Juízes 7
Common Language Bible (MYA) vs NTLH
1 တစ်နေ့သ၌ဂိဒေါင်နှင့်တကွသူနှင့်ပါလာ သောလူအပေါင်းတို့သည်နံနက်စောစောထ ၍ ဟာရုတ်စမ်းအနီး၌တပ်ချကြ၏။ မိဒျန် အမျိုးသားတို့၏တပ်စခန်းသည်သူတို့ ၏မြောက်ဘက်မောရတောင်ကုန်းအနီးရှိ ချိုင့်ထဲ၌ရှိသတည်း။
1 Jerubaal, isto é, Gideão, e todos os homens que estavam com ele se levantaram de madrugada e foram acampar perto da fonte de Harode. O acampamento dos midianitas ficava no vale, no lado norte, perto do monte Moré.
2 ထာဝရဘုရားကဂိဒေါင်အား``သင်နှင့် အတူပါလာသောလူတို့သည်အရေအတွက် အားဖြင့်များလွန်းသဖြင့် သူတို့အားမိဒျန် အမျိုးသားတို့အပေါ်အောင်မြင်ခွင့်ကိုငါ မပေးလို။ အကယ်၍ပေးခဲ့သော်သူတို့သည် မိမိတို့၏စွမ်းရည်ဖြင့်အောင်ပွဲရသည်ဟု ထင်မှတ်ကာငါ့ကျေးဇူးကိုမသိဘဲနေ ကြလိမ့်မည်။-
2 O Senhor Deus disse a Gideão: — Você tem gente demais, e por isso não posso deixar que vocês derrotem os midianitas. Se eu deixasse, vocês poderiam pensar que venceram sem a minha ajuda.
3 သို့ဖြစ်၍`ကြောက်လန့်သူမှန်သမျှမိမိတို့ အိမ်သို့ပြန်ကြပါ။ ငါတို့မူကားဤဂိလဒ် တောင်တွင်နေရစ်မည်' ဟုလူတို့အားကြေညာ လော့'' ဟုမိန့်တော်မူ၏။ ထိုအခါလူပေါင်း နှစ်သောင်းနှစ်ထောင်တို့သည်ပြန်သွားကြ၏။ လူတစ်သောင်းမူကားနေရစ်ကြလေသည်။
3 Anuncie ao povo o seguinte: “Quem estiver com medo, que saia do monte Gilboa e volte para casa.” Gideão anunciou, e vinte e dois mil homens voltaram. Mas dez mil ficaram.
4 ထိုနောက်ထာဝရဘုရားသည်ဂိဒေါင်အား ``ကျန်ရှိနေသူတို့မှာများလွန်းသေးသည်။ သူတို့အားရေဆိပ်သို့ခေါ်သွားလော့။ ထို အရပ်တွင်သူတို့ကိုသင့်အတွက်ငါလူနှစ်စု ခွဲ၍ပေးမည်။ အကယ်၍ဤမည်သောသူသည် သင်နှင့်အတူလိုက်ရမည်ဟုငါဆိုလျှင် ထို သူသည်သင်နှင့်လိုက်ရမည်။ အကယ်၍ဤ မည်သောသူသည်သင်နှင့်အတူမလိုက်ရ ဟုငါဆိုလျှင်မူကား ထိုသူသည်သင်နှင့် မလိုက်ရ'' ဟုမိန့်တော်မူ၏။-
4 E o Senhor disse a Gideão: — Ainda é gente demais. Leve todos até as águas, e ali eu separarei os que irão com você. Se eu disser que um homem deve ir com você, ele irá. Se disser que outro não deve ir, ele não irá.
5 ဂိဒေါင်သည်လူတို့ကိုရေဆိပ်သို့ခေါ်ဆောင် သွားပြီးနောက် ထာဝရဘုရားက``ထိုသူတို့ တွင်ရေကိုခွေးကဲ့သို့လျှာနှင့်လျက်သောက် သောသူများနှင့် ဒူးထောက်၍သောက်သောသူ များကိုနှစ်စုခွဲလော့'' ဟုဂိဒေါင်အားမိန့် တော်မူ၏။-
5 Aí Gideão fez com que os homens descessem até as águas. E o Senhor Deus lhe disse: — Todos os homens que lamberem a água com a língua, como fazem os cachorros, devem ser separados dos que se ajoelharem para beber.
