Juízes 6
Common Language Bible (MYA) vs NTLH
1 ဣသရေလအမျိုးသားတို့သည်တစ်ဖန်ထာဝရ ဘုရားအားပြစ်မှားကြပြန်၏။ သို့ဖြစ်၍ကိုယ် တော်သည်သူတို့ကိုခုနစ်နှစ်တိုင်တိုင် အုပ်စိုးခွင့် ကိုမိဒျန်အမျိုးသားတို့အားပေးတော်မူ၏။-
1 O povo de Israel pecou contra Deus, o Senhor , e por isso ele deixou que o povo de Midiã os dominasse durante sete anos.
2 မိဒျန်အမျိုးသားတို့သည်ဣသရေလအမျိုး သားတို့ထက်အင်အားကြီးသဖြင့် ဣသရေလ အမျိုးသားတို့သည်ဥမင်များ၌လည်းကောင်း၊ အခြားဘေးလွတ်ရာတောင်ပေါ်ဒေသများ ၌လည်းကောင်းပုန်းအောင်းနေရကြကုန်၏။-
2 Os israelitas se escondiam dos midianitas em cavernas e em outros lugares seguros nas montanhas porque os midianitas eram mais fortes do que eles.
3 ကောက်ပဲသီးနှံများကိုဣသရေလအမျိုးသား တို့စိုက်ပျိုးသည့်အခါတိုင်း မိဒျန်အမျိုးသား တို့သည်အာမလက်အမျိုးသားနှင့် သဲကန္တာရ တွင်နေထိုင်သောလူမျိုးများနှင့်အတူလာ၍ တိုက်ခိုက်တတ်ကြ၏။-
3 Todas as vezes que os israelitas semeavam, os midianitas vinham com os amalequitas e os povos do deserto e os atacavam.
4 သူတို့သည်ဣသရေလမြေပေါ်တွင်တပ်စခန်း ချ၍ တောင်ဘက်ရှိဂါဇမြို့တစ်ဝိုက်မြေယာများ တိုင်အောင် အသီးအနှံတို့ကိုဖျက်ဆီးပစ်တတ် ကြ၏။ သူတို့သည်သိုးနွားမြည်းမှစ၍ရှိသမျှ ကိုသိမ်းယူကြသဖြင့် ဣသရေလအမျိုးသား တို့အတွက်အဘယ်စားစရာမျှမကျန်တော့ ချေ။-
4 Acampavam na terra e destruíam as suas colheitas até o sul, perto de Gaza. Não deixavam nada para os israelitas viverem — nem ao menos uma ovelha, uma vaca ou um jumento.
5 သူတို့သည်မိမိတို့၏တဲရှင်များ၊ သိုးနွားများ နှင့်ပြန်လာတတ်ကြ၏။ သူတို့၏အရေအတွက် မှာကျိုင်းကောင်အုပ်ကဲ့သို့များသတည်း။ သူတို့ နှင့်သူတို့၏ကုလားအုတ်များမှာလည်းမရေ မတွက်နိုင်အောင်များပြားသည်။ သူတို့သည် ဝင်ရောက်လာ၍ရှိသမျှကိုဖျက်ဆီးပစ် ကြ၏။-
5 Chegavam com o seu gado e as suas barracas e eram tão numerosos como gafanhotos. Eles e os seus camelos eram tantos, que nem dava para contar. Vinham para destruir a terra,
6 ဣသရေလအမျိုးသားတို့သည်သူတို့ကို ခုခံနိုင်စွမ်းမရှိချေ။
6 e o povo de Israel não podia com eles. Então os israelitas pediram socorro a Deus, o Senhor .
