Eu lhes digo: Naquele dia haverá mais tolerância para Sodoma do que para aquela cidade.
13 ``အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည်​လည်း​အ​မင်္ဂ​လာ​ရှိ​၏။ သင်​တို့​တွင်​ပြု​ခဲ့​သည့်​အံ့​ဖွယ်​အ​မှု​အ​ရာ​များ ကို​တု​ရု​နှင့်​ဇိ​ဒုံ​မြို့​တွင်​သာ​ပြု​ခဲ့​ပါ​မူ ထို​မြို့ တို့​သည်​ရှေး​မ​ဆွ​က​ပင်​လျှော်​တေ​ကို​ဝတ်​၍ ပြာ ထဲ​မှာ​ထိုင်​လျက်​နောင်​တ​ရ​ပြီး​ဖြစ်​လိမ့်​မည်။-
13 "Ai de você, Corazim! Ai de você, Betsaida! Porque se os milagres que foram realizados entre vocês o fossem em Tiro e Sidom, há muito tempo elas se teriam arrependido, vestindo roupas de saco e cobrindo-se de cinzas.
14 ဘု​ရား​သ​ခင်​သည်​တ​ရား​စီ​ရင်​တော်​မူ​ရာ ကာ​လ​၌ သင်​တို့​ထက်​ပို​၍​တု​ရု​နှင့်​ဇိ​ဒုံ​မြို့ တို့​အား​က​ရု​ဏာ​ထား​တော်​မူ​ပေ​အံ့။-
14 Mas no juízo haverá menor rigor para Tiro e Sidom do que para vocês.
15 အို က​ပေ​ရ​နောင်​မြို့၊ သင်​သည်​ကောင်း​ကင်​ဘုံ တိုင်​အောင်​မြှောက်​စား​ခြင်း​ကို​ခံ​လို​သ​လော။ မ​ရ​ဏာ​နိုင်​ငံ​အ​ထိ​နှိမ့်​ချ​ခြင်း​ခံ​ရ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။
15 E você, Cafarnaum: será elevada até o céu? Não; você descerá até ao Hades!
16 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အား ``သင်​တို့ ၏​စ​ကား​ကို​နား​ထောင်​သူ​သည်​ငါ့​စ​ကား​ကို နား​ထောင်​၏။ သင်​တို့​ကို​ပစ်​ပယ်​သူ​သည်​ငါ့​ကို ပစ်​ပယ်​၏။ ငါ့​ကို​ပစ်​ပယ်​သူ​သည်​ငါ့​ကို​စေ​လွှတ် တော်​မူ​သော​အ​ရှင်​ကို​ပစ်​ပယ်​သည်'' ဟု​မိန့် တော်​မူ​၏။
16 "Aquele que lhes dá ouvidos, está me dando ouvidos; aquele que os rejeita, está me rejeitando; mas aquele que me rejeita, está rejeitando aquele que me enviou".
17 ခု​နစ်​ဆယ့်​နှစ်​ဦး​သော​တ​ပည့်​တော်​တို့​သည် အ​လွန် ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​ကြ လျက် ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​နာ​မ တော်​အား​ဖြင့် နတ်​မိစ္ဆာ​များ​ပင်​နှိမ်​နင်း​ခဲ့​ပါ​သည်'' ဟု လျှောက်​ကြ​၏။
17 Os setenta e dois voltaram alegres e disseram: "Senhor, até os demônios se submetem a nós, em teu nome".
18 ကိုယ်​တော်​က ``ကောင်း​ကင်​မှ​လျှပ်​စစ်​ကျ​သ​ကဲ့ သို့​စာ​တန်​ကျ​သည်​ကို​ငါ​မြင်​ရ​၏။-
18 Ele respondeu: "Eu vi Satanás caindo do céu como relâmpago.
19 မြွေ​ဆိုး​များ၊ ကင်း​မြီး​ကောက်​များ​အ​ပေါ်​မှာ နင်း​သွား​၍ စာ​တန်​၌​ရှိ​သ​မျှ​သော​တန်​ခိုး​ကို နှိမ်​နင်း​နိုင်​သည့်​အာ​ဏာ​ကို​သင်​တို့​အား​ငါ​ပေး အပ်​ထား​ပြီ။ အ​ဘယ်​ဘေး​မျှ​သင်​တို့​၌​မ​ရောက်​ရ။-