6 ရေကိုလက်ခုပ်ဖြင့်ယူပြီးလျှင်လျှာနှင့် လျက်သောက်သောလူအရေအတွက်မှာ သုံးရာရှိ၍ ကျန်သောသူတို့မူကားဒူး ထောက်၍ရေကိုသောက်သူများဖြစ်ကြ၏။-
6 Trezentos homens juntaram água nas mãos e lamberam. Todos os outros se ajoelharam para beber.
7 ထာဝရဘုရားက``ငါသည်ရေကိုလျှာ ဖြင့်လျက်သောက်သောသူသုံးရာအားဖြင့် သင့်ကိုကယ်ဆယ်၍မိဒျန်အမျိုးသား တို့အပေါ်၌အောင်ပွဲခံစေမည်။ အခြား သူအပေါင်းတို့ကိုအိမ်သို့ပြန်ရန်ပြော ကြားလော့'' ဟုဂိဒေါင်အားမိန့်တော် မူ၏။-
7 Aí o Senhor disse a Gideão: — Com estes trezentos homens que lamberam a água, eu libertarei vocês e lhes darei a vitória sobre os midianitas. Diga aos outros que voltem para casa.
8 သို့ဖြစ်၍ဂိဒေါင်သည်ရိက္ခာနှင့်တံပိုး ခရာရှိသမျှကို ယူထားသောလူသုံးရာ မှတစ်ပါးအခြားဣသရေလအမျိုး သားအပေါင်းတို့ကိုအိမ်သို့ပြန်စေ၏။ မိဒျန်အမျိုးသားများ၏တပ်စခန်းမှာ အနိမ့်ပိုင်းချိုင့်ထဲတွင်ရှိသတည်း။
8 Então Gideão mandou todos os outros israelitas para casa, menos aqueles trezentos. Mas estes ficaram com toda a comida e todas as cornetas. O acampamento dos midianitas estava abaixo deles, no vale.
9 ထိုည၌ထာဝရဘုရားသည်ဂိဒေါင် အား``ထ၍သူတို့၏တပ်စခန်းကိုတိုက် ခိုက်လော့။ သင့်အားအောင်ပွဲကိုငါပေးမည်။-
9 Naquela noite o Senhor Deus disse a Gideão: — Levante-se e ataque o acampamento dos midianitas. Eu já dei a vitória a você.
10 သို့ရာတွင်အကယ်၍သင်သည်သူတို့အား တိုက်ခိုက်ရန်ကြောက်လန့်နေပါမူ သင်၏ အစေခံဖုရကိုခေါ်၍ထိုတပ်စခန်းသို့ သွားလော့။-
10 Mas, se você estiver com medo de atacar, desça até o acampamento deles. Leve junto Purá, o seu ajudante.
11 သူတို့ပြောဆိုနေကြသောစကားကိုသင် ကြားသိရလိမ့်မည်။ ထိုအခါသင်သည်တိုက် ခိုက်ရန်ရဲစွမ်းသတ္တိကိုရလိမ့်မည်'' ဟုမိန့် တော်မူ၏။ သို့ဖြစ်၍ဂိဒေါင်သည်မိမိအစေ ခံဖုရနှင့်အတူ ရန်သူ့တပ်စခန်းအစွန် နားသို့သွားလေသည်။-
11 Você vai ouvir o que eles estão dizendo e então terá coragem para atacar o acampamento. Gideão e Purá desceram até bem perto do acampamento inimigo.
12 မိဒျန်အမျိုးသား၊ အာမလက်အမျိုးသား၊ သဲကန္တာရနေလူမျိုးတို့သည်ကျိုင်းကောင် အုပ်ကြီးသဖွယ်ချိုင့်၌အိပ်နေကြ၏။ သူ တို့၏ကုလားအုတ်များသည်သမုဒ္ဒရာ ကမ်းခြေရှိသဲလုံးနှင့်အမျှများသတည်း။
12 Os midianitas, os amalequitas e os povos do deserto estavam espalhados no vale, como uma nuvem de gafanhotos. Eles e os seus camelos eram tantos como os grãos de areia da praia do mar.
13 ဂိဒေါင်ရောက်ရှိလာချိန်၌လူတစ်ယောက် သည် မိမိမြင်မက်သည့်အိပ်မက်အကြောင်း ကိုမိတ်ဆွေတစ်ဦးအားပြောပြလျက်နေ၏။ ထိုသူက``မုယောမုန့်ပြားတစ်ချပ်သည်ငါ တို့တပ်စခန်းထဲသို့လိမ့်ဝင်လာပြီးလျှင် တဲရှင်တစ်ခုနှင့်တိုက်မိသဖြင့်ထိုတဲရှင် သည်ပြိုလဲပြားချပ်၍သွားသည်ကိုငါ အိပ်မက်မြင်မက်ပါသည်'' ဟုဆိုလေသည်။
13 Quando Gideão chegou, ouviu um homem contando o seu sonho a um amigo. Ele dizia: — Eu sonhei que um pão de
14 ထိုမိတ်ဆွေကလည်း``ထိုမုန့်ပြားသည်ဣသ ရေလအမျိုးသားယောရှ၏သားဖြစ်သူ ဂိဒေါင်၏ဋ္ဌားပင်ဖြစ်သည်။ မုန့်ပြားသည် အခြားအနက်အဋ္ဌိပ္ပါယ်ကိုမဆောင်နိုင် ရာ။ ဘုရားသခင်သည်သူ့အားမိဒျန် အမျိုးနှင့် ငါတို့တပ်တစ်ခုလုံးအပေါ်၌ အောင်ပွဲခံစေတော်မူလေပြီ'' ဟုဆို၏။
14 O amigo respondeu: — É a espada de Gideão, o israelita, o filho de Joás! Isso quer dizer que Deus entregou a ele o nosso povo e todo o nosso exército!