7 ထိုအခါဣသရေလအမျိုးသားတို့သည် မိဒျန် အမျိုးသားတို့၏ရန်ကြောင့်မိမိတို့အား ကူမ တော်မူရန်ထာဝရဘုရားထံတော်သို့ဟစ် အော်လျှောက်ထားကြ၏။-
7 Quando eles oraram ao Senhor por causa dos midianitas,
8 သို့ဖြစ်၍ကိုယ်တော်သည်ပရောဖက်တစ်ပါးကို သူတို့ထံသို့စေလွှတ်တော်မူသည်။ ပရောဖက် မှတစ်ဆင့်ဣသရေလအမျိုးသားတို့ ဘုရားသခင်ထာဝရဘုရားက``ငါသည်သင်တို့ ကျွန်ခံရာအီဂျစ်ပြည်မှသင်တို့အားထုတ် ဆောင်ခဲ့၏။-
8 ele mandou um profeta , que lhes disse: — Assim diz o
9 အီဂျစ်ပြည်သူတို့လက်မှလည်းကောင်း၊ ဤပြည် တွင်သင်တို့အားတိုက်ခိုက်သူတို့၏လက်မှလည်း ကောင်းကယ်ဆယ်ခဲ့၏။ သင်တို့ချီတက်လာစဉ်သူ တို့အားနှင်ထုတ်၍ သူတို့၏ပြည်ကိုသင်တို့၏ လက်သို့ပေးအပ်ခဲ့၏။-
9 Eu os livrei dos egípcios e dos que lutaram contra vocês aqui, nesta terra. Expulsei os seus inimigos e dei a vocês a terra deles.
10 ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်ကြောင်းကိုမိန့်ကြား၍ ယခုသင်တို့နေထိုင်ရာ ပြည်ရှိအာမောရိအမျိုးသားတို့ကိုးကွယ်သည့် ဘုရားများကိုမကိုးကွယ်ကြရန်သင်တို့အား ပညတ်ခဲ့၏။ သို့သော်လည်းသင်တို့သည်ငါ့စကား ကိုနားမထောင်ကြ'' ဟုမိန့်တော်မူ၏။
10 Eu disse que sou o Senhor , o Deus de vocês, e que vocês não deviam adorar os deuses dos amorreus, que viviam nesta terra. Mas vocês não quiseram me ouvir.”
11 ထိုနောက်ထာဝရဘုရား၏ကောင်းကင်တမန် သည်သြဖရရွာသို့လာ၍ အဗျေဇာသားချင်း စုဝင်တစ်ဦးဖြစ်သူ၊ ယောရှ၏သပိတ်ပင် အောက်၌ထိုင်လေသည်။ ယောရှ၏သားဂိဒေါင် သည် မိမိအားမိဒျန်အမျိုးသားတို့မတွေ့ မမြင်နိုင်စေရန် စပျစ်သီးနယ်ရာကျင်းတွင် ဂျုံစပါးနယ်လျက်နေ၏။-
11 Então o Anjo do Senhor veio e sentou-se debaixo de um carvalho que havia perto do povoado de Ofra. Esse carvalho pertencia a Joás, que era da família de Abiezer. O seu filho, Gideão, estava malhando trigo no tanque de pisar uvas, escondido, para que os midianitas não o encontrassem.