19 Eu lhes dei autoridade para pisarem sobre cobras e escorpiões, e sobre todo o poder do inimigo; nada lhes fará dano.
20 သို့​ရာ​တွင်​သင်​တို့​သည်​နတ်​မိစ္ဆာ​များ​ကို​နှိမ်​နင်း​နိုင် သည့်​အ​တွက်​ဝမ်း​မ​မြောက်​ကြ​နှင့်။ ကောင်း​ကင်​ဘုံ တွင်​သင်​တို့​၏​နာမည်​များ​စာ​ရင်း​ဝင်​ပြီး​ဖြစ်​သည့် အ​တွက်​သာ​လျှင်​ဝမ်း​မြောက်​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။
20 Contudo, alegrem-se, não porque os espíritos se submetem a vocês, mas porque seus nomes estão escritos nos céus".
21 ထို​အ​ခါ​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ကိုယ်​တော်​အား​ရွှင်​လန်း​ဝမ်း​မြောက်​စေ​တော်​မူ သ​ဖြင့်​ကိုယ်​တော်​က ``မိုး​မြေ​ကို​အ​စိုး​ရ​တော်​မူ သော​အ​ဖ၊ ကိုယ်​တော်​သည်​အ​သိ​ပ​ညာ​ရှင်​များ​မှ ထိမ်​ဝှက်​ထား​တော်​မူ​သော​အ​ကြောင်း​အ​ရာ​များ ကို ပ​ညာ​မဲ့​သူ​များ​အား​ဖွင့်​ပြ​တော်​မူ​သော ကြောင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။ အ​ဖ ခ​မည်း​တော်၊ ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ​ကိုယ်​တော် လို​လား​တော်​မူ​သည်​အ​တိုင်း​ဖြစ်​ပါ​၏။
21 Naquela hora Jesus, exultando no Espírito Santo, disse: "Eu te louvo, Pai, Senhor do céu e da terra, porque escondeste estas coisas dos sábios e cultos e as revelaste aos pequeninos. Sim, Pai, pois assim foi do teu agrado.
22 ``ငါ့​ခ​မည်း​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့ ကို​ငါ့​အား​ပေး​အပ်​တော်​မူ​ပြီ။ သား​တော်​သည် အ​ဘယ်​သူ​ဖြစ်​ကြောင်း​ကို​ခ​မည်း​တော်​မှ တစ်​ပါး​မည်​သူ​မျှ​မ​သိ။ ခ​မည်း​တော်​သည် အ​ဘယ်​သူ​ဖြစ်​ကြောင်း​ကို​လည်း​သား​တော် နှင့်​သား​တော်​ဖွင့်​ပြ​လို​သူ​များ​မှ​တစ်​ပါး မည်​သူ​မျှ​မ​သိ'' ဟု​မိန့်​တော်​မူ​၏။
22 "Todas as coisas me foram entregues por meu Pai. Ninguém sabe quem é o Filho, a não ser o Pai; e ninguém sabe quem é o Pai, a não ser o Filho e aqueles a quem o Filho o quiser revelar".
23 ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​ဘက်​သို့ လှည့်​၍ ``ယ​ခု​မြင်​သ​မျှ​သော​အ​ရာ​တို့​ကို​သင် တို့​မြင်​သော​ကြောင့်​သင်​တို့​မျက်​စိ​သည်​မင်္ဂ​လာ ရှိ​၏။-
23 Então ele se voltou para os seus discípulos e lhes disse em particular: "Felizes são os olhos que vêem o que vocês vêem.
24 သင်​တို့​အား​ငါ​ဆို​သည်​ကား​သင်​တို့​မြင်​ရ​သည့် အ​ရာ​များ​ကို​ပ​ရော​ဖက်​များ၊ ရှင်​ဘု​ရင်​များ မြင်​လို​ကြ​သော်​လည်း​မ​မြင်​ရ​ကြ၊ သင်​တို့​ကြား ရ​သည့်​အ​ရာ​များ​ကို​ကြား​လို​သော်​လည်း​မ ကြား​ရ​ကြ'' ဟု​မိန့်​တော်​မူ​သည်။
24 Pois eu lhes digo que muitos profetas e reis desejaram ver o que vocês estão vendo, mas não viram; e ouvir o que vocês estão ouvindo, mas não ouviram".
25 ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​သည်​အ​ထံ​တော် သို့​လာ​၍ ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ အ​သက်​ကို​ရ​အံ့​သော​ငှာ​အ​ဘယ်​သို့​ပြု​ရ ပါ​မည်​နည်း'' ဟု​ကိုယ်​တော်​အား​ပ​ညာ​စမ်း လို​သ​ဖြင့်​မေး​လျှောက်​၏။
25 Certa ocasião, um perito na lei levantou-se para pôr Jesus à prova e lhe perguntou: "Mestre, o que preciso fazer para herdar a vida eterna? "
26 ကိုယ်​တော်​က ``ပညတ္တိ​ကျမ်း​တွင်​အ​ဘယ်​သို့ ဖော်​ပြ​ထား​သ​နည်း။ သင်​အ​ဘယ်​သို့​ဖတ်​ဖူး သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊
26 "O que está escrito na Lei? ", respondeu Jesus. "Como você a lê? "
27 ထို​သူ​က ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​စိတ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း ရှိ​သ​မျှ​နှင့်​ချစ်​လော့။ သင်​၏​အိမ်​နီး​ချင်း​ကို​ကိုယ် နှင့်​အ​မျှ​ချစ်​လော့​ဟု​ပါ​ရှိ​ပါ​သည်'' ဟူ​၍ လျှောက်​၏။
27 Ele respondeu: " ‘Ame o Senhor, o seu Deus de todo o seu coração, de toda a sua alma, de todas as suas forças e de todo o seu entendimento’ e ‘Ame o seu próximo como a si mesmo’".