15 ထိုသူ၏အိပ်မက်နှင့်ယင်း၏အနက်အဋ္ဌိပ္ပါယ် ကိုကြားသိရသောအခါဂိဒေါင်သည်ဒူး ထောက်၍ ထာဝရဘုရားအားကိုးကွယ်၏။ ထိုနောက်ဣသရေလတပ်စခန်းသို့ပြန် ပြီးလျှင်``ထကြ၊ ထာဝရဘုရားသည်သင် တို့အားမိဒျန်တပ်အပေါ်၌အောင်ပွဲခံ စေတော်မူလေပြီ'' ဟုဆို၏။-
15 Quando Gideão ouviu esse sonho e entendeu o que ele queria dizer, ajoelhou-se e adorou a Deus. Então voltou para o acampamento israelita e disse: — Levantem-se! O
16 သူသည်မိမိတပ်သားသုံးရာကိုသုံးစုခွဲ ပြီးနောက် လူတိုင်းအားမီးရှူးတိုင်ပါသော အိုးတစ်လုံးနှင့်တံပိုးခရာတစ်ခုကိုပေး ၏။-
16 Gideão separou os trezentos em três grupos e deu a cada homem uma corneta de chifre de carneiro e um jarro com uma tocha dentro.
17 ထိုနောက်သူတို့အား``ရန်သူတပ်စခန်းအစွန် သို့ငါရောက်ရှိလာသောအခါ သင်တို့သည် ငါ့ကိုကြည့်၍ငါပြုသည့်အတိုင်းပြုကြ လော့။-
17 E disse: — Olhem para mim! E, quando eu chegar perto do acampamento inimigo, façam o que eu fizer.
18 ငါနှင့်ငါ၏လူစုတံပိုးခရာမှုတ်သော အခါသင်တို့သည်လည်း စခန်းပတ်လည်၌ တံပိုးခရာများကိုမှုတ်ပြီးလျှင်`ထာဝရ ဘုရားနှင့်ဂိဒေါင်အတွက်' ဟူ၍ကြွေး ကြော်ကြလော့'' ဟုမှာထားလေသည်။
18 Quando eu e o meu grupo tocarmos as cornetas, então vocês, que estarão cercando o acampamento, toquem as cornetas e gritem: “Pelo Senhor e por Gideão!”
19 ဂိဒေါင်နှင့်သူ၏တပ်သားတစ်ရာတို့သည် ရန်သူ့တပ်စခန်းအစွန်သို့ သန်းခေါင်အချိန် မတိုင်မီအစောင့်ကင်းလဲပြီးစအခါ၌ ရောက်ရှိလာကြ၏။ ထိုအခါသူတို့သည် တံပိုးခရာမှုတ်၍ မိမိတို့ကိုင်ဆောင်ထား သောအိုးတို့ကိုခွဲပစ်လိုက်ကြ၏။-
19 Um pouco antes da meia-noite, na hora de ser trocada a guarda, Gideão e os seus cem homens chegaram bem perto do acampamento. Então tocaram as cornetas e quebraram os jarros que levavam.
20 အခြားတပ်သားနှစ်စုသည်လည်းဤနည်း တူပင်ပြုကြ၏။ သူတို့အားလုံးပင်ဘယ် လက်ဖြင့်မီးရှူးတိုင်ကိုကိုင်၍ ညာလက်ဖြင့် တံပိုးခရာကိုကိုင်ထားကြလေသည်။ ထို နောက်``ထာဝရဘုရားနှင့်ဂိဒေါင်၏ဋ္ဌား'' ဟူ၍ကြွေးကြော်ကြ၏။-
20 Os três grupos tocaram as cornetas e quebraram os jarros. Eles seguravam a tocha na mão esquerda e a corneta na direita e gritavam: “Uma espada pelo Senhor e por Gideão!”