12 ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည်သူ၏ရှေ့၌ပေါ်လာ၍သူ့အား``ခွန်အား ကြီးသောအချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူပြီ'' ဟုဆိုလေသည်။
12 Então o Anjo do Senhor apareceu a ele e disse: — Você é corajoso, e o
13 ဂိဒေါင်ကသူ့အား``အို အရှင်၊ အကယ်၍ထာဝရ ဘုရားသည်အကျွန်ုပ်တို့နှင့်အတူရှိတော်မူသည် မှန်ပါလျှင် အဘယ်ကြောင့်ဤဘေးဆိုးသင့်ရောက် ရပါသနည်း။ ထာဝရဘုရားသည်မိမိတို့အား အီဂျစ်ပြည်မှထုတ်ဆောင်လာပုံ အစရှိသည့် အံ့သြဖွယ်အမှုအရာများကိုပြုတော်မူ ကြောင်းဘိုးဘေးတို့ပြောဆိုခဲ့ကြပါ၏။ ထို အံ့သြဖွယ်ရာတို့သည်အဘယ်မှာနည်း။ ထာဝရ ဘုရားသည်အကျွန်ုပ်တို့ကိုစွန့်၍မိဒျန်အမျိုး သားတို့၏လက်သို့အပ်တော်မူပါပြီတကား'' ဟုပြော၏။
13 Gideão respondeu: — Se o
14 ထိုအခါထာဝရဘုရားက``သင်၏ကြီးမား သောခွန်အားဖြင့်သွား၍ ဣသရေလအမျိုး သားတို့အား မိဒျန်အမျိုးသားများ၏လက် မှကယ်ဆယ်လော့။ ငါကိုယ်တိုင်ပင်သင့်အား စေလွှတ်တော်မူပြီ'' ဟုမိန့်တော်မူ၏။
14 Então o Senhor Deus ordenou a Gideão: — Vá com toda a sua força e livre o povo de Israel dos midianitas. Sou eu quem está mandando que você vá.
15 ဂိဒေါင်ကလည်း``အို ထာဝရဘုရား၊ အကျွန်ုပ် သည်အဘယ်သို့ဣသရေလအမျိုးသားတို့ ကိုကယ်ဆယ်နိုင်ပါမည်နည်း။ အကျွန်ုပ်၏သား ချင်းစုသည်မနာရှေအနွယ်တွင် အားအနည်း ဆုံးသောသူဖြစ်ပါ၏။ အကျွန်ုပ်သည်လည်း မိမိ၏မိသားစုတွင်အရေးမပါ၊ အရာ မရောက်ဆုံးသောသူဖြစ်ပါသည်'' ဟု ပြန် လည်လျှောက်ထား၏။
15 Gideão respondeu: — Senhor, como posso libertar Israel? A minha família é a mais pobre da
16 ထာဝရဘုရားက``ငါသည်သင့်ကိုကူမမည် ဖြစ်၍ ထိုအမှုကိုသင်ပြုနိုင်လိမ့်မည်။ သင်သည် လူတစ်ယောက်တည်းကိုလုပ်ကြံရဘိသကဲ့ သို့ မိဒျန်အမျိုးသားများအားအလွယ် တကူနှိမ်နင်းနိုင်လိမ့်မည်'' ဟုမိန့်တော် မူ၏။
16 Mas o Senhor disse: — Você pode fazer isso porque eu o ajudarei. Você esmagará todos os midianitas como se eles fossem um só homem.
17 ဂိဒေါင်က``အကယ်၍ကိုယ်တော်၏သဘော တော်နှင့်တွေ့မည်ဆိုပါက ကိုယ်တော်သည် အမှန်ပင်ထာဝရဘုရားဖြစ်တော်မူကြောင်း သက်သေခံအထောက်အထားတစ်ခုကိုပြ တော်မူပါ။-
17 Gideão respondeu: — Se tu estás contente comigo, então dá-me uma prova de que és tu mesmo que estás falando.
18 ကိုယ်တော်အားဆက်သရန်ပူဇော်သကာကိုယူ ဆောင်လာချိန်တိုင်အောင် ဤအရပ်မှကြွသွား တော်မမူပါနှင့်'' ဟုလျှောက်လေ၏။