28 ကိုယ်​တော်​က ``သင်​၏​အ​ဖြေ​သည်​မှန်​ပေ​၏။ ဤ အ​တိုင်း​ပြု​လျှင်​သင်​သည်​ထာ​ဝ​ရ​အ​သက်​ကို ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
28 Disse Jesus: "Você respondeu corretamente. Faça isso, e viverá".
29 ထို​သူ​သည်​မိ​မိ​၏​ပညာ​ကို​ဖော်​ပြ​လို သ​ဖြင့် ``အ​ဘယ်​သူ​သည်​အ​ကျွန်ုပ်​၏​အိမ် နီး​ချင်း​ဖြစ်​ပါ​သ​နည်း'' ဟု​မေး​မြန်း​၏။
29 Mas ele, querendo justificar-se, perguntou a Jesus: "E quem é o meu próximo? "
30 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``လူ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​ယေ​ရိ​ခေါ​မြို့​ကို​သွား​ရာ လမ်း​တွင်​ဋ္ဌား​ပြ​များ​နှင့်​တွေ့​၏။ ဋ္ဌား​ပြ​တို့​သည် ထို​သူ​၏​အဝတ်​များ​ကို​ချွတ်​ယူ​ကြ​၏။ ထို​နောက် သူ့​ကို​ရိုက်​နှက်​၍​သေ​လု​နီး​ပါး​ရှိ​သော​အ​ခါ ပစ်​ထား​ခဲ့​ကြ​၏။-
30 Em resposta, disse Jesus: "Um homem descia de Jerusalém para Jericó, quando caiu nas mãos de assaltantes. Estes lhe tiraram as roupas, espancaram-no e se foram, deixando-o quase morto.
31 ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည်​ထို​လမ်း​အ​တိုင်း ခ​ရီး​ပြု​လာ​စဉ်​ထို​သူ​ကို​မြင်​၏။ သို့​ရာ​တွင် သူ​သည်​ရှောင်​ကွင်း​၍​သွား​၏။-
31 Aconteceu estar descendo pela mesma estrada um sacerdote. Quando viu o homem, passou pelo outro lado.
32 ထို​နည်း​တူ​လေ​ဝိ​အ​နွယ်​ဝင်​တစ်​ယောက်​သည်​ထို နေ​ရာ​သို့​ရောက်​လာ​၏။ သူ​သည်​လည်း​လူ​နာ​ကို လာ​ကြည့်​ပြီး​လျှင်​ရှောင်​ကွင်း​၍​သွား​လေ​၏။-
32 E assim também um levita; quando chegou ao lugar e o viu, passou pelo outro lado.
33 သို့​ရာ​တွင်​ရှ​မာ​ရိ​အ​မျိုး​သား​တစ်​ယောက်​သည် ခ​ရီး​ပြု​လာ​စဉ်​သူ​နာ​ရှိ​ရာ​သို့​ရောက်​လာ​သော် သူ​နာ​ကို​မြင်​၍​သ​နား​ကြင်​နာ​စိတ်​ရှိ​သ​ဖြင့်၊-
33 Mas um samaritano, estando de viagem, chegou onde se encontrava o homem e, quando o viu, teve piedade dele.
34 သူ​နာ​၏​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင် သူ​နာ​၏​ဒဏ် ရာ​များ​ကို​ဆီ​နှင့်​စ​ပျစ်​ရည်​လိမ်း​ကျံ​၍​အ​ဝတ် ဖြင့်​စည်း​ပေး​၏။ ထို​နောက်​မိ​မိ​မြည်း​ပေါ်​မှာ သူ​နာ​ကို​တင်​လျက်​တည်း​ခို​ရိပ်​သာ​သို့​ဆောင် သွား​၍​ပြု​စု​လေ​၏။-
34 Aproximou-se, enfaixou-lhe as feridas, derramando nelas vinho e óleo. Depois colocou-o sobre o seu próprio animal, levou-o para uma hospedaria e cuidou dele.