21 သူတို့သည်ရန်သူ့တပ်စခန်းပတ်လည်၌ အသီးသီးမိမိတို့နေရာ၌ရပ်နေကြ၏။ ထိုအခါရန်သူတပ်တစ်တပ်လုံးပင်လျှင် အော်ဟစ်ထွက်ပြေးကြလေသည်။-
21 E cada um ficou parado no seu lugar em volta do acampamento. Então todo o exército inimigo fugiu, gritando.
22 ဂိဒေါင်၏တပ်သားတို့တံပိုးခရာများကို မှုတ်ကြစဉ်အခါ၌ ထာဝရဘုရားသည် ရန်သူတို့အားအချင်းချင်းဋ္ဌားလက်နက် ဖြင့်တိုက်ခိုက်စေတော်မူ၏။ သူတို့သည်ဇေရ ရတ်အရပ်သို့ဦးတည်လျက်ဗက်ရှိတ္တမြို့သို့ တိုင်အောင်လည်းကောင်း၊ တဗ္ဗတ်မြို့အနီးအာ ဗေလမဟောလမြို့သို့တိုင်အောင်လည်း ကောင်းထွက်ပြေးကြလေသည်။
22 Enquanto os trezentos homens tocavam as cornetas, o Senhor Deus fez com que os homens do acampamento atacassem uns aos outros com as suas espadas. Eles fugiram na direção de Zererá e foram a Bete-Sita e até a divisa de Abel-Meolá, perto de Tabate.
23 ထိုအခါနဿလိနှင့်အာရှာအနွယ်ဝင် တို့ကိုလည်းကောင်း၊ မနာရှေဒေသနှစ်ပိုင်း စလုံးမှလူတို့ကိုလည်းကောင်းဆင့်ခေါ် လိုက်ရာ သူတို့သည်မိဒျန်အမျိုးသားတို့ ကိုလိုက်လံတိုက်ခိုက်ကြ၏။-
23 Então os homens das tribos de Naftali, de Aser e das duas metades da tribo de Manassés foram chamados e perseguiram os midianitas.
24 ဂိဒေါင်သည်ဧဖရိမ်တောင်ကုန်းဒေသအရပ် ရပ်သို့စေတမန်များကိုလွှတ်၍``မိဒျန်အမျိုး သားတို့အားတိုက်ခိုက်ရန်ဆင်းခဲ့ကြလော့။ ယော်ဒန်မြစ်ကိုလည်းကောင်း၊ ဗက်ဗာရရွာတိုင် အောင်ရှိသမျှသောချောင်းငယ်တို့ကိုလည်း ကောင်း ထိုသူတို့မကူးမဖြတ်နိုင်စေရန်သိမ်း ယူကြလော့'' ဟုမှာကြားလိုက်၏။ ဧဖရိမ် အနွယ်ဝင်အပေါင်းတို့သည်စုရုံးပြီးလျှင် ယော်ဒန်မြစ်နှင့်ဗက်ဗာရရွာအထိချောင်း ငယ်ရှိသမျှတို့ကိုသိမ်းယူကြ၏။-
24 Gideão enviou mensageiros para dizerem a todos os que moravam na região montanhosa de Efraim: — Desçam e lutem contra os midianitas. Defendam o rio Jordão e os seus riachos até Bete-Bara e não deixem os midianitas atravessarem. Então os homens de Efraim foram e defenderam o rio Jordão e os seus riachos até Bete-Bara.
25 သူတို့သည်မိဒျန်ဗိုလ်ချုပ်နှစ်ဦးဖြစ်သော သြရဘနှင့်ဇေဘတို့ကိုလက်ရဖမ်းမိသ ဖြင့် သြရဘအားသြရဘကျောက်၌လည်း ကောင်း၊ ဇေဘကိုဇေဘစပျစ်သီးနယ်ရာ အရပ်၌လည်းကောင်းကွပ်မျက်လိုက်ကြ လေသည်။ သူတို့သည်မိဒျန်အမျိုးသား တို့နောက်သို့ဆက်လက်လိုက်လံကြပြီး နောက် သြရဘနှင့်ဇေဘတို့၏ဦးခေါင်း ကိုယော်ဒန်မြစ်အရှေ့ဘက်ကမ်းသို့ရောက် ရှိနေသောဂိဒေါင်၏ထံသို့ယူဆောင်ခဲ့ ကြ၏။
25 Eles prenderam Orebe e Zeebe, os dois chefes midianitas. Mataram Orebe na pedra de Orebe e mataram Zeebe no seu tanque de pisar uvas. Continuaram a perseguir os midianitas e levaram a cabeça de Orebe e a de Zeebe para Gideão, que estava a leste do rio Jordão.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Juízes 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.