18 E, por favor, não vás embora até que eu te traga uma oferta. — Eu ficarei aqui até você voltar! — disse Deus.
19 သို့ဖြစ်၍ဂိဒေါင်သည်မိမိအိမ်သို့ပြန်ပြီး လျှင် ဆိတ်ငယ်တစ်ကောင်ကိုချက်ပြုတ်၏။ တဆေးမဲ့မုန့်ညက်တစ်တင်းဖြင့်မုန့်ကို ပြင်ဆင်၏။ ထိုနောက်ဆိတ်သားကိုတောင်း နှင့်လည်းကောင်း၊ ဆိတ်ပြုတ်ရည်ကိုအိုးတစ် လုံး၌လည်းကောင်းထည့်၍ ကောင်းကင်တမန် ရှိရာသပိတ်ပင်အောက်သို့ယူဆောင်လာပြီး လျှင်သူ့အားဆက်လေသည်။-
19 Então Gideão entrou, cozinhou um cabrito e fez pão sem fermento com mais ou menos dez quilos de farinha. Pôs a comida numa cesta e pôs o caldo numa panela. Levou tudo e entregou ao Anjo do Senhor , que estava debaixo do carvalho.
20 ကောင်းကင်တမန်က``ဆိတ်သားနှင့်မုန့်တို့ကို ယူ၍ဤကျောက်ပေါ်တွင်တင်၍ ဆိတ်ပြုတ် ရည်ဖြင့်သွန်းလောင်းလော့'' ဟုဆို၏။ ဤသို့ ဆိုသည့်အတိုင်းဂိဒေါင်ပြု၏။-
20 Então o Anjo ordenou: — Ponha a carne e o pão nesta pedra e derrame o caldo em cima. Gideão fez o que ele mandou.
21 ထိုအခါကောင်းကင်တမန်သည်လက်ကိုဆန့်၍ မိမိကိုင်ထားသည့်တုတ်ဖျားဖြင့်ဆိတ်သားနှင့် မုန့်တို့ကိုတို့ထိလိုက်ရာ ကျောက်ထဲမှမီးလျှံ ထွက်၍ဆိတ်သားနှင့်မုန့်တို့ကိုကျွမ်းလောင် စေ၏။ ထိုနောက်ကောင်းကင်တမန်သည်ပျောက် ကွယ်သွားလေသည်။
21 Em seguida o Anjo estendeu o bastão que tinha na mão e tocou com a sua ponta a carne e o pão. Então saiu fogo da pedra e queimou a carne e o pão. E o Anjo desapareceu.
22 ထိုအခါဂိဒေါင်သည်မိမိတွေ့ရှိခဲ့သူမှာ ထာဝရဘုရား၏ကောင်းကင်တမန်ပင်ဖြစ် ကြောင်းသိလေလျှင် ကြောက်လန့်လျက်ဤသို့ ဆို၏။ ``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ် သည်ကိုယ်တော်၏ကောင်းကင်တမန်နှင့်မျက် နှာချင်းဆိုင်တွေ့မြင်ရပါပြီတကား'' ဟုလျှောက်လေသည်။
22 Aí Gideão compreendeu que era mesmo o Anjo do Senhor que ele tinha visto. E disse, apavorado: — Ai de mim,
23 သို့ရာတွင်ထာဝရဘုရားက``စိတ်အေးချမ်း သာစွာနေလော့။ မစိုးရိမ်နှင့်။ သင်သည်သေရ လိမ့်မည်မဟုတ်'' ဟုသူ့အားမိန့်တော်မူ၏။-
23 Mas o Senhor respondeu: — Não fique com medo. Tudo está bem. Você não morrerá.
24 ဂိဒေါင်သည်ထိုအရပ်၌ထာဝရဘုရား အဖို့ယဇ်ပလ္လင်တစ်ခုတည်ဆောက်၍``ထာဝရ ဘုရားသည်စိတ်အေးချမ်းခြင်းဖြစ်တော်မူ၏'' ဟူသောအမည်ဖြင့်မှည့်ခေါ်လေသည်။ (ထို ယဇ်ပလ္လင်သည်အဗျေဇာသားချင်းစုပိုင် သြဖရရွာ၌ယနေ့တိုင်အောင်တည်ရှိ သတည်း။)
24 Gideão construiu ali um altar para Deus, o Senhor , e o chamou de “O Senhor é paz”. E até hoje esse altar está em Ofra, cidade que pertence às famílias de Abiezer.