35 နောက်​တစ်​နေ့​၌​တည်း​ခို​ရိပ်​သာ​မှ​ထွက်​ခွာ​ချိန် တွင်​သူ​သည်​ဒေ​နာ​ရိ​ဒင်္ဂါး​နှစ်​ပြား​ကို​ထုတ်​၍ တည်း​ခို​ရိပ်​သာ​ပိုင်​ရှင်​အား​ပေး​ပြီး​လျှင် `ဤ သူ​နာ​ကို​ကြည့်​ရှု​ပြု​စု​ပါ။ နောက်​ထပ်​ကုန်​ကျ သ​မျှ​ကို​အ​ကျွန်ုပ်​ပြန်​လာ​သော​အ​ခါ​ပေး ပါ​မည်' ဟု​ပြော​၏။
35 No dia seguinte, deu dois denários ao hospedeiro e disse-lhe: ‘Cuide dele. Quando voltar lhe pagarei todas as despesas que você tiver’.
36 ထို​သူ​သုံး​ယောက်​တို့​အ​နက်​အ​ဘယ်​သူ​သည် ဋ္ဌား​ပြ​ဘေး​နှင့်​တွေ့​ရ​သူ​၏​အိမ်​နီး​ချင်း​ဖြစ် မည်​ဟု​သင်​ထင်​သ​နည်း'' ဟု​မေး​တော်​မူ​၏။
36 "Qual destes três você acha que foi o próximo do homem que caiu nas mãos dos assaltantes? "
37 ကျမ်း​တတ်​ဆ​ရာ​က ``သူ​နာ​အား​သ​နား​ကြင်​နာ စွာ​ပြု​စု​သူ​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လျှင်၊
37 "Aquele que teve misericórdia dele", respondeu o perito na lei. Jesus lhe disse: "Vá e faça o mesmo".
38 သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​သည်​ခ​ရီး​သွား ကြ​စဉ်​ရွာ​တစ်​ရွာ​သို့​ရောက်​ကြ​၏။ ထို​ရွာ​ရှိ​မာ​သ နာ​မည်​ရှိ​သော​အ​မျိုး​သ​မီး​သည်​မိ​မိ​၏​အိမ်​တွင် ကိုယ်​တော်​ကို​ကြို​ဆို​ဧည့်​ခံ​၏။-
38 Caminhando Jesus e os seus discípulos, chegaram a um povoado, onde certa mulher chamada Marta o recebeu em sua casa.
39 မာ​သ​မှာ​မာ​ရိ​နာ​မည်​ရှိ​သော​ညီ​မ​တစ်​ယောက် ရှိ​၏။ သူ​သည်​သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ရင်း​မှာ ထိုင်​၍​တ​ရား​တော်​ကို​ကြား​နာ​လျက်​နေ​၏။-
39 Maria, sua irmã, ficou sentada aos pés do Senhor, ouvindo-lhe a palavra.
40 မာ​သ​မူ​ကား​ဧည့်​သည်​ဝတ်​ဖြင့်​ဗျာ​များ​နေ​ရ သ​ဖြင့်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပြီး​လျှင် ``အ​ရှင် ဘု​ရား၊ ကျွန်​မ​၏​ညီ​မ​သည်​လုပ်​ကျွေး​မှု​တာ​ဝန် ရှိ​သ​မျှ​ကို​ကျွန်​မ​တစ်​ယောက်​တည်း​အား ဆောင် ရွက်​စေ​သည်​ကို​ကိုယ်​တော်​ရှင်​လျစ်​လူ​ရှု​တော် မူ​ပါ​သ​လော။ ကျွန်​မ​ကို​ကူ​ညီ​စေ​ရန်​သူ့ အား​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။
40 Marta, porém, estava ocupada com muito serviço. E, aproximando-se dele, perguntou: "Senhor, não te importas que minha irmã tenha me deixado sozinha com o serviço? Dize-lhe que me ajude! "
41 သ​ခင်​ဘု​ရား​က ``မာ​သ၊ မာ​သ၊ သင်​သည်​များ စွာ​သော​အ​မှု​ကိစ္စ​တို့​အ​တွက်​စိုး​ရိမ်​ပူ​ပန် လျက်​နေ​၏။-
41 Respondeu o Senhor: "Marta! Marta! Você está preocupada e inquieta com muitas coisas;
42 သင့်​မှာ​လို​သော​အ​ရာ​တစ်​ခု​ရှိ​၏။ မာ​ရိ​သည် ကောင်း​မြတ်​သော​အ​ရာ​ကို​ရွေး​ချယ်​လေ​ပြီ။ ထို​အ​ရာ​ကို​သူ့​ထံ​မှ​အ​ဘယ်​သူ​မျှ​ယူ​၍ ရ​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
42 todavia apenas uma é necessária. Maria escolheu a boa parte, e esta não lhe será tirada".

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.