25 ထိုည၌ထာဝရဘုရားသည်ဂိဒေါင်အား``သင့် ဖခင်၏နွားထီးနှင့်အခြားခုနစ်နှစ်သားနွားထီး တစ်ကောင်ကိုယူလော့။ ဗာလဘုရားအဖို့သင့် ဖခင်တည်ဆောက်ထားသည့်ယဇ်ပလ္လင်ကိုဖြိုချ ပြီးလျှင် ထိုယဇ်ပလ္လင်၏အနီးရှိအာရှရနတ် သမီး၏အမှတ်လက္ခဏာအဖြစ်ဖြင့်စိုက် ထားသည့်သစ်ပင်တို့ကိုခုတ်လှဲပစ်လော့။-
25 Naquela noite o Senhor disse a Gideão: — Leve o touro que pertence a seu pai e outro touro de sete anos e derrube o altar do deus
26 ဤတောင်ပူစာထိပ်တွင်သင်၏ဘုရားသခင် ထာဝရဘုရားအတွက် ယဇ်ပလ္လင်ကိုအခိုင် အမာတည်ဆောက်လော့။ ထိုနောက်ဒုတိယနွား ထီးကိုယူပြီးလျှင်သင်ခုတ်လှဲထားသည့် အာ ရှရနတ်သမီး၏အမှတ်လက္ခဏာကိုထင်း အဖြစ်အသုံးပြု၍မီးရှို့ပူဇော်လော့'' ဟု မိန့်တော်မူ၏။-
26 Nesse lugar alto e seguro, faça para o Senhor , seu Deus, um altar de pedras bem-arrumadas. Depois pegue o segundo touro e a madeira do poste de Aserá arrancado e queime tudo no altar como sacrifício .
27 သို့ဖြစ်၍ဂိဒေါင်သည်အစေခံဆယ်ယောက် ကိုခေါ်၍ မိမိအားထာဝရဘုရားမိန့်တော် မူသည့်အတိုင်းပြုစေသည်။ သူသည်မိမိ အိမ်ထောင်စုဝင်တို့ကိုလည်းကောင်း၊ မြို့သူ မြို့သားများကိုလည်းကောင်းကြောက်သဖြင့် ဤအမှုကိုနေ့အချိန်၌မပြုဝံ့ဘဲည အချိန်၌ပြု၏။
27 Gideão levou dez dos seus empregados e fez o que o Senhor tinha dito. Porém, como estava com medo da sua família e do povo da cidade, em vez de fazer isso de dia, fez de noite.
28 နောက်တစ်နေ့နံနက်စောစောမြို့သားတို့နိုးထ ကြသောအခါ သူတို့သည်ဗာလဘုရား၏ယဇ် ပလ္လင်နှင့်အာရှရနတ်သမီး၏ အမှတ်လက္ခ ဏာသစ်ပင်တို့ပြိုလဲလျက်နေသည်ကိုလည်း ကောင်း၊ ယဇ်ပလ္လင်သစ်တစ်ခုပေါ်တွင်ဒုတိယ နွားထီးကို မီးရှို့ပူဇော်ထားလျက်ရှိသည် ကိုလည်းကောင်းတွေ့မြင်ကြ၏။-
28 De madrugada, quando os homens da cidade se levantaram, acharam o altar de Baal e o poste da deusa Aserá derrubados e o segundo touro queimado no altar que tinha sido construído ali.
29 သူတို့သည်``ဤအမှုကိုအဘယ်သူပြုသနည်း'' ဟုအချင်းချင်းမေးမြန်းစုံစမ်းကြည့်ရာ ယောရှ၏သားဂိဒေါင်ပြုသည့်အမှုဖြစ် ကြောင်းကိုသိရှိရကြ၏။-
29 E perguntavam: — Quem será que fez isso? Procuraram saber e descobriram que tinha sido Gideão, filho de Joás.
30 ထိုအခါသူတို့သည်ယောရှအား``သင်၏ သားဂိဒေါင်ကိုငါတို့သတ်နိုင်ရန်ခေါ်ထုတ် လော့။ သူသည်ဗာလ၏ယဇ်ပလ္လင်နှင့်ယင်း ၏အနီးရှိအာရှရနတ်သမီး၏အမှတ် လက္ခဏာသစ်ပင်တို့ကို ခုတ်လှဲလိုက်လေ ပြီတကား'' ဟုဆိုကြ၏။
30 Então disseram a Joás: — Traga o seu filho aqui para ser morto, porque ele derrubou o altar de Baal e o poste da deusa Aserá.
31 ယောရှသည်မိမိထံသို့လာရောက်တောင်းဆို သူအပေါင်းတို့အား``သင်တို့သည်ဗာလကိုယ် စားရှေ့နေလိုက်နေကြပါသလော။ သူ၏ အတွက်အကွယ်အကာပေးနေကြပါသ လော။ သူ့အတွက်ရှေ့နေလိုက်သူမှန်သမျှ သည်နံနက်ချိန်မလွန်မီအသတ်ခံရမည်။ အကယ်၍ဗာလသည်ဘုရားဖြစ်ပါမူ မိမိ ကိုယ်ကိုမိမိကာကွယ်ပါလေစေ။ ဖြိုချခြင်း ခံရသည်မှာသူ၏ယဇ်ပလ္လင်ဖြစ်ပါ၏'' ဟုပြောလေသည်။-
31 Mas Joás disse a todos os que estavam ali reunidos contra ele: — Vocês estão defendendo Baal? Quem o defender será morto antes do amanhecer. Se Baal é deus, que ele mesmo se defenda. O altar dele é que foi derrubado.
32 ထိုအချိန်မှအစပြု၍ဂိဒေါင်သည်ယေရု ဗ္ဗာလဟူ၍နာမည်တွင်လေ၏။ အဘယ်ကြောင့် ဆိုသော်ယောရှက``ဗာလသည်မိမိကိုယ်ကို မိမိကွယ်ကာပါလေစေ။ ဖြိုချခြင်းခံရ သည်မှာသူ၏ယဇ်ပလ္လင်ဖြစ်သည်'' ဟုဆို သောကြောင့်တည်း။
32 Daquele dia em diante, Gideão passou a ser chamado de Jerubaal , pois Joás tinha dito: “Que Baal mesmo se defenda. O altar dele é que foi derrubado.”
33 ထိုအခါမိဒျန်အမျိုးသားများ၊ အာမလက် အမျိုးသားများ၊ သဲကန္တာရနေလူမျိုးအပေါင်း တို့သည်စုဝေး၍ယော်ဒန်မြစ်ကိုဖြတ်ပြီးလျှင် ယေဇရေလချိုင့်တွင်စခန်းချကြ၏။-
33 Então todos os midianitas, os amalequitas e os povos do deserto se juntaram, e atravessaram o rio Jordão, e acamparam no vale de Jezreel.
34 ထာဝရဘုရား၏ဝိညာဉ်တော်သည်ဂိဒေါင် အပေါ်၌သက်ရောက်သဖြင့် သူသည်အဗျေဇာ သားချင်းစုအပေါင်းတို့အား မိမိနောက်သို့ လိုက်ကြရန်တံပိုးခရာကိုမှုတ်လေ၏။-
34 E o Espírito do Senhor dominou Gideão. Ele tocou uma corneta feita de chifre de carneiro, e os homens do grupo de famílias de Abiezer foram juntar-se a ele.
35 မနာရှေနယ်မြေနှစ်ရပ်စလုံးသို့လည်းစေ တမန်များကိုလွှတ်၍ မနာရှေအမျိုးသား တို့အားမိမိနောက်သို့လိုက်ကြရန်လှုံ့ဆော်၏။ သူသည်အာရှာ၊ ဇာဗုလုန်နှင့်နဿလိအနွယ် တို့ထံသို့လည်းစေတမန်များကိုလွှတ်လိုက် သဖြင့် ထိုသူတို့သည်လည်းသူ၏ထံသို့လာ ရောက်ကြကုန်၏။
35 Gideão enviou também mensageiros para chamar os homens das tribos de Manassés, de Aser, de Zebulom e de Naftali. E eles também foram se juntar a ele.
36 ထိုနောက်ဂိဒေါင်သည်ဘုရားသခင်အား``ကိုယ် တော်သည်အကျွန်ုပ်အားအသုံးပြု၍ ဣသ ရေလလူမျိုးကိုကယ်ဆယ်ရန်ဆုံးဖြတ်တော် မူပြီးဖြစ်ကြောင်းမိန့်တော်မူခဲ့ပါ၏။-
36 Então Gideão disse: — Ó Deus, tu disseste que queres me usar para libertar o povo de Israel.
37 အကျွန်ုပ်သည်ဂျုံစပါးနယ်ရာမြေတလင်း ပေါ်၌ သိုးမွေးကိုချထားပါမည်။ အကယ်၍ နံနက်ချိန်၌သိုးမွေးအပေါ်၌သာလျှင် နှင်းကျ၍မြေတလင်းပေါ်၌မကျခဲ့သော် ကိုယ်တော်သည်အကျွန်ုပ်အားဣသရေလ လူမျိုးကိုကယ်ဆယ်ရန်အတွက်အသုံးပြု တော်မူမည်ကိုအကျွန်ုပ်အမှန်သိရပါ လိမ့်မည်'' ဟုလျှောက်ထား၏။-
37 Pois bem. Vou pôr um pouco de lã no lugar onde malhamos o trigo. Se de manhã o orvalho tiver molhado somente a lã, e o chão em volta dela estiver seco, então poderei ficar certo de que tu realmente me usarás para libertar Israel.
38 ယင်းသို့လျှောက်ထားသည့်အတိုင်းဖြစ်လေ သည်။ ဂိဒေါင်သည်နောက်တစ်နေ့နံနက်စော စောထ၍ သိုးမွေးကိုညှစ်ကြည့်ရာနှင်းရည် အင်တုံတစ်လုံးအပြည့်ရရှိလေသည်။-
38 O que ele disse aconteceu. Na manhã seguinte Gideão se levantou, espremeu a lã, e dela saiu água que deu para encher uma tigela.
39 ထိုနောက်သူသည်ထာဝရဘုရားအား``အကျွန်ုပ် ကိုအမျက်ထွက်တော်မမူပါနှင့်။ ယခုတစ် ကြိမ်သာလျှင်ထပ်မံလျှောက်ထားခွင့်ပြုတော် မူပါ။ သိုးမွေးနှင့်နောက်တစ်ကြိမ်ထပ်မံစမ်း သပ်ခွင့်ပြုတော်မူပါ။ ဤတစ်ကြိမ်၌သိုး မွေးသည်ခြောက်သွေ့လျက် မြေကြီးသည် နှင်းစိုလျက်နေစေတော်မူပါ'' ဟုလျှောက် ၏။-
39 Então ele pediu a Deus: — Não fiques zangado comigo. Mas deixa que eu fale só mais uma vez. Deixa, por favor, que eu faça mais uma prova com a lã. Que desta vez a lã fique seca, e que haja orvalho somente no chão em volta dela!
40 ထိုည၌လည်းဘုရားသခင်သည်ဂိဒေါင် လျှောက်ထားသည့်အတိုင်းပင်ဖြစ်စေတော် မူ၏။ နောက်တစ်နေ့နံနက်၌သိုးမွေးသည် ခြောက်သွေ့လျက်မြေကြီးမှာမူစွတ်စို လျက်နေ၏။
40 E Deus fez isso naquela noite. A lã ficou seca, e o chão em volta ficou coberto de orvalho.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Juízes 